fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ရောဂါကြီးများ

ကင်ဆာဖြစ်နိုင်ခြေကို လျော့ကျစေမယ့် နည်းလမ်း ၁၂ ခု

963
VIEWS
Share on FacebookShare on TwitterShare on Linkedin
28/09/2021
in ရောဂါကြီးများ
1 min read
A A

ကင်ဆာရောဂါဟာ ကမ္ဘာပေါ်မှာ လူသေဆုံးမှုတွေရဲ့ အဓိကလက်သည်တစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ WHO ရဲ့ အဆိုအရ ကင်ဆာကြောင့်သေဆုံးမှု ၃ ခုမှာ ၁ ခုဟာ ကြိုတက်ကာကွယ်လို့ရနိုင်တယ်လို့ ပြောပါတယ်။ ကင်ဆာပျောက်တဲ့ဆေး ကင်ဆာမဖြစ်တဲ့ဆေး ရယ်လို့ မရှိပေမဲ့ ကင်ဆာဖြစ်နိုင်ခြေ သိသိသာသာလျော့ကျသွားစေမဲ့ နည်းလမ်းကောင်းတွေတော့ ရှိပါတယ်။

၁။ ကိုယ်အလေးချိန်လျှော့ချပါ

မြန်မာပြည်မှာ တဖြေးဖြေးနဲ့ ကိုယ်အလေးချိန်မြင့်တက်နေသူ အဝလွန်သူတွေ များပြားလာနေပါတယ်။ ကိုယ်အလေးချိန်လိုအပ်တာထက် ပိုများနေသူတွေမှာ ကင်ဆာရောဂါမျိုးစုံဖြစ်နိုင်ချေ ပိုမိုများပြားပါသတဲ့။ အစာရေမြိုကင်ဆာ၊ ပန်ကရိယကင်ဆာ၊ အူမကြီးကင်ဆာ၊ ကျောက်ကပ်ကင်ဆာ၊ သိုင်းရွိုက်ကင်ဆာ စသဖြင့်ပေါ့။ တဖြည်းဖြည်းနဲ့ ကင်ဆာဖြစ်ရခြင်းအကြောင်းအရင်းမှာ အဝလွန်တာဟာ ဆေးလိပ်သောက်တာကို ကျော်လွန်စပြုနေပါပြီ။ တကယ်လို့သာ လူတစ်ယောက်ချင်းစီဟာ BMI ၁ % လောက်စီ လျှော့ချနိုင်ခဲ့ရင် ကင်ဆာရောဂါဖြစ်ပွားနှုန်းဟာလည်း တစ်သိန်းလောက်ထိ လျော့ကျသွားမှာ ဖြစ်ပါသတဲ့။

၂။ အနီရောင်အသားလျှော့စားပါ

အဓိကအားဖြင့် ဟော့ဒေါ့ ဝက်ပေါင်ခြောက် နဲ့ အသားကင်စတာတွေဟာ အစာအိမ်နဲ့ အူမကြီးကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်။ အမေရိကန်ကင်ဆာသုတေသနအဖွဲ့အစည်းက ထုတ်ပြန်ချက်အရ တစ်ပတ်ကို အသား ၁၈ အောင်စထက် ပိုမစားတာဟာ ကင်ဆာမဖြစ်အောင် အကူအညီပေးနိုင်တယ်လို့ သိရပါတယ်။

၃။ နေရောင်ကာခရင်မ် (Sunscreen) လိမ်းပါ

နေရောင်ထဲမှာပါတဲ့ အန္တရာယ်ရှိတဲ့ရောင်စဉ်တန်းတွေဟာ သင့်ကို နေလောင်တာထက် ပိုတဲ့ဒုက္ခကို ပေးနိုင်ပါတယ်။ ဒါကတော့ အရေပြားကင်ဆာပါပဲ။ နေရောင်ထဲမှာ အချိန်ကြာကြာနေရတဲ့သူတွေအဖို့ ဒီကင်ဆာဖြစ်နိုင်ခြေ ပိုမိုများပြားပါတယ်။ အရေပြားကင်ဆာဟာ စောစောသိရင် ကုသလို့ရနိုင်ပေမဲ့ တခြားကိုယ်အစိတ်အပိုင်းတွေကို ပျံ့နှံ့သွားရင်တော့ အသက်အန္တရာယ် ရှိပါတယ်။ SPF 30 နှင့်အထက်ပါဝင်တဲ့ Sunscreen က သင့်ကို ဒီအန္တရာယ်ကနေ ကာကွယ်ပေးပါလိမ့်မယ်။

၄။ ဟင်းသီးဟင်းရွက်များများစားပါ

ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေဟာ ခံတွင်း လည်ချောင်း၊ လေပြွန် နဲ့ အစာရေမြိုကင်ဆာတွေ ရန်ကနေ ကွာဝေးစေနိုင်ပါတယ်။ ဒါကြောင့်နေ့တိုင်း များများ စားပေးသင့်ပါတယ်။

၅။ ဖြည့်စွက်စာတွေကို အားမကိုးနဲ့

အာဟာရပြည့်ဝတဲ့ အစားအစာတစ်ခုကို စားတာက ဗီတာမင်တွေအစုံပါတဲ့ အားဆေးကို သောက်တာထက် ပိုပြီး ကောင်းမွန်တယ်လို့ ဆိုကြပါတယ်။ တကယ်တမ်းမှာ ဗီတာမင်အားဆေးနဲ့ဖြည့်စွက်စာတွေဟာ ခန္ဓာကိုယ်ရဲ့ အာဟာရမျှခြေကိုတောင် ပျက်ယွင်းစေနိုင်ပါတယ်။ တချို့အခြေအနေတွေမှာ အကူအညီရနိုင်ပေမဲ့ ကင်ဆာရောဂါရန်ကနေ ကာကွယ်ဖို့ဆိုရင်တော့ ဖြည့်စွက်စာတွေကို အားမကိုးပါနဲ့လို့ အကြံပေးပါရစေ။

၆။ အချို လျှော့စားပါ

သကြားဓာတ်အများကြီးပါတဲ့ အစားအစာနဲ့အချိုရည်တွေမှာ ကယ်လိုရီပါဝင်မှု ပိုများလေ့ရှိပါတယ်။ ဒါတွေစားတာများရင် အချိန်ကြာတဲ့အခါ ကိုယ်အလေးချိန်တွေတက်ပြီး ဝလာပါလိမ့်မယ်။ ပုံမှန်ထက်ပိုဝလာပြီဆိုတာနဲ့ ကင်ဆာဖြစ်နိုင်ချေတွေပါပိုမြင့်လာတာပါပဲ။ ဒါကြောင့် လျော့စားပါ။

၇။ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးပါ

ဒါကတော့ အမျိုးသမီးတွေအတွက်ပါ။ သားအိမ်ခေါင်းကင်ဆာဖြစ်စေတဲ့ HPV ဗိုင်းရပ်စ်ဟာ လိင်ဆက်ဆံတာကနေတစ်ဆင့် ကူးစက်ပါတယ်။ ခန္ဓာကိုယ်ထဲဝင်ရောက်ပြီး နှစ်များစွာကြာတဲ့အထိ ဘာလက္ခဏာမှ မပြတတ်ပါဘူး။ ဒါပေမဲ့ အမျိုးသမီးတွေမှာ အဖြစ်အများဆုံးကင်ဆာတွေထဲက တခုဖြစ်ပါတယ်။ ပျိုဖော်ဝင်စအရွယ်ကနေ စတင်ပြီး ကာကွယ်ဆေးထိုးထားတာ အကောင်းဆုံးကာကွယ်မှုပါပဲ။

၈။ လှုပ်လှုပ်ရှားရှား တက်တက်ကြွကြွနေပါ

လေ့ကျင့်ခန်းပုံမှန်လုပ်နေတဲ့သူတွေဟာ အခြားသူတွေထက် အူမကြီး ရင်သားနဲ့ သားအိမ်ကင်ဆာဖြစ်နိုင်ခြေတွေ နည်းပါတယ်။ လှုပ်လှုပ်ရှားရှားနေတဲ့အခါ ခန္ဓာကိုယ်ကစွမ်းအင်ကိုပိုမိုအသုံးပြုဖြစ်ပြီး အစာလည်းမြန်မြန်ကျေစေကာ ကင်ဆာနဲ့ဆက်စပ်တဲ့ ဟော်မုန်းတချို့ ဖြစ်ပေါ်မလာအောင်ပါ တားဆီးပေးနိုင်ပါတယ်။ ဒါ့အပြင် ကင်ဆာသာမက နှလုံးနဲ့ဆီးချို ပြသနာတွေကပါ ကာကွယ်ပေးနိုင်ပါတယ်။

၉။ ဆေးလိပ်ဖြတ်လိုက်ပါ

ဆေးလိပ်သောက်တတ်လား။ သောက်တတ်တယ်ဆိုရင်တော့ နှလုံးနဲ့အဆုတ်ရောဂါတွေသာမက မျိုးစုံသောကင်ဆာတွေရဲ့ လက်သည်အကျင့်ဆိုးကြီးကို ပိုင်ဆိုင်ထားပါပဲ။ ဒါကြောင့် ကာကွယ်လို့ရတဲ့ သေခြင်းတရားနဲ့ ရင်မဆိုင်ချင်ပါနဲ့။ ဆေးလိပ်ဖြတ်ပြီး ကာကွယ်လိုက်ပါ။

၁၀။ အရက်လျှော့သောက်ပါ

အရက်အလွန်အကျွံသောက်သုံးခြင်းဟာ အစာအိမ်လမ်းကြောင်းဆိုင်ရာ ကင်ဆာတွေဖြစ်နိုင်ခြေအပြင် လည်ချောင်းကင်ဆာ ရင်သားကင်ဆာတွေဖြစ်နိုင်ခြေကိုပါ မြင့်တက်စေပါတယ်။ ခန္ဓာကိုယ်မှာရှိတဲ့တစ်သျှူးတွေကို ထိခိုက်စေတဲ့အပြင် အသည်းကိုလည်း အကြီးအကျယ်ဒုက္ခပေးတဲ့အရက်ကို တတ်နိုင်သမျှလျော့သောက်ဖို့ လိုပါမယ်။ အမျိုးသားတွေအနေနဲ့ တစ်နေ့ကို နှစ်ပက်ထက် လုံးဝပိုမသောက်သင့်သလို အမျိုးသမီးတွေအတွက်ဆိုရင် တစ်ပက်အလွန်ဆုံးပါပဲတဲ့။

၁၁။ ဘီပိုးကာကွယ်ဆေးထိုးထားပါ

ဘီပိုးရှိတဲ့သူတွေဟာ အသည်းကင်ဆာဖြစ်နိုင်ချေမှာ ပိုးမရှိသူတွေထက် အဆ ၁၀၀ ပိုများပါသတဲ့။ နာတာရှည်အသည်းပြသနာရှိသူတွေ လိင်ဆက်ဆံဖက်များတဲ့သူတွေ မူးယစ်ဆေးထိုးလေ့ရှိတဲ့သူတွေနဲ့ လူ့သွေးနဲ့ဆက်စပ်တဲ့အလုပ်လုပ်ကိုင်သူတွေမှာ အသည်းရောင်အသားဝါဘီ ကူးစက်နိုင်ခြေ အလွန်မြင့်မားပါတယ်။ ဒါပေမဲ့ ကာကွယ်ဆေးထိုးထားရင် ကောင်းကောင်း ကာကွယ်နိုင်ပါတယ်။

၁၂။ ဆေးစစ်မှုခံယူပါ

ကင်ဆာရဲ့သဘောက ရောဂါဖြစ်မှန်းစောစောသိလေ အသက်ရှင်နိုင်ခြေ ပြန်ကောင်းနိုင်ခြေ ပိုများလေပါပဲ။ အခုခေတ်မှာ ကင်ဆာနဲ့ပတ်သက်ပြီး ကြိုတင်စစ်ဆေးလို့ရတာတွေ အများကြီးရှိနေပါပြီ။ ရင်သားနဲ့ သားဥအိမ်ကင်ဆာဖြစ်နိုင်တဲ့ မျိုးရိုးဗီဇတွေတွေ့လို့ ခွဲစိတ်မှုတွေ ကြိုတင်ခံယူလိုက်တဲ့ ကမ္ဘာကျော်မင်းသမီး အင်ဂျလီနာဂျိုလီကိုသာ ပြေးမြင်ကြည့်လိုက်ပါ။

Author: Dr. KG

Previous Post

အရက် ဘယ်လိုဖြတ်မလဲ

Next Post

ကိုဗစ်ကြောင့် အဆုတ်အတွက်အရမ်းစိုးရိမ်ခဲ့တယ်ဆိုတဲ့ အဆိုတော်ပိုးမီ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

အမျိုးသားတွေပဲ အသည်းခြောက်ရောဂါဖြစ်နိုင်တာလား?

2 years ago
482

အသည်းကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာများ

2 years ago
1.5k
To prevent colon cancer, Things to avoid

အူမကြီးကင်ဆာမဖြစ်စေဖို့ ဆောင်ရန်၊ ရှောင်ရန်များ

3 years ago
897
Blood cancer

သွေးကင်ဆာဆိုတာ

3 years ago
479
Caution Lung cancer

သတိပြုစရာ အဆုတ်ကင်ဆာ

3 years ago
756
Can men get breast cancer?

ယောက်ျားတွေရော ရင်သားကင်ဆာဖြစ်နိုင်လား?

3 years ago
440

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကိုဗစ်ကြောင့် အဆုတ်အတွက်အရမ်းစိုးရိမ်ခဲ့တယ်ဆိုတဲ့ အဆိုတော်ပိုးမီ

ကဖင်းစွဲနေပြီလား ?

ကျောက်ကပ်ရောဂါအကြောင်း သိကောင်းစရာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.