fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ရောဂါကြီးများ

ဝူဟန် ကိုရိုနာဗိုင်းရပ်စ်ကို တကယ်ကြောက်သင့် မကြောက်သင့် 

77
VIEWS
Share on FacebookShare on TwitterShare on Linkedin
29/01/2020
in ရောဂါကြီးများ
2 min read
A A

ဝူဟန် ကိုရိုနာဗိုင်းရပ်စ်ကို တကယ်ကြောက်သင့် မကြောက်သင့် 

၂၀၁၉ ခုနှစ် ဒီဇင်ဘာလအလယ်မှာ တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်ဆိုတဲ့ မြို့လေးကနေ စတင်ကူးစက်ပျံ့နှံ့လာခဲ့တဲ့ ဗိုင်းရပ်စ်ပိုးအသစ် novel corona virus 2019 ဟာ ခုဆိုရင်တော့ ကမ္ဘာ့နိုင်ငံအနှံ့ကို လှည့်ပတ်သွားလာနေတဲ့ ကြောက်စရာ ခရီးသည်တစ်ယောက်လို့ ဆိုရမလိုဖြစ်နေပါပြီ။

ဆိုးဆိုးရွားရွား အဆုတ်ရောင်စေပြီး အသက်အန္တရာယ်အထိဖြစ်စေတဲ့ ဒီဗိုင်းရပ်စ်ပိုးကြောင့် တရုတ်နိုင်ငံရဲ့ ပျော်စရာနှစ်သစ်ကူးကာလကို အကျည်းတန်စေခဲ့သလို စီးပွားရေးပိုင်းမှာလည်း အထိနာမှုတွေ ဖြစ်ပေါ်နေစေဆဲဖြစ်ပါတယ်။

တရိပ်ရိပ်ထိုးတက်လာတဲ့ ရောဂါဖြစ်ပွားသူဦးရေနဲ့ သေဆုံးမှုနှုန်းတွေကလည်း အတော် သတိထားစရာ အခြေအနေတစ်ခု ဖြစ်နေပါပြီ။
ဇန်နဝါရီ ၂၇ ရက်နေ့မှာ တရုတ်နိုင်ငံအတွင်း ရောဂါပိုးတွေ့ရှိလူနာ ၂၈၃၅ ယောက် နဲ့ သေဆုံးသူ ၈၁ ယောက်ရှိခဲ့ရာက ဒီနေ့ ဇန်နဝါရီ ၂၈ ရက်နေ့မှာ ရောဂါပိုးတွေ့ရှိသူပေါင်း ၄၅၁၅ အထိဖြစ်လာခဲ့ပြီလို့ သိရပါတယ်။ သေဆုံးသူပေါင်းကတော့ ၁၀၆ ယောက် ရှိခဲ့ပါတယ်။

ယနေ့(၂၉.၁.၂၀) မနက် နောက်ဆုံးရသတင်းတွေအရဆိုရင် ရောဂါပိုးတွေ့ရှိလူနာပေါင်း ၅၉၇၄ ယောက်အထိ မြင့်တက်လာခဲ့ပြီး သေဆုံးသူစုစုပေါင်းကတော့ ၁၃၂ယောက်ရှိခဲ့ပြီဖြစ်ပါတယ်။

(ဘီတာဒိုင်းနှင့်ပါတ်သတ်၍ အသေးစိတ်သိရှိလိုပါက ဤပုံကိုနှိပ်ပါ)

လက်ရှိ ဒီစာကို ရေးနေချိန်အထိတော့ ကျွန်တော်တို့ မြန်မာနိုင်ငံအတွင်းမှာ ရောဂါပိုးတွေ့ရှိကြောင်း မတွေ့ရသေးပါဘူး။ ဒီတော့ လက်ရှိအချိန်အထိ အနည်းငယ်ရင်အေးစရာလို့ ဆိုနိုင်သေးပေမဲ့ အထူးသတိထားကာကွယ်ဖို့ လိုနေတဲ့ အနေအထားဖြစ်ပါတယ်။

ရောဂါပိုးအကြောင်းအကျဉ်းချုပ်

ဒီဗိုင်းရပ်စ်ပိုးက အရင်က ကမ္ဘာမှာ တစ်ခါမှမတွေ့ဖူးသေးတဲ့ ပိုးအသစ်ဖြစ်ပါတယ်။

နာမည်တောင်မရှိသေးတဲ့အတွက် ဒီပိုးကို Novel(New)(အသစ်) ကိုရိုနာ ဗိုင်းရပ်စ် ၂၀၁၉(စတင်တွေ့ရှိတဲ့ခုနှစ်) လို့ခေါ်ကြပါတယ်။
စတင်တွေ့ရှိတဲ့ တရုတ်ပြည်က ဝူဟန်မြို့ကို အစွဲပြုပြီး Wuhan nCov 2019 လို့ အတိုကောက်ခေါ်ကြပါတယ်။
ရောဂါပိုးအသစ်ဖြစ်တဲ့အတွက် ကာကွယ်ဆေး ၊ ဗိုင်းရပ်စ်သတ်ဆေး မရှိသေးသလို ရောဂါပိုးရဲ့ဇစ်မြစ်၊ ကူးစက်ပျံ့ပွားပုံနဲ့ ပျံ့ပွားနှုန်း စတာတွေ တိတိကျကျ မသိရသေးပါဘူး
။မူလစတင်ကာစမှာ တိရစ္ဆာန်(အမျိုးအမည်မသိရသေး) ကနေ လူကို ကူးစက်ခဲ့တယ်လို့ ယူဆခဲ့ကြပြီး သိပ်မကြာခင်မှာပဲ လူချင်းချင်းပါ ကူးစက်နိုင်ကြောင်း အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် ရောဂါလက္ခဏာ မပြခင်ကတည်းက ကူးစက်စေနိုင်တယ်လို့ ယူဆမှုတွေ ရှိတဲ့အတွက် စိုးရိမ်မှုရေချိန်ကို ပိုမြင့်တက်စေပါတယ်။

ဒါပေမဲ့ သေဆုံးသူအများစုကတော့ နဂိုရောဂါအခံတစ်ခုခုရှိထားသူတွေနဲ့ သက်ကြီးရွယ်အိုတွေ ရာခိုင်နှုန်းအများစုဖြစ်နေတဲ့အတွက် လူတိုင်း အကြောက်မလွန်စေဖို့ ပံ့ပိုးပေးတဲ့ အချက်တစ်ခုလို့တော့ ဆိုနိုင်ပါတယ်။
နောက်ထပ်အကြောက်မလွန်သင့်တဲ့ အချက်တစ်ခုလို့ဆိုနိုင်တာကတော့ သေဆုံးမှုနှုန်းအရမ်းမမြင့်သေးတဲ့ အချက်ဖြစ်ပါတယ်။

ရောဂါတစ်ခုဘယ်လောက်ဆိုးတယ်ဆိုတာသိဖို့အတွက် ရောဂါဖြစ်သူနဲ့ သေဆုံးသူအရေအတွက်ကို အချိုးချပြီး ရာခိုင်နှုန်းပြောင်းထားတဲ့ Case Fatality Rate လို့ခေါ်တဲ့ သေဆုံးမှုနှုန်းကို ကြည့်ရပါတယ်။

တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်ခဲ့တဲ့ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ ရောဂါတွေရဲ့ ပျမ်းမျှသေဆုံးမှုနှုန်းတွေကို နှိုင်းယှဉ်ကြည့်တဲ့အခါမှာ

အီဘိုလာ        – ၅၀ %

မားစ်ရောဂါ – ၃၄ %

ဆားစ်ရောဂါ –  ၁၁ %

ဇီကာဗိုင်းရပ်စ်  – ၈.၃ %  တွေ ရှိခဲ့တယ်လို့ လေ့လာတွေ့ရှိခဲ့ရပါတယ်။

ဒီနေ့အထိ နောက်ဆုံးရ ဒေတာတွေ အရဆိုရင် ဒီဝူဟန်ဗိုင်းရပ်စ်ရဲ့ သေနှုန်းက ၂.၂% (လူနာ၁၀၀ မှာ သေဆုံးသူ ၂ယောက်ခန့်) သာရှိသေးတဲ့ အတွက်လည်း အကြောက်မလွန်သင့်တဲ့ အချက်တစ်ချက်လို့ ဆိုရပါမယ်။
ဒါပေမဲ့ ကူးစက်ခံရသူများလာရင်တော့ သေဆုံးမှုနှုန်းလည်း ပိုမိုမြင့်တက်လာမှာဖြစ်လို့ ရောဂါမပြန့်ပွားအောင် ကိုယ်စီ သတိထား ကာကွယ်ရမှာဖြစ်ပါတယ်။

ရောဂါလက္ခဏာတွေက ဘာတွေလဲ ??

–       ကိုယ်ပူခြင်း၊ ဖျားခြင်း

–       ချောင်းဆိုးခြင်း

–       လည်ချောင်းနာခြင်း

–       အသက်ရှူမဝခြင်း၊ အသက်ရှူကြပ်လာခြင်း

–       နုန်းခွေခြင်း စတာတွေ ဖြစ်တတ်ပါတယ်။

ဒါဆိုဘယ်လိုရင်ဆိုင်ကာကွယ်သင့်လဲ ??

 –       ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ၊ နာတာရှည်ရောဂါသည်တွေကို ရောဂါပိုးမကူးစက်စေဖို့ ပိုသတိထားပါ။ မလိုအပ်ဘဲ လူများတဲ့နေရာတွေမသွားပါနဲ့။ တတ်နိုင်သမျှအိမ်ထဲမှာပဲနေပါ။

–       နှာချေတိုင်း ချောင်းဆိုးတိုင်း ပါးစပ်နဲ့ နှာခေါင်းကို အုပ်ထားပါ။

–       မကြာခဏ လက်ကို ဆပ်ပြာ၊ ရေ နဲ့ ဆေးပါ။ အပြင်သွားတိုင်းhand sanitizer လက်သန့်ဆေးရည်ဘူးတွေဆောင်ထားပါ။ လူထူတဲ့နေရာတွေရောက်ရင် face mask တပ်ထားပါ။

–       ဒီဗိုင်းရပ်စ်ပိုးမဟုတ်ဘဲနဲ့ အအေးမိတာ၊ တခြားတုပ်ကွေးပိုးတစ်ခုခုဝင်လာတာလည်း လတ်တလောမှာရှိနိုင်တာမို့ ကိုယ့်ကိုယ်ကို ကိုယ်ခံအားကောင်းနေစေဖို့ ဂရုစိုက်ပါ။

(ဘီတာဒိုင်းနှင့်ပါတ်သတ်၍ အသေးစိတ်သိရှိလိုပါက ဤပုံကိုနှိပ်ပါ)

 

ကိုယ်ခံအားကျလာရင် ရောဂါအစုံဝင်နိုင်တဲ့အတွက် အိပ်ရေးဝအောင်အိပ်ပါ..အစာအာဟာရမျှတအောင်စားပါ…ရေများများသောက်ပါ…အသီးအနှံများများစားပါ…စိတ်ဖိစီးမှုလျှော့ပါ။

–       ဘာကြောင့်ဖြစ်ဖြစ်ဖျားလာလျှင် ပါရာစီတမောလ်ပါတဲ့ ကိုယ်ပူကျဆေးတစ်ခုခုသောက်ပါ။ နှာစေးပျောက်ဆေး ချောင်းဆိုးပျောက်ဆေးတွေသောက်ပါ။ ပိုးသတ်ဆေးတွေ ဆရာဝန်မညွှန်ကြားဘဲ မသောက်ပါနဲ့။

–       လည်ချောင်းနာခြင်း ၇၀% ရာခိုင်နှုန်းဟာ ဗိုင်းရပ်စ်ပိုးတွေကြောင့်ဖြစ်တာမို့ ဘက်တီးရီးယားပိုးရော ဗိုင်းရပ်စ်ပိုးရော သေစေနိုင်တဲ့ Betadine Sorethroat spray သုံးပါ။
နှာစေးလာရင် အအေးမိသလိုဖြစ်လာရင် နှာခေါင်းအတွင်းဖျန်းတဲ့ Betadine nasal spray နဲ့ ကြိုတင်ကာကွယ်ထားပါ။
အသက်ရှူလမ်းကြောင်းကဝင်လာမဲ့ ရောဂါပိုးအတော်များများကို စက္ကန့်ပိုင်းအတွင်း အမြန်ဆုံး ပိုးသတ်ပေးနိုင်စွမ်းရှိလို့ လည်ချောင်းနာခြင်းကို သက်သာစေတဲ့အပြင် ရောဂါပိုးတွေ အင်အားမစုဖွဲ့နိုင်ခင် လက်ဦးမှုလည်း ရစေပါတယ်။

–       အသက်ရှူမဝဖြစ်လာလျှင် ပုံမှန်ထက်ပိုနုန်းလာလျှင် အသက်ရှူကြပ်လာလျှင် ဆေးရုံဆေးခန်းအမြန်ပြပါ။

–       ရောဂါဖြစ်ပွားရာဒေသများနှင့် ကူးလူးဆက်နွယ်မှု တစုံတရာရှိခဲ့သူတွေမှာ ကိုယ့်ကိုယ်ကို ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ဝင်နေပြီလို့ သံသယရှိရင် ၊ ဖျားလာရင် ချက်ချင်း ဆေးရုံသွားပါ။
မိမိပါးစပ်နှာခေါင်းကို ဖုံးအုပ်ထားဖို့တော့ လုံးဝမမေ့ပါနဲ့။

–       တတ်နိုင်သမျှ လူထူထပ်တဲ့ နေရာတွေ ရှောင်ပါ။

ကောလဟာလတွေ သတင်းမှားတွေကို မယုံပါနဲ့။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ညွှန်ကြားချက်တွေကို မပြတ်နားစွင့်ထားပါ။

အချုပ်ဆိုရရင်တော့ ဝူဟန်ဗိုင်းရပ်စ်ဆိုတာ တကယ်ကြောက်စရာပါ။ ကြောက်ပါ။ ဒါပေမဲ့ အရမ်းတော့ အကြောက်မလွန်ကြပါနဲ့လို့ မှာလိုက်ချင်ပါတယ်။

Dr Phyowai Lynn

(29.1.20 – 10:26 am)

 

Previous Post

နားကိုက်ခြင်းအကြောင်း တစေ့တစောင်း

Next Post

မွေးကင်းစလေးတွေမျက်နှာမှာ အနီစက်လေးတွေထွက်လာခဲ့ရင်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

အမျိုးသားတွေပဲ အသည်းခြောက်ရောဂါဖြစ်နိုင်တာလား?

2 years ago
483

အသည်းကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာများ

2 years ago
1.5k
To prevent colon cancer, Things to avoid

အူမကြီးကင်ဆာမဖြစ်စေဖို့ ဆောင်ရန်၊ ရှောင်ရန်များ

3 years ago
898
Blood cancer

သွေးကင်ဆာဆိုတာ

3 years ago
479
Caution Lung cancer

သတိပြုစရာ အဆုတ်ကင်ဆာ

3 years ago
756
Can men get breast cancer?

ယောက်ျားတွေရော ရင်သားကင်ဆာဖြစ်နိုင်လား?

3 years ago
442

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

မွေးကင်းစလေးတွေမျက်နှာမှာ အနီစက်လေးတွေထွက်လာခဲ့ရင်

တခါသုံး သို့မဟုတ် ဆေးရုံဆေးခန်းသုံး နှာခေါင်းစည်းကို ဘယ်လို စနစ်တကျအသုံးပြုကြမလဲ

မနက်လင်းတိုင်း မျက်နှာလေးစိုဝင်းပြီး လှပစေဖို့

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.