fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

OC pill အကြောင်း တစေ့တစောင်း

1.1k
VIEWS
Share on FacebookShare on TwitterShare on Linkedin
18/08/2018
in အမျိုးသားကျန်းမာရေး
1 min read
A A

” OC pill အကြောင်း တစေ့တစောင်း ”

OC pill လို့တောင် အရပ်ထဲမှာ ပိုခေါ်လေ့ရှိပါတယ်။ ဒါကတော့ ပုံမှန် မမေ့မလျော့ဘဲ သောက်နိုင်မယ် ဆိုရင် မနာမကျင်၊ ငွေကုန်ကြေးကျ အတော်လေး သက်သာတဲ့ နည်းလည်းကောင်း တစ်ခုပဲ ဖြစ်ပါတယ်။

?OC pills ဆိုတာဘာလဲ?

?အခေါ်အဝေါ် အပြည့်အစုံက Oral Contraceptive Pills ဖြစ်ပြီး ပါးစပ်မှတစ်ဆင့် သောက်ရတဲ့ သန္ဓေတားဆေးဝါးလို့ အဓိပ္ပာယ် အပြည့်အစုံ ရပါတယ်။ ဟော်မုန်း ၂မျိုးပါတဲ့ အတွက် Combined OC pills (  COCs ) လို့လည်းခေါ်ပါသေးတယ်။ မျှားလေးတွေအတိုင်း တစ်နေ့တစ်လုံး မှန်မှန်သောက်ရပြီး သောက်တဲ့အချိန်ပါမှန်ရင်တော့ နောက်ပိုင်းအကျင့်လိုဖြစ်လာနိုင်ပြီး တမင်သတိထားစရမလိုအောင် ဖြစ်လာမှာပါ။

?ဘယ်လိုတားတာလဲ?

?OC pills မှာ ပြုလုပ်ထားတဲ့ Estrogen နဲ့ Progestin ဆိုတဲ့ ဟော်မုန်းတွေ ပါဝင်တယ်။ ဒီဟော်မုန်းတွေက

?မမျိုးဥကို ဥအိမ်ကနေ ဥမကြွေအောင် တားပေးတယ်။ ဥမရှိတော့တဲ့ အတွက်ကြောင့်မို့လို့ သုတ်ကောင်ရှိရင်တောင် ကိုယ်ဝန်မရနိုင်တော့ပါဘူး။

?သားအိမ်ထဲမှာ ရှိတဲ့ သဘာဝအကျိအချွဲတွေကို များစေပါတယ်။ အဲ့တော့ သုတ်ကောင်ကလည်း မမျိုးဥဆီကိုသွားဖို့ လမ်းကပိုကြမ်းသွားပြီး ရောက်ဖို့အရမ်းကို ခက်ခဲသွားတယ်။

?နောက်တစ်မျိုးကတော့ သားအိမ်နံရံတွေကို သန္ဓေသားကပ်လို့မရအောင် ပြောင်းပလိုက်တာပဲ။ သန္ဓေသား ကြီးထွားဖွံ့ဖြိုးဖို့သန္ဓေသားလောင်းလေးက သားအိမ်နံရံကို ကပ်ကိုကပ်ရပါတယ်။ ဒါမှ လိုအပ်တဲ့ အစာအာဟာရတွေကို မိခင်ကတစ်ဆင့် ရမှာပါ။ မကပ်နိုင်တော့ ဆက်ပြီးလည်း ကြီးမလာနိုင်တော့ပါဘူး။

?ဘယ်လောက်ထိ ကာကွယ်ပေးလဲ ?

?၉၉% အထိကာကွယ်ပေးပါတယ်။ ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့ သုံးစွဲသူရဲ့ မေ့လျော့မှုကြောင့်ရော ၊ ဆေးရဲ့ အာနိသင် သိပ်မကောင်းမှုတို့ကြောင့်ရော ၉၁% ရာခိုင်နှုန်းအထိ ကျသွားတာကို တွေ့ရပါတယ်။ ၁နှစ်မှာ သုံးစွဲသူ ၁၀၀ မှာ ၉ ယောက်က ကိုယ်ဝန်ရနိုင်ချေ ရှိတာကို ဖော်ပြနေပါတယ်။

?လိင်ကဆစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကိုရော ကာကွယ်ပေးလား?

?မကာကွယ်ပေးပါဘူး။ Condom က သာလျှင် ကာကွယ်ပေးနိုင်မှာပါ။

?ဘယ်နှစ်မျိုးရှိလဲ ?

?Combined Oral Contraceptive pills ( COCs )

ဒီမှာ အသုံးများတာတဲ့ COCsတွေကတော့  ၂၈ ရက်ဆေး နဲ့ ၂၁ ရက်ဆေး တွေပါ။

?၂၈ ရက်ဆေး

၄ပတ်ဆက်တိုက် သောက်ရပါမယ်။ ၂၈ လုံးမှာ ၂၁ လုံးသာ Hormone ပါဝင်ပါတယ်။ ကျန်တဲ့ ၇လုံးကို သတိပေးဆေး ( reminder pills ) ( သို့မဟုတ် ) ( Placebo ) လို့ ခေါ်ပါတယ်။ များသောအားဖြင့် သံဓာတ်နဲ့ အခြားလိုအပ်တဲ့ ဓာတ်တွေထည့်ထားတာပါ။ ဒီ၇လုံး သောက်တဲ့ရက်က ရာသီလာမှာဖြစ်ပြီး ဒီဆေးကုန်တာနဲ့ နောက်တစ်ကဒ် ထပ်ဝယ်ပြီး သောက်ရပါမယ်။

?၂၁ရက်ဆေး

သူကတော့ Reminder ဆေးတွေမပါပါဘူး။ ဟော်မုန်းဆေး သီးသန့်ပဲ ဖြစ်ပါတယ်။ ၂၁ ရက်သောက်ပြီးရင် ၇ရက်စောင့်၊ ပြီးတာနဲ့ ကဒ် အသစ် ဝယ်သောက်ရပါမယ်။ အဲ့ဒီ ၇ရက် ကလည်း ရာသီလာမယ့် ရက်တွေ ဖြစ်ပါတယ်။

?Progestin Only Pills ( POPs / Mini Pills )

သူကတော့ Progestin ဟော်မုန်းပဲ ပါဝင်တာပါ။ နို့တိုက်မိခင်တွေ ၊ ခေါင်းအနည်းငယ်နောက်တာတွေ၊

Estrogen ရဲ့ ဆိုးကျိုးတွေကို မခံချင်တဲ့သူတွေ သုံးပါတယ်။ ကာကွယ်နိုင်တဲ့နှုန်းကတော့ COCs တွေထက် နည်းပြီး ကိုယ်ဝန်ရနိုင်ချေ ပိုများပါတယ်။

?ဘယ်အချိန် စသောက်ရမလဲ ?

?COCs

?ရာသီစလာနေတဲ့ရက်ကစပြီး ၅ရက်အတွင်း သောက်ရင်တော့ ကိုယ်ဝန်ကို ကာကွယ်ပြီးသား ဖြစ်သွားပါပြီ။

?တခြားရက်မှာ သောက်မယ်ဆိုရင်တော့ စသောက်တဲ့ရက်ကစပြီး ၇ရက်နေမှ ကာကွယ်မှာဖြစ်လို့ အဲ့ ၇ရက်အတွင်းမှာ Condom အသုံးပြုသင့်ပါတယ်။

?POPs

?သောက်ပြီး ၄၈ နာရီ ကြာရင် ကာကွယ်ပါတယ်။ POPs ကတော့ အချိန်အတိအကျကို နေ့တိုင်းသောက်သင့်ပါတယ်။

? တကယ်လို့ သောက်ရမယ့်အချိန်ထက် ၃ နာရီ နောက်ကျသွားရင်ဖြစ်ဖြစ် ၊ ၄၈ နာရီအတွင်းမှာ လိင်ဆက်ဆံမိရင်ဖြစ်ဖြစ် အရေးပေါ်သန္ဓေတားဆေး / Condom ကို သုံးသင့်ပါတယ်။

?OC pills ကိုသောက်ဖို့မေ့သွားရင်ဘယ်လိုလုပ်မလဲ ?

?သောက်ဖို့အချိန်ကျော်သွားရင် သတိရတာနဲ့ သောက်ရပါမယ်။

?တစ်ရက်သောက်ဖို့မေ့သွားရင် နောက်တစ်ရက်မှာ စုပြီး ၂ လုံးသောက်ရပါမယ်။ ပြီးရင် ပုံမှန်အတိုင်း ဆက်သောက်သွားရပါမယ်။

?၂ရက်သောက်ဖို့ မေ့သွားရင်တော့ နည်းနည်းအလုပ်ပိုရှုပ်ပါပြီ။

မေ့ခဲ့တဲ့ ၂ရက် က ဒုတိယအလုံး နဲ့ အဲ့နေ့သောက်ရမယ့်အလုံးကို တွဲသောက်ရပါမယ်။ Hormonal Pills တွေကုန်တာနဲ့ (၂၁ ရက်စာ ဆေးကုန်တာနဲ့) Reminder Pills တွေကို ကျော်ပြီး နောက်တစ်ကဒ်ဝယ် သောက်သင့်ပါတယ်။ Hormonal Pills ၇ရက်ဆက်တိုက် မဝင်ခင်အထိ လိင်ဆက်ဆံမှုကို ရှောင်ရှား / မရှောင်နိုင်ရင် Condom သုံးသင့်ပါတယ်။

မေ့သွားတဲ့အလုံးက ကဒ်ရဲ့ ပထမဆုံး၇ရက်မှာ မေ့သွားရင်/ အကာအကွယ်မပါတဲ့ လိင်ဆက်ဆံမှုကို မမေ့ခင် ၅ရပ်အတွင်းမှာ ကြုံတွေ့ခဲ့တယ် ဆိုရင်တော့ အရေးပေါ်သန္ဓေတားဆေး သုံးသင့်ပါတယ်။

?ဆိုကျိုးတွေ?

?အများဆုံးဖြစ်တတ်တဲ့ ဆိုးကျိုးအချို့ကတော့

?ခေါင်းမူးခြင်း

?ကိုယ်အလေးချိန်တက်လာခြင်း

?ရင်သားတင်းလာခြင်း၊ ရောင်လာခြင်း

?ရာသီမလာဘဲ သွေးအနည်းငယ်ထွက်ခြင်း

?ရာသီလာရင် ပမာဏနည်းခြင်း

?စိတ်အပြောင်းအလဲမြန်ခြင်း

?ဖြစ်တာရှားပြီးတော့ ပိုပြင်းထန်ဆိုးကျိုးတွေကိုတော့

ACHES လို့ အလယ်မှတ်ထားလို့ရပါတယ်။

?AbdomInal Pain – ဗိုက်အောင့်ခြင်း

?Chest Pain – ရင်ဘတ်အောင့်ခြင်း

?Headaches ( severe ) – ခေါင်းအပြင်းအထန်ကိုက်ခြင်း

?Eye problems ( blurring ) – အမြင်မှုန်ဝါးခြင်း

?Swelling or aching in the legs and thighs – ခြေထောက်နဲ့ ပေါင်မှာ ရောင်ရမ်းလာခြင်း / ကိုက်ခဲခြင်း

ဒါတွေဖြစ်လာပီဆိုရင်တော့ ဆရာဝန်ဆီ ပြန်သွားဖို့ လိုအပ်နေပါပြီ။

?ဘယ်သူတွေသောက်လို့ရလဲ ?

?အမျိုးသမီးတော်တော်များများ သောက်လို့ရပါတယ်။ မရတဲ့သူတွေကတော့

?ဆေးလိပ်သောက်တဲ့သူ

?ပြင်းထန်တဲ့ အသည်း ( သို့ ) နှလုံးရောဂါ ရှိတဲ့သူ

?ခြေထောက် / လက်မောင်း / အဆုတ် တို့မှာ သွေးခဲရှိနေတဲ့သူ

?အမျိုးထဲမှာ ခြေထောက် / လက်မောင်း / အဆုတ် တို့မှာ သွေးခဲရှိနေတဲ့သူ

?သားအိမ် / ရင်သား ကင်ဆာ ရှိတဲ့သူ

?သွေးတိုးရောဂါ ရှိတဲ့သူ

?ခေါင်းတစ်ခြမ်းကိုက်တဲ့ ရောဂါ ရှိတဲ့သူတွေ ဆို ရှောင်ရှားသင့်ပါတယ်။

?တခြားဆေးတွေနဲ့ တွဲသောက်လို့ရလား?

?အချို့ ပဍိဇီဝဆေးတွေ နဲ့ အတက်ကျဆေးတို့က OC pills ရဲ့ အာနိသင်ကို ကျစေတယ်။ ဒါကြောင့်မို့ OC pill မသောက်ခင် ကိုယ်သောက်နေကျဆေးတွေကို ဆရာဝန်ကိုသေချာပြောသင့်ပါတယ်။

?OC Pills / COCs / POPs တွေ သောက်နေတဲ့သူတွေ သတိထားရမယ့်အချက်တွေ ?

?ဆေးသောက်ဖို့ မေ့သွားတာနဲ့ ပြန်သောက်ဖို့ နဲ့ Condom သုံးဖို့ ဝန်မလေးပါနဲ့။

?ကိုယ်က အိမ်မှာ ပြန်အိပ်လေ့မရှိတဲ့သူဆိုရင် ဆေးကို သွားမယ့်နေရာတိုင်း ယူသွားပါ။

?ကုန်တာနဲ့ ချက်ချင်းသွားဝယ်ပါ။ သောက်ရမယ့်အချိန်အထိ မစောင့်ပါနဲ့။

?ဒီဆေးတွေ သောက်နေပါတယ်ဆိုတာကို ကိုယ်ပြတဲ့ဆရာဝန်တိုင်းကို ပွင့်ပွင့်လင်းလင်းပြောရပါမယ်။ ဒါမှသာ ဆရာဝန်က ရှောင်သင့်တာရှောင်နိုင်မှာပါ။

Dr.Z

Previous Post

သားအိမ်ပြင်ပ သန္ဓေတည်ခြင်းအကြောင်း

Next Post

နမိုးနီးယားအဆုတ်ရောင်ရောဂါအကြောင်း အပိုင်း(၁)

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
783
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

2 years ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
639

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
1k

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

နမိုးနီးယားအဆုတ်ရောင်ရောဂါအကြောင်း အပိုင်း(၁)

ရင်သားကင်ဆာ

ကလေးငယ်များတွင်အဖြစ်များသော လေပြွန်လေးများရောင်ရမ်းပြီးပိတ်ခြင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.