fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

သားအိမ်တွင်း ပစ္စည်းထည့်ခြင်း အကြောင်း

622
VIEWS
Share on FacebookShare on TwitterShare on Linkedin
09/02/2018
in အမျိုးသားကျန်းမာရေး
1 min read
A A

သားအိမ်တွင်း ပစ္စည်းထည့်ခြင်း အကြောင်း

မေး – သားအိမ်တွင်း ထည့်ပစ္စည်းဘယ်နှစ်မျိုး ရှိသလဲ။
ဖြေ – အခြေခံအားဖြင့် နှစ်မျိုးပါ။ ဆေးပါတဲ့ ပစ္စည်းနဲ့ ဆေးမပါတဲ့ပစ္စည်းဆိုပြီး ရှိပါတယ်။ ဆေးပါတဲ့ပစ္စည်းက ကြေး သို့မဟုတ် ပရိုဂျက်စတုန်းမဟော်မုန်းကို ထုတ်ပေးပါတယ်။ ဆေးမပါတဲ့ပစ္စည်း၊ ကြေးနီပါတဲ့ပစ္စည်းနှင့် ဆေးပါတဲ့ပစ္စည်းဆိုပြီး တစ်ဆင့်ပြီးတစ်ဆင့် တိုးထုတ်ထားပါတယ်။ ဆေးပါတဲ့အတွက် ဘေးထွက်ဆိုးကျိုးလျော့အောင်နှင့် သန္ဓေတားတဲ့စွမ်းအားကို ထိရောက်အောင်လုပ်ပေးပါတယ်။ အဲဒါတွေက ဈေးပိုကြီးပြီး သတ်မှတ်ကာလရောက်လျှင် ထုတ်ပြီး အသစ်ပြန်ထည့်ရပါတယ်။

မေး – ဆေးမပါတဲ့ ရိုးရိုးပစ္စည်းအကြောင်း ရှင်းပြပေးပါ။
ဖြေ – နှစ်ထပ်ကွမ်း ‘S’ ပုံသဏ္ဍာန်ရှိပြီး အဆိပ်အတောက် မရှိခြင်း၊ တစ်သျှူးနှင့် ဓာတ်မပြုနိုင်ခြင်း၊ တာရှည်ခိုင်ခံ့ခြင်း စတဲ့ဝိသေသရှိပါတယ်။ ပစ္စည်းရဲ့အဖျားမှာ နိုင်လွန်ကြိုးစရှိပြီး မိန်းမကိုယ်ထဲမှာရှိနေပြီး ကာယကံရှင်က သူ့ဟာသူ စမ်းသပ်ပြီး အဲဒီပစ္စည်းရှိမရှိ သိနိုင်ပါတယ်။ ပစ္စည်းမှာ ဘေလီယမ်ဆာ(လ်)ဖိတ်ဓာတ်ပေါင်း တစ်မျိုးပါတဲ့အတွက် အဲဒီပစ္စည်း သားအိမ်အပြင်ဘက် ရောက်နေသလားဆိုတာ ဓာတ်မှန်ရိုက်လျှင် မြင်နိုင်အောင် ဖန်တီးထားပါတယ်။ အရွယ်လေးမျိုးရှိပြီး သားသမီးများများမွေးထားသူက အရွယ်အစားကြီးတာနဲ့ ပိုအဆင်ပြေပါတယ်။ အရွယ်ကြီးတဲ့အတွက် ပြန်ထွက်တာနည်းစေခြင်းနှင့် သားသမီးမရအောင် စွမ်းဆောင်မှု ပိုကောင်းခြင်းရှိသော်လည်း နာခြင်း၊ သွေးဆင်းခြင်းတွေတော့ ဖြစ်ပါတယ်။

မေး – ကော့ပါး (ကြေးနီ)ပါတဲ့ ပစ္စည်းအကြောင်း ရှင်းပြပေးပါ။
ဖြေ – ၁၉၇၀ ခုနှစ်မှစပြီး သားအိမ်တွင်းထည့်ပစ္စည်း (IUD) မှာ ကြေးနီကို ရောစပ်ပြီးပြုလုပ်ကြပါတယ်။ သတ္ထုထည့်လိုက်တဲ့အတွက် အရွယ်သေးသေးနှင့် နေရာမှာမြဲစေတတ်ပါတယ်။ ပစ္စည်းပြန်ထွက်တာနည်းခြင်း၊ နာကျင်မှုနှင့် သွေးဆင်းတာနည်းခြင်း၊ သားအိမ်ခေါင်းအဝကျယ်သော သားသမီးများများ မွေးထားသူတွေမှာ ပစ္စည်းက တည်မြဲနေခြင်း၊ သန္ဓေတားမှုစွမ်းအားပိုခြင်း၊ အကာအကွယ်မပါဘဲ ကာမဆက်ဆံပြီး (၃-၅) ရက်အတွင်းမှာ ထည့်ခြင်းဖြင့် သန္ဓေသားမရအောင် ကာကွယ်နိုင်ခြင်း စတာတွေ ကောင်းပါတယ်။ (၅) နှစ်လောက်တော့ ကာကွယ်မှု ပေးပါတယ်။

မေး – တတိယမျိုးဆက်ဖြစ်သော ဟော်မုန်းပါသော ပစ္စည်းအကြောင်း ရှင်းပြပေးပါ။
ဖြေ – T ပုံသဏ္ဍာန်၊ ၃၈ mg ပရိုဂျက်စတုန်းပါတဲ့ ပစ္စည်းနှင့် ပြင်းအားများသော စတီးရွိုက်ပါသော Levonorgestrel ဆိုပြီး ရှိပါတယ်။ သွေးဆင်းတာနည်းစေခြင်းနှင့် (၁၀)နှစ်အထိ တာရှည်ခံပါတယ်။ ဈေးတော့ကြီးပါတယ်။ သားအိမ်ထဲမှာ ပစ္စည်းကနေ ဟော်မုန်းတဖြည်းဖြည်းထွက်လာပြီး သန္ဓေတားပါတယ်။ သားအိမ်နံရံ၊ သားအိမ်ခေါင်း အကျိအချွဲပိတ်စေခြင်း၊ သုတ်ပိုးပေါ် သက်ရောက်စေနိုင်ခြင်း စတဲ့ အကျိုးကျေးဇူးဖြင့် သန္ဓေသားမရအောင် လုပ်ဆောင်ပါတယ်။ ဟော်မုန်းက ကြာလာတော့ လျော့လာတာဆိုတော့ ပုံမှန်ပြန်လဲဖို့တော့လိုပါတယ်။

မေး – IUD ကဘယ်လို သားသမီး မရအောင် လုပ်ဆောင်ပါသလဲ။
ဖြေ – IUD က သားအိမ် အတွင်းနံရံနှင့် သားအိမ်ထဲက အရည်တွေမှာ ဓာတုပစ္စည်းပြောင်းလဲခြင်းဖြစ်ပြီး သန္ဓေသားလောင်း အသက်ရှင်သန်မှုမပေးပါ။ ကြေးနီပါလျှင် သားအိမ်ခေါင်းမှာရှိတဲ့ အရည်ပြောင်းလဲမှုဖြစ်ပြီး သုတ်ပိုးလှုပ်ရှားမှုကို ဟန့်တားခြင်း၊ အသက်ရှင်သန်မှုကို တားဆီးခြင်း စတာတွေ လုပ်ဆောင်ပါတယ်။ ဟော်မုန်းပါတာကတော့ ပရိုဂျက်စတုန်းများစေပြီး အီစတိုဂျင်ပမာဏနည်းအောင်လုပ်ပြီး သားအိမ်တွင်းနံရံမှာ သန္ဓေသား မတွယ်ကပ်နိုင်အောင် လုပ်ဆောင်ပါတယ်။

မေး – IUD ကို ဘယ်လောက်ကြာကြာ ထားရသလဲ။
ဖြေ – သတ္ထုမပါ၊ ဆေးမပါသော ရိုးရိုး IUD က ဘေးထွက်ဆိုးကျိုးမရှိလျှင် ကြာကြာထားနိုင်ပါတယ်။ ကြေးနီနဲ့ ဟော်မုန်းပါတဲ့ IUD ကတော့ လဲပေးရတတ်ပါတယ်။ (၅-၁၀)နှစ်ဆိုပြီး အစားစားတော့ ရှိပါတယ်။

မေး – ဘယ်လိုလူတွေ IUD မထည့်ရသလဲ။
ဖြေ – လုံးမဝမထည့်သင့်သူက (၁) ကိုယ်ဝန်ရှိနေတယ်လို့ ထင်ရသူ (၂) ဆီးစပ်တစ်ဝိုက် ရောဂါပိုးနဲ့ ရောင်ယမ်းနေလျှင် (၃) ဘာ့ကြောင့်မှန်းမသိ သွေးဆင်းနေလျှင် (၄) မမျိုးပွားအင်္ဂါနှင့် ပတ်သက်သောကင်ဆာရှိနေလျှင် (၅) ယခင်က သားအိမ်ပြင်ပတွင် သန္ဓေတည်သော ရာဇဝင်ရှိလျှင် မထည့်ရပါဘူး။ သွေးအားနည်းရောဂါရှိလျှင် သွေးသွန်တတ်လျှင် နောက်ဆုံး ကိုယ်ဝန်ရပြီး ဆီးစပ်ပတ်လည် ရောင်ရမ်းရောဂါရှိလျှင် သားအိမ်ပုံမှန်မဟုတ်လျှင် ထည့်ဖို့စဉ်းစားရပါမယ်။

မေး – ဘယ်အချိန် ထည့်မလဲ။
ဖြေ – သွေးဆင်းချိန် သို့မဟုတ် သွေးဆင်းပြီး ၁၀ ရက်အတွင်း၊ မွေးပြီး (၆-၈)ပတ်အကြာ၊ အစောပိုင်း ကိုယ်ဝန်ရှိနေစဉ် တရား ဝင်ဖျက်ချလျှင် ထည့်နိုင်ပါတယ်။ လရင့်လျှင်တော့ မထည့်ရပါ။ မွေးပြီးပြီးချင်းထည့်လျှင် သားအိမ်ပေါက်တာ သို့မဟုတ် ပြန်ထွက်ကျတာတွေ ဖြစ်တတ်ပါတယ်။

မေး – IUD ကြောင့် ဘာဖြစ်တတ်သလဲ။
ဖြေ – IUD ထုတ်ရတဲ့လူတွေ၏ (၁၀-၂၀)ရာခိုင်နှုန်းက သွေးဆင်းကြလို့ပါ။ သွေးဆင်းတာများမယ်၊ သံဓာတ်ပါတဲ့ အားဆေးတိုက်သော်လည်း အားဆေးတိုက်သော်လည်း သွေးအားနည်းနေလျှင် ပြန်ထုတ်ရပါမယ်။ IUD ပြန်ထုတ်ကြတဲ့ (၁၅-၄၀) ရာခိုင်နှုန်းဟာ နာကျင်လို့ပါ။ ထည့်ထည့်ခြင်းထည့်ပြီး ရက်အနည်းငယ်အကြာ၊ ဓမ္မတာပေါ်နေစဉ်ဖြစ်တတ်ပြီး (၃)လလောက်ဆိုရင် အဆင်ပြေတတ်ပါတယ်။ ထည့်နေစဉ် သိပ်နာလျှင် IUD အရွယ်နဲ့ မတော်တာလား။ သားအိမ်ပေါက်တာလား။ ရောဂါပိုးဝင်တာလား စဉ်းစားရပါတယ်။ အကိုက်အခဲပျောက်ဆေးတိုက်လို့ အဆင်မပြေလျှင် ပြန်ထုတ်ရပါတယ်။ IUD ထည့်သူဟာ သာမန်လူထက် (၂-၈)ဆလောက် ဆီးစပ်တစ်ဝိုက် ရောဂါပိုးဝင်နိုင်ပါတယ်။ ထည့်နေစဉ် သို့မဟုတ် ကြိုးစကနေ ရောဂါပိုးဝင်နိုင်ပါတယ်။

အဲဒီလို ရောဂါပိုးဝင်လျှင် အဖြူဆင်းခြင်း၊ ဗိုက်အောင့်ခြင်း၊ သွေးဆင်းခြင်း၊ ဖျားခြင်းဖြစ်တတ်ပြီး အဲဒီကမှ တစ်ဆင့် မျိုးပွားနိုင်မှုကို ထိခိုက်ပါတော့တယ်။ သားအိမ်ပေါက်တာလည်း ဖြစ်တတ်ပါသေးတယ်။ မွေးပြီး ၂ ရက် သို့မဟုတ် ၆ ပတ်အတွင်းထည့်လျှင် ဖြစ်တတ်ပါတယ်။ ဝမ်းတွင်းကလီစာတွေ ကပ်ခြင်း၊ ပေါက်ခြင်း ဖြစ်တတ်ပါတယ်။ IUD နဲ့ ကိုယ်ဝန်တွဲရှိတတ်ပါတယ်။ အဲဒီအခါ ကလေးပျက်ကျတာ သို့မဟုတ် ကိုယ်ဝန်က နေ့မစေ့ဘဲ မွေးတာတွေ ဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ရလျှင် သားအိမ်ပြင်ပ သန္ဓေတည်တတ်ပါတယ်။ IUD ပြန်ထွက်ကျတာလည်း ဖြစ်တတ်ပါတယ်။ ထည့်ပြီး ရက်အနည်းငယ် သို့မဟုတ် ဓမ္မတာလာစဉ်ထည့်ရင် ဖြစ်တတ်ပါတယ်။

Author: အေးကမ္ဘာဒေါက်တာချစ်, Healthcare Journal, Vol 9,no 2 (12.1.18) 17

 

Previous Post

ပန်းအိုးလေးများမကွဲစေဖို့

Next Post

အရေပြားနဲ့ပတ်သက်ပြီး ပြောပြချင်မိတာတွေ အပိုင်း (၁)

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
748
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

1 year ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
634

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
995

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အရေပြားနဲ့ပတ်သက်ပြီး ပြောပြချင်မိတာတွေ အပိုင်း (၁)

အရေပြားနဲ့ပတ်သက်ပြီး ပြောပြချင်မိတာတွေ အပိုင်း (၂)

သက်ငယ်မုဒိမ်းမှု လျော့နည်းပပျောက်ရေး (အပိုင်း ၁)

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.