fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ရောဂါကြီးများ

အစာအိမ်ကင်ဆာ

368
VIEWS
Share on FacebookShare on TwitterShare on Linkedin
11/04/2017
in ရောဂါကြီးများ
1 min read
A A

(Zawgyi)

အစာအိမ္ကင္ဆာသည္ ပုံမွန္မဟုတ္ေသာ ကင္ဆာဆဲလ္မ်ားစုေဝးၿပီး အက်ိတ္ျဖစ္ကာအစာအိမ္၏ မည္သည့္ေနရာတြင္မဆို ျဖစ္ပြားႏိုင္သည္။ ကမာၻ႔က်န္းမာေရး အဖြဲ႕အစည္းႀကီး၏အဆိုအရ ကမာၻတစ္ဝွမ္းအစာ အိမ္ကင္ဆာေၾကာင့္ ႏွစ္စဥ္လူရွစ္သိန္းေသဆုံးေနရသည္။ စတုတၳေျမာက္အျဖစ္အမ်ားဆုံး ကင္ဆာျဖစ္ၿပီးကင္ ဆာေၾကာင့္ေသဆုံးမႈ၏ ဒုတိယေနရာ၌ရွိေနသည္။
အမ်ိဳးသားမ်ားတြင္ျဖစ္ပြားမႈပိုမိုေတြ႕ရွိရၿပီး ၈၀-၉၀ ရာခိုင္ႏႈန္းေသာ အစာအိမ္ကင္ဆာဟုေရာဂါသိရွိ ထားသူ၌ ကင္ဆာဆဲလ္ပ်ံ႕ႏွံ႔မွသာ ေရာဂါေတြ႕ရွိမႈမ်ားျပားသည္။ ျဖစ္ပြားရျခင္း၏ အဓိကအေၾကာင္းအရင္းကိုမ သိရွိရေသးေသာ္လည္း ျဖစ္ႏိုင္ေခ်မ်ားေသာအေျခအေနမ်ားသာ ေတြ႕ရွိထားသည္။ အိပ္ခ်္ပိုင္လိုရီ ဘက္တီးရီး ယားေၾကာင့္အစာအိမ္တြင္အနာျဖစ္ျခင္း၊ ေရာင္ရမ္းျခင္း၊ အခ်ိန္ၾကာျမင့္စြာ   ေသြးအားနည္းျခင္း၊ အစာအိမ္တြင္အ လုံးအက်ိတ္ျဖစ္လာျခင္းမ်ားသည္ ကင္ဆာပိုမိုျဖစ္ေစႏိုင္သည္။

အစာအိမ္ကင္ဆာျဖစ္ႏိုင္ေခ်မ်ားေသာ အျခားအေၾကာင္းရင္းမ်ား

• ေဆးလိပ္ေသာက္သုံးျခင္း
• အဝလြန္ျခင္း
• မီးခိုးက်ပ္တိုက္၊ အကင္ႏွင့္ဆားနယ္ထားေသာ အစားအစာမ်ားစားသုံးျခင္း
• အစာအိမ္အနာခြဲစိတ္မႈ ခံယူထားသူမ်ား
• ေသြးအုပ္စု “ေအ” ျဖစ္သူမ်ား
• အက္စတိန္းဗား ဗိုင္းရပ္စ္ကူးစက္ခံရသူမ်ား
• အစာအိမ္ကင္ဆာမ်ိဳး႐ိုးရွိသူမ်ား
• သတၳဳ၊ ရာဘာ၊ ေက်ာက္မီးေသြးစက္႐ုံမ်ားတြင္ အလုပ္လုပ္သူမ်ားစသည့္ အေျခအေနရွိသူမ်ား၌ ပိုမိုျဖစ္ပြား တတ္ပါသည္။

ေရာဂါလကၡဏာမ်ား
အေစာပိုင္းလကၡဏာမ်ား
• အစာမေၾကျခင္း
• ေလပြျခင္း၊ ဗိုက္ပြျခင္း
• ရင္ပူျခင္း
• ပ်ိဳ႕အန္ျခင္း
• အစားအေသာက္ပ်က္ျခင္း စသည္တို႔ျဖစ္တတ္ပါသည္။

အစာစားၿပီးေနာက္အစာမေၾကျခင္း၊ ရင္ပူျခင္း ခဏခဏျဖစ္ေနျခင္းသည္ အစာအိမ္ကင္ဆာျဖစ္ေန သည္ဟု ေသခ်ာေပါက္ေျပာလို႔ မရေသာ္လည္း အၿမဲတမ္းျဖစ္ေနပါက ဆရာဝန္ႏွင့္ျပသသင့္သည္။

ေရာဂါပိုမိုဆိုး႐ြားလာသည့္လကၡဏာမ်ား
• အစာအိမ္နာက်င္ျခင္း
• ဝမ္းသြားရာတြင္ေသြးပါလာျခင္း
• အန္ျခင္း
• အေၾကာင္းရင္းမရွိဘဲ ခႏၶာကိုယ္အေလးခ်ိန္႐ုတ္တရက္ က်ဆင္းျခင္း
• အစာ၊ ေရမ်ိဳခ်ရခက္ခဲလာျခင္း
• မ်က္လုံး၊ အေရျပားအသားေရာင္ဝါလာျခင္း
• အစာအိမ္ေရာင္ရမ္းလာျခင္း
• ဝမ္းခ်ဳပ္ျခင္း၊ ဝမ္းေလွ်ာျခင္း
• အားအင္ခ်ိနဲ႔ ႏုံးေခြျခင္း
• ရင္ပူျခင္းစသည္တို႔ကို ေတြ႕ရတတ္သည္။

ေရာဂါရွာေဖြျခင္း
ေရာဂါရာဇဝင္ေမးျမန္းျခင္း၊ အစာအိမကင္ဆာျဖစ္ႏိုင္ေျခမ်ားသည့္ အေၾကာင္းအရင္းမ်ားကို ရွာေဖြျခင္း၊ ေသြးစစ္ျခင္း၊ အစာအိမ္မွန္ေျပာင္းၾကည့္ရႈျခင္း၊ စီတီဓာတ္မွန္႐ိုက္ျခင္းႏွင့္ အသားစယူျခင္းမ်ားကို ဆရာဝန္၏ ၫႊန္ၾကားခ်က္အတိုင္း စစ္ေဆးျခင္းျဖင့္အစာအိမ္ကင္ဆာကို သိရွိႏိုင္ပါသည္။

ကုသမႈနည္းလမ္းမ်ား
အစာအိမ္ကင္ဆာကို ကုသႏိုင္ေသာနည္းလမ္းမ်ားစြာရွိပါသည္။ သို႔ရာတြင္ေရာဂါျဖစ္ပြားေနသည့္ ၾကာ ခ်ိန္၊ အျခားခႏၶာကိုယ္အစိတ္အပိုင္းမ်ားသို႔ ပ်ံ႕ႏွံ႔မႈ၊ ေရာက္ရွိေနသည့္ကင္ဆာအဆင့္ စသည့္အေၾကာင္းရင္းမ်ား စြာေပၚမူတည္ၿပီး ကုသမႈနည္းလမ္းမ်ားကြာျခားသည္။

ခြဲစိတ္ကုသျခင္း
ကင္ဆာဆဲလ္ရွိေနေသာ အစာအိမ္အစိတ္အပိုင္းမ်ားကို ျဖတ္ေတာက္ကုသေပးႏိုင္ၿပီး ခြဲစိတ္ျခင္းသည္ အက်ိတ္မ်ားႏွင့္ကင္ဆာဆဲလ္မ်ား အျခားခႏၶာကိုယ္အစိတ္အပိုင္းမ်ားသို႔ မပ်ံ႕ႏွံ႔ေအာင္ကူညီေပးႏိုင္တယ္။ အကယ္လို႔ျမင့္မားေသာ ကင္ဆာအဆင့္ျဖစ္ပါက အစာအိမ္တစ္ခုလုံးကို ျဖတ္ေတာက္ကုသရႏိုင္သည္။

ေဆးသြင္းကုသျခင္း (Chemotherapy)
ေဆးဝါးမ်ားသည္ ကင္ဆာဆဲလ္မ်ားကိုမႀကီးထြားေအာင္ ထိန္းႏိုင္သည္။ ေသာက္ေဆး၊ ထိုးေဆးမ်ား ကိုဆရာဝန္၏ၫႊန္ၾကားခ်က္အတိုင္း ကုသေပးၿပီး ရက္သတၱပတ္မ်ားစြာၾကာျမင့္ႏိုင္သည္။ ကင္ဆာေဆးမ်ား သည္ေဘးထြက္ဆိုးက်ိဳးမ်ားရွိႏိုင္ၿပီး ဆရာဝန္မ်ားကသက္သာေအာင္ ကုသမႈအကူညီေပးပါလိမ့္မည္။

ဓာတ္ေရာင္ျခည္ေပးကုသျခင္း (Radiation)
ဓာတ္ေရာင္ျခည္ေပးျခင္းျဖင့္ ကင္ဆာဆဲလ္မ်ားကို ေသေစႏိုင္ၿပီးအက်ိတ္မ်ားကို က်ဳံ႔သြားေစႏိုင္သည္။

ေဆးသြင္းျခင္းႏွင့္ဓာတ္ေရာင္ျခည္ေပးကုသျခင္း (Chemoradiation)
ေဆးသြင္းျခင္းႏွင့္ဓာတ္ေရာင္ျခည္ေပးကုသျခင္း နည္းႏွစ္မ်ိဳးစလုံးကို ေပါင္းစပ္ၿပီးကုသေပးျခင္းျဖစ္ၿပီး ခြဲစိတ္ကုသျခင္းမတိုင္မီ ဓာတ္ေရာင္ျခည္ျဖင့္ အက်ိတ္မ်ားကိုက်ဳံ႔သြားေအာင္ ျပဳလုပ္ေပးႏိုင္သည္။

ပစ္မွတ္ထားတိုက္ခိုက္ေစေသာေဆးမ်ားျဖင့္ ကုသျခင္း
အဆိုပါေဆးဝါးအသစ္မ်ားသည္ အမ်ိဳးမ်ိဳးရွိေသာ္လည္း ကင္ဆာဆဲလ္မ်ားကိုသာ အဓိကထားတိုက္ ခိုက္ေစသည္။ ကင္ဆာဆဲလ္မ်ားကို ေသေစႏိုင္စြမ္းရွိသည့္အျပင္ အျခားနည္းလမ္းမ်ားထက္ ေဘးထြက္ဆိုး က်ိဳးလည္းပိုမိုနည္းပါသည္။

ကာကြယ္ရမည့္နည္းလမ္းမ်ား (အစာအိမ္ေရာဂါပိုးမ်ားကိုကုသျခင္း)
အိပ္ခ်္ပိုင္လိုရီ ဘက္တီးရီးယားမွတစ္ဆင့္ အစာအိမ္အနာျဖစ္ေစႏိုင္ၿပီး ေပ်ာက္ကင္းေအာင္ကုသမႈခံ ယူသင့္သည္။ Antibiotics ေဆးမ်ားသည္ဘက္တီးရီးယားမ်ားကို ေသေစႏိုင္ၿပီး အျခားေဆးမ်ားသည္အစာ အိမ္ရွိအနာမ်ားကို က်က္ေစျခင္းျဖင့္အစာအိမ္ကင္ဆာ ျဖစ္ႏိုင္ေျခကိုေလွ်ာ့ခ်ေပးပါသည္။

က်န္းမာေရးႏွင့္ညီၫႊတ္ေသာအစားအစာမ်ားကို ေ႐ြးခ်ယ္စားသုံးျခင္း
လတ္ဆတ္ေသာဟင္းသီးဟင္း႐ြက္မ်ားကို စားသုံးေပးသင့္ၿပီး အမွ်င္ဓာတ္ႏွင့္အခ်ိဳ႕ဗီတာမင္မ်ားသည္ အစာအိမ္ကင္ဆာျဖစ္ႏိုင္ေျခကို ေလ်ာ့က်ေစပါသည္။ မီးခိုက်ပ္တိုက္၊ အကင္၊ အသင့္စားသုံးႏိုင္ေသာအစားအ စာမ်ားကိုေရွာင္ၾကဥ္သင့္ပါသည္။

ေဆးလိပ္ေသာက္သုံးျခင္းမ်ားကိုေရွာင္ၾကဥ္ျခင္း
ေဆးလိပ္ေသာက္သုံးသူျဖစ္ပါက မေသာက္သုံးသူထက္ အစာအိမ္ကင္ဆာျဖစ္ႏိုင္ေျခႏွစ္ဆပိုမ်ားေသာ ေၾကာင့္ေဆးလိပ္ေသာက္သုံးျခင္းကို ေရွာင္ၾကဥ္သင့္ပါသည္။

ခႏၶာကိုယ္အေလးခ်ိန္ထိန္းသိမ္းျခင္း
အဝလြန္ျခင္းသည္ အစာအိမ္ကင္ဆာျဖစ္ႏိုင္ေခ်မ်ားတြင္ တစ္ခုအပါအဝင္ျဖစ္ေသာေၾကာင့္ အဝမလြန္ ေအာင္ဂ႐ုစိုက္သင့္ပါသည္။ ေလ့က်င့္ခန္းလုပ္ေပးျခင္းျဖင့္ ပုံမွန္က်န္းမာေသာ ခႏၶာကိုယ္အေလးခ်ိန္ျဖစ္ေအာင္ ထိန္းသိမ္းသင့္ပါသည္။

ပုံမွန္က်န္းမာေရးစစ္ေဆးမႈျပဳလုပ္ေပးျခင္း
အစာအိမ္ကင္ဆာမ်ိဳး႐ိုးရွိသူျဖစ္ပါက ပုံမွန္က်န္းမာေရးစစ္ေဆးမႈကို ျပဳလုပ္ေပးသင့္ပါသည္။

 

Author: ေဒါက္တာခ်မ္းေျမ့ (Vol-8 / No-11) Healthcare Journal

(Unicode)

အစာအိမ်ကင်ဆာသည် ပုံမှန်မဟုတ်သော ကင်ဆာဆဲလ်များစုဝေးပြီး အကျိတ်ဖြစ်ကာအစာအိမ်၏ မည်သည့်နေရာတွင်မဆို ဖြစ်ပွားနိုင်သည်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းကြီး၏အဆိုအရ ကမ္ဘာတစ်ဝှမ်းအစာ အိမ်ကင်ဆာကြောင့် နှစ်စဉ်လူရှစ်သိန်းသေဆုံးနေရသည်။ စတုတ္ထမြောက်အဖြစ်အများဆုံး ကင်ဆာဖြစ်ပြီးကင် ဆာကြောင့်သေဆုံးမှု၏ ဒုတိယနေရာ၌ရှိနေသည်။
အမျိုးသားများတွင်ဖြစ်ပွားမှုပိုမိုတွေ့ရှိရပြီး ၈၀-၉၀ ရာခိုင်နှုန်းသော အစာအိမ်ကင်ဆာဟုရောဂါသိရှိ ထားသူ၌ ကင်ဆာဆဲလ်ပျံ့နှံ့မှသာ ရောဂါတွေ့ရှိမှုများပြားသည်။ ဖြစ်ပွားရခြင်း၏ အဓိကအကြောင်းအရင်းကိုမ သိရှိရသေးသော်လည်း ဖြစ်နိုင်ချေများသောအခြေအနေများသာ တွေ့ရှိထားသည်။ အိပ်ချ်ပိုင်လိုရီ ဘက်တီးရီး ယားကြောင့်အစာအိမ်တွင်အနာဖြစ်ခြင်း၊ ရောင်ရမ်းခြင်း၊ အချိန်ကြာမြင့်စွာ   သွေးအားနည်းခြင်း၊ အစာအိမ်တွင်အ လုံးအကျိတ်ဖြစ်လာခြင်းများသည် ကင်ဆာပိုမိုဖြစ်စေနိုင်သည်။

အစာအိမ်ကင်ဆာဖြစ်နိုင်ချေများသော အခြားအကြောင်းရင်းများ

• ဆေးလိပ်သောက်သုံးခြင်း
• အဝလွန်ခြင်း
• မီးခိုးကျပ်တိုက်၊ အကင်နှင့်ဆားနယ်ထားသော အစားအစာများစားသုံးခြင်း
• အစာအိမ်အနာခွဲစိတ်မှု ခံယူထားသူများ
• သွေးအုပ်စု “အေ” ဖြစ်သူများ
• အက်စတိန်းဗား ဗိုင်းရပ်စ်ကူးစက်ခံရသူများ
• အစာအိမ်ကင်ဆာမျိုးရိုးရှိသူများ
• သတ္ထု၊ ရာဘာ၊ ကျောက်မီးသွေးစက်ရုံများတွင် အလုပ်လုပ်သူများစသည့် အခြေအနေရှိသူများ၌ ပိုမိုဖြစ်ပွား တတ်ပါသည်။

ရောဂါလက္ခဏာများ
အစောပိုင်းလက္ခဏာများ
• အစာမကြေခြင်း
• လေပွခြင်း၊ ဗိုက်ပွခြင်း
• ရင်ပူခြင်း
• ပျို့အန်ခြင်း
• အစားအသောက်ပျက်ခြင်း စသည်တို့ဖြစ်တတ်ပါသည်။

အစာစားပြီးနောက်အစာမကြေခြင်း၊ ရင်ပူခြင်း ခဏခဏဖြစ်နေခြင်းသည် အစာအိမ်ကင်ဆာဖြစ်နေ သည်ဟု သေချာပေါက်ပြောလို့ မရသော်လည်း အမြဲတမ်းဖြစ်နေပါက ဆရာဝန်နှင့်ပြသသင့်သည်။

ရောဂါပိုမိုဆိုးရွားလာသည့်လက္ခဏာများ
• အစာအိမ်နာကျင်ခြင်း
• ဝမ်းသွားရာတွင်သွေးပါလာခြင်း
• အန်ခြင်း
• အကြောင်းရင်းမရှိဘဲ ခန္ဓာကိုယ်အလေးချိန်ရုတ်တရက် ကျဆင်းခြင်း
• အစာ၊ ရေမျိုချရခက်ခဲလာခြင်း
• မျက်လုံး၊ အရေပြားအသားရောင်ဝါလာခြင်း
• အစာအိမ်ရောင်ရမ်းလာခြင်း
• ဝမ်းချုပ်ခြင်း၊ ဝမ်းလျှောခြင်း
• အားအင်ချိနဲ့ နုံးခွေခြင်း
• ရင်ပူခြင်းစသည်တို့ကို တွေ့ရတတ်သည်။

ရောဂါရှာဖွေခြင်း
ရောဂါရာဇဝင်မေးမြန်းခြင်း၊ အစာအိမကင်ဆာဖြစ်နိုင်ခြေများသည့် အကြောင်းအရင်းများကို ရှာဖွေခြင်း၊ သွေးစစ်ခြင်း၊ အစာအိမ်မှန်ပြောင်းကြည့်ရှုခြင်း၊ စီတီဓာတ်မှန်ရိုက်ခြင်းနှင့် အသားစယူခြင်းများကို ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း စစ်ဆေးခြင်းဖြင့်အစာအိမ်ကင်ဆာကို သိရှိနိုင်ပါသည်။

ကုသမှုနည်းလမ်းများ
အစာအိမ်ကင်ဆာကို ကုသနိုင်သောနည်းလမ်းများစွာရှိပါသည်။ သို့ရာတွင်ရောဂါဖြစ်ပွားနေသည့် ကြာ ချိန်၊ အခြားခန္ဓာကိုယ်အစိတ်အပိုင်းများသို့ ပျံ့နှံ့မှု၊ ရောက်ရှိနေသည့်ကင်ဆာအဆင့် စသည့်အကြောင်းရင်းများ စွာပေါ်မူတည်ပြီး ကုသမှုနည်းလမ်းများကွာခြားသည်။

ခွဲစိတ်ကုသခြင်း
ကင်ဆာဆဲလ်ရှိနေသော အစာအိမ်အစိတ်အပိုင်းများကို ဖြတ်တောက်ကုသပေးနိုင်ပြီး ခွဲစိတ်ခြင်းသည် အကျိတ်များနှင့်ကင်ဆာဆဲလ်များ အခြားခန္ဓာကိုယ်အစိတ်အပိုင်းများသို့ မပျံ့နှံ့အောင်ကူညီပေးနိုင်တယ်။ အကယ်လို့မြင့်မားသော ကင်ဆာအဆင့်ဖြစ်ပါက အစာအိမ်တစ်ခုလုံးကို ဖြတ်တောက်ကုသရနိုင်သည်။

ဆေးသွင်းကုသခြင်း (Chemotherapy)
ဆေးဝါးများသည် ကင်ဆာဆဲလ်များကိုမကြီးထွားအောင် ထိန်းနိုင်သည်။ သောက်ဆေး၊ ထိုးဆေးများ ကိုဆရာဝန်၏ညွှန်ကြားချက်အတိုင်း ကုသပေးပြီး ရက်သတ္တပတ်များစွာကြာမြင့်နိုင်သည်။ ကင်ဆာဆေးများ သည်ဘေးထွက်ဆိုးကျိုးများရှိနိုင်ပြီး ဆရာဝန်များကသက်သာအောင် ကုသမှုအကူညီပေးပါလိမ့်မည်။

ဓာတ်ရောင်ခြည်ပေးကုသခြင်း (Radiation)
ဓာတ်ရောင်ခြည်ပေးခြင်းဖြင့် ကင်ဆာဆဲလ်များကို သေစေနိုင်ပြီးအကျိတ်များကို ကျုံ့သွားစေနိုင်သည်။

ဆေးသွင်းခြင်းနှင့်ဓာတ်ရောင်ခြည်ပေးကုသခြင်း (Chemoradiation)
ဆေးသွင်းခြင်းနှင့်ဓာတ်ရောင်ခြည်ပေးကုသခြင်း နည်းနှစ်မျိုးစလုံးကို ပေါင်းစပ်ပြီးကုသပေးခြင်းဖြစ်ပြီး ခွဲစိတ်ကုသခြင်းမတိုင်မီ ဓာတ်ရောင်ခြည်ဖြင့် အကျိတ်များကိုကျုံ့သွားအောင် ပြုလုပ်ပေးနိုင်သည်။

ပစ်မှတ်ထားတိုက်ခိုက်စေသောဆေးများဖြင့် ကုသခြင်း
အဆိုပါဆေးဝါးအသစ်များသည် အမျိုးမျိုးရှိသော်လည်း ကင်ဆာဆဲလ်များကိုသာ အဓိကထားတိုက် ခိုက်စေသည်။ ကင်ဆာဆဲလ်များကို သေစေနိုင်စွမ်းရှိသည့်အပြင် အခြားနည်းလမ်းများထက် ဘေးထွက်ဆိုး ကျိုးလည်းပိုမိုနည်းပါသည်။

ကာကွယ်ရမည့်နည်းလမ်းများ (အစာအိမ်ရောဂါပိုးများကိုကုသခြင်း)
အိပ်ချ်ပိုင်လိုရီ ဘက်တီးရီးယားမှတစ်ဆင့် အစာအိမ်အနာဖြစ်စေနိုင်ပြီး ပျောက်ကင်းအောင်ကုသမှုခံ ယူသင့်သည်။ Antibiotics ဆေးများသည်ဘက်တီးရီးယားများကို သေစေနိုင်ပြီး အခြားဆေးများသည်အစာ အိမ်ရှိအနာများကို ကျက်စေခြင်းဖြင့်အစာအိမ်ကင်ဆာ ဖြစ်နိုင်ခြေကိုလျှော့ချပေးပါသည်။

ကျန်းမာရေးနှင့်ညီညွှတ်သောအစားအစာများကို ရွေးချယ်စားသုံးခြင်း
လတ်ဆတ်သောဟင်းသီးဟင်းရွက်များကို စားသုံးပေးသင့်ပြီး အမျှင်ဓာတ်နှင့်အချို့ဗီတာမင်များသည် အစာအိမ်ကင်ဆာဖြစ်နိုင်ခြေကို လျော့ကျစေပါသည်။ မီးခိုကျပ်တိုက်၊ အကင်၊ အသင့်စားသုံးနိုင်သောအစားအ စာများကိုရှောင်ကြဉ်သင့်ပါသည်။

ဆေးလိပ်သောက်သုံးခြင်းများကိုရှောင်ကြဉ်ခြင်း
ဆေးလိပ်သောက်သုံးသူဖြစ်ပါက မသောက်သုံးသူထက် အစာအိမ်ကင်ဆာဖြစ်နိုင်ခြေနှစ်ဆပိုများသော ကြောင့်ဆေးလိပ်သောက်သုံးခြင်းကို ရှောင်ကြဉ်သင့်ပါသည်။

ခန္ဓာကိုယ်အလေးချိန်ထိန်းသိမ်းခြင်း
အဝလွန်ခြင်းသည် အစာအိမ်ကင်ဆာဖြစ်နိုင်ချေများတွင် တစ်ခုအပါအဝင်ဖြစ်သောကြောင့် အဝမလွန် အောင်ဂရုစိုက်သင့်ပါသည်။ လေ့ကျင့်ခန်းလုပ်ပေးခြင်းဖြင့် ပုံမှန်ကျန်းမာသော ခန္ဓာကိုယ်အလေးချိန်ဖြစ်အောင် ထိန်းသိမ်းသင့်ပါသည်။

ပုံမှန်ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ပေးခြင်း
အစာအိမကင်ဆာမျိုးရိုးရှိသူဖြစ်ပါက ပုံမှန်ကျန်းမာရေးစစ်ဆေးမှုကို ပြုလုပ်ပေးသင့်ပါသည်။
Author: ဒေါက်တာချမ်းမြေ့ (Vol-8 / No-11) Healthcare Journal

 

Previous Post

ဗဟုသုတနည်းပြီး လူမှုရေးညံ့တဲ့လူငယ်

Next Post

အသက်ရှည်ရေးဒါလေးတွေသိဖို့လို

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

အမျိုးသားတွေပဲ အသည်းခြောက်ရောဂါဖြစ်နိုင်တာလား?

2 years ago
481

အသည်းကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာများ

2 years ago
1.5k
To prevent colon cancer, Things to avoid

အူမကြီးကင်ဆာမဖြစ်စေဖို့ ဆောင်ရန်၊ ရှောင်ရန်များ

3 years ago
896
Blood cancer

သွေးကင်ဆာဆိုတာ

3 years ago
474
Caution Lung cancer

သတိပြုစရာ အဆုတ်ကင်ဆာ

3 years ago
737
Can men get breast cancer?

ယောက်ျားတွေရော ရင်သားကင်ဆာဖြစ်နိုင်လား?

3 years ago
433

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အသက်ရှည်ရေးဒါလေးတွေသိဖို့လို

Valentine Day ရောက်မှာ ကြောက်တဲ့ဆရာဝန်

ကမ္ဘာမြေနေ့ (Earth Day)

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.