fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

သာယာပျော်ရွှင်ဖွယ်ကောင်းသော နာကျင်မှုတစ်ခုဆီသို့ ချဉ်းကပ်ခြင်း

236
VIEWS
Share on FacebookShare on TwitterShare on Linkedin
17/05/2018
in အမျိုးသားကျန်းမာရေး
1 min read
A A

နာကျင်မှု(Pain)ဟုဆိုလိုက်တာနဲ့ လောကမှာ လူသားတိုင်း ငြင်းပယ်လိုကြသည်။နာကျင်ခြင်းဆိုတာ လူသားတွေမလိုချင်ကြသော ခံစားမှုဖြစ်ပေမည်။သို့သော် ခြွင်းချက်တစ်ခု အနေဖြင့်  လူသားတွေ လိုချင်ကြသော နာကျင်မှု တစ်ခု တော့ ရှိလေသည်။ တပ်မက်ကြသော နာကျင်မှု ။သာယာပျော်ရွှင်ဖွယ်ကောင်းသော နာကျင်မှု(Pain of pleasure)ဟု တင်စားလိုသည်။

ယင်းနာကျင်မှုကား အခြားမဟုတ်။ မိမိ၏ကြင်သူသက်ထား/လက်တွဲဖော် နှင့်အတူနေချိန် ခံစားမှုအထွဋ်အထိပ်သို့ မရောက်ခင်မီ ရရှိသောနာကျင်မှုကို ရည်ညွှန်းလိုခြင်းဖြစ်သည်။တချို့တွေက ယင်းနာကျင်မှုကို ညည်းတွားမှု(Moaning)လို့ပြောင်းလဲသတ်မှတ်ခေါ်ကြလေသည်။တချို့ကကျ အထွဋ်အထိပ်ရောက်ခါနီး ခံစားမှု (Feeling High)သမုတ်ကြလေသည်။ အမှန်စင်စစ် ယင်းအားလုံးတို့သည် နာကျင်မှုပင်ဖြစ်သည်။လူသားတွေ လိုချင်ကြသော တစ်ခုတည်းသော နာကျင်မှု ။အကြောင်းမူကား ယင်းနာကျင်မှုက သာယာပျော်ရွှင်ဖွယ်ကောင်းလို့ပင်။
တောက ဘကြီးစကားနဲ့ပြောရရင် “နာတော့နာတယ် ဒါပေမယ့် မနာဘူး”ပေါ့။

ထိုအခါတွင် အဓိက အယူအဆလွဲချော်မှု /ဝိဝါဒကွဲပြားမှုတစ်ခုဖြစ်ပေါ်လာသည်။ကိုကို မောင်မောင်တို့က နာကျင်မှ အတူနေသော မိမိချစ်သူသည် ခံစားမှု အထွဋ် အထိပ်သို့ရောက်ပြီဟု ထင်မှတ်မှားသွားကြသည်။ နာရင်ပြီးရောဆိုပြီး နာတယ်ပြောတာကို လျစ်လျူရှုလာကြသည်။ တချို့ဆို နာတာ ခံစားမှုကောင်းတာဟု ထင်မှတ်မှားကြသည်။ အတူတူနေချိန်တွင် မိမိ၏ချစ်သူ ညည်းညူနေတာ (ဝါ)နာကျင်တာဟာ တကယ်ခံစားမှုအထွဋ် အထိပ်သို့ရောက်ချိန်မို့ နာကျင်နေတာလား ၊ လိင်ဆက်ဆံချိန်မှာ သူမမလိုချင်သော တကယ်နာကျင်ခံစားနေရတာလား ခွဲခြားသိမြင်ရမည်။

ခံစားမှု အထွဋ် အထိပ် ရောက်၍ နာကျင်မှုမှာ မိမိ၏လက်တွဲဖော်/အိမ်သူသက်ထား လိုချင်သောနာကျင်မှုဖြစ်ပြီး ကျန်တစ်ခုမှာမူ သူမ မလိုချင်သော နာကျင်မှုဖြစ်ပေမည်။ ချစ်၍အတူနေသည်ပဲမှတ်လား?ဒါဆို တကယ်ချစ်ရင် မိမိ၏ချစ်သူကို သူမလိုချင်တပ်မက်တဲ့ နာကျင်မှု(Pain of pleasure)ကိုပဲပေးချင်ရမည်ပေါ့။သူမ မလိုချင်သော နာကျင်မှု (Pain on sexual intercourse)ဆို အဘယ်အတွက်ကြောင့် ကိုကိုမောင်မောင်တို့ ပေးချင်မည်လဲ?ထိုနှစ်ခု အလွှာလေးပါးပါးသာခြားသည်။အတူနေချိန်တွင် မိမိ၏လက်တွဲဖော်မိန်းကလေက ပုံမှန်နာကျင်မှု(ဝါ)နှစ်လိုဖွယ်ကောင်းသော နာကျင်မှု ရရှိနေတာလား။ပုံမှန်မဟုတ်သော နာကျင်မှု(Dyspareunia)ရနေတာလား?ကိုကိုမောင်မောင်တို့ ခွဲခြားမြင်တတ်ဖို့ လိုပေမည်။

လိင်ဆက်ဆံချိန်တွင် မိမိ၏ အတူနေမိန်းကလေး၏ ပုံမှန်မဟုတ်သော (ဝါ)သူမ မလိုချင်သော နာကျင်မှုကို ဆေးပညာအရ ရောဂါလက္ခဏာအဖြစ် Dyspareunia ဟုခေါ်သည်။လိင်ဆက်ဆံချိန်တွင်ပုံမှန်မဟုတ်သော နာကျင်ခံစားရမှု (Pain on sexual intercourse)ဟုသတ်မှတ်သည်။

အဓိကအားဖြင့် ဘာတွေကြောင့် ဘယ်လို ခံစားရနိုင်လဲ?

1. အတူမနေမှီ ချစ်တင်းနှီးနှော အစပျိုးမှု မရှိခြင်း။ (Lack of foreplay)

လိင်မဆက်မှီတွင် မိမိ၏ ချစ်သူသက်ထားကို ပြုစုယုယကြင်နာမှုမရှိခြင်းက အဓိက အကြောင်းအရာအဖြစ်ပါဝင်သည်။ မိန်းကလေးများသည် လိင်ဆက်ဆံချိန်တွင် သာယာမှုတစ်ခုရရှိရန် အခြေအနေအကြောင်းအရာများပေါ်တွင်တည်မှီးသည်။သဘာဝတရားအရ ဖိုနဲ့မ အရှက်အကြောက်ကြီးမှုခြင်းကွာမှုက ဇီဝရုပ်ဖြစ်စဉ်ပေါ်တွင် များစွာသက်ရောက်မှုရှိသည်။ သူမအဖို့ လုံခြုံစိတ်ချရသော ပတ်ဝန်းကျင်တစ်ရပ်လိုသည်။ အထူးသဖြင့် မိမိ၏ချစ်သူထံမှ လိင်မဆက်ဆံခင်တွင် ဂရုတစိုက်ပြုစုယုယပေးသော ခံစားမှုတစ်ခု(Foreplay)ကို မိန်ူးကလေးများအလိုရှိကြသည်။ယင်းခံစားမှုက သူမ၏ဇီဝရုပ်ဖြစ်စဉ်ကို ပြောင်းလဲပေးသည်။ ခန္ဓာကိုယ်ရှိ ဟော်မုန်းများ(Endorphin,Steroid),ဓာတ်ပစ္စည်းများ(pain killers Prostaglandins)ကိုထွက်လာစေသည်။ယင်းဟောမုန်းများဇီဝဓာတ်ပစ္စည်းများက သူမကိုနာကျင်မှုကို ဖြေဖျောက်ပေးသည်။ခံစားမှု အထွဋ် အထိပ်သို့ ရောက်ရှိအောင်ပို့ဆောင်ပေးသည်။လိက်မဆက်ဆံမှီချစ်တီးနှောမှု(Foreplay)မရှိခြင်းက သူမကို လိင်ဆက်ဆံချိန်တွင်သူမမလိုချင်သော နာကျင်မှုကို ခံစားရစေသည်။

2. မိန်းမကိုယ်ခြောက်သွေ့ခြင်း(Vagina Dryness)

နောက်ထပ် အရေးကြီးသော အရာတစ်ခုက မိန်းမကိုယ်ခြောက်သွေ့ခြင်းပင်ဖြစ်သည်။ပုံမှန်အားဖြင့်လိင်ဆက်ဆံချိန်တွင် မိန်းမကိုယ်သည် ထိုက်သင့်သလျှောက် စိုစွတ်မှုတစ်ခုရှိရသည်။ပုံမှန်မဟုတ်ပဲ မိန်းမကိုယ် ခြောက်သွေ့နေလျှင် လိင်ဆက်ဆံသည့်အခါနာကျင်တတ်သည်။ဒါဆိုဘာတွေက မိန်းမကိုယ်ကို ခြောက်သွေ့စေလဲ?ဆေးဝါးတွေ [စိတ်ရောဂါနဲ့ပတ်သတ်တဲ့ဆေးတွေ(Antidepressents),ယားယံမှုပျောက်ဆေးမှု(Antiallergics)]၊နောက်အမျိုးသမီးများသွေးဆုံးပြီးချိန်(Menoupause)တွေမှာ မိန်းမကိုယ်က ခြောက်သွေ့သွားတတ်ပါတယ်။နောက်ထပ်အရေးကြီးတာတစ်ခုက ရေနွေးနဲ့ရေချိုးပြီးချိန်(Hot baths)မှာ မိန်းမကိုယ်ဟာ ထူးဆန်းစွာခြောက်သွေ့နေတတ်ပါတယ်။မြန်မာနိုင်ငံလို ပူပြင်းလှတဲ့ နိုင်ငံမှာ ချိုးရေကလည်း ရေနွေးနဲ့ ချိုးသလိုပဲ ပူနွေးတတ်ပါတယ်။ဒါဆိုရင်တော့ ရေချိုးပြီး အတူနေရင် မိန်းမကိုယ်ဟာခြောက်သွေ့ပြီး နာကျင်ခံစားရနိုင်ပါတယ်။

3.ရောဂါများ(Diseases)

ဟုတ်ကဲ့!!နောက်တချက်က မိန်းကလေးရဲ့ မအင်္ဂါမှာ ရောဂါတစ်ခုခုခံစားရလို့ဖြစ်နိုင်ပါတယ်။

ဒီနေရာမှာ မှားယွင်းသော အယူအဆတစ်ခုကို ရှင်းပြလိုပါတယ်။ များသောအားဖြင့် အမျိုးသမီးတယောက်ဟာ မိမိ၏ဆက်ဆံဖော်နဲ့လိင်ဆက်ဆံချိန် စစချင်းမှာ နာကျင်တတ်ပါတယ်။ဒါဟာ ရောဂါတစ်ခုခုဖြစ်နေလို့မဟုတ်ပါဘူး။ သဘာဝတရားအရ အမျိုးသမီးမိန်းမကိုယ်ရဲ့နံရံဟာတစ်ခုခုနဲ့စတင်ထိတွေ့ချိန်မှာ ယင်းမိန်းမကိုယ်ရဲ့ ကြွက်သားတွေက အလိုလိုညှစ်ခြင်းကျုံ့ခြင်းကိုဆောင်ရွက်ပါတယ်။ ဒါကို ဆေးပညာ အရ vaginismusလို့ခေါ်ပါတယ်။ (တချို့မြန်မာလူမျိုးတွေက ဒါကို မျှော့ လို့ သုံးနှုန်းကြပါတယ်။ ထိုသို့ကျုံု့လိုက်ရင် မိန်းမကိုယ်နံရံနဲ့ ဖိုအင်္ဂါတို့ပွတ်တိုက်မှုတို့ ပိုမိုဖြစ်တဲ့အတွက် နာကျင်တတ်ပါတယ်။ ဒါပေမယ့်ဒါဟာ လိင်ဆက်ဆံမှုစစချင်း ပဲ ဖြစ်တတ်တဲ့အတွက် အမျိုးသမီးဟာ မိမိအမျိုးသားနဲ့ အတူနေချိန်တစ်ခုရဲ့ အစပိုင်းအချိန်မှာပဲ နာကျင်တတ်ပါတယ်။

အဲ့လို မဟုတ်ပဲ အမျိုးသမီးဟာ လိင်ဆကိဆံနေချိန် တလျှောက်လုံးမှာ ဆက်လက်နာကျင်နေလျှင်တော့ ဒါဟာ မွေးလမ်းကြောင်း(ဝါ)မအင်္ဂါမှာ တစ်စုံတစ်ခုမှားယွင်းနေပြီ လို့ သတ်မှတ်လို့ရပါတယ်။ နာကျင်မှုကဘယ်နေရာမှာ ခံစားရလဲဆိုတာကို ခွဲခြားနိုင်ရင် မိမိရဲ့ မအင်္ဂါ မွေးလမ်းကြောင်းဘယ်နေရာမှာ ပြဿနာရှိလဲ အကြမ်းအားဖြင့် ခွဲခြားနိုင်ပါတယ်။ မအဂါၤစပ် (Vulva) မှာနာကျင်မှုကို ခံစားနေရရင် ပြီးတော့ ပူစပ်ပူလောင်နာကျင်တာမျိုးဆို ဒါ မိန်းမမကိုယ် အရေးပြားမှာ မှို(သို့)ရောဂါတစ်ခုခု (Skin infection) လို့သတ်မှတ်လို့ရပါတယ်။

အဲ့လိုမှ မဟုတ်ပဲ လိင်ဆက်ဆံချိန် တင်ပဆုံရိုး အတွင်းပိုင်းထဲမှ နာကျင်နေလျှင် ဒါ သားအိမ်ယောင်ယမ်းခြင်းရောဂါ (Pelvic inflammatory disease) ဖြစ်နိုင်ပါတယ်။ တခြားသားအိမ်ခေါင်းနေရာမှလည်း နာကျင်ခံစားနေရလျှင်လည်း ဒါသားအိမ်ခေါင်းနဲ့ပတ်သတ်လို့ ပြဿနာ(cervical problem)ဖြစ်နိုင်ပါတယ်။ နောက်ပြီး သားအိမ်ရဲ့ အနေအထား ( position ) မမှန်ကန်မှုကြောင့်လည်း နာကျင်တတ်ပါသေးတယ်!

ဒီလောက်ဆို အတူတူနေချိန်မှာ မိမိ၏ကြင်သူသက်ထားဆီက နာကျင်မှုကို ခွဲခြားတတ်မှာပါ။နာတိုင်းလည်း သူမ ကောင်းနေတာမဟုတ်ပါ။
မိမိ၏ ချစ်ရသောသူဆီက သူမ မလိုချင်တဲ့နာကျင်မှု (pain on sexual intercourse)လား သူမ လိုချင်တပ်မက်သော နာကျင်မှုလား ခွဲခြားတတ်ပြီးတူနှစ်ကိုယ် ရွှေလက်တွဲပြီး သာယာပျော်ရွှင်ဖွယ်ကောင်းသောနာကျင်မှု (Pain of pleasure)တစ်ခုဆီကို ချဉ်းကပ်နိုင်ပါစေလို့ တောင်းဆုပြုရင်း…………

Dr.ပစ်တိုင်းထောင်

 

Previous Post

နလုံးကြွက်သားဆိုင်ရာ ရောဂါအကြောင်းသိကောင်းစရာ

Next Post

အသည်းရောင်အသားဝါရောဂါများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
744
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

1 year ago
1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

1 year ago
633

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
988

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အသည်းရောင်အသားဝါရောဂါများ

ယောကျာ်းနဲ့ မိန်းမ ဘယ်သူ့ဦးနှောက် ပိုသာသလဲ?

သားဥကြွေမကြွေစစ်ဆေးကြမယ်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.