fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ရောဂါကြီးများ

သွေးအားနည်းရောဂါဖြစ်ပွားရသော အကြောင်းရင်းများ

2.3k
VIEWS
Share on FacebookShare on TwitterShare on Linkedin
05/02/2021
in ရောဂါကြီးများ
1 min read
A A

သွေးထဲတွင် သွေးနီဥအရေအတွက် လျော့နည်းနေသည့်အခြေအနေကို သွေးအားနည်းရောဂါ‌ဖြစ်ခြင်းဟု သတ်မှတ်ပါသည်။

သွေးနီဥများတွင် ပါဝင်သည့် ပရိုတင်းဓာတ်တစ်မျိုးဖြစ်သော ဟေမိုဂလိုဘင်ဒြပ်ပေါင်းသည် အဆုတ်များမှနေ၍ အောက်ဆီဂျင်ဓာတ်ကို ခန္ဓာကိုယ်အစိတ်အပိုင်းအသီးသီးသို့ သယ်ယူပို့ဆောင်ပေး သည့်လုပ်ငန်းကို လုပ်ဆောင်ပေးပါသည်။

ထို့ကြောင့် သွေးအားနည်းရောဂါရှိသောသူများတွင် ဟေမိုဂလိုဘင်ဒြပ်ပေါင်းများ လျော့နည်း နေသဖြင့် ခန္ဓာကိုယ်ရှိ တစ်ရှူးများသည် အောက်ဆီဂျင်ဓာတ်ချို့တဲ့သည့် ရောဂါလက္ခဏာများကို ခံစားရနိုင်ကြောင်း‌ တွေ့ရှိရပါသည်။

 

သွေးအားနည်းရောဂါလက္ခဏာများ။

– ခေါင်းမူးခြင်း

– ခေါင်းကိုက်ခြင်း

– နှလုံးခုန်နှုန်းမြန်ခြင်း

– အရိုးများ ၊ အရိုးအဆစ်များ၊ ရင်ဘတ်၊ ဝမ်းဗိုက်နေရာများတွင် နာကျင်မှုခံစားရခြင်း

– ကလေးများနှင့် ဆယ်ကျော်သက်များ ဖွံ့ဖြိုးကြီးထွားမှုကို နှောင့်နှေးစေနိုင်ခြင်း

– အသက်ရှူမ၀ခြင်း

– အသားအရေဖြူဖျော့ခြင်း

– ခြေဖျားလက်ဖျားအေးခြင်း

– မောပန်းခြင်း

– အားနည်းခြင်း စသည့်ရောဂါလက္ခဏာများကို ခံစားရနိုင်ကြောင်း တွေ့ရှိရပါသည်။

 

သွေးအားနည်းရောဂါ အမျိုးအစားများ

သွေးအားနည်းရောဂါဖြစ်သည့် အကြောင်းရင်းများပေါ်တွင် မူတည်၍ သွေးအားနည်းရောဂါကို အောက်ပါအတိုင်း အမျိုးအစား ခွဲခြားနိုင်ပါသည်။

 

သွေးဆုံးရှုံးခြင်းကြောင့်ဖြစ်သော သွေးအားနည်းရောဂါ

– အစာအိမ်အူလမ်းကြောင်းဆိုင်ရာရောဂါအခြေအနေများ။ ( ဥပမာ -အစာအိမ်အနာရောဂါ၊ လိပ်ခေါင်းရောဂါ၊ အစာအိမ်ရောင်ရမ်းခြင်းရောဂါ ၊ အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာ ကင်ဆာရောဂါ )

– အကိုက်အခဲပျောက်ဆေးဝါးများကြောင့်ဖြစ်သော အစာအိမ်မှ သွေးယိုစိမ့်ခြင်း

– အမျိုးသမီးများ ရာသီဓမ္မတာသွေးဆင်းခြင်းကြောင့် သွေးဆုံးရှုံးခြင်း

– ထိခိုက်ဒဏ်ရာရခြင်း သို့မဟုတ် ခွဲစိတ်ကုသမှုခံယူခြင်းကြောင့် သွေးဆုံးရှုံးခြင်း စသည့် အကြောင်းရင်းများကြောင့် သွေးအားနည်းရောဂါဖြစ်နိုင်ကြောင်း တွေ့ရှိရပါသည်။

 

သွေးနီဥထုတ်လုပ်မှု လျော့နည်းခြင်း သို့မဟုတ် ပုံမှန်မဟုတ်သည့် သွေးနီဥများကို ထုတ်လုပ်ခြင်းကြောင့် ဖြစ်သော သွေးအားနည်းရောဂါ

ဤအမျိုးအစား သွေးအားနည်းရောဂါကို ဖြစ်စေသော အကြောင်းရင်းများတွင် အောက်ပါတို့ ပါဝင်ပါသည်။

– ရိုးတွင်းခြင်ဆီတွင် ရောဂါပြဿနာဖြစ်ခြင်း။

( ၁ )       Aplastic Anaemia

Aplastic Anaemia ရောဂါသည် အောက်ပါအကြောင်းရင်းများကြောင့် ဖြစ်နိုင်သည့် သွေးအားနည်းရောဂါတစ်မျိုး ဖြစ်ပါသည်။

– မျိုးရိုးဗီဇ Genes များပြောင်းလဲခြင်း

– ရောဂါပိုးကူးစက်ခံရခြင်း

– ဆေးဝါးများသောက်သုံးခြင်း ၊ ကင်ဆာဆေးသွင်းကုသခြင်း ၊ ဓာတ်ရောင်ခြည်ကုသမှု ခံယူရခြင်းကြောင့် ရိုးတွင်းခြင်ဆီတွင် ထိခိုက်ဒဏ်ရာရရှိခြင်း စသည့်အကြောင်းရင်းများ ဖြစ်ကြပါသည်။

၎င်းရောဂါတွင် သွေးအတွင်း၌ရှိသော သွေးနီဥများ၊ သွေးဖြူဥများ ၊ သွေးဆဲလ်မွှားများကို ထုတ်လုပ်နိုင်ခြင်းမရှိကြောင်း တွေ့ရှိရပါသည်။

 

( ၂ )      ခဲအဆိပ်ဖြစ်ခြင်း

ခဲအဆိပ်ဖြစ်ခြင်း၏ အကြောင်းရင်းမှာ အလုပ် လုပ်ကိုင်သည့်နေရာတွင် သို့မဟုတ် ပတ်ဝန်းကျင်တွင် ခဲနှင့်ထိတွေ့ခြင်းကြောင့်‌ ဖြစ်ရခြင်း ဖြစ်ပါသည်။

 

( ၃ )       ( Thalassaemia ) သွေးနီဥများ ပုံမှန်မဟုတ်ခြင်းကြောင့် သွေးနီဥများပေါက်ကွဲသည့် အတွက် ဖြစ်သော သွေးအားနည်းရောဂါ

၎င်းရောဂါရှိသောသူများတွင် အချို့သည် ရောဂါပြင်းထန်ခြင်းမရှိသဖြင့် ရောဂါလက္ခဏာ ဖြစ်ပေါ် ခံစားရခြင်းမရှိသော်လည်း အချို့သည် အသက်အန္တရာယ်ဖြစ်စေနိုင်သည်အထိ ရောဂါပြင်းထန်နိုင်ကြောင်း တွေ့ရှိရပါသည်။

 

ဗီတာမင် နှင့် သတ္တုဓာတ်များချို့တဲ့ခြင်းကြောင့် ဖြစ်သော သွေးအားနည်းရောဂါ

Vitamin B 12, Folate, သံဓာတ်စသည့် အာဟာရဓာတ်များ ချို့တဲ့ခြင်းကြောင့်လည်း သွေးအားနည်းရောဂါဖြစ်စေနိုင်ကြောင်း တွေ့ရှိရပါသည်။

အောက်ပါအကြောင်းရင်းများကြောင့် ဗီတာမင်နှင့် သတ္တုဓာတ်များချို့တဲ့ခြင်းကြောင့်ဖြစ်သော သွေးအားနည်းရောဂါ ဖြစ်နိုင်ပါသည်။

– စားသုံးသည့်အစားအစာများတွင် အာဟာရဓာတ်များ မလုံလောက်ခြင်း

– ( Pernicious  Anaemia ) ခန္ဓာကိုယ်မှ ဗီတာမင် B 12 ဓာတ်ကို ကောင်းစွာစုပ်ယူနိုင်ခြင်းမရှိခြင်း

– အရက်အလွန်အကျွံသောက်သုံးခြင်း စသည့်အကြောင်းရင်းများ ဖြစ်ကြပါသည်။

 

နာတာရှည်ရောဂါအခြေအနေများကြောင့်‌ဖြစ်သော သွေးအားနည်းရောဂါ

– ကျောက်ကပ်ပျက်စီးသောရောဂါ

– သိုင်းရိုက်ဟော်မုန်း အထွက်နည်းသောရောဂါ

– အသက်အရွယ်အိုမင်းခြင်း

– ကင်ဆာရောဂါ

– ဆီးချိုသွေးချိုရောဂါ

– သွေးလေးဖက်နာရောဂါ စသည့် နာတာရှည်ရောဂါများတွင်လည်း သွေးအားနည်း ရောဂါကို ခံစားရနိုင်ပါသည်။

 

သွေးနီဥများပျက်စီးခြင်းကြောင့်ဖြစ်သော သွေးအားနည်းရောဂါ

သရက်ရွက်ကြီးနေခြင်းကြောင့် သွေးနီဥများ ပျက်စီးမှုများပြီး သွေးနီဥများ လျော့နည်းသည့်ရောဂါ။

– အသည်း၊ ကျောက်ကပ်ရောဂါကြောင့် အဆိပ်အတောက်ဖြစ်ခြင်း။

– အကျိတ်အခဲရှိသောသူများ၊ အပူလောင်ခြင်းကို ပြင်းထန်စွာ ခံစားရသူများ၊ ဓာတုပစ္စည်းများနှင့် ထိတွေ့ခံရသောသူများ၊ သွေးတိုးလူနာများ

– Thalassaemia

– Sickled celled anaemia

– Thrombotic thrombocytopenic purpura

( သွေးဆဲလ်မွှားများလျော့နည်းသည့်ရောဂါတစ်မျိုး )စသည့်‌ ရောဂါရှိသောသူများတွင် သွေးအားနည်းရောဂါကို ခံစားရနိုင်ကြောင်း တွေ့ရှိရပါသည်။

Author : Dr. မိုး (ဆေး ၁)

Previous Post

ကလေးများ DHA ဓာတ် ချို့တဲ့လျှင် ဖြစ်နိုင်သော ( ADHD ) ရောဂါအကြောင်း

Next Post

နာတာရှည်အူလမ်းကြောင်းဆိုင်ရာရောဂါရှိသူများနှင့် သင့်လျော်သောအစားအစာများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

အမျိုးသားတွေပဲ အသည်းခြောက်ရောဂါဖြစ်နိုင်တာလား?

2 years ago
481

အသည်းကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာများ

2 years ago
1.5k
To prevent colon cancer, Things to avoid

အူမကြီးကင်ဆာမဖြစ်စေဖို့ ဆောင်ရန်၊ ရှောင်ရန်များ

3 years ago
896
Blood cancer

သွေးကင်ဆာဆိုတာ

3 years ago
475
Caution Lung cancer

သတိပြုစရာ အဆုတ်ကင်ဆာ

3 years ago
741
Can men get breast cancer?

ယောက်ျားတွေရော ရင်သားကင်ဆာဖြစ်နိုင်လား?

3 years ago
434

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

နာတာရှည်အူလမ်းကြောင်းဆိုင်ရာရောဂါရှိသူများနှင့် သင့်လျော်သောအစားအစာများ

ဆောင်းရာသီမှာအဖြစ်များတဲ့ရောဂါများ နှင့်နာကျင်ကိုက်ခဲမှုများအကြောင်း

ရင်ပူခြင်းအကြောင်းသိကောင်းစရာများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.