(Zawgyi)
ေမး- ဆရာ အႏၲရာယ္ကင္းစြာ ေမြးႏိုင္ဖို႔ ဘာေတြ၊ ဘယ္လိုလိုက္နာသင့္ သလဲဆရာ။ ၿပီး အႏၲရာယ္ကင္းစြာ သားဆက္ျခားႏိုင္ဖို႔ ဘယ္လိုလုပ္ေဆာင္ႏိုင္ ပါသလဲရွင့္။
ေဒၚေထြးေထြး (မေကြး)
ေျဖ- အႏၲရာယ္ကင္းေအာင္ ေမြးဖြားႏိုင္ဖို႔အတြက္ ကိုယ္ဝန္ရွိမွန္းသိသိျခင္း ကြၽမ္းက်င္သူ၊ က်န္းမာေရးဝန္ထမ္း၊ သားဖြားဆရာမ၊ ဆရာဝန္၊ သူနာျပဳ၊ ဆရာမ မ်ားနဲ႔ ဗိုက္အပ္ရပါမယ္။ သူတို႔ခ်ိန္းတဲ့အတိုင္း ျပရမယ္။ အမ်ားအားျဖင့္ ကိုယ္ဝန္ေစာင့္ေရွာက္မႈ အနည္းဆုံး (၄)ႀကိမ္ ခံယူရမယ္။ ကိုယ္ဝန္ရွိၿပီး ပထမ (၄)လအတြင္း၊ ပထမအႀကိမ္ ကိုယ္ဝန္ (၆)လမွ (၇)လအတြင္း၊ ဒုတိယအႀကိမ္ကိုယ္ဝန္ (၈)လမွာ တတိယအႀကိမ္ႏွင့္ ကိုယ္ဝန္(၉)လ မွာ စတုတၳ အႀကိမ္ကို ျပသသင့္ပါတယ္။
ေနထိုင္နည္း- အာဟာရျပည့္ဝမွ်တေအာင္ စားရမယ္။ အသီးအႏွံနဲ႔ အသားငါးမွ်တေအာင္ စားေပးရမယ္။ ပင္ပန္းတဲ့အလုပ္မ်ား ေရွာင္ၾကဥ္ၿပီး လုံေလာက္ေအာင္ အိပ္စက္အနားယူရမယ္။ ေမြးဖြားခါနီး မီးဖြားခြင့္ (၆)လကို အလုပ္လုပ္ေနတဲ့ ႐ုံးဌာနအား ခြင့္တင္ရမယ္။ ေမြးဖြားရာမွ လိုအပ္တဲ့ေငြေၾကး၊ ကေလး အက်ႌ၊ အႏွီး၊ ကေလးေခါင္းအုံး စသျဖင့္ ႀကိဳတင္စီစဥ္ထားရမယ္။ အေရးေပၚအတြက္ ကား၊ ဆိုက္ကား စတဲ့ ႀကိဳတင္စီစဥ္ထားရွိရမယ္။ ေမြးဖြားရာမွာ ကြၽမ္းက်င္တဲ့ က်န္းမာေရးဝန္ထမ္းမ်ားနဲ႔ ေမြးဖြားရမယ္။ အရပ္လက္သည္နဲ႔မေမြးသင့္ဘူး။ သားဦးႏွင့္ ကိုယ္ဝန္အေရအတြက္မ်ားရင္ ေဆး႐ုံ၊ ေဆးခန္းမွာ တတ္ကြၽမ္းတဲ့ ဆရာဝန္၊ ဆရာမတို႔နဲ႔ ေမြးဖြားသင့္တယ္။
ခ်က္ခ်င္းျပ- ကိုယ္ဝန္ေဆာင္ ေသြးဆင္းျခင္း၊ တက္ျခင္း၊ သတိလစ္ျခင္း၊ ေခါင္းျပင္းစြာကိုက္ျခင္း၊ အျမင္မႈန္ဝါးျခင္း၊ ေျခလက္ေဖာေရာင္ျခင္း၊ ဖ်ားၿပီး အိပ္ရာက မထႏိုင္ အားနည္းျခင္း၊ ဗိုက္နာျခင္း၊ အသက္ရွဴျမန္ျခင္း၊ အသက္ရွဴခက္ခဲျခင္း ခံစားရရင္ ေဆး႐ုံ၊ ေဆးခန္းလာျပၿပီး ဆရာဝန္နဲ႔ျပသဖို႔လိုတယ္။ ကေလးလႈပ္ရွားမႈ မရွိျခင္း၊ ေနမေကာင္းျခင္း၊ ဆီးသြားနည္းျခင္း၊ ျပင္းထန္စြာအန္ျခင္းတို႔ ရွိပါကလည္း ျပသရမယ္။
မီးဖြားၿပီးပါက လုံၿခဳံစိတ္ခ်ရတဲ့ သားဆက္ျခားနည္းလမ္းမ်ားကို ဆရာဝန္၊ ဆရာမတို႔ထံ ပြင့္ပြင့္လင္းလင္း ေမးျမန္းရမယ္။ ယာယီသားဆက္ျခားတာအေနနဲ႔ ေဆး၊ ထိုးေဆးနဲ႔ သားအိမ္အတြင္း ပစၥည္းထည့္ျခင္း၊ အေရျပားေအာက္ပစၥည္း ထည့္ျခင္း လုပ္ႏိုင္ပါတယ္။
စားေဆး- ပဋိသေႏၶတားေဆး (O.C Pills) ကိုေန႔စဥ္တစ္လုံးက် (၂၈)ရက္ မပ်က္မကြက္ တိုက္ဖို႔လိုတယ္။
ပစၥည္းထည့္ျခင္း- သားအိမ္အတြင္း အလူမီနီယမ္၊ ေၾကးေခ်ာင္းကို (၅)ႏွစ္မွ (၁၀)ႏွစ္အထိ ထည့္ၿပီး သားသမီးလိုခ်င္ရင္ ခ်က္ခ်င္းဖယ္ရွားကာ ရယူႏိုင္တယ္။ အေရျပားေအာက္ထည့္ျခင္း (၃)ႏွစ္အထိ သက္တမ္းရွိၿပီး သားသမီး လိုခ်င္ရင္ ျပန္ထုတ္လို႔ရတယ္။
ကြန္ဒြန္သုံးျခင္း- သားသမီးမရ႐ုံသာမက လိင္မွတစ္ဆင့္ကူးစက္တတ္တဲ့ ေရာဂါမ်ားမွ ကင္းေဝးႏိုင္ပါတယ္။ သဘာဝနည္းျဖင့္ သားဆက္ျခားျခင္းမွာ မိခင္ႏို႔တိုက္ျခင္းနည္းနဲ႔ ရက္ေရွာင္တဲ့နည္းဆိုၿပီး သိရွိႏိုင္ပါတယ္။
မိခင္ႏို႔တိုက္ျခင္း- အသက္ (၆)လအထိ (၄)နာရီခန႔္ျခားၿပီး မိခင္ႏို႔ မၾကာခဏတိုက္ရင္ သားဆက္ျခားတယ္။
ရက္ေရွာင္ျခင္း- ေနာက္ဆုံးရာသီစတဲ့ရက္မွ (၁၄)ရက္ေျမာက္ (၁၅)ရက္ ေျမာက္ေန႔မ်ား ေရွာင္ရွားျခင္းက ေဘးထြက္ဆိုးက်ိဳးမရွိဘဲ သားဆက္ျခားႏိုင္တယ္။ ဓမၼတာပုံမွန္မလာသူမ်ားအတြက္ ကိုယ္ဝန္ရသြားႏိုင္တယ္။ သားဆက္ျခားျခင္း တစ္မ်ိဳးမ်ိဳးေ႐ြးခ်ယ္လိုရင္ နီးစပ္ရာေဆး႐ုံ၊ ေဆးခန္း၊ က်န္းမာေရးဌာနတို႔နဲ႔ ဆက္သြယ္သင့္သလို လိုအပ္တဲ့အႀကံဉာဏ္ ေတာင္းခံသင့္တယ္။
သားေၾကာျဖတ္ျခင္း- မိခင္ကေရာဂါရွိၿပီး သားသမီး (၃)ဦးအထက္ျဖစ္ခဲ့ရင္ သားဖြားမီးယပ္ပါရဂူျပၿပီး သားေၾကာျဖတ္သင့္ပါတယ္။
Author: ေဒါက္တာလြင္သန႔္
မေး- ဆရာ အန္တရာယ်ကင်းစွာ မွေးနိုင်ဖို့ ဘာတွေ၊ ဘယ်လိုလိုက်နာသင့် သလဲဆရာ။ ပြီး အန္တရာယ်ကင်းစွာ သားဆက်ခြားနိုင်ဖို့ ဘယ်လိုလုပ်ဆောင်နိုင် ပါသလဲရှင့်။
ဒေါ်ထွေးထွေး (မကွေး)
ဖြေ- အန္တရာယ်ကင်းအောင် မွေးဖွားနိုင်ဖို့အတွက် ကိုယ်ဝန်ရှိမှန်းသိသိခြင်း ကျွမ်းကျင်သူ၊ ကျန်းမာရေးဝန်ထမ်း၊ သားဖွားဆရာမ၊ ဆရာဝန်၊ သူနာပြု၊ ဆရာမ များနဲ့ ဗိုက်အပ်ရပါမယ်။ သူတို့ချိန်းတဲ့အတိုင်း ပြရမယ်။ အများအားဖြင့် ကိုယ်ဝန်စောင့်ရှောက်မှု အနည်းဆုံး (၄)ကြိမ် ခံယူရမယ်။ ကိုယ်ဝန်ရှိပြီး ပထမ (၄)လအတွင်း၊ ပထမအကြိမ် ကိုယ်ဝန် (၆)လမှ (၇)လအတွင်း၊ ဒုတိယအကြိမ်ကိုယ်ဝန် (၈)လမှာ တတိယအကြိမ်နှင့် ကိုယ်ဝန်(၉)လ မှာ စတုတ္ထ အကြိမ်ကို ပြသသင့်ပါတယ်။
နေထိုင်နည်း- အာဟာရပြည့်ဝမျှတအောင် စားရမယ်။ အသီးအနှံနဲ့ အသားငါးမျှတအောင် စားပေးရမယ်။ ပင်ပန်းတဲ့အလုပ်များ ရှောင်ကြဉ်ပြီး လုံလောက်အောင် အိပ်စက်အနားယူရမယ်။ မွေးဖွားခါနီး မီးဖွားခွင့် (၆)လကို အလုပ်လုပ်နေတဲ့ ရုံးဌာနအား ခွင့်တင်ရမယ်။ မွေးဖွားရာမှ လိုအပ်တဲ့ငွေကြေး၊ ကလေး အကျႌ၊ အနှီး၊ ကလေးခေါင်းအုံး စသဖြင့် ကြိုတင်စီစဉ်ထားရမယ်။ အရေးပေါ်အတွက် ကား၊ ဆိုက်ကား စတဲ့ ကြိုတင်စီစဉ်ထားရှိရမယ်။ မွေးဖွားရာမှာ ကျွမ်းကျင်တဲ့ ကျန်းမာရေးဝန်ထမ်းများနဲ့ မွေးဖွားရမယ်။ အရပ်လက်သည်နဲ့မမွေးသင့်ဘူး။ သားဦးနှင့် ကိုယ်ဝန်အရေအတွက်များရင် ဆေးရုံ၊ ဆေးခန်းမှာ တတ်ကျွမ်းတဲ့ ဆရာဝန်၊ ဆရာမတို့နဲ့ မွေးဖွားသင့်တယ်။
ချက်ချင်းပြ- ကိုယ်ဝန်ဆောင် သွေးဆင်းခြင်း၊ တက်ခြင်း၊ သတိလစ်ခြင်း၊ ခေါင်းပြင်းစွာကိုက်ခြင်း၊ အမြင်မှုန်ဝါးခြင်း၊ ခြေလက်ဖောရောင်ခြင်း၊ ဖျားပြီး အိပ်ရာက မထနိုင် အားနည်းခြင်း၊ ဗိုက်နာခြင်း၊ အသက်ရှူမြန်ခြင်း၊ အသက်ရှူခက်ခဲခြင်း ခံစားရရင် ဆေးရုံ၊ ဆေးခန်းလာပြပြီး ဆရာဝန်နဲ့ပြသဖို့လိုတယ်။ ကလေးလှုပ်ရှားမှု မရှိခြင်း၊ နေမကောင်းခြင်း၊ ဆီးသွားနည်းခြင်း၊ ပြင်းထန်စွာအန်ခြင်းတို့ ရှိပါကလည်း ပြသရမယ်။
မီးဖွားပြီးပါက လုံခြုံစိတ်ချရတဲ့ သားဆက်ခြားနည်းလမ်းများကို ဆရာဝန်၊ ဆရာမတို့ထံ ပွင့်ပွင့်လင်းလင်း မေးမြန်းရမယ်။ ယာယီသားဆက်ခြားတာအနေနဲ့ ဆေး၊ ထိုးဆေးနဲ့ သားအိမ်အတွင်း ပစ္စည်းထည့်ခြင်း၊ အရေပြားအောက်ပစ္စည်း ထည့်ခြင်း လုပ်နိုင်ပါတယ်။
စားဆေး- ပဋိသန္ဓေတားဆေး (O.C Pills) ကိုနေ့စဉ်တစ်လုံးကျ (၂၈)ရက် မပျက်မကွက် တိုက်ဖို့လိုတယ်။
ပစ္စည်းထည့်ခြင်း- သားအိမ်အတွင်း အလူမီနီယမ်၊ ကြေးချောင်းကို (၅)နှစ်မှ (၁၀)နှစ်အထိ ထည့်ပြီး သားသမီးလိုချင်ရင် ချက်ချင်းဖယ်ရှားကာ ရယူနိုင်တယ်။ အရေပြားအောက်ထည့်ခြင်း (၃)နှစ်အထိ သက်တမ်းရှိပြီး သားသမီး လိုချင်ရင် ပြန်ထုတ်လို့ရတယ်။
ကွန်ဒွန်သုံးခြင်း- သားသမီးမရရုံသာမက လိင်မှတစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါများမှ ကင်းဝေးနိုင်ပါတယ်။ သဘာဝနည်းဖြင့် သားဆက်ခြားခြင်းမှာ မိခင်နို့တိုက်ခြင်းနည်းနဲ့ ရက်ရှောင်တဲ့နည်းဆိုပြီး သိရှိနိုင်ပါတယ်။
မိခင်နို့တိုက်ခြင်း- အသက် (၆)လအထိ (၄)နာရီခန့်ခြားပြီး မိခင်နို့ မကြာခဏတိုက်ရင် သားဆက်ခြားတယ်။
ရက်ရှောင်ခြင်း- နောက်ဆုံးရာသီစတဲ့ရက်မှ (၁၄)ရက်မြောက် (၁၅)ရက် မြောက်နေ့များ ရှောင်ရှားခြင်းက ဘေးထွက်ဆိုးကျိုးမရှိဘဲ သားဆက်ခြားနိုင်တယ်။ ဓမ္မတာပုံမှန်မလာသူများအတွက် ကိုယ်ဝန်ရသွားနိုင်တယ်။ သားဆက်ခြားခြင်း တစ်မျိုးမျိုးရွေးချယ်လိုရင် နီးစပ်ရာဆေးရုံ၊ ဆေးခန်း၊ ကျန်းမာရေးဌာနတို့နဲ့ ဆက်သွယ်သင့်သလို လိုအပ်တဲ့အကြံဉာဏ် တောင်းခံသင့်တယ်။
သားကြောဖြတ်ခြင်း- မိခင်ကရောဂါရှိပြီး သားသမီး (၃)ဦးအထက်ဖြစ်ခဲ့ရင် သားဖွားမီးယပ်ပါရဂူပြပြီး သားကြောဖြတ်သင့်ပါတယ်။
Author: ဒေါက်တာလွင်သန့်