fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

ကြီးချင်တဲ့ ဒုက္ခ

3.4k
VIEWS
Share on FacebookShare on TwitterShare on Linkedin
12/11/2018
in အမျိုးသားကျန်းမာရေး
1 min read
A A

 

ကြီးချင်တဲ့ ဒုက္ခ

အခုခေတ်မှာ လူငယ်လူရွယ်တချို့ဟာ အင်တာနက်က အပြာရုပ်ရှင်တွေ၊ဖေ့ဘုတ်က လိင်ပိုင်းဆိုင်ရာဆေးနဲ့ပစ္စည်းတွေရောင်းတဲ့တရားမဝင်ပေ့(Page)တွေမှ ကြော်ငြာ အားကောင်းကောင်း အရေးအသားကောင်းကောင်းနဲ့ ရေးထားတာတွေကိုကြည့်ပြီး မိမိဟာမိမိ အားမလိုအားမရဖြစ်ကာ သူတို့ကြေငြာတာတွေကို စမ်းကြည့်တတ်ကြပါတယ်။အဲ့လိုစမ်းကြည့်တဲ့ထဲမှာ သောက်ဆေး၊လိမ်းဆေးတွေအပြင် ကြီးဆေးထိုးဆေးဆိုတာကို လက်တည့်စမ်း ထိုးပြီး ဆေးရုံရောက်ရောက်လာတဲ့ လူငယ်လူရွယ်တွေကို ခုနောက်ပိုင်း မကြာခဏတွေ့နေရပါတယ်။

ဒါကြောင့် ဒီတပတ်မှာ ကြီးဆေးထိုးခြင်းရဲ့ဆိုးကျိုးတွေကို ရေးသားတင်ပြချင်ပါတယ်။

၁။လိင်အင်္ဂါပုံစံမကျ၊ပုံစံပျက်သွားခြင်း

ကြီးဆေးထိုးတာကို အရပ်အခေါ်အရ သရီးစီစီထိုးတယ် သို့မဟုတ် ဆီလီကွန်ထိုးတယ်လို့ခေါ်ကြပါတယ်။

ကျွန်တော်တို့ရဲ့ လိင်အင်္ဂါကို ကြွက်သားတွေ၊သွေးကြောတွေ၊အာရုံကြောတွေနဲ့ဖွဲ့စည်းထားပါတယ်။

ကြီးဆေးထိုးတဲ့အခါမှာ ဆေးက လိင်တံထဲမှာခဲသွားတဲ့အတွက် လိင်အင်္ဂါအရွယ်အစားကကြီးလာပါတယ်။သို့သော် စမတ်ကျကျ အရွယ်အစားသေးကို ပုံကြီးချဲ့လိုက်တဲ့အတိုင်းအချိုးအစားမှန်မှန်ကြီးလာတာမဟုတ်ပါ။

ဘာလို့အဲ့လိုဖြစ်ရလဲဆိုတော့ ကျွန်တော်တို့မြန်မာနိုင်ငံမှာ ဒီလိုဆေးမျိုးတွေကိုတရားဝင်ခွင့်ပြုထားခြင်းမရှိတဲ့အတွက် မှောင်ခိုဈေးကွက်ကနေဝင်လာတဲ့အခါ ဆေးတွေကအရည်အသွေးလုံးဝမပြည့်မှီတဲ့အပြင် ထိုးပေးတဲ့သူတွေကလည်း ဆရာဝန်တွေ ကျွမ်းကျင်ပညာရှင်တွေမဟုတ်လို့ပါ။

ဒါကြောင့်ကြီးဆေးထိုးတဲ့အခါမှာကြီးတော့ကြီးလာပေမယ့် ပုံစံပျက်ပြီး ပုံမကျ ပန်းမကျဖြစ်ပြီးကြီးလာတာပါ။

၂။လိင်အင်္ဂါမှာအာရုံခံစားမှုမရှိတော့ခြင်း

စီလီကွန်ထိုးခြင်းဟာ လိင်တံမှာရှိတဲ့ သွေးကြောတွေ၊အာရုံကြောတွေကိုလည်း ထိခိုက်ပျက်စီးစေနိုင်ပါတယ်။

ဆေးထိုးလို့လိင်အင်္ဂါကကြီးလာပေမယ့်လည်း အာရုံကြော၊သွေးကြောတွေပျက်စီးသွားတဲ့အခါ သွေးအရောက်နည်းပြီး အာရုံခံစားမှုမရှိတော့တဲ့အတွက် လိင်တံထောင်မတ်ခြင်းမပြုနိုင်တော့ပါ။

ဒီအခါမှာသေးပေါက်ဖို့ကလွဲရင် ဘာမှအသုံးမဝင်တဲ့ လိင်တံဖြစ်သွားမှာပါ။

၃။လိင်အင်္ဂါတဝိုက်အနာဖြစ်ခြင်း

စီလီကွန်ထိုးဆေးနဲ့မတည့်တဲ့အခါ သို့မဟုတ် အပ်မသန့်လို့၊ဆေးထိုးပေးတဲ့သူကတကိုယ်ရည်သန့်ရှင်းမှုမရှိလို့ ဆီးပိုးဝင်တဲ့အခါမှာ ဆေးထိုးပြီးနောက် ယားတာ၊အနာဖြစ်တာတွေဖြစ်နိုင်ပါတယ်။

ဒါ့အပြင် ဆေးကမတော်တဆ ဝှေးစေ့နဲ့ဆီးခုံထဲရောက်သွားရင် အဲ့နေရာတွေမှာအလုံးအကြိတ်တွေဖြစ်နိုင်ပါတယ်။

၄။ကင်ဆာဖြစ်တာ

စီလီကွန်ထိုးခြင်းရဲ့အဆိုးဆုံးဘေးထွက်ဆိုးကျိုးတခုကတော့ ကင်ဆာဖြစ်နိုင်တာပါ။စီလီကွန်နဲ့ဆဲလ်တွေတစ်သျှူးတွေနဲ့တိုက်ရိုက်ထိတာကြာလာရင်ရေရှည်မှာကင်ဆာဖြစ်နိုင်ပါတယ်။ဒါကြောင့် အမျိုးသမီးတွေရင်သားထဲစီလီကွန်ထည့်တဲ့အခါမှာ ကျွမ်းကျင်ခွဲစိတ်ဆရာဝန်က အသားနဲ့တိုက်ရိုက်မထိတွေ့အောင် အကာအိတ်လေးတွေနဲ့ စနစ်တကျထည့်ပေးတာပါ။

ဒါတွေကတော့ ကြီးဆေးထိုးခြင်းရဲ့ဆိုးကျိုးအန္တရာယ်တွေပါ။တချို့တွေက ထိုးခါစမှာ ဖြစ်တာရှိသလို တချို့ကျလည်း ထိုးပြီးတနှစ် နှစ်နှစ်လောက်ကြာမှဖြစ်ပါတယ်။အချိန်စောတာနဲ့နောက်ကျတာပဲကွာပေမယ့်ထိုးသမျှလူတိုင်းအားလုံးနီးပါး ဒီဆိုးကျိုးတွေဖြစ်လေ့ရှိပါတယ်။ဘာလို့လဲဆိုတော့ အပေါ်မှာတခါပြောခဲ့သလို ဆေးတွေကအရည်အသွေးမပြည့်မှီတဲ့အပြင် ထိုးပေးတဲ့သူတွေကလည်း ကျွမ်းကျင်ပညာရှင်တွေမဟုတ်လို့ပါ။

ကြီးဆေးထိုးတာဟာဘေးထွက်ဆိုးကျိုးတအားများပြီး ပြန်လည်ကုသတဲ့အခါမှာလည်း ကုန်ကျစရိတ်တအားများကာ နဂိုအတိုင်းပြန်ဖြစ် ပြန်ကောင်းဖို့ကလည်းမလွယ်ပါဘူး။

ဒါကြောင့် အဆုံးသတ်အနေနဲ့အကြံပေးချင်တာက လူငယ်လူရွယ်များအနေနဲ့ အင်တာနက်ကြည့်ပြီး ဖေ့ဘုတ်က အရေးအသားကောင်းကောင်းနဲ့ကြော်ငြာထားတာတွေကြည့်ပြီး သူများမြှောက်ပေးတိုင်းကြီးဆေးထိုးတာမျိုးလုံးဝမလုပ်ဖို့အကြံပေးချင်ပါတယ်။

Dr 528

 

 

 

Previous Post

ပြောင်းဖူးစားရင် သွေးပေါင်ကျသလား

Next Post

နှာစေး၊ချောင်းဆိုးနဲ့ လည်ချောင်းနာအတွက်   ဇီယာ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.5k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
800
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

2 years ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
646

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
1k

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

နှာစေး၊ချောင်းဆိုးနဲ့ လည်ချောင်းနာအတွက်   ဇီယာ

ငါးစားတာ ဘာတွေကောင်းပြီး  ဘာတွေဆိုးလဲ

မိဘနဲ့ကလေး အတူတူအိပ်သင့်မအိပ်သင့်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.