ဟန္းနီးမြန္းထြက္ၿပီးခါစမွာ ျဖစ္တတ္တဲ့ေရာဂါ
ဟန္းနီးမြန္းခရီးဆိုကတည္းက ညားခါစ ပူပူေႏြးေႏြး ဇနီးေမာင္ႏွံ ႏွစ္ေယာက္ တစ္ေပ်ာ္တစ္ပါးနဲ႔ သြားၾကတဲ့ ခရီးဆိုတာ အားလုံး သိၾကသည္ပင္။ လြတ္လြတ္လပ္လပ္ ကဲခ်င္တိုင္း ကဲ ၊ ေပ်ာ္ခ်င္တိုင္း ေပ်ာ္တတ္ၾကသည္။ အေပ်ာ္ေတြရဲ႕ ေနာက္ဆုံးမွာ အမ်ိဳးသမီးမ်ား အခက္ႀကဳံရသည့္ ကိစၥတစ္ခုလည္း ရွိေသးသည္။ ထိုကိစၥကေတာ့ ဆီးပူဆီးက်ဥ္ၿပီး ေနရခက္သည့္ ကိစၥပင္။ Honeymoon cystitis လို႔လည္း အမ်ားက ေခၚၾကသည္။
ဘာေၾကာင့္ျဖစ္ရသည္ကေတာ့ ေျပာဖို႔ခက္သည္။ အဓိက ကေတာ့ ဟန္းနီးမြန္း ဆီးက်ဥ္ျခင္းဆိုတာ ဆီးလမ္းေၾကာင္း ပိုးဝင္ျခင္း တစ္မ်ိဳးပဲ ျဖစ္သည္။ ဆီးသြားတဲ့ လမ္းေၾကာင္းတစ္ေလွ်ာက္ မည့္သည့္ေနရာမဆို တစ္ခုခု ေရာင္ရမ္းၿပီး ပိုးဝင္ျခင္း ျဖစ္သည္။ ဟန္းနီးမြန္းမွ မဟုတ္ မည္သည့္ အခ်ိန္တြင္ မဆို ျဖစ္ႏိုင္ေပမယ့္ ဟန္းနီးမြန္းထြက္ၿပီးလွ်င္ ပိုၿပီးျဖစ္တတ္ၾကလို႔ ဟန္းနီးမြန္းဆီးက်ဥ္ျခင္းဟု ေခၚျခင္းျဖစ္မည္ထင္သည္။
ဟန္းနီးမြန္းထြက္ၿပီးလွ်င္ ဘာေၾကာင့္ပိုျဖစ္သလဲဆိုသည္ကေတာ့ လိင္ဆက္ဆံျခင္းႏွင့္ သက္ဆိုင္ေနသည္။ အခ်ိန္အတန္ၾကာ မၾကာခဏ ဆက္ဆံျခင္းသည္ ဆီးႁပြန္ကို အနာတရျဖစ္ေစကာ ပိုးဝင္လြယ္ေစသည္။ ထိုအခါ ဆီးလမ္းေၾကာင္း ပိုးဝင္ျခင္းကို ျဖစ္ေစႏိုင္ပါသည္။ ထို႔အျပင္ မိမိ၏ ခင္ပြန္းမွာ ေပြရႈပ္တတ္လွ်င္ ပိုဆိုးသည္။ တခ်ိဳ႕ေသာ လိင္မွတဆင့္ ကူးစက္တတ္ေသာ ေရာဂါမ်ားသည္ အမ်ိဳးသားမ်ားတြင္ ေရာဂါလကၡဏာ မျပေသာ္လည္း အမ်ိဳးသမီးမ်ားတြင္ ဆီးပူဆီးက်ဥ္ျခင္း ၊ အျဖဴဆင္းျခင္းမ်ား ခံစားရေစတတ္သည္။
အမ်ိဳးသမီးမ်ားသည္ အမ်ိဳးသားမ်ားထက္ ပိုၿပီး ဆီးလမ္းေၾကာင္းပိုးဝင္လြယ္သည္။ အဘယ္ေၾကာင့္ဆိုေသာ္ အမ်ိဳးသမီးမ်ား၏ ဆီးႁပြန္ သည္ အမ်ိဳးသားမ်ားထက္ ပိုတိုေနေသာေၾကာင့္ျဖစ္သည္။ ထို႔ေၾကာင့္ ဆီးပိုးမ်ားသည္ အထက္သို႔ ဆန္တက္ရလြယ္ၿပီး ဆီးအိမ္ေရာင္ရမ္းျခင္းေတြ ပိုမိုျဖစ္ႏိုင္ေလသည္။
ေနာက္ထပ္ျဖစ္ႏိုင္ေခ်တစ္ခုလည္း ရွိေသးသည္။ ထိုအရာကေတာ့ ခႏၶာကိုယ္ ဖြဲ႕စည္းတည္ေဆာက္ပုံအရ အမ်ိဳးသမီးမ်ားသည္ အညစ္အေၾကးေတြ စြန႔္ထုတ္ေသာ စအိုႏွင့္ ဆီးႁပြန္ဝသည္ အမ်ိဳးသားမ်ားႏွင့္ ယွဥ္လွ်င္ နီးေနသည္။ ထိုအခါတြင္ အညစ္အေၾကး စြန႔္ပစ္ၿပီး သန႔္စင္ေသာ ပုံစံ မွားယြင္းေသာ အခါတြင္ျဖစ္ေစ ၊ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ စအိုမွ အညစ္အေၾကးႏွင့္ ပိုးမႊားမ်ားသည္ ဆီးလမ္းေၾကာင္းထဲသို႔ ဝင္သြားေလ့ ရွိသည္။ ထို႔ေၾကာင့္ သန႔္စင္သည့္အခါတြင္ လက္ကို အေရွ႕မွ အေနာက္သို႔ သြားသည့္ ပုံစံျဖင့္သာ ေဆးေၾကာသင့္သည္။
ဟန္းနီးမြန္း ဆီးက်ဥ္ျခင္း၏ ေရာဂါ လကၡဏာမ်ားမွာ ဆီးပူျခင္း ၊ မၾကာခဏ ဆီးသြားခ်င္ေနျခင္း ၊ ဆီးသြားလွ်င္လည္း နည္းနည္းပဲသြားၿပီး မိန္းမကိုယ္မ်ား ဆီးစပ္မ်ား ေအာင့္ေနျခင္း ၊ ဆီးသြားခ်င္လွ်င္ ထိန္းမရျခင္း ၊ ဆီးအေရာင္ရင့္ျခင္း ၊ ဆီးထဲ ေသြးပါျခင္းေတြ ရွိတတ္ပါသည္။ ရံဖန္ရံခါတြင္ ဆီးစပ္မ်ား ခါးမ်ား ကိုက္ျခင္း နာျခင္း ၊ လိင္ဆက္ဆံသည့္ အခါ နာက်င္ျခင္းမ်ား ရွိတတ္သည္။ ပင္ပန္းႏြမ္းလ်ေနတတ္ၿပီး ဖ်ားတတ္သည္။ ဖ်ားလွ်င္ အဖ်ားႀကီးၿပီး ခ်မ္းတုန္ဖ်ားတာမ်ိဳး ျဖစ္တတ္သည္။ မကုဘဲထားလွ်င္ ေက်ာက္ကပ္ထိပါ ပိုးဝင္ၿပီး ေရာင္ရမ္းျခင္းမ်ား ျဖစ္ေစႏိုင္ကာ ေနာက္ဆုံးတြင္ ေက်ာက္ကပ္ပ်က္စီးႏိုင္သည္အထိ အႏၲရာယ္ ရွိႏိုင္ပါသည္။
ထို႔ေၾကာင့္ ဆီးပူဆီးက်ဥ္ျခင္း လကၡဏာမ်ား ခံစားရလွ်င္ ဆရာဝန္ေတြနဲ႔ ျပသၿပီး သင့္တင့္တဲ့ ေဆးကုသမႈမ်ိဳး ခံယူသင့္ပါသည္။ ေနာင္ ထပ္မျဖစ္ေအာင္လည္း ႀကိဳတင္ကာကြယ္မႈေတြ ျပဳလုပ္ဖို႔ လိုပါသည္။ ေရ တစ္ေန႔ကို အနည္းဆုံး ၈ ခြက္ခန႔္ေသာက္ျခင္း ၊ လိင္ဆက္ဆံၿပီးတိုင္း ဆီးသြားေပးၿပီး သန႔္စင္ေပးတာမ်ိဳးေတြ ျပဳလုပ္သင့္ပါသည္။
Author : Dr. ေမ
ဟန်းနီးမွန်းထွက်ပြီးခါစမှာ ဖြစ်တတ်တဲ့ရောဂါ
ဟန်းနီးမွန်းခရီးဆိုကတည်းက ညားခါစ ပူပူနွေးနွေး ဇနီးမောင်နှံ နှစ်ယောက် တစ်ပျော်တစ်ပါးနဲ့ သွားကြတဲ့ ခရီးဆိုတာ အားလုံး သိကြသည်ပင်။ လွတ်လွတ်လပ်လပ် ကဲချင်တိုင်း ကဲ ၊ ပျော်ချင်တိုင်း ပျော်တတ်ကြသည်။ အပျော်တွေရဲ့ နောက်ဆုံးမှာ အမျိုးသမီးများ အခက်ကြုံရသည့် ကိစ္စတစ်ခုလည်း ရှိသေးသည်။ ထိုကိစ္စကတော့ ဆီးပူဆီးကျဉ်ပြီး နေရခက်သည့် ကိစ္စပင်။ Honeymoon cystitis လို့လည်း အများက ခေါ်ကြသည်။
ဘာကြောင့်ဖြစ်ရသည်ကတော့ ပြောဖို့ခက်သည်။ အဓိက ကတော့ ဟန်းနီးမွန်း ဆီးကျဉ်ခြင်းဆိုတာ ဆီးလမ်းကြောင်း ပိုးဝင်ခြင်း တစ်မျိုးပဲ ဖြစ်သည်။ ဆီးသွားတဲ့ လမ်းကြောင်းတစ်လျှောက် မည့်သည့်နေရာမဆို တစ်ခုခု ရောင်ရမ်းပြီး ပိုးဝင်ခြင်း ဖြစ်သည်။ ဟန်းနီးမွန်းမှ မဟုတ် မည်သည့် အချိန်တွင် မဆို ဖြစ်နိုင်ပေမယ့် ဟန်းနီးမွန်းထွက်ပြီးလျှင် ပိုပြီးဖြစ်တတ်ကြလို့ ဟန်းနီးမွန်းဆီးကျဉ်ခြင်းဟု ခေါ်ခြင်းဖြစ်မည်ထင်သည်။
ဟန်းနီးမွန်းထွက်ပြီးလျှင် ဘာကြောင့်ပိုဖြစ်သလဲဆိုသည်ကတော့ လိင်ဆက်ဆံခြင်းနှင့် သက်ဆိုင်နေသည်။ အချိန်အတန်ကြာ မကြာခဏ ဆက်ဆံခြင်းသည် ဆီးပြွန်ကို အနာတရဖြစ်စေကာ ပိုးဝင်လွယ်စေသည်။ ထိုအခါ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကို ဖြစ်စေနိုင်ပါသည်။ ထို့အပြင် မိမိ၏ ခင်ပွန်းမှာ ပွေရှုပ်တတ်လျှင် ပိုဆိုးသည်။ တချို့သော လိင်မှတဆင့် ကူးစက်တတ်သော ရောဂါများသည် အမျိုးသားများတွင် ရောဂါလက္ခဏာ မပြသော်လည်း အမျိုးသမီးများတွင် ဆီးပူဆီးကျဉ်ခြင်း ၊ အဖြူဆင်းခြင်းများ ခံစားရစေတတ်သည်။
အမျိုးသမီးများသည် အမျိုးသားများထက် ပိုပြီး ဆီးလမ်းကြောင်းပိုးဝင်လွယ်သည်။ အဘယ်ကြောင့်ဆိုသော် အမျိုးသမီးများ၏ ဆီးပြွန် သည် အမျိုးသားများထက် ပိုတိုနေသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ဆီးပိုးများသည် အထက်သို့ ဆန်တက်ရလွယ်ပြီး ဆီးအိမ်ရောင်ရမ်းခြင်းတွေ ပိုမိုဖြစ်နိုင်လေသည်။
နောက်ထပ်ဖြစ်နိုင်ချေတစ်ခုလည်း ရှိသေးသည်။ ထိုအရာကတော့ ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံအရ အမျိုးသမီးများသည် အညစ်အကြေးတွေ စွန့်ထုတ်သော စအိုနှင့် ဆီးပြွန်ဝသည် အမျိုးသားများနှင့် ယှဉ်လျှင် နီးနေသည်။ ထိုအခါတွင် အညစ်အကြေး စွန့်ပစ်ပြီး သန့်စင်သော ပုံစံ မှားယွင်းသော အခါတွင်ဖြစ်စေ ၊ အကြောင်းအမျိုးမျိုးကြောင့် စအိုမှ အညစ်အကြေးနှင့် ပိုးမွှားများသည် ဆီးလမ်းကြောင်းထဲသို့ ဝင်သွားလေ့ ရှိသည်။ ထို့ကြောင့် သန့်စင်သည့်အခါတွင် လက်ကို အရှေ့မှ အနောက်သို့ သွားသည့် ပုံစံဖြင့်သာ ဆေးကြောသင့်သည်။
ဟန်းနီးမွန်း ဆီးကျဉ်ခြင်း၏ ရောဂါ လက္ခဏာများမှာ ဆီးပူခြင်း ၊ မကြာခဏ ဆီးသွားချင်နေခြင်း ၊ ဆီးသွားလျှင်လည်း နည်းနည်းပဲသွားပြီး မိန်းမကိုယ်များ ဆီးစပ်များ အောင့်နေခြင်း ၊ ဆီးသွားချင်လျှင် ထိန်းမရခြင်း ၊ ဆီးအရောင်ရင့်ခြင်း ၊ ဆီးထဲ သွေးပါခြင်းတွေ ရှိတတ်ပါသည်။ ရံဖန်ရံခါတွင် ဆီးစပ်များ ခါးများ ကိုက်ခြင်း နာခြင်း ၊ လိင်ဆက်ဆံသည့် အခါ နာကျင်ခြင်းများ ရှိတတ်သည်။ ပင်ပန်းနွမ်းလျနေတတ်ပြီး ဖျားတတ်သည်။ ဖျားလျှင် အဖျားကြီးပြီး ချမ်းတုန်ဖျားတာမျိုး ဖြစ်တတ်သည်။ မကုဘဲထားလျှင် ကျောက်ကပ်ထိပါ ပိုးဝင်ပြီး ရောင်ရမ်းခြင်းများ ဖြစ်စေနိုင်ကာ နောက်ဆုံးတွင် ကျောက်ကပ်ပျက်စီးနိုင်သည်အထိ အန္တရာယ် ရှိနိုင်ပါသည်။
ထို့ကြောင့် ဆီးပူဆီးကျဉ်ခြင်း လက္ခဏာများ ခံစားရလျှင် ဆရာဝန်တွေနဲ့ ပြသပြီး သင့်တင့်တဲ့ ဆေးကုသမှုမျိုး ခံယူသင့်ပါသည်။ နောင် ထပ်မဖြစ်အောင်လည်း ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ဖို့ လိုပါသည်။ ရေ တစ်နေ့ကို အနည်းဆုံး ၈ ခွက်ခန့်သောက်ခြင်း ၊ လိင်ဆက်ဆံပြီးတိုင်း ဆီးသွားပေးပြီး သန့်စင်ပေးတာမျိုးတွေ ပြုလုပ်သင့်ပါသည်။
Author : Dr. မေ