fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး
အိမ်ထောင်ရေးဖောက်ပြန်မှု ယုံတမ်းစကားတွေ အပိုင်း (၁)
703
VIEWS
Share on FacebookShare on TwitterShare on Linkedin
19/01/2018
in အမျိုးသားကျန်းမာရေး
1 min read
A A
Uincode
အိမ်ထောင်ရေး ဖောက်ပြန်မှုတွေကို ခွင့်လွှတ်နိုင်စရာ အကြောင်းမရှိဘူး (သို့) ရှောင်ကြဉ်လို့မရဘူးလား။ ချစ်ခြင်းရဲ့ အပြုအမူတွေလား (သို့) မလိုမုန်းထား အာဃာတစိတ်ကြောင့်လား။ အိမ်ထောင်ရေး အဆင်မပြေမှုတွေကို ကောင်းမွန်လာစေသလား (သို့) ကောင်းမွန်တဲ့ အိမ်ထောင်ရေးတွေကို ပျက်စီးစေသလား။
လူတိုင်းနီးပါးမှာ ကွဲပြားတဲ့ အဖြေရှိကြတယ်။ ဒီအဖြေအများစုဟာလည်း ဖန်တရာတေနေတဲ့ လက်သုံးစကားတွေမှာ အမြစ်တွယ်နေကြတယ်။ အိမ်ထောင်ရေး ဆွေးနွေးမှုကို အဓိကဆောင်ရွက်ပေးတဲ့ စိတ်ရောဂါ အထူးကုဆရာဝန်တစ်ဦးရဲ့ တုံ့ပြန်ချက်ကတော့ လူတွေဟာ အိမ်ထောင်ရေး ဖောက်ပြန်မှုနဲ့ ပတ်သက်လို့ ခေတ်စားနေတဲ့ ရှုမြင်တွေးခေါ်မှုကို လက်ခံချင်ကြတယ်။ ကံမကောင်းချင်တော့ ခေတ်စားနေတဲ့ ရှုမြင်တွေးခေါ်မှုအများဟာ မနူးမနပ်၊ မကျေညက်တဲ့ အရာတွေကို ပြောကြတယ်။ ဒီကိစ္စကို လေ့လာသုံးသပ်ကြည့်တဲ့အခါ အိမ်ထောင်ရေးဖောက်ပြန်မှုတွေနဲ့ ပတ်သက်လို့ ယုံတမ်းစကားအချို့ကို တွေ့ရှိခဲ့တာကြောင့် အောက်မှာ ဖော်ပြလိုက်ပါတယ်။
သစ္စာမဲ့မှုဟာ ဖြစ်နေကျပဲ။ အားလုံးက ဒီကိစ္စနဲ့ ပတ်သက်လို့ ခပ်ပေါ့ပေါ့ပဲ မြင်ကြတယ်။
အချို့ အိမ်ထောင်ရေး အကြံပေးပုဂ္ဂိုလ်တွေက ဖြစ်နေတဲ့ (သို့) ဖြစ်နေကျ ဖောက်ပြန်မှုတွေဟာ အိမ်ထောင်ရေး (၁၅)မှ (၂၀)ရာခိုင်နှုန်း အတွက်လောက်သာ ပြဿနာရှိတယ်လို့ ဆိုတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် အားလုံး ဒီကိစ္စကို လုပ်နေကြတာ မဟုတ်ဘူး။ ဒီလိုမဟုတ်ဘူးလို့ ငြင်းခုံတဲ့လူတွေဟာ သူတို့ရဲ့ အပြုအမူကို မှန်ကန်တယ်လို့ အကြောင်းပြ ချင်တာပဲရှိတယ်။ သစ္စာမဲ့ဖို့ အိပ်မက်တောင် မမက်ဖူးကြတဲ့ သန်းချီရှိတဲ့လူတွေကို သူတို့က အလွယ်တကူပဲ လျစ်လျူရှုကြတယ်။
အားလုံးဟာ မကင်းကြဘူးဆိုတဲ့ သီအိုရီကို လက်ခံတဲ့ လူတွေဟာ ယောက်ျားအများစု ဖြစ်ကြတယ်။ အမျိုးသမီးတွေကျတော့ မှားယွင်းတဲ့ ယေဘုယျ ကောက်ချက်ချမှုကို ယုံသွားကြတယ်။ ယောက်ျားတွေကို ယုံကြည်စိတ်ချလို့မရဘူး။ ဒီယူဆမှုဟာ ဒုက္ခရောက်ဖို့ တွန်းအားပေးနိုင်တယ်။ အချို့အမျိုးသမီးတွေဟာ သူတို့ရဲ့ခင်ပွန်းတွေ သူတို့အပေါ် သစ္စာမမဲ့ရင်တောင် ဖောက်ပြန်မှုတွေကို သူတို့ဘာသာ ကျူးလွန်ကြတယ်။ တစ်ချို့ကလည်း သံသယဝင်ပြီး မိမိရဲ့အဖော်အပေါ် လိုတာထက် အကာအကွယ်ပေးရာမှာ ကောင်းမွန်တဲ့ အိမ်ထောင်ရေးအတွက် လိုအပ်တဲ့ ယုံကြည်မှုကို ပျက်ပြယ်သွားစေတယ်။ ဖောက်ပြန်မှုကို မလွဲဧကန် ဖြစ်နိုင်ပေမဲ့ စဉ်းစားတွေးတောကတော့ နောက်ကိစ္စတစ်ခုဖြစ်တယ်။
မိမိအဖော်ထက် တစ်ခြားတစ်ယောက်ကို စွဲမက်မိတာ အဆန်းမဟုတ်ဘူး။ တစ်လင်တစ်မယားစနစ် ကျင့်သုံးတဲ့ သူတွေပင်လျှင် ရှေးဆန်တဲ့ ဖြားဆောင် ဆက်ဆံမှုနဲ့ မကြာခဏဆိုသလို နပန်းလုံးကြရတယ်။ ဒါကို တန်ပြန်ဖို့ကတော့ ရှေးဆန်တဲ့ ဆန္ဒဓိပတိပဲ။ ကိုယ်စိတ်မဝင်စားတဲ့သူနဲ့ ခပ်ခွာခွာနေဖို့နဲ့ မိမိအဖော်နဲ့ အတတ်နိုင်ဆ့ုး နီးနီးကပ်ကပ်နေနိုင်အောင် ကြိုးစားဖို့ပဲ ဖြစ်တယ်။ ဆွဲဆောင်မှုကို ရှောင်လွဲလို့မရနိုင်ပေမယ့် သစ္စာမဲ့မှုကို ရှောင်နိုင်တယ်။
သင့်ရဲ့ကြင်ဖော်ဟာ အိမ်ထောင်ရေးဖောက်ပြန်နေရင် မသိလိုက်မသိဘာသာနေတာ အကောင်းဆုံးပဲ။
ပြောင်းပြန် အဓိပ္ပာယ်ကောက်ရင် မှန်ပါတယ်။ သစ္စာမဲ့ခြင်းနဲ့ ပတ်သက်လာရင် လျစ်လျူရှုတာဟာ ချမ်းမြေ့ပျော်ရွှင်မှု မဟုတ်ပါ။ အိမ်ထောင်ရေးတစ်ခုတွင် ရင်းနှီးနီးစပ်မှု အဆင့်ရှိခဲ့ရင် လှည့်စားခြင်းခံရတဲ့ ကြင်ဖော်ဟာ ဆက်ဆံမှုတွင် အဓိပ္ပါယ်မရှိဘူးဆိုတာ သိလာလိမ့်မယ်။ နောက်ပိုင်းတွင် မေထုန်မှုဟာ တစ်ဖြည်းဖြည်းလျော့နည်း လာမှာဖြစ်တယ်။ ကြင်ဖော်အနေနဲ့လည်း တစ်ဖြည်းဖြည်း ဝေးကွာလာတာကို သိလာလိမ့်မယ်။
ဒီလို ဝေးကွာလာတာ နဲ့အမျှ ပူပန်မှု၊ မလုံခြုံမှု (သို့) ရန်လိုမှုနဲ့ စိတ်ရှုပ်ထွေးမှုပါ ပေါင်းစပ်လိုက်ရင် မထင်မှတ်ဘဲ ဖောက်ပြန်မှုကို အားပေးသလို ဖြစ်လာလိမ့်မယ်။
သံသယဝင်နေတဲ့ အိမ်ထောင်ရေးကြင်ဖော်တို့ဟာ တစ်ယောက်နဲ့ တစ်ယောက် စွပ်စွဲတဲ့ပုံစံမျိုးနဲ့ မဟုတ်ဘဲ စကားပြောသင့်ပါတယ်။ သင့်စိုးရိမ်မှုတွေဟာ အခြေအမြစ်မရှိ ဖြစ်လာနိုင်တယ်။ ဆွေးနွေးမှုဟာ တစ်ခြားပြဿနာတွေကိုလည်း ပေါ်လာစေနိုင်တယ်။ မှုန်ကုပ်ကုပ် စိတ်ကတောက်ကဆ ဖြစ်နေတဲ့ခင်ပွန်းဟာ အလုပ်မှာ ပြဿနာရှိရင်ရှိနေမှာ ဖြစ်သလို၊ တစ်ခြား ယောက်ျားတွေနဲ့ ပရောပရည် လုပ်တဲ့ဇနီးဟာလည်း သူအိမ်မှာမရရှိတဲ့ အသိအမှတ်ပြုခြင်းကို တစ်ခြားနေရာမှာ ရှာနေတာလည်း ဖြစ်နိုင်တယ်။
သံသယဖြစ်မှုဟာ မှန်ရင်လည်း ဒီလုပ်ရပ်ဟာ အမြှော်အမြင်ရှိတဲ့ လုပ်ရပ်ဖြစ်တယ်။ မှန်တဲ့ အချက်အလက်တွေဟာ ထွေရာစိတ်ကူးထက်စာရင် ရင်ဆိုင်ရာတာ ပိုလွယ်တယ်။ သင့်ကြင်ဖော် ဖောက်ပြန်နေတာ သိရင် မြုံမနေပါနဲ့ ချက်ချင်းလက်ငင်း ဒီကိစ္စကို အသိပေးလိုက်ပါ။ ကျူးလွန်သူဟာ သင်ဖြစ်ခဲ့ရင် ဝန်ခံလိုက်ပြီး ခွင့်လွှတ်ဖို့ တောင်းပန်လိုက်ပါ။ ဒီလိုမျိုးလုပ်ဖို့ မလွယ်ပေမယ့် ကြင်ဖော်နှစ်ယောက်စလုံး လက်တွေ့ အားသာချက်တွေရှိတယ်။ ဘွင်းဘွင်းပေါ်လာရင် နောက်ထပ် ဖြစ်နိုင်ခြေနည်းသွားတယ်။ နှစ်ယောက်စလုံးက ဒီလိုဖြစ်ချင်ကြမှာပဲ။ တစ်ခုသတိထားရမှာက ဖောက်ပြန်မှုကို ကြင်ဖော်အား ဖွင့်ဟပြောဆိုရာမှာ အကွက်ဝင်အောင် ချိန်ကိုက်လုပ်နိုင်စွမ်းလိုတယ်။
Author: မောင်ချမ်းသာ, HC Vol 8,no 39 (13.10.17) Pg 16
Previous Post
ကလေးရသွားနိုင်တဲ့ရက်တွေ
Next Post
ဟန်းနီးမွန်းထွက်ပြီးခါစမှာ ဖြစ်တတ်တဲ့ရောဂါ
Share on FacebookShare on TwitterShare on Linkedin
ဆက်စပ် ဆောင်းပါးများ
Do men want to take nutritional supplements?
အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?
1 year ago
1.4k
The second most common cancer in men
အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ
1 year ago
765
About common diseases of men over 50
အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း
2 years ago
1.1k
Is prostate disease hereditary?
ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?
2 years ago
637
အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့
2 years ago
1k
ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?
2 years ago
1.1k
ကျန်းမာရေး ဆောင်းပါးများ
  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ
လူဖတ်အများဆုံး ဆောင်းပါးများ
  • တစ်ကိုယ်ရည်အာသာဖြေခြင်း
    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ
    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method
    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်
    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ
    0 shares
    Share 0 Tweet 0
Health Tips
Next Post
ဟန်းနီးမွန်းထွက်ပြီးခါစမှာ ဖြစ်တတ်တဲ့ရောဂါ
သွေးပေါင်ကျတတ် တဲ့ သူတွေ ဘာတွေစားသင့်သလဲ????
အိမ်ထောင်ရေးဖောက်ပြန်မှု ယုံတမ်းစကားတွေ အပိုင်း (၂)
OnDoctor App OnDoctor App OnDoctor App
Get Our App for Your Healthcare Partner
  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in
OnDoctor Company Limited © 2017 – 2025. All Rights Reserved.
No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
© 2020 OnDoctor Company Limited - All Rights Reserved.
This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.