fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ရောဂါကြီးများ

ဆီးချိုသွေးချိုရောဂါနှင့် ရုတ်တရက်လေဖြတ်ခြင်း ဘယ်လိုဆက်စပ်လဲ

364
VIEWS
Share on FacebookShare on TwitterShare on Linkedin
12/08/2021
in ရောဂါကြီးများ
1 min read
A A

ဆီးချိုသွေးချိုရောဂါဆိုတာဟာ သွေးတွင်းအချိုဓာတ်ပမာဏများလို့ဖြစ်တယ်ဆိုတာ တော်တော်များများ ကြားသိဖူးကြမှာပါ။ ဆီးချိုသွေးချိုရောဂါကိုသာ သေချာမကုသဘူးဆိုရင် နောက်ဆက်တွဲဆိုးကျိုးတွေ အများကြီးဖြစ်နိုင်ပါတယ်။ အဲဒီနောက်ဆက်တွဲဆိုးကျိုးတွေထဲမှာ ရုတ်တရက်လေဖြတ်တတ်ခြင်း ဆိုတာလည်း တစ်ခုအပါဝင်ဖြစ်ပါတယ်။

စစ်တမ်းများအရ ဆီးချိုသွေးချိုရှိတဲ့သူတွေနှင့်ရိုးရိုးသာမန်သူတွေကို နှိုင်းယှဉ်ကြည့်လိုက်တဲ့အခါ ဆီးချိုသွေးချိုရှိတဲ့ သူတွေမှာ လေဖြတ်နိုင်ခြေ ၁.၅ ဆပိုများတာကိုတွေ့ရပါတယ်။

သွေးတွင်းသကြားဓာတ်များခြင်းနှင့် သွေးတွင်းအဆီများခြင်းဟာ ဆက်စပ်မှုရှိတဲ့အတွက် ခန္ဓာကိုယ်တွင်းသွေးကြောတွေမှာ အဆီစုပုံမှုကိုမြင့်မားစေပါတယ်။ ကြာလာတဲ့အခါ ခန္ဓာကိုယ်ရဲ့အရေးကြီးတဲ့အစိတ်အပိုင်းတွေမှာ သွေးစီးဆင်းမှုနည်းသွားပြီး သွေးကြောပိတ်ခြင်း ဥပမာအားဖြင့် နှလုံးသွေးကြောပိတ်ခြင်း၊ ဦးနှောက်သွေးကြော ပိတ်ခြင်းများဖြစ်ပေါ်လာတတ်တာကို တွေ့ရှိရပါတယ်။ ဦးနှောက်ကို ကောင်းကောင်းသွေးမစီးဆင်းတော့ဘူး၊ ဦးနှောက်သွေးကြောပိတ်မယ် ဒါမှမဟုတ် ပေါက်မယ်ဆိုရင် ရုတ်တရတ်လေဖြတ်နိုင်ပါတယ်။

ရုတ်တရက်လေဖြတ်သွားမယ်ဆိုဘယ်လိုလက္ခဏာတွေနဲ့လာနိုင်ပါသလဲ?

လေဖြတ်တဲ့သူတစ်ယောက်အတွက် ကနဦးလက္ခဏာတွေကို အတူနေအိမ်သားများက သတိထားမိဖို့အရေးကြီးပါတယ်။ မျက်နှာတစ်ခြမ်းရွဲ့သွားမယ်၊ ကိုယ်လက်တစ်ခြမ်းဒါမှမဟုတ် ကိုယ်လက်တစ်ပိုင်းစီ လှုပ်မရအောင်လေးသွားမယ်၊ စကားလုံးလာမယ်ဆို ရုတ်တရက်လေဖြတ်နိုင်တာ အဖြစ်နိုင်ဆုံးမို့လို့အမြန်ဆုံးဆေးကုသမှုခံယူနိုင်အောင် နီးစပ်ရာဆေးရုံကို ပို့ပေးရပါမယ်။ တစ်ခါတလေ မျက်နှာ၊ ခြေလက်ထုံခြင်း၊ ကိုယ်ပြောချင်တဲ့စကားနှင့် ပြောလိုက်တဲ့စကားများ တလွဲဆီဖြစ်ဖြစ်နေခြင်း၊ မူးဝေခြင်း၊ ဟန်ချက်မထိန်းနိုင်တော့ခြင်း၊ ပြင်းထန်သောခေါင်းကိုက် ဝေဒနာခံစားရခြင်း၊ လမ်းလျှောက်ရခက်ခဲခြင်း စသည့် လက္ခဏာလေးတွေနဲ့လည်းလာတတ်ပါတယ်။

ဆီးချိုသွေးချိုရောဂါဝေဒနာရှင်တွေမှာ ဘယ်လိုအကြောင်းအချက်တွေများလျှင် ရုတ်တရက်လေဖြတ်နိုင်ပါသလဲ?

1. သွေးတွင်းသကြားဓာတ် ပုံမှန်ထိန်းမရဘဲများနေခြင်း
2. ၃လပျမ်းမျှဆီးချိုပမာဏ များနေခြင်း ( ၆.၅ ထက်များခြင်း )
3. သွေးတိုးရောဂါရှိခြင်း
4. သွေးတိုးအဆီဓါတ်များခြင်း
5. သွေးရောဂါအခံရှိခြင်း
6. လေဖြန်းခြင်း၊ လေဖြတ်ခြင်းရာဇဝင်ရှိဖူးခြင်း
7. နှလုံးရောဂါအခံရှိခြင်း
8. အသက် ၅၅နှစ် နှင့်အထက်
9. အမျိုးသမီးများတွင်အဖြစ်များခြင်း။
10. စားသောက်နေထိုင်မှုပုံစံကိုမထိန်းခြင်း
11. ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း
12. ဆေးရွက်ကြီး၊ ဆေးလိပ်သောက်သုံးခြင်း
13. အရက်အလွန်အကျွံသောက်သုံးခြင်း

 

ဆီးချိုသွေးချိုဝေဒနာရှင်တွေမှာ ရုတ်တရက်လေဖြတ်ခြင်းမဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ?

ဆီးချိုသွေးချိုဝေဒနာရှင်တွေမှာ ရုတ်တရက်လေဖြတ်ခြင်းကိုဖြစ်စေတဲ့အကြောင်းအချက်တွေ ဖြစ်တဲ့ အသက်အရွယ်ကြီးရင့်ခြင်း၊ အမျိုးသမီးဖြစ်ခြင်း၊ စတဲ့အချက်တွေကတော့ ကာကွယ်လို့မရတဲ့ အချက်တွေ ဖြစ်ပြီး ကာကွယ်လို့ရတဲ့ တခြားသတိထားရမယ့်အကြောင်းအချက်တွေကို ပို ပြီးသတိပြုနေထိုင်သွားရမှာပါ။ ကာကွယ်လို့ရတဲ့အကြောင်းအချက်တွေကတော့-

1. ဆီးချိုသွေးချိုရောဂါကို သေချာထိန်းပါ

ဆီးချိုသွေးချိုရောဂါဆိုတာဟာ လုံးဝအရှင်းပျောက်အောင်ကုသဖို့ရာခဲယဉ်းပါတယ်။ ဆီးချိုထိန်း သောက်ဆေး၊ထိုးဆေး တို့နှင့်သေချာထိန်းရမယ့်အပြင် မိမိရဲ့တစ်နေ့တာစားသောက်နေထိုင်မှု ပုံစံကလည်း ကျန်းမာရေးနဲ့ညီညွတ်ဖို့လိုပါတယ်။ အချိုလျှော့စားရုံသာမက အငန်၊ အဆီအစိမ့် တို့ကိုလည်း တတ်နိုင်သမျှလျှော့စားပေးဖို့လိုပါတယ်။

ဟင်းသီးဟင်းရွက် ကို နေ့စဉ်ပါအောင်စားပေးပါ။ ချိုတဲ့အသီးအနှံတွေကိုလည်း ချိန်ဆစားဖို့အရေးကြီးပါတယ်။ အသားထက် ငါးကို ပိုစားပေးသင့်ပါတယ်။ ရေများများသောက်ပေးပါ။ ကော်ဖီလက်ဖက်ရည်ကို တစ်နေ့ကို ၂-၃ခွက်ထက်ပိုမသောက်သင့်ပါဘူး။ အားဖြည့်အချိုရည်တွေ၊ ဂက်စ်ပါတဲ့အချိုရည်တွေကို ရှောင်ပါ။ နေ့စဉ် နာရီဝက်ခန့်လမ်းလျှောက်ပေးပါ။ အိပ်ချိန်မှန်ပါစေ။ ၆လတစ်ခါ ကျန်းမာရေး ဆေးစစ်မှု ပြုလုပ်ပေးပါ။ သက်ဆိုင်ရာဆရာဝန်နဲ့ဆေးကုသမှုမှန်မှန် ခံယူပါ။

2. ဆေးလိပ်ဖြတ်ပါ

သာမန်ဘာရောဂါအခံမှ မရှိတဲ့သူတွေမှာ ဆေးလိပ်သောက်ခြင်းဟာ လေဖြတ်ခြင်းကို ၂ဆ ပိုဖြစ်စေပါတယ်။ ဆီးချို သွေးချို ရှိတဲ့သူမှာဆို ပိုပြီးတော့ သတိထားသင့်တဲ့အတွက် သင်ဟာဆေးလိပ်သောက်သုံးသူဆို ဆေးလိပ်ဖြတ်ဖို့ကြိုးစားပါ။
3. အရက်လျှော့သောက်ပေးပါ။

သုတေသနလေ့လာချက်များအရ အရက်ပုံမှန်သောက်သုံးတတ်သူ ဒါမှမဟုတ် အရက်အလွန်အကျွံသောက်သုံးတတ်သူ တစ်ယောက်မှာ ရုတ်တရက်လေဖြတ်နိုင်ချေ မြင့်မားတဲ့အတွက် အရက်ကိုလျှော့သောက်ပေးပါ။

4. ရောဂါအခံများကို သေချာကုသပါ

ဆီးချိုသွေးချိုရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါတို့ဟာ တစ်ခုနှင့်တစ်ခု ဆက်စပ်မှုရှိတာဖြစ်တဲ့ အတွက် ရောဂါတစ်ခုဖြစ်လာပြီဆို ဆေးသေချာမသောက်ဘူး၊ ဆရာဝန်နဲ့သေချာမပြဘူးဆိုရင် နောက်ရောဂါတစ်ခုဝင်ဖို့ကလွယ်ကူပါတယ်။ ဒါ့ပြင် သွေးရောဂါအခံရှိတဲ့သူဆိုရင်လည်း သွေးရောဂါကုအထူးကုဆရာဝန်နဲ့ပြသပြီး ဆေးကုသမှုခံယူပေးပါ။

သတိထားရမယ့် အချက်များ

ဆီးချိုသွေးချိုရှိတဲ့သူတစ်ယောက်ရုတ်တရက်လေဖြတ်သွားရင် စက်ကိရိယာပြည့်စုံတဲ့ဆေးရုံကြီးတစ်ခုခု မှာချက်ချင်း ဆေးကုသမှုခံယူပေးမယ်ဆိုရင် နောက်ဆက်တွဲဆိုးဆိုးရွားရွားမဖြစ်ဘဲ အချိန်အတိုင်းအတာတစ်ခုအကြာ လူကောင်းနီးပါးပြန်ကောင်းနိုင်ခြေရှိပါတယ်။

လေဖြတ်တာကိုလည်း ချက်ချင်းမသိဘူး၊ မထူးဘူးဆိုပြီး အိမ်မှာပဲထားပြီးကြာသွားမယ်ဆိုရင် လူနာအတွက် အသက်အန္တရာယ်ပါ ထိခိုက်နိုင်တဲ့အတွက် လေဖြတ်ခြင်းနှင့်ပတ်သက်ပြီး ကျန်းမာရေးအသိရှိကြဖို့၊ ကာကွယ်နိုင်တဲ့နည်းလမ်း တွေကို လိုက်နာနိုင်ဖို့ရေးသားလိုက်ရပါတယ်။

Author: Dr. Khaing

Previous Post

ဒဏ်ရာအနာ ပိုးဝင်ပြည်တည်လျှင်

Next Post

မေမေ့ဗိုက်ထဲကကလေးလေး  ဘယ်လိုကြီးလာလဲ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

အမျိုးသားတွေပဲ အသည်းခြောက်ရောဂါဖြစ်နိုင်တာလား?

2 years ago
481

အသည်းကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာများ

2 years ago
1.5k
To prevent colon cancer, Things to avoid

အူမကြီးကင်ဆာမဖြစ်စေဖို့ ဆောင်ရန်၊ ရှောင်ရန်များ

3 years ago
897
Blood cancer

သွေးကင်ဆာဆိုတာ

3 years ago
476
Caution Lung cancer

သတိပြုစရာ အဆုတ်ကင်ဆာ

3 years ago
744
Can men get breast cancer?

ယောက်ျားတွေရော ရင်သားကင်ဆာဖြစ်နိုင်လား?

3 years ago
437

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

မေမေ့ဗိုက်ထဲကကလေးလေး  ဘယ်လိုကြီးလာလဲ

ဗီတာမင်ဒီ ချို့တဲ့ခြင်း အကြောင်းရင်းများနှင့် ရောဂါလက္ခဏာများ

သံဓာတ်အားဆေးဖြည့်စွက်စာများ သောက်သုံးမယ်ဆိုရင်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.