ကလေးမရတာ ဘယ်သူကြောင့်လဲ
“ရတာမလို လိုတာမရ”ဆိုတာ လောကနိယာမသဘောတရား တစ်ခုပါပဲ။ ထိုအထဲမှာမှ ကလေးရခြင်းနှင့် မရခြင်းသည်လည်း ထိုနည်းလည်းကောင်းပါပဲ။ ကိုယ်ဝန် လုံးဝမလိုချင်သူများသည်အလွယ်တကူ ရတတ်ပေမယ့် ကိုယ်ဝန်လိုချင်သူများအတွက်မူ အကြောင်းရင်း သေချာရှာတွေ့ခြင်းမရှိဘဲ စိတ်ဒုက္ခရောက်နေသူများ အများကြီးရှိပါတယ်။
ကလေးရရှိရန် ဇနီးမောင်နှံနှစ်ယောက်လုံး သားဖွားမီးယမ်အထူးကု ဆရာဝန်နှင့် မရနိုင်သောအကြောင်းရင်းများကို သေချာရှာဖွေစမ်းသပ်သော်လည်း အကြောင်းရင်းရှာမတွေ့သူများအတွက်
ကိုယ်ဝန်ဆောင်ရန်ခက်ခဲမူ ဖြစ်စေသော လူနေထိုင်မူစနစ်များကို ပြုပြင်ရန်လိုအပ်ပါတယ်။ မိမိရဲ့နေထိုင်မူပုံစံသည် ကိုယ်ဝန်ဆောင်ရန်ခက်ခဲစေသော အချက်များဖြစ်နေနိုင်သည်ကို ပြုပြင်ရန်သတိမမူမိကြဘဲ နည်းမျိုးစုံသုံးကုသမိနေတတ်ကြပါတယ်။
သုတေသနပြုလေ့လာတွေ့ရှိချက်များအရ အောက်ပါလူနေထိုင်မူပုံစံများသည် ကိုယ်ဝန်ဆောင်ရန် ခက်ခဲစေသော အချက်ပုံစံများဖြစ်ပါတယ်။
(1) သင့်အလုပ်အကိုင်
မိမိအလုပ်အကိုင်နဲ့ မိမိကိုယ်ဝန်ဆောင်ခြင်းသည် အထွေအထူး ပတ်သတ်မှုမရှိနိုင်ဟု ထင်ကောင်းထင်ကြလိမ့်မယ်။ မိမိလုပ်နေသောအလုပ်သည် တခါတလေ မိမိကိုယ်ဝန်ဆောင်ရန် ဆိုးရွားသော အဟန့်အတားတခု ဖြစ်စေနိုင်သည်ဟု အံ့သြစွာသင်တွေ့ရပါလိမ့်မယ်။
သုတေသနပြုချက်များအရ စိတ်ဖိဆီးမှုများသော အမျိုးသမီးများတွင် ကိုယ်ဝန်ဆောင်ရန် မလွယ်ကူပါ။ လုပ်ငန်းခွင်တွင် ပုံမှန်အလေးအပင်မသော အမျိုးသမီးများသည် သာမန်အမျိုးသမီးများနှင့် ယှဉ်လျှင် မမျိုးဥကြွေရန် 8.8% နှင့် မမျိုးဥအောင်ရန် 14.1% နည်းပါတယ်။ အလုပ်တခုထက် ပိုလုပ်ရသောအမျိုးသမီးများတွင်လည်း အဆိုပါတွေ့ရှိချက်နှင့် အတူတူပင် ကိုယ်ဝန်ဆောင်ရန် ခက်ခဲစေပါတယ်။
(2) ကိုယ်အလေးချိန်
သင်တို့ရဲ့ကိုယ်အလေးချိန်ကြောင့်လည်း ကိုယ်ဝန်ရရန်ခက်စေပါတယ်။ လေ့လာချက်များအရ အဝလွန်သော ဇနီးမောင်နှံများသည် အခြားသောပုံမှန်အလေးချိန်ရှိသူများထက် 59% ခန့် အချိန်ကြာစေပါတယ်။ ဒါကြောင့် ဝိတ်ချဖို့ မမေ့ပါနဲ့။
(3) စိတ်ဖိဆီးမှု
စိတ်ဖိဆီးမှု ပြသနာသည် ကိုယ်ဝန်ဆောင်နေသော အမျိုးသမီးများတွင်သာ သက်ရောက်မှုရှိသည်မဟုတ်ပါ။ ကိုယ်ဝန်ဆောင်ရန် ကြိုးစားနေသော အမျိုးသမီးအတွက်လည်း ဖိအားတစ်ရပ်ဖြစ်ပါတယ်။ စုံတွဲ ၄၀၀ ကျော်ကို လေ့လာချက်အရ စိတ်ဖိဆီးမှုအင်ဇိုင်း alpha-amylase များသူများသည် နည်းသူများထက် ကိုယ်ဝန်ဆောင်ရန် နှစ်ဆခက်ခဲစေပါတယ်။
(4) လေ့ကျင့်ခန်း ပြင်းထန်စွာလုပ်ခြင်း
ကျန်းမာရေးကောင်းမွန်ရန် လေ့ကျင့်ခန်းလုပ်ရန် လိုအပ်သော်လည်း အပြင်းအထန်လုပ်သူများသည် ကိုယ်ဝန်ဆောင်နိုင်ရန် ခက်ခဲမှုဖြစ်စေပါတယ်။ သို့သော် ပုံမှန်လေ့ကျင့်ခန်း လုပ်ခြင်းသည် မမျိုးဥကြွေရန် အားပေးပါတယ်။ ထိုကြောင့် နေ့စဉ်ပုံမှန်လေ့ကျင့်ခန်းတော့ လုပ်ပါ။
(5) TV အလွန်အကြူးကြည့်ခြင်း
အခုခေတ်အမျိုးသမီးများအဖို့ ကိုရီးယားဇာတ်လမ်းတွဲများ အလွန်အကြူး ထိုင်ကြည့်လေ့ ရှိပါတယ်။ TV ကြည့်နေရင်းစားသော အားလူးကြော်များကြောင့် အမျိုးသားများတွင် သုတ်ကောင်ရေ အားနည်းမှု တွေ့ရှိရပါတယ်။ ထို့ကြောင့် အထိုင်များပြီး TV ကိုစွဲလမ်းစ အချိန်ကြာကြည့်သူများအတွက် ကလေးရရန်ခက်သည်ကို အထူးသတိပြု ဆင်ခြင်သင့်ပါတယ်။
(6) အသင့်စားအစာအစား စားသူများ (readymade food)
အထူးသဖြင့် အမျိုးသားများတွင် readymade အသားများ စားသုံးသူများတွင် သုတ်ကောင်ရေနည်းတတ်ပါတယ်။ လတ်ဆတ်သော အသားစားသုံးသူများထက် မျိုးအောင်သောသုတ်ကောင်ရေနည်းပါးတတ်ပါတယ်။
(7) ဖုန်းအမြဲ အိတ်ထဲထည့်ခြင်း
အမျိုးသားများအနေဖြင့် ဖုန်းကို ဘောင်းဘီအိတ်ထဲ အချိန်ကြာမြင့်စွာ ထည့်လေ့ရှိသောအခါ သုတ်ကောင်ထုတ်လွှတ်မှုတွင် ပြဿနာဖြစ်စေနိုင်ပါတယ်။ ဖုန်းအပူဒဏ်ကြောင့် သုတ်ကောင်ရေ နည်းပါးတတ်ပါတယ်။
(8) လိင်ဆက်ဆံမႈများခြင်း
ကလေးလိုချင်သောကြောင့် လိင်ဆက်ဆံမႈ အကြိမ်ရေများခြင်းသည်လည်း ကိုယ်ဝန်ဆောင်ရန် ခက်ခဲစေပါတယ်။ အဘယ်ကြောင့်ဆိုသော် မမျိုးဥကြွေချိန်တွင် အမျိုးသားရဲ့ သုတ်ပိုးအရေအတွက်နည်းပါးနေသာကြောင့် ဖြစ်ပါတယ်။ ထို့ကြောင့် လိင်ဆက်ဆံမႈကို မမျိုးဥကြွေနိုင်သောရက်ကို တွက်ချက်၍ ဆက်ဆံမႈပြုပါက ကိုယ်ဝန်ရရန် ပိုမိုအခွင့်အလမ်းများပါတယ်။
(9) လိင်ဆက်ဆံမူနည်းခြင်း
လိင်ဆပ်ဆံမူများလျှင် သုတ်ကောင်ရေကျဆင်းသည်ဟု ဆိုသော်လည်း ဆက်ဆံမႈနည်းပါကလည်း
မမျိုးဥနှင့် သုတ်ပိုး ထိတွေ့မႈမရှိပါကလည်း မည်သို့မှ ကိုယ်ဝန်ဆောင်ရန် မဖြစ်နိုင်ပါ။
(10) ဆေးလိပ်သောက်ခြင်း
အမျိုးသမီးများ ကိုယ်ဝန်မဆောင်နိူင်သော အချက်မှာ ဆေးလိပ်သောက်သုံးခြင်းသည်လည်း အဓိက အချက်ဖြစ်ပါတယ်။ ဆေးလိပ်သောက်ခြင်းကြောင့် အမျိုးသားများတွင် သုတ်ကောင်ရေ နည်းပါးသုတ်ပိုးအားနည်းပြီး အမျိုးသမီးများတွင် မမျိုးဥမကြွေနိုင်ပါ။
အထက်ပါ အချက်များကို သေချာစွာ နားလည်သဘောပေါက်ကာ မိမိကိုယ်တိုင် ပြောင်းလဲနေထိုင်ပါက ကိုယ်ဝန်ဆောင်ရန် ခက်ခဲစေသော အရာများ ဖယ်ရှားနိုင်ပါလိမ့်မယ်။ အမျိုးသမီးများ ကျန်းမာသန်စွမ်းသေ ာကိုယ်ဝန်ကို ရရှိနိုင်မည်မှာ အသေချာပင်ဖြစ်ပါတယ်။
Dr. ပြည့်ရှင်း