fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

ဖန်ပြွန်သန္ဓေသား လူတိုင်းယူလို့ရသလား

4.8k
VIEWS
Share on FacebookShare on TwitterShare on Linkedin
19/02/2019
in အမျိုးသားကျန်းမာရေး
1 min read
A A

ဖန်ပြွန်သန္ဓေသား လူတိုင်းယူလို့ရသလား

ဖန်ပြွန်သန္ဓေယူခြင်းဆိုတာဟာ အကြောင်းအမျိုးမျိုးကြောင့် ကလေးရဖို့ခက်နေတဲ့ အိမ်ထောင်စုံတွဲတွေမှာ အမျိုးသားရဲ့ သုတ်ကောင်တွေနှင့် အမျိုးသမီးရဲ့ သားဥတွေကို ထုတ်ယူကာ ခန္ဓာကိုယ်ပြင်ပ ဓါတ်ခွဲခန်းထဲက အထူးပြုလုပ်ထားတဲ့ ဖန်ပြွန်ထဲမှာပေါင်းစပ်စေပြီး ရလာတဲ့သန္ဓေအောင်ဥကို သားအိမ်ထဲတိုက်ရိုက်ထည့်ခြင်းဖြင့် ကိုယ်ဝန်ရအောင်လုပ်ခြင်းဖြစ်ပါတယ်။

ဆေးပညာအရတော့ ဒီလိုလုပ်တာကို In vitro fertilization (IVF) လို့ခေါ်ပါတယ်။

ကလေးရဖို့ ခက်ခဲတိုင်း IVF တန်းမလုပ်ပေးပါဘူး။ လုပ်ဖို့လည်း မလိုသေးနိုင်ပါ။

ဘာလို့လဲဆိုတော့ IVF လုပ်ခြင်းဟာ ကုန်ကျစရိတ်လည်း အရမ်းများတဲ့အပြင် လုပ်ရတဲ့အဆင့်တွေကလည်း များလို့ပါ။

IVF လုပ်တဲ့အခါ အဆင့် ၄ ဆင့်ရှိပါတယ်။

အဲ့ဒါတွေကတော့

အဆင့် ၁ – မမျိုးဥကြွေအောင် လှုံ့ဆော်ခြင်း

ပုံမှန်အတိုင်းဆိုရင် အမျိုးသမီးတွေဟာ တလကို မမျိုးဥတလုံးပဲ ကြွေပါတယ်။

IVF နည်းဖြင့် ကိုယ်ဝန်ဆောင်မယ်ဆိုရင် ပုံမှန်ကြွေတဲ့ မမျိုးဥတလုံးတည်းနဲ့ မလုံလောက်ပါဘူး။ ပျက်စီးဆုံးရှုံးနိုင်ခြေကိုပါ တွက်ပြီး မမျိုးဥကို များနိုင်သလောက် များများယူထားဖို့ လိုပါတယ်။

ဒါကြောင့် မျိုးဥအိမ်မှ မျိုးဥများများကြွေအောင် လှုံဆော်ပေးတဲ့ ဟော်မုန်းဆေးတွေ သို့မဟုတ် သန္ဓေအောင်အားဆေးတွေ သောက်တာ ထိုးတာတွေ လုပ်ရနိုင်ပါတယ်။

ဒီလိုမလုပ်ခင်နဲ့ လုပ်နေစဉ်အတွင်းမှာ သားဥကြွေမကြွေ၊ ဟော်မုန်းပမာဏ ကောင်းမကောင်းသိဖို့အတွက် အာထရာဆောင်းရိုက်တာ၊ သွေးတွင်းဟော်မုန်းစစ်တာတွေလည်း မကြာခဏလုပ်ဖို့လိုနိုင်ပါတယ်။

အဆင့် ၂ – မမျိုးဥ ထုတ်ယူသိမ်းဆည်းခြင်း

ဟော်မုန်းဆေးတွေပေးပြီးနောက် မမျိုးဥအိမ်တွေက မျိုးဥတွေကြွေလာပြီဆိုရင် ကြွေလာတဲ့မျိုးဥတွေကို မျိုးဥအိမ်တွေဆီကနေ ထုတ်ယူပါတယ်။

ထုတ်ယူတဲ့နည်းကတော့ မိန်းမကိုယ်မှတဆင့် သားဥပြွန်ကိုဖြတ်ကာ မျိုးဥအိမ်ဆီရောက်အောင် သေးသွယ်တဲ့ မျိုးဥစုပ်ယူပိုက်လေးကို သွင်းပြီး စုပ်ယူတာဖြစ်ပါတယ်။ မျိုးဥအိမ်နှစ်ဖက်လုံးက မျိုးဥတွေကို သည်နည်းနဲ့ တလှည့်စီစုပ်ယူပါတယ်။

သည်လိုလုပ်တဲ့အခါမှာ နာကျင်မှုအနည်းငယ် ခံစားရနိုင်ပါတယ်။ ဒါပေမယ့် အရမ်းစိုးရိမ်ဖို့မလိုပါ။ ပြုလုပ်နေစဉ် နာကျင်မှုသက်သာအောင် ဆေးဝါးများပေးထားမှာ ဖြစ်ပါတယ်။

စုပ်ယူလို့ရတဲ့ မမျိုးဥတွေကိုတော့ စုပ်ယူပြီးပြီးချင်းမှာ မမျိုးဥတွေအတွက် လိုအပ်သော အာဟာရဓါတ်တွေပါတဲ့ Culture dish ထဲထည့်ပါတယ်။

ထို့နောက်မှာတော့ Incubator ထဲကို ပြောင်းထည့်ပါတယ်။

အဆင့်၃ – သုတ်ကောင်နဲ့ ပေါင်းစပ်ကာ သန္ဓေအောင်ဥဖြစ်စေခြင်း

ဒီအဆင့်မှာတော့ စုပ်ယူရရှိထားတဲ့ မမျိုးဥတွေထဲက အရည်သွေးကောင်းတာတွေကို ပြန်စီစစ်ရွေးချယ်ပြီး အမျိုးသားဆီကနေ ယူထားတဲ့သုတ်ပိုးတွေထဲက အကောင်းဆုံးသုတ်ပိုးတွေနဲ့ ရောနှောကာ ဖန်ပြွန်ထဲကို ထည့်သွင်းပါတယ်။

ထို့နောက်မှာတော့ မိခင်သားအိမ်အခြေအနေနဲ့တူအောင် ဖန်တီးထားတဲ့ ပတ်ဝန်းကျင်နေရာမှာ ဖန်ပြွန်ကိုထားရှိကာ သုတ်ကောင်တွေနဲ့ မမျိုးဥတွေပေါင်းစပ်ပြီး သန္ဓေအောင်ဥတွေ ဖြစ်မဖြစ်စောင့်ကြည့်ပါတယ်။

ဒီလိုစောင့်ကြည့်ရင်းနဲ့ သုတ်ကောင်ကမမျိုးဥထဲကို ဝင်ဖို့ခက်နေတယ်ဆိုရင် Intracytoplasmic Sperm Injection ICSI နည်းကိုသုံးပြီး သုတ်ကောင်အား မမျိုးဥထဲရောက်အောင် ထည့်သွင်းပါတယ်။

အဆင့် ၄ – မိခင်သားအိမ်ထဲကို သန္ဓေသားလွှဲပြောင်းထည့်ပေးခြင်း

ဖန်ပြွန်ထဲမှာ သန္ဓေအောင်ဥတွေကနေ သန္ဓေသားလောင်းတွေအဖြစ် ကြီးထွားလာတဲ့အခါ သူတို့တွေထဲက အကောင်းဆုံးတွေကို ရွေးချယ်ပြီး အမျိုးသမီးရဲ့ ဆန္ဒနဲ့ ခံနိုင်ရည်ပေါ်မူတည်ကာ ကလေးတယောက်လိုချင်ရင် သန္ဓေသားလောင်းတခု၊ နှစ်ယောက် (အမြွှာပူး) လိုချင်ရင် သန္ဓေသားလောင်းနှစ်ခု ကို အမျိုသမီးရဲ့ မွေးလမ်းကြောင်းမှတဆင့် သားအိမ်ခေါင်းကိုဖြတ်ကာ သားအိမ်အတွင်းကိုထည့်သွင်းပေးပါတယ်။

ယောက်ျားလေး၊ မိန်းကလေးရွေးချယ်လို့လည်း ရပါတယ်။

တချို့မျိုးဆက်ပွား စင်တာတွေမှာတော့ ဖန်ပြွန်ထဲက သန္ဓေသားလောင်းကို မိခင်သားအိမ်ထဲထည့်သွင်းခြင်းမပြုမှီ သန္ဓေသားလောင်းမှာ မျိုးရိုးဗီဇနဲ့ ဆိုင်တဲ့ရောဂါပါမပါ စစ်ဆေးခြင်း (Pre-implantation Genetic Diagnosis – PGD) စစ်ဆေးခြင်းကို ပြုလုပ်ပါတယ်။

ဒီလိုစစ်ဆေးခြင်းဖြင့် သန္ဓေသားလောင်းမှာ မျိုးရိုးဗီဇနဲ့ဆိုင်တဲ့ ရောဂါပါလာနိုင်ခြေကို လျော့ကျစေတယ်လို့ သုတေသနပညာရှင်အချို့က ဆိုထားပါတယ်။

ဒါပေမယ့် တချို့သုတေသနပညာရှင်တွေကတော့ ဒီလိုစစ်ပေမယ့်လည်း မျိုးရိုးဗီဇနဲ့ဆိုင်တဲ့ ရောဂါပါလာနိုင်ခြေဟာ သိသာစွာ လျော့ကျမသွားစေတတ်ဘူး။

PGD လုပ်ပြီးထည့်တဲ့ သန္ဓေသားလောင်းကိုလည်း မွေးလာတဲ့အခါ မျိုးရိုးဗီဇနဲ့ဆိုင်တဲ့ရောဂါတွေ လုံးဝမပါလာနိုင်ပါလို့ အာမခံမရပါလို့ ပြောထားတာမျိုးလည်းရှိပါတယ်။

ဒါကြောင့် တချို့မျိုးဆက်ပွားစင်တာတွေအနေနဲ့ PGD မလုပ်ဘဲ သန္ဓေသားလောင်းကို မိခင်သားအိမ်ထဲထည့်တာမျိုးလည်း ရှိပါတယ်။

IVF လုပ်တဲ့အခါဖြစ်နိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေလည်း ရှိပါတယ်။

အဲ့ဒါတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

၁။ မျိုးဥကြွေစေရန်လှုံ့ဆော်တဲ့ ဟော်မုန်းဆေးတွေ သောက်ရတာကြောင့် ခေါင်းကိုက်တာ၊ ပျို့အန်တာ၊ မောတာ၊ ကိုယ်အလေးချိန်တိုးလာတာ၊ မမျိုးဥအိမ်ကိုဆေးတွေက အခန့်မသင့်လို့ အလွန်အကျွံ့လှုံ့ဆော်မိတဲ့အခါ Ovarian Hyperstimulation Syndrome (OHSS) ရောဂါဖြစ်ပြီး ဝမ်းဗိုက်မှာရေဖျဉ်းစွဲသလိုဖြစ်တာ၊ ခန္ဓာကိုယ်ဖောရောင်တာ၊ ဆီးနည်းတာ တွေဖြစ်နိုင်ခြေရှိပါတယ်။

၂။ သားဥအိမ်အတွင်းမှာ သားဥတွေကို ယူတဲ့အခါမှာ ပိုးဝင်တာ၊ သွေးထွက်တာ၊ သားဥအိမ်အနီးတဝိုက်က ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ (ဥပမာ ဆီးအိမ်၊ အူ) ကို ထိခိုက်မိတာတွေ ဖြစ်နိုင်ခြေရှိပါတယ်။

၃။ ကိုယ်ဝန်ဆောင်တဲ့အခါမှာလည်း နေရာလွဲမှားသန္ဓေတည်တာ၊ လမစေ့ဘဲမွေးတာ၊ ပေါင်မပြည့်ဘဲမွေးတာတွေ ဖြစ်နိုင်ပါတယ်။

ရိုးရိုးသာမန်ကိုယ်ဝန်သည်တွေနည်းတူ ကိုယ်ဝန်ပျက်ကျနိုင်ခြေဟာလည်း ရှိပါသေးတယ်။

ဒီဆိုးကျိုးတွေအပြင် ဖန်ပြွန်သန္ဓေနည်းဟာ လုပ်တိုင်းအောင်မြင်မယ်လို့ ယတိပြတ် အာမမခံထားပါ။ တချို့တွေဆို နှစ်ကြိမ်၊ သုံးကြိမ်လောက်မှ အောင်မြင်ပြီး ကိုယ်ဝန်ရတာမျိုးလည်း ရှိပါတယ်။

IVF နည်းဟာ ဒီလိုဘေးထွက်ဆိုးကျိုးတွေများတဲ့အပြင် အောင်မြင်မယ် မအောင်မြင်ဘူး သေချာမပြောနိုင်တာကြောင့်၊ အကုန်အကျလည်း အရမ်းများတာကြောင့် ကိုယ်ဝန်ရဖို့ခက်ခဲတဲ့ အိမ်ထောင်ရှင်စုံတွဲတိုင်းကို ဒီနည်းစလုပ်ပေးလေ့မရှိဘဲ မမျိုးဥကြွေအောင် ဟော်မုန်းဆေးတွေပေးတာ၊ IUS (Intrauterine insemination) ခေါ် မမျိုးဥကြွေရက်နဲ့ကိုက်ပြီး အမျိုးသမီးသားအိမ်ထဲ သုတ်ကောင်ထည့်ပေးတာစတဲ့ အကုန်အကျအရမ်းမများ ဘေးထွက်ဆိုးကျိုးသိပ်မရှိတဲ့ နည်းတွေကိုအရင်လုပ်လေ့ရှိပါတယ်။

သို့သော် IVF နည်းသုံးမှ ဖြစ်မယ့် အခြေအနေတွေလည်းရှိပါတယ်။

အဲ့ဒါတွေကတော့

– အကြောင်းအမျိုးမျိုးကြောင့် မမျိုးဥပြွန်ဆိုးဆိုးဝါးဝါးပိတ်တာ၊ ပျက်စီးနေတာတွေဖြစ်ပြီး သားဥပြွန်ပွင့်အောင် ၊ပြန်ကောင်းအောင်လုပ်တာလည်း မအောင်မြင်တာ

– သားဥပြွန်ဖြတ်လိုက်ပြီးမှ အကြောင်းအမျိုးမျိုးကြောင့် ကလေးပြန်လိုချင်တာ

– သားဥအိမ်ကောင်းကောင်း အလုပ်မလုပ်တာ

– သားအိမ်မှာ အလုံးအကျိတ်တွေရှိတာ

– သားအိမ်တသျှူးတွေ နေရာလွဲမှားရောက်နေတဲ့ (Endometriosis) ရောဂါရှိတာ

– အမျိုးသားရဲ့ သုတ်ပိုးပမာဏာနည်းပြီး သုတ်ပိုးပုံစံတွေကလည်း မမှန်ဖြစ်နေတာ

– တခြားနည်းတွေ သုံးပြီးသော်လည်း ကိုယ်ဝန်ရဖို့ခက်နေတာ စတဲ့အခြေအနေတွေ ဖြစ်ပါတယ်။

အဆုံးသတ်အနေနဲ့ အကြံပေးချင်တာကတော့ ဖန်ပြွန်သန္ဓေနည်း (IVF) ဟာ ယောက်ျားလေး၊ မိန်းကလေးရွေးချယ်လို့ရခြင်း၊ အမြွှာလိုချင်ရင်လည်း ရနိုင်ခြင်း၊ အမျိုးသားဘက်က သုတ်ပိုးလုံးဝမကောင်းတာ၊ အမျိုးသမီးဘက်က မမျိုးဥလုံးဝမကြွေတာစတဲ့ အခြေအနေတွေရှိရင်လည်း သုတ်ပိုးအလှူရှင်၊ မျိုးဥအလှူရှင်တွေရဲ့ အကူအညီနဲ့ ကိုယ်ဝန်ဆောင်နိုင်ခြင်းစတဲ့ အကျိုးကျေးဇူးတွေရှိပေမယ့်

ငွေကြေးကုန်ကျမှု အရမ်းများတဲ့အပြင် စိတ်ပန်း၊ လူပန်းလည်း ဖြစ်နိုင်တာကြောင့် မလုပ်ခင်မှာ မျိုးဆက်ပွားစင်တာတွေကို သွားပြီး ဆရာဝန်နဲ့ ဆွေးနွေးကာ IVF လုပ်ပုံလုပ်နည်းကို သေချာလေ့လာဖို့လိုပါတယ်။

IVF နည်းနဲ့ သန္ဓေသားယူမယ်ဆိုပါက အလုပ်အကိုင်အဆင်ပြေပြီး စိတ်ဖိစီးစရာနည်းနေတဲ့အချိန်မှာပဲ ယူသင့်ကြောင်း အဆုံးသတ်အနေနဲ့ အကြံပေးချင်ပါတယ်။

Dr. 528

Previous Post

ကလေးက ဝနေတာလား ဖောနေတာလား

Next Post

သဘာဝနည်းနဲ့ ဆံပင်ပေါင်းတင်ကြမယ်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
752
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

1 year ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
635

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
997

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သဘာဝနည်းနဲ့ ဆံပင်ပေါင်းတင်ကြမယ်

Tetra Pak

သွေးဆုံးပြီးမှ သွေးပြန်ဆင်းတာ ကြောက်စရာလား

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.