fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး

ကိုယ်ဝန်ဆောင်မေမေများ နှင့် လိင်ဆက်ဆံမှု

476
VIEWS
Share on FacebookShare on TwitterShare on Linkedin
21/07/2018
in ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး, အမျိုးသားကျန်းမာရေး
1 min read
A A

ရင်သွေးလေးများရဖို့အတွက် ကာမဆက်ဆံခြင်းသည် မထူးဆန်းသော်လည်း ကိုယ်ဝန်ဆောင်ကာလတွင် လိင်ဆက်ဆံ၍ ရပါသလား?

စာဖတ်သူတို့ သိချင်သည့် အချက်အလက် အများစုကို အောက်တွင်ဖော်ပြလိုက်ရပါတယ်။

▪️ကိုယ်ဝန်ဆောင်စဉ်တွင် လိင်ဆက်ဆံလို့ရလား?
မေမေတို့ရဲ့ ကိုယ်ဝန်က ပြဿနာတစ်စုံတစ်ရာ မရှိဘူးဆိုရင်တော့ ဆက်ဆံလို့ရပါတယ်။ ဒါပေမဲ့ ကိုယ်ဝန်လအစတွေမှာဖြစ်တတ်တဲ့ ဟော်မုန်းအပြောင်းအလဲများကြောင့် နုံးခြင်း၊ ပျို့ခြင်း၊ ရင်သားတင်းမာခြင်းများကြောင့် ဆက်ဆံချင်စိတ်ကို ကျဆင်းစေပါတယ်။ ဒါ့အပြင် ကိုယ်ဝန်လရင့်တာနဲ့အမျှ ဝိတ်တက်လာခြင်း၊ ခါးနာခြင်းများနဲ့ အခြားသောအကြောင်းအရာများကြောင့်လည်း ဆက်ဆံရန် အများအားဖြင့်စိတ်မပါဘဲ ရှိတတ်ကြပါတယ်။ အများအားဖြင့် ကိုယ်ဝန်ပထမဆုံးအကြိမ်အဖြစ်ဆောင်သော မေမေများသည် မွေးလာမည့်ကလေးအတွက် ရင်ခုန်၍တွေးပူနေတတ်သောကြောင့် လိင်ဆက်ဆံခြင်းကိုပင် သတိမေ့လျော့နေတတ်သည်။

▪️ကိုယ်ဝန်ဆောင်စဉ် လိင်ဆက်ဆံလျှင် ကလေးပျက်ကျနိုင်လား?
ဒါကတော့ အများစု စိုးရိမ်ပူပန်ကြတဲ့ မေးခွန်းလေးပါ။ ကိုယ်ဝန်ပျက်ကျခြင်းအများစုသည် သန္ဓေသားကောင်းကောင်း မဖွံ့ဖြိုးလို့သော်လည်းကောင်း၊ ပြင်ပအကြောင်းအရာ (ဥပမာ-ချော်လဲခြင်း) များကြောင့်သော်လည်းကောင်းဖြစ်နိုင်သော်လည်း လိင်ဆက်ဆံခြင်းကြောင့် ပျက်ကျနိုင်မှုသည် အင်မတန် ရှားပါးသည်။ ရေမွှာရေ (amniotic fluid) နှင့် သားအိမ်၏သန်စွမ်းသောကြွက်သားများသည် အကာအကွယ်ပြုလုပ်ထားသောကြောင့် ဆက်ဆံခြင်းသည် အနှောင့်အယှက်တစ်စုံတစ်ရာ မပေးနိုင်ပေ။

▪️မည်သည့်အနေအထားသည် ကိုယ်ဝန်တွင်းကာလ လိင်ဆက်ဆံခြင်းတွင် အကောင်းဆုံးဖြစ်မည်နည်း?
လေ့လာချက်များအရတော့ ဘေးတိုက်ဆက်ဆံခြင်းသည် စိတ်အချရဆုံးဖြစ်သည်။ သို့သော် အနေအထားသည် အရေးမကြီးပါ။ ဆက်ဆံဖော်နှင့် ဆက်ဆံသူ နှစ်ဦးနှစ်ယောက်လုံး စိတ်ကျေနပ်မှုသည်သာ အရေးကြီးဆုံးဖြစ်သည်။

▪️စအို နှင့် ပါးစပ်ဖြင့် လိင်ဆက်ဆံမှုနှင့် ကိုယ်ဝန်ဆောင်များ

ပါးစပ်ဖြင့် ဆက်ဆံခြင်းသည် ဘေးကင်းပါတယ်။ သတိထားရမည်မှာ ပါးစပ်ဖြင့်ဆက်ဆံရာတွင် သင့်အဖော်မှ မိန်းမအင်္ဂါအတွင်းသို့ လေမှုတ်မထည့်ရန်သည် အရေးကြီးပါတယ်။ အလွန်ပင်ရှားပါးသော်လည်း ထိုလေအနည်းငယ်ကြောင့်သွေးကြောပိတ်ခြင် း(Air Embolism) ဖြစ်ပေါ်နိုင်ပြီး ကလေးအသက်ဆုံးရှုံးနိုင်သောကြောင့်ဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်စဉ် လိပ်ခေါင်း(Hemorrhoids) ဖြစ်ပါက စအိုဖြင့်ဆက်ဆံရာတွင် သက်တောင့်သက်သာရှိမည် မဟုတ်ချေ။ ပို၍အရေးကြီးသည်က စအိုဖြင့်ဆက်ဆံပီးနောက် မအင်္ဂါဖြင့် ဆက်ဆံပါက စအိုအတွင်းမှပိုးမွှားများသည် မအင်္ဂါမှတစ်ဆင့် ကလေးသို့တိုက်ရိုက်ကူးစက်နိုင်ပေသည်။

▪️ကိုယ်ဝန်ဆောင်စဉ်တွင် အကာအကွယ် (condom) သုံးသင့်လား?
ယေဘုယျအားဖြင့်တော့ မလိုအပ်ပေ။ သို့သော် သင့်ဆက်ဆံဖော်သည် လိင်မှတစ်ဆင့်ကူးဆက်တတ်သောရောဂါများ (Sexually Transmitted Disease) တစ်ခုခုရှိရင်သော်လည်းကောင်း၊ လိင်ဆက်ဆံဖော်များလျှင်သော်လည်းကောင်း Condom ကိုမဖြစ်မနေသုံးသင့်ပါတယ်။

▪️ဆက်ဆံသောကြောင့် ကိုယ်ဝန်စော၍ မွေးနိုင်လား?
လေ့လာမှုများအရ အမျိုးသားသုတ်ရည်(semen)တွင်ပါသည့် prostaglandin ဓာတ်သည် သားအိမ်ညှစ်အား(Uterine Contraction) ကို ဖြစ်စေနိုင်သော်လည်း ရက်မစေ့ဘဲ မွေးဖွားခြင်းဖြင့် ဆက်စပ်မှု မရှိချေ။ သို့သော် သင်သည် ရက်စော၍မွေးဖွားနိုင်ချေရှိပါက သင့်ဆရာဝန်က လိင်ဆက်ဆံမှုကို ရှောင်ရှားခိုင်းလိမ့်ပေမည်။

▪️မည်သည့်အချိန်များတွင် ကိုယ်ဝန်ဆောင်များ လိင်ဆက်ဆံမှုကို ရှောင်ရှားသင့်သလဲ?
? အရင်ကိုယ်ဝန်ဆောင်စဉ်တွင် စောမွေးခဲ့ဖူးလျှင် (History of Preterm Labour)
? ရေမွှာရည်များ စိမ့်ထွက်လျှင်(Leakage of Amniotic Fluid)
? အဖြေရှာ၍မရသော မအင်္ဂါသွေးယိုစိမ့်မှုဖြစ်ပေါ်လျှင်(Unexplained Vaginal Bleeding)
? သားအိမ်ခေါင်း စော၍ပွင့်လျှင်(Cervical Incompetence)
? အချင်းရှေ့ရောက်လျှင်(Placenta Previa)
? အမွှာပူကိုယ်ဝန်ဆောင်ထားရလျှင် (Multiple Pregnancy)
အထက်ပါ အခြေအနေများတွင် သင်၏ဆရာဝန်က ဆက်ဆံမှုကို ရှောင်ရှားခိုင်းလိမ့်မည်။

▪️လိင်မဆက်ဆံ၍ကော နေလို့ရမည်လား?
ရပါတယ်။
သင့်ရဲ့ ဆက်ဆံဖော်ဖြင့် ပွင့်ပွင့်လင်းလင်းတိုင်ပင်၍ ရင်းရင်းနှီးနှီး လိုအပ်ချက်များကို ဆွေးနွေးသင့်သည်။

▪️ကလေးမွေးပီး ဘယ်လောက်အကြာတွင် ဆက်ဆံလို့ရမည်နည်း?
ခွဲမွေးခြင်းဖြစ်စေ၊ သဘာဝအတိုင်းမွေးခြင်းဖြစ်စေ ခန္ဓာကိုယ်သည် အကောင်းအတိုင်းပြန်ဖြစ်ရင် အချိန်တစ်ခုလိုပါသည်။ ပုံမှန်အားဖြင့်တော့ သားအိမ်ခေါင်းပိတ်ခြင်း၊ မွေးပြီးသွေးဆင်းခြင်၊း သားအိမ်တွင်းအနာများပြန်ကျက်ရန်အတွက် ၄ပတ်ကနေ ၆ပတ်ကြာမြင့်တတ်ပါတယ်။ ဆက်ဆံရန်အဆင်သင့်ဖြစ်ပါကလည်း ညင်သာစွာ ဆက်ဆံသင့်ပါတယ်။

နောက်ကိုယ်ဝန်မဆောင်ချင်သေးပါကလည်း အဆင်ပြေသော ကိုယ်ဝန်တားနည်းများ အသုံးပြုပါရန် တိုက်တွန်းလိုက်ရပါတယ်။

Author : Dr. Z

Previous Post

အလှအပကိုပျက်စေတဲ့အမာရွတ် ဘယ်လိုဖြစ်သလဲ ဘယ်လိုကုမလဲ

Next Post

နဖူးပေါ်က ဝက်ခြံများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
760
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

2 years ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
637

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
1k

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

နဖူးပေါ်က ဝက်ခြံများ

အစာအိမ်အတွက်ဆေး

ဒေါင်းရောဂါအကြောင်းအပိုင်း၃-စမ်းသပ်စစ်ဆေးနည်းများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.