ဓာတ်ကင်တာနဲ့ ဆေးသွင်းတာ ဘယ်ဟာက စိတ်ချရသလဲ။
ဓာတ်ကင်နည်းဖြင့်ဆေးကုသရမည်ဟု ဆရာဝန်က ညွှနါကြားလိုက်သည်နှင့် ကုသင့်သလား?မကုသင့်သလား?ကောင်းကျိုးနှင့်ဆိုးကျိုးများကို သိချင်ကြပါတယ်။ဓာတ်ကင်ရျ် ကုသနည်းသည် ကင်ဆာရောဂါအတွက်အဓိကကုသနည်းအဖြစ်အသုံးပြုများပါတယ်။သို့သော်အခြားသောသိုင်းရွိုက်ရောဂါနှင့်သွေးရောဂါအချို့တွင်လည်းအသုံးပြုလေ့ရှိပါတယ်။
ဓာတ်ကင်ခြင်းနှင့်ကင်ဆာဆေးသွင်းခြင်းသည် ကင်ဆာကုသရာတွင် အသုံးပြုသောနည်းလမ်းများဖြစ်ပါတယ်။လူနာရဲ့ရောဂါအခြေအနေပေါ်မူတည်ရျ် ကုသမူကိုရွေးချယ်ကုသရပါတယ်။ကင်ဆာဆေးသွင်းခြင်းသည် သွေးကြောထဲသို့ဆေးသွင်းကုသခြင်းဖြစ်ပါတယ်။ဓာတ်ကင်ခြင်းမပြုမီကင်ဆာဆေးသွင်းခြင်းဖြင့်အကျိတ်အရွယ်စားကျုံစေပြီး ဓာတ်ကင်ပါက ပိုမိုထိရောက်နိုင်ပါတယ်။
ဓာတ်ကင်နည်းသည် အကျိတ်နေရာသို့အဓိကအစွမ်းပေးသဖြင့် ထိရောက်မူရှိပါတယ်။ဓာတ်ကင်ခြင်းသည် လူနာအတွက် ကုသခြင်းနှင့်သက်သာခြင်း နှစ်မျိုးအသုံးဝင်ပါတယ်။ဓာတ်ကင်ခြင်းအကြိမ်အရေအတွက်ကို ကင်ဆာအထူးကုဆရာဝန်မှဆုံးဖြတ်ပေးပါတယ်။
(1)ကောင်းကျိုးများ
ဓာတ်ကင်ခြင်းဖြင့်ကုသနည်းသည်စွမ်းအားပြည့်သောလိူင်းများဖြင့် ကင်ဆာဆဲလ်များ ကြီးထွားမူကိုကျဆင်းစေသည်။
-သေစေနိုင်သည်။
-ကင်ဆာဆဲလ်ပွားများမူကိုနှေးကွေးစေသည်။
-ကင်ဆာအကျိတ်ကို သေးစေနိုင်သည်။ဓာတ်ကင်ခြင်းသည် ကင်ဆာဆေးသွင်းခြင်းနှင့်လည်းအတူတကွကုသမူခံယူရလေ့ရှိပါတယ်။ကင်ဆာဆဲလ်များသည်အလျင်အမြန်ပွားများတတ်သောကြောင့်ဓာတ်ကင်ခြင်းဖြင့်ဟန့်တားနိုင်ပါတယ်။
-အချိန်ကာလတိုတောင်းပြီး နာကျင်မူမရှိပါ။
(2)ဆိုးကျိုးများ
ဆိုးကျိုးသည်ကင်ဆာမဟုတ်သောဆဲလ်များ ဓာတ်ရောင်ခြည်ထိသောကြောင့် ဖြစ်လာနိုင်ပါတယ်။ဆိုးကျိုးအနေဖြင့် လူနာရဲ့ဓာတ်ရောင်ခြင်ကင်သောနေရာ။ဓာတ်ရောင်ခြည်အမျိုးအစားနှင့်ပမာဏ။လူနာရဲ့ကျန်းမာရေးပေါ်မူတည်သည်။
ခဏတာဖြစ်စေသောဆိုးကျိုးများမှာ
-နူံးချိခြင်း
-အရေပြားယားယံခြင်း။အရေကြည်ဖုထခြင်း
-ဆံပင်ကျွတ်ခြင်း။ဆီးပြသနာများ။ပျို့အန်ခြင်းနှင့်ဝမ်းလျောခြင်းနှင့် အဆုတ်ရောင်။အသဲရောင်ခြင်းဖြစ်ပါသည်။
ရေရှည်ဖြစ်နိုင်သောဆိုးကျိုးများမှာ
-အရိုးများတောင့်တင်းခြင်း
-သွေးကြောများကျယ်လာသောကြောင့်အသားအရေပြောင်းခြင်း
-ဝမ်းသွားခြင်းနှင့်သွေးထွက်ခြင်း
-ဟော်မုန်းပြောင်းလဲခြင်းစသည်တို့ဖြစ်ပါတယ်။
အထက်ဖော်ပါပြဆိုးကျိုးများသည်လူတိုင်းဖြစ်နိုင်သည်ဟု အတိအကျမမှန်ပါ။ထို့ကြောင့် ကောင်းကျိုးနှင့်ဆိုးကျိုးများကို ချိန်ဆစဉ်းစားပါ။
ဓာတ်ကင်ခြင်းသည် ကင်ဆာကိုရပ်တန့်စေပြီး ပျောက်ကင်းအောင်ကုသနိုင်သလို ကင်ဆာကြောင့်ခံစားနေရသောလက္ခဏာများလည်းသက်သာစေနိုင်ပါတယ်။
ကုသရျ်မရနိုင်တော့သောကင်ဆာများတွင်ခံစားရသောဝေဒနာကိုသက်သာစေရန်လည်း အသုံးဝင်ပါတယ်။
-အကျိတ်ကြောင့်ဖိအားဒဏ်သက်သာစေပါတယ်။
-ဦးနှောက်ကင်ဆာများတွင် ခေါင်းကိုက်။ပျို့အန်ခြင်းသက်သာစေပါတယ်။
-အဆုတ်ကင်ဆာကြောင့်ဖြစ်သောရင်ဘတ်နာခြင်းနှင့်မောခြင်းသက်သာစေပါတယ်။
-သွေးကြောပိတ်ခြင်းကိုသက်သာစေပါတယ်။
-သွေးထွက်ခြင်းနှင့်ပိုးဝင်ခြင်းကိုသက်သာစေပါတယိ။