fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

ပန်းအိုးလေးများမကွဲစေဖို့

123
VIEWS
Share on FacebookShare on TwitterShare on Linkedin
09/02/2018
in အမျိုးသားကျန်းမာရေး
1 min read
A A

ပန်းအိုးလေးများမကွဲစေဖို့

ပထမဆုံးကြိုတောင်းပန်ချင်တာက ယခုဆောင်းပါးရဲ့ခေါင်းစဉ်ပါ။ အခုစာရေးသူရေးမှာ ကျန်းမာရေးဆောင်းပါးပါ၊ ဒါပေမဲ့ ပေးထားတဲ့ခေါင်းစဉ်ကြောင့် တချို့မျက်စိလည်သွားမှာ စိုးလို့ခေါင်းစဉ်အကြောင်းကို ဒီမှာပဲ ရှင်းပြပါရစေ။

ပထမဆုံး ပန်းအိုးကွဲတယ်ဆိုတာဘာကိုပြောတာသလဲဆိုတာ ရှင်းပါရစေ၊ စာဖတ်သူက မြန်မာကားအနည်းငယ်ကြည့်ဖူးတယ်၊ တီးမိခေါက်မိရှိတယ်ဆို ဒါဘာပြောလည်း သဘောပေါက်ပြီးသားဖြစ်မှာပါ။ ဟုတ်ပါတယ်။ မြန်မာကားအများစုမှာ အမျိုးသားနဲ့အမျိုးသမီး(အများအားဖြင့် ဇာတ်လိုက်မင်းသား မင်းသမီးပေါ့လေ) နှစ်ယောက် လွန်လွန်ကြူးကြူးဖြစ်သွားကြတယ်၊ တနည်းပြောရရင် အတူနေမိသွားတယ်ဆို ပန်းအိုးကျကွဲသွားတာနဲ့ ဥပမာပြလေ့ရှိပါတယ်။

ပြီးရင် ဇာတ်လမ်းနောက်ပိုင်းကျ ဒီကိစ္စနဲ့ပတ်သတ်ပြီး ပြဿနာတတ်ကြလေသတည်းပေ့ါ၊ မလိုချင်ပဲယူလိုက်ရတာတို့၊ ကလေးရသွားတာတို့ဖြစ်သွားတယ်ပေါ့၊ ထားပါ၊ ဒါကဇာတ်လမ်းထဲမှာ ဖြစ်တာတွေပါ။ ပြောချင်တာ အပြင်လောကမှာလည်း ဒီလိုမဖြစ်သင့်ပဲ လွန်လွန်ကြူးကြူးဖြစ်သွားတဲ့ သမီးရည်းစား ကိစ္စတွေ အကြောင်းပါ။

ယောင်္ကျားလေးနဲ့ မိန်းကလေးချစ်ကြိုက်မိတယ်၊ ရည်းစားဖြစ်ကြတယ်ဆိုတာ သဘာဝအရ ဖြစ်နေကြကိစ္စပါ။ ဘာမှတော့မထူးဆန်းတော့ပါဘူး။ ဒါပေမဲ့ သဘာဝအတိုင်းဆိုရာမှာ အချစ်စိတ်နောက်က ကပ်ပါလာတဲ့ လိင်စိတ်ကိုတော့ သတိလေးကပ်ပြီး ထိန်းချုပ်သင့်ပါတယ်။ တရားဝင်လက်ထပ်ယူထားတဲ့  ဇနီးမယားမဟုတ်ရင် အတူနေလိုက်တဲ့ကိစ္စက အများကြီးရှုပ်ထွေးကုန်နိုင်ပါတယ်။ ပထမဆုံးအနေနဲ့ ကိုယ်ဝန်ရသွားနိုင်တယ်။ နောက်ဒုတိယအနေနဲ့ ကိုယ့်လက်တွဲဖော်မှာ လိင်မှတစ်ဆင့်ရောဂါတစ်ခုခုရှိနေခဲ့ရင် ကိုယ့်ပါကူးစက်သွားနိုင်တယ်။

ပထမဆုံး မလိုချင်ပဲကိုယ်ဝန်ရသွားတဲ့ပြဿနာကို အရင်ပြောချင်ပါတယ်။ အင်္ဂလိပ်လိုတော့ unwanted pregnancy, teenage pregnancy အစရှိသည်ဖြင့် ခေါ်ကြပါတယ်။ ဒီပြဿနာက အခုစာရေးသူတို့မြန်မာနိုင်ငံမှာသာမက တကမ္ဘာလုံးမှာပါ ကြုံတွေ့နေရတဲ့ပြဿနာကြီးတစ်ခုပါ။ မလိုချင်ပဲ ကိုယ်ဝန်ရသွားတော့ ဘာဖြစ်သလဲ။

မလိုချင်တဲ့ ကိုယ်ဝန် (အများအားဖြင့် အမျိုးသားဖက်က) တစ်ခုဖြစ်တာကြောင့် ရတဲ့နည်းနဲ့ ဖျက်ချဖို့ကြိုးစားကြတယ်၊ ကြုံလို့တခါတည်းပြောရရင် စာရေးသူတို့နိုင်ငံမှာ ကိုယ်ဝန်ဖျက်ချတာ တရားမဝင်ပါဘူး။ သိရင် တရားဥပဒေအရအရေးယူလို့ရသလို ထောင်ပါချလို့ရပါတယ်။ ဆက်ပြောရရင် မဟုတ်ကဟုတ်က နည်းလမ်းတွေနဲ့ဖျက်ချဖို့ကြိုးစားကြသလို အရပ်ထဲကကြားဖူးနားဝနည်းလမ်းတွေ၊ အရပ်လက်သည်တွေကို သွားအားကိုးပြီး ဖျက်ချကြတယ်။ ရလဒ်ကတော့ မိန်းမကိုယ်လမ်းကြောင်းကနေတစ်ဆင့်ပိုးဝင်တာကနေတစ်ဆင့် သွေးထဲထိပိုးဝင်ပြီး အသက်ဆုံးရှုံးတာအထိဖြစ်သွားကြတယ်။

ဒါဆို ဖျက်မချပဲ ဆက်မွေးမယ်ဆိုရင်ရောဘာဆက်ဖြစ်မလဲကြည့်ရအောင်။ ဒီနေရာမှာ ယောင်္ကျားလေးရဲ့ တာဝန်ခံမှုစိတ်ဘယ်လောက်ရှိသလဲဆိုတာ အရေးကြီးပါတယ်( အမှန်တော့ သူ့ကြောင့်ဖြစ်တာလေ) ယောင်္ကျားလေးက တာဝန်ခံစိတ်ရှိပြီး ကိုယ်လုပ်တဲ့ကိစ္စကို တာဝန်ယူရဲတယ်ဆို ပြဿနာမရှိပေမဲ့ ကလေးမလိုချင်လို့ ဒီအတိုင်းထားပြီးထွက်သွားမယ်ဆို နစ်နာသူကမိန်းကလေးတစ်ယောက်သာ ရှိပါတော့တယ်။ ဒီတော့ဘာဖြစ်မလဲ။ မိန်းကလေးမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ စိတ်ဒဏ်ရာရသွားမယ်။

ကိုယ်ဝန်တစ်ခုကိုပြုစုစောင့်ရှောက်ရတာ အချိန်ရောလူရောပင်ပန်းလှပါတယ်။ ဒီတာဝန်ကိုတစ်ယောက်တည်းထမ်းရတဲ့အတွက်ကြောင့် မွေးလာမဲ့ကလေးအပေါ် အမြင်မကြည်မှုတွေရှိလာနိုင်တယ်။ မွေးလာတဲ့အခါမှာလည်း ကိုယ့်စိတ်ဒဏ်ရာကြောင့် ကလေးကိုကောင်းကောင်းမဆက်ဆံတာ၊ ပစ်ထားတာတွေရှိလာရင် ဒီစိတ်ဒဏ်ရာက ကလေးအထိလက်ဆင့်ကမ်းသလိုဖြစ်သွားမယ်။ ပြောရရင်တော့ ခဏတာစိတ်အာရုံသာယာမှုကို မထိန်းချုပ်နိုင်လို့ ပြဿနာတွေတစ်တွဲကြီးဖြစ်ကုန်တာပါ။

နောက်တစ်ခုအရေးကြီးတာက လိင်မှတစ်ဆင့်ကူးစက်တဲ့ရောဂါတွေရသွားနိုင်ပါတယ်။ ရောဂါတွေမှ အများကြီးပါပဲ HIV, ကာလသားရောဂါ၊ ဂနိုရောဂါ၊ လိင်အင်္ဂါရေယုန် အစရှိသည်ဖြင့် အများကြီးရှိပါတယ်။ ကုလို့ရတဲ့ရောဂါဆိုတော်ပါသေးတယ်။ ကုလို့မရတဲ့ HIV ပိုးဝင်သွားရင်ဖြင့် ခက်ရချေရဲ့။

ဒါဆို ဒီလိုကိစ္စတွေမဖြစ်ရအောင် တစ်နည်းပြောရရင် အချိန်မတန်ခင် ပန်းအိုးမကွဲအောင် ဘယ်လိုလုပ်ကြမလဲ။ အဓိကကတော့ သမီးရည်းစားအရွယ်မှာတည်းက ကိုယ့်လက်တွဲဖော်အပေါ်သစ္စာရှိဖို့လိုပါတယ်။ သစ္စာရှိတယ်ဆိုတာ နောက်တစ်ယောက်အပြိုင်မတွဲတာတင်မဟုတ်ပါဘူး။ ကိုယ်သူ့ကိုမယူနိုင်သေးခင်မှာ လက်လွန်ခြေလွန်ဖြစ်မဲ့ ကိစ္စမျိုးမဖြစ်အောင်ရှောင်ကြဉ်တာမျိုးလည်းပါပါတယ်။ ချစ်တဲ့စိတ်ဟာသန့်ရှင်းပါတယ်။ ဒါပေမဲ့ သူ့နောက်က ကပ်ပါလေ့ရှိတဲ့ လိင်စိတ်ကတော့ ဒီလိုမဟုတ်ပါဘူး။ နောက်ဆက်တွဲပြဿနာတွေသယ်လာလေ့ရှိတယ်။

နောက်တစ်ချက်ကတော့ ဘယ်လိုမှစိတ်ဆန္ဒကို မထိန်းချုပ်နိုင်ဘူးဆိုရင်တော့ ကွန်ဒုံးသုံးပါ။ ကွန်ဒုံးကလိင်မှတစ်ဆင့်ကူးစက်တဲ့ရောဂါတွေကို ရာနှုန်းတော်တော်များများ တားဆီးနိုင်သလို ကိုယ်ဝန်ကိုလည်း အတိုင်းအတာတစ်ခုထိတားနိုင်ပါတယ်။ အသုံးပြုနည်းမှန်ကန်ဖို့တော့လိုပါမယ်။ ကွန်ဒုံးဗူးမှာပါတဲ့ သက်တမ်းကုန်ဆုံးရက်စွဲကိုမသုံးခင် သေချာဖတ်ပါ( ကိစ္စပြီးမှ ပျင်းပျင်းနဲ့လျှောက်ဖတ်နေရင် ဘာမှအသုံးမဝင်ပါဘူး) ဗူးမှာပါတဲ့အသုံးပြုပုံနည်းတွေကို သေချာလိုက်နာအသုံးပြုပါ။

နောက်တစ်ခုကတော့ အရေးပေါ်သန္ဓေတားဆေးသုံးပါ။ အတူနေပြီး ၃ ရက်အတွင်းသောက်လို့ရတယ်ဆိုပေမဲ့ စောစောသောက်ထားလေ ထိရောက်မှုများလေပါပဲ။ သူကကွန်ဒုံးလိုတစ်နေရာတည်းကာကွယ်လိုက်လို့ရတာမဟုတ်ပဲ သောက်သုံးပြီးခန္ဓာကိုယ်ထဲရောက်သွားတာကြောင့်  ဘေးထွက်ဆိုးကျိုးအနည်းငယ်လည်းရှိပါတယ် ဥပမာ- သောက်ပြီးမူးဝေတာ၊ အော့အန်တာမျိုး ဖြစ်ပါတယ်။

မလိုချင်တဲ့ကိုယ်ဝန်ရပြီး ပျော်ပျော်ရွှင်ရွှင်အဆုံးသက်သွားတယ်ဆိုတာမျိုးက လက်တွေ့ဘဝမှာရှိပေမဲ့ ရှားပါတယ်။ များသောအားဖြင့် ခုနကပြောခဲ့သလို ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်တာ၊ အတူနေခဲ့ရင်လည်း ကိုယ်ဝန်မရအောင်တားနိုင်တဲ့နည်းမျိုးမသုံးတာ တွေကြောင့် မလိုအပ်တဲ့နောက်ဆက်တဲ့ဆိုးကျိုးတွေဖြစ်ကုန်ပါတယ်။ မိန်းကလေးတွေအနေနဲ့လည်း ပြတ်သားဖို့လိုပါတယ်။ ကိုယ့်ကိုတကယ်တာဝန်မယူနိုင်တဲ့ ယောင်္ကျားမျိုးကို ကိုယ့်ဘဝ မပုံအပ်မိဖို့လိုပါတယ်။ ကိုယ်ဝန်ဆောင်ရတာ မိန်းမပါ၊ ယောင်္ကျားလေးမဟုတ်ပါဘူး။ယောင်္ကျားလေးတွေလည်း  ခဏတာဖြစ်တဲ့ စိတ်သာယာမှုကို သတိနဲ့ထိန်းချုပ်ပါ။

အဆုံးသတ်အနေနဲ့ပြောရရင် မြန်မာကားထဲကလို ပန်းအိုးလေးကျကွဲသွားပေမဲ့ အဆုံးသတ်မှာ happy ending နဲ့ပြီးဖို့ဆိုတာ လက်တွေ့ဘဝမှာမလွယ်ကူပါဘူး။ ဒါ့ကြောင့် ဒီလွန်လွန်ကြူးကြူးဖြစ်တဲ့ကိစ္စမျိုးဆိုတာ ကာကွယ်လို့ရတဲ့အရာမျိုးဖြစ်တာကြောင့် အချိန်မတန်ခင်မဖြစ်သင့်တာတွေမဖြစ်အောင် ဆင်ခြင်နေထိုင်နိုင်ကြပါစေလို့ ဆုတောင်းရင်းနိဂုံးချုပ်လိုက်ရပါတယ်ခင်ဗျာ။ ။

Author : Dr. Wayne

Previous Post

Skin Care လုပ်ခြင်း

Next Post

သားအိမ်တွင်း ပစ္စည်းထည့်ခြင်း အကြောင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
748
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

1 year ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
634

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
995

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သားအိမ်တွင်း ပစ္စည်းထည့်ခြင်း အကြောင်း

အရေပြားနဲ့ပတ်သက်ပြီး ပြောပြချင်မိတာတွေ အပိုင်း (၁)

အရေပြားနဲ့ပတ်သက်ပြီး ပြောပြချင်မိတာတွေ အပိုင်း (၂)

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.