fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

ခပ်မှန်းတောင်မသိ အခပ်ခံလိုက်ရနိုင်တဲ့ ခပ်ဆေးအန္တရာယ်(Date Rape Drugs)

3.9k
VIEWS
Share on FacebookShare on TwitterShare on Linkedin
14/06/2019
in အမျိုးသားကျန်းမာရေး
1 min read
A A

ခပ်မှန်းတောင်မသိ အခပ်ခံလိုက်ရနိုင်တဲ့ ခပ်ဆေးအန္တရာယ်(Date Rape Drugs)

ဒီနေ့ခေတ်ရဲ့ အမျိုးသမီးငယ်လေးတွေကို အဓိက ခြိမ်းခြောက်နေတဲ့ ပြဿနာတစ်ခု ရှိပါတယ်။ဒါကတော့ Date Rape Drugs လို့ ခေါ်ကြတဲ့ ဆေးတွေပါပဲ။မြန်မာပြည်မှာတော့ ခပ်ဆေးလို့ ခေါ်လေ့ရှိပါတယ်။လူတယောက်ကို အသိစိတ်လွတ်သွားပြီး ကိုယ့်ကိုယ်ကို ကာကွယ်နိုင်စွမ်းမရှိတော့တဲ့အထိ ဖြစ်သွားစေတဲ့ဆေးမျိုးတွေပါ။အထူးသဖြင့် မုဒိမ်းမှုကျူးလွန်ချင်တဲ့သူတွေ သုံးလေ့ရှိပါတယ်။ဒါကြောင့်လည်း Date Rape Drugs လို့ ခေါ်ကြတာပါ။ဒီဆောင်းပါးမှာ အဆိုပါဆေးတွေအကြောင်း ၊ ဆေးခပ်ခံရတာကို မြန်မြန်သိစေနိုင်မဲ့အချက်များ ၊ မုဒိမ်းမှုကျူးလွန်နိုင်ချေရှိသူရဲ့ လက္ခဏာများ ၊ ဆေးခပ်ခံခဲ့ရရင် လုပ်ဆောင်ရမဲ့အချက်များစသဖြင့် ကြိုတင်ကာကွယ်နိုင်ဖို့ရာသိထားသင့်တဲ့အချက်တွေကို ဖော်ပြပေးသွားပါမယ်။

Date Rape Drugs တွေကြောင့် မုဒိမ်းမှုအပါအဝင် လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေအများကြီးဖြစ်နိုင်ပါတယ်။ဆေးခပ်ခံရသူဟာ

– အသိစိတ်လျော့ရဲနေပြီး မငြင်းဆန်နိုင်တာ၊ခွင့်ပြုမိတာ
– ပြန်လည်ခုခံဖို့ အားမရှိတော့လောက်အောင် ဖြစ်သွားတာ
– သတိရတချက် မရတချက်ဖြစ်တာ၊ လုံးဝသတိလစ်သွားတာ စသဖြင့် ဖြစ်သွားလေ့ရှိပါတယ်။

ဒါကြောင့် လူတယောက်ရဲ့အသိစိတ်အခြေအနေကိုပြောင်းလဲသွားစေတဲ့ ဆေးမှန်သမျှကို date rape drugs စာရင်းသွင်းလို့ ရပါတယ်။ဒီထဲမှာ အချို့ရောဂါတွေမှာသုံးရတဲ့ဆေးတွေ၊ ဘိန်းဖြူတို့ ဆေးခြောက်တို့လို မူးယစ်ဆေးတွေလည်း ပါဝင်ပါတယ်။

 

အသုံးအများဆုံး Date Rape Drugs များ

အရက်

အသုံးလည်းအများဆုံးဖြစ်သလို အလွယ်တကူလည်းအရရှိနိုင်ဆုံး Date Rape Drugs ကတော့ အရက် ပါပဲ။မုဒိမ်းမှုတွေရဲ့ တဝက်လောက်မှာ ကျူးလွန်တဲ့သူက မူးနေတာ ၊ အကျူးလွန်ခံရသူက မူးနေတာ ဒါမှမဟုတ် နှစ်ယောက်စလုံးမူးနေတာ တွေ့ရတတ်ပါတယ်။အနောက်နိုင်ငံများက ကောလိပ်အဆောင်တွေမှာအဖြစ်အများဆုံးက အရက်နဲ့ဆက်စပ်တဲ့ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေလို့ ဆိုပါတယ်။

အရက်ဟာ လူတယောက်ရဲ့ ငြင်းဆန်နိုင်စွမ်း၊ဟန့်တားနိုင်စွမ်းကို ကျဆင်းစေပြီး ပတ်ဝန်းကျင်ကို သတိမမူမိစေဘဲ အလွယ်တကူ လိင်ပိုင်းဆိုင်ရာကျူးလွန်ခံရစေနိုင်ပါတယ်။ဒါ့အပြင် အရက်ဟာ မုဒိမ်းသမားတွေကို ပိုမိုကြမ်းတမ်းခက်ထန်စေနိုင်ပြီး သူတပါးကိုနာကျင်စေလိုစိတ်ကို မြင့်တက်စေပါတယ်။

Benzodiazepines

စိတ်လှုပ်ရှားမှု၊စိတ်ပူပန်မှုများတာကိုကုသတဲ့အခါ သုံးတဲ့ Benzodiazepines အုပ်စုဝင်ဆေးတွေဟာ သောက်တဲ့သူကို အိပ်ငိုက်၊အိပ်ပျော်စေပါတယ်။ဒီလို အိပ်ဆေးအဖြစ်သိကြတဲ့ Xanax(Alprazolam) နဲ့ Klonopin (Clonazepam) တို့ကို Date Rape Drugs အဖြစ်နဲ့ မသမာသူတွေက အသုံးပြုလာနိုင်ပါတယ်။

လူသိအများဆုံး Benzodiazepine အုပ်စုဝင် Date Rape Drug ကတော့ Rohypnol (Flunitrazepam) ပါပဲ။ဒီဆေးဟာ သောက်မိတဲ့သူရဲ့ ကြွက်သားတွေကို လျော့ရဲသွားစေပြီး မတ်မတ်တောင် မရပ်နိုင်တော့တဲ့အထိ ဖြစ်စေပါတယ်။တချို့ဆိုရင် မူးဝေနောက်ကျိသွားတာမျိုး ၊ လုံးဝသတိမရှိတော့တာမျိုးအထိ ဖြစ်နိုင်ပါတယ်။ဆေးအာနိသင်ပြယ်သွားတဲ့အချိန်မှာ ဖြစ်ပျက်ခဲ့တာတွေကို ဘာတခုမှ မမှတ်မိတော့တာမျိုးအထိ ဖြစ်တတ်ပါတယ်။Rohypnol ဟာ ဆေးတောင့်ပုံစံဖြစ်ပြီး အရက်တို့ဘီယာတို့မှာ အလွယ်တကူပျော်ဝင်နိုင်ပါတယ်။

Ketamine

Ketamine ဟာ ထုံဆေးတမျိုးဖြစ်ပြီး အာနိသင်ချက်ချင်းဆိုသလို ပြတတ်ပါတယ်။ဆေးခပ်ခံရသူဟာ သတိလစ်သွားတာ ဒါမှမဟုတ် မူးဝေနောက်ကျိပြီး ဘာမဆို လိုက်လျောမိတာ စသဖြင့် ခံစားရတတ်ပါတယ်။ပြီးတော့ ဆေးခပ်ခံထားရတဲ့အချိန်မှာ ဖြစ်ပျက်သမျှကို မမှတ်မိတတ်ကြပါဘူး။ဒါ့အပြင် အာနိသင်ပြတာ မြန်လွန်းတာကြောင့် ဆေးခပ်ခံရမှန်းသိလိုက်ဖို့တောင် မလွယ်ကူပါဘူး။ပမာဏများသွားရင် အသက်ရှုရပ်ပြီး သေတတ်ပါတယ်။

Ketamine ဟာ အဖြူရောင်အမှုန့်ပုံစံရှိပြီး အရည်တခုခုနဲ့ရောရင် အဆိုပါအရည်ရဲ့ အရသာကို ပြောင်းစေတတ်ပါတယ်။ဒါကြောင့် ဒီဆေးကို မသမာတဲ့ရည်ရွယ်ချက်နဲ့အသုံးပြုသူတွေက ခပ်ပြင်းပြင်းအရက်တွေနဲ့ရောပြီး ဆေးခပ်မှန်းမသိအောင် ကြိုးစားတတ်ပါတယ်။

GHB

Gamma-hydroxybutyric acid (GHB) ဟာ ခန္ဓာကိုယ်ထဲမှာ သဘာဝအတိုင်းဖြစ်ပေါ်တတ်တဲ့ neurotransmitter တခုကို ဆေးအဖြစ်ထုတ်လုပ်ထားတာပါ။GHB က အာရုံကြောစနစ်ရဲ့ အလုပ်လုပ်ပုံကို နှေးကွေးစေပါတယ်။ဒီအခါ အိပ်ငိုက်တာ ၊ စိတ်ရှုပ်ထွေးနောက်ကျိတာ တွေ ဖြစ်ပါတယ်။

ပမာဏအနည်းငယ်ဆိုရင် မူးဝေပျို့အန်တာ ဖြစ်စေပြီး ပမာဏများသွားရင် အသိစိတ်မရှိတော့တာ၊ မျက်စိတွေဝေဝါးသွားတာ တွေဖြစ်တတ်ပြီး ဘာတွေဖြစ်ခဲ့မှန်း မမှတ်မိတဲ့အထိပါ ဖြစ်နိုင်ပါတယ်။

GHB ဟာ အခပ်ခံရတဲ့လူအဖို့မှာ အလွယ်တကူဆေးလွန်တတ်ပြီး အပြင်းအထန်နေမကောင်းဖြစ်တာ ၊ သေဆုံးတာတွေဖြစ်တဲ့အထိ ဆိုးရွားပါတယ်။ဒါ့အပြင် GHB မှာ အရောင်၊အနံ့ စတာတွေ မရှိတဲ့အတွက် အလွယ်တကူဆေးခပ်ခံရနိုင်ပါတယ်။

အခုပြောခဲ့တာတွေက အသုံးအများဆုံး ခပ်ဆေးတွေ ဖြစ်ပါတယ်။တကယ်တမ်းမှာတော့ လူတယောက်ရဲ့ အသိစိတ်အခြေအနေကို ပြောင်းလဲစေနိုင်တဲ့ ဘယ်ဆေးကို မဆို Date Rape Drugs အဖြစ် သုံးနိုင်ပါတယ်။ဆေးစွဲနေသူအချို့မှာဆို ဆေးသုံးရပြီးရော ကိုယ့်ကိုဘာလုပ်လို့ လုပ်မှန်းမသိတော့တဲ့အထိ ဖြစ်တဲ့အခါ မုဒိမ်းသမားတွေအတွက် အလွန်လွယ်ကူပါတယ်။

ဆေးခပ်ခံရတာကို ဘယ်လိုသိနိုင်မလဲ

ဆေးခပ်ခံရတာကို သိနိုင်မဲ့လက္ခဏာအချို့ ရှိပါတယ်။အထူးသဖြင့် တစုံတယောက်ပေးလာတဲ့ တခုခုကိုသောက်ပြီးတဲ့အချိန် ၊ ဒါမှမဟုတ် ကိုယ့်ကိုယ်ကျသောက်ခိုင်းပြီး သူ့ခွက်ကိုကျ မသောက်ဘဲ ထားထားတာမျိုးကြုံရတဲ့အခါ ကိုယ့်မှာ အောက်ပါလက္ခဏာတွေ ဖြစ်မဖြစ် သတိထားရပါမယ်။

– အရက်မသောက်ဘဲကို အရက်မူးသလိုမူးနေတာ (ဥပမာ အအေးသောက်ပြီးမူးလာတာ)
– စိတ်တွေရှုပ်ထွေးနောက်ကျိပြီး အာရုံစိုက်မရ ၊ ဘယ်ရောက်နေမှန်း၊ဘာလုပ်နေမှန်း တွေးလို့မရတဲ့အခါ
– သတိလွတ်ချင်သလိုဖြစ်တာ
– တနေရာရာကို ဘယ်လိုရောက်လာမှန်း မမှတ်မိတာ
– တခုခုသောက်ပြီးနောက် ဖြစ်ပျက်သမျှကို ဘာမှ မမှတ်မိတော့တာ
– စိတ်ရှုပ်ထွေးနောက်ကျိပြီး အိပ်ရာနိုးလာ၊ညကဟာ တခုမှ မမှတ်မိတာ
– လိင်အင်္ဂ ါနာကျင်တာ ၊ဆီးသွားရင် နာကျင်တာ နဲ့ ဘာဖြစ်ခဲ့မှန်း မမှတ်မိတာ
– အဝတ်အစားတွေ ဆုတ်ပြဲနေတာ

ဒီလက္ခဏာတွေ ကြုံရရင် ဆေးခပ်ခံရသလားဆိုပြီး သံသယထားသင့်ပါတယ်။

တခါတလေ အရက်သောက်တာအရမ်းများသွားလို့ဖြစ်တဲ့လက္ခဏာတွေနဲ့ ဆေးခပ်ခံရလို့ဖြစ်တဲ့လက္ခဏာတွေ ခွဲရခက်တတ်ပါတယ်။အရက်သောက်နေကျသူဆိုရင်တော့ အရက်မူးတာလား ဆေးခပ်ခံရတာလား သိကောင်းသိနိုင်ပါတယ်။ပုံမှန်မူးတာထက်ကို မူးသင့်မူးထိုက်တာထက်ကို အလွန်အကျွံမူးတာမျိုးဆိုရင်တော့ ဆေးခပ်ခံရတာ ဖြစ်နိုင်ချေရှိပါတယ်။ဒါပေမဲ့ တိတိကျကျ သိနိုင်ဖို့ကတော့ ဆေးစစ်ဖို့လိုပါလိမ့်မယ်။

ဆေးအခပ်ခံရတယ်လို့ထင်ရင် ဘာလုပ်မလဲ

ဆေးခပ်ခံခဲ့ရရင် အသိစိတ်က ခပ်မြန်မြန်ပျောက်သွားနိုင်တာမို့ ဘယ်သူခပ်တာလဲဆိုပြီး ရှာဖို့ကြိုးစားတာ ၊ ဆေးခပ်ခံရတဲ့လက္ခဏာဟုတ်ရဲ့လားဆိုပြီးတွေဝေနေတာတွေ မလုပ်သင့်ပါဘူး။အနားမှာရှိတဲ့ ယုံကြည်ရမဲ့သူငယ်ချင်းတယောက်ယောက်ကို ကိုယ်တော့ဆေးခပ်ခံလိုက်ရတယ်လို့ထင်ကြောင်း ခပ်မြန်မြန်ပြောပြပါ။အနားမှာမရှိရင် ဖုန်းဆက်ပါ။ပြီးတော့ သူကတဆင့် လုံခြုံရေးဝန်ထမ်း သို့မဟုတ် ရဲစခန်းစသဖြင့် ဆက်သွယ်ခိုင်းပါ။မြန်မြန်ဆန်ဆန် လူများများရှိတဲ့နေရာ လုံခြုံတဲ့နေရာတခုခုကို ရွှေ့ပါ။နောက်ပြီး date rape drugs တွေဟာ ခန္ဓာကိုယ်ထဲကို ဝင်ရောက်ပြီး နာရီအနည်းငယ်အတွင်းမှာကို ဘာအကြွင်းအကျန်မှ မထားပဲ ပျောက်ကွယ်သွားနိုင်တာမို့ ဆေးခပ်ခံရတာ ဟုတ်မဟုတ် အတိအကျသိချင်ရင် အရေးပေါ်ဌာနကို သွားပြီး စစ်ဆေးမှုအမြန်ခံယူသင့်ပါတယ်။ဆေးခပ်ခံထားရတဲ့လက္ခဏာတွေနဲ့ အိပ်ရာနိုးလာသူတွေအနေနဲ့လည်း လိင်ပိုင်းဆိုင်ရာကျူးလွန်ခံထားရခြင်း ရှိ မရှိ စစ်ဆေးမှုခံယူဖို့ ဆေးရုံသွားသင့်ပါတယ်။ဒါမှလည်း အမှုအခင်းြ့ဖစ်တဲ့အခါ တရားခံကို တိုက်ဆိုင်စစ်ဆေးတဲ့နေရာမှာ အသုံးဝင်ပါလိမ့်မယ်။ဒါကြောင့် ဆေးခပ်ခံခဲ့ရတယ်လို့ထင်သူများအဖို့ စစ်ဆေးမှုမခံယူရသေးခင် ရေချိုးတာ သန့်ရှင်းရေးလုပ်တာတွေ မပြုလုပ်သင့်ပါဘူး။

ဆေးခပ်မခံရအောင် ဘယ်လိုနေသင့်လဲ

– မသိကျွမ်းတဲ့သူစိမ်းတွေအများကြီးရှိတဲ့နေရာမှာ အရက်အလွန်အကျွံ မသောက်ပါနဲ့
– အပြင်သွားတိုင်း ခင်မင်ရင်းနှီးတဲ့သူငယ်ချင်းတယောက်ပါမှ သွားပါ
– သူစိမ်းတယောက်တိုက်တဲ့ မည်သည့်အရာကိုမှ မသောက်ပါနဲ့
– အရက်သောက်ပြီးနောက် မသိကျွမ်းတဲ့သူတွေနဲ့ ဘယ်မှ မသွားပါနဲ့
– သူများသောက်နေချိန်မှာ မသောက်ဘဲ အကဲခတ်နေသူများကို သတိထားပါ

ဆေးခပ်ခံရပြီး လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေမှာ အကျူးလွန်ခံရသူကို လုံးဝ(လုံးဝ) အပြစ်မတင်သင့်ပါဘူး။ဒီလိုအကျူးလွန်ခံရသူအများစုဟာ ကိုယ့်ကိုယ်ကို အပြစ်ရှိသလို ခံစားတတ်ရတာကတကြောင်း ၊ ရှက်တာကတကြောင်းမို့ ဆေးကုသမှုခံယူဖို့ ၊ တိုင်ကြားမှုပြုလုပ်ဖို့ စိတ်မပါတတ်ကြပါဘူး။

ဒါပေမဲ့ မုဒိမ်းမှုတခုမှာ တရားခံတယောက်ပဲ ရှိပါတယ်။ဒါကတော့ ကျူးလွန်သူပါပဲ။ဒါကိုမှ လျှပ်ပေါ်လျော်လီလို့ အနေအထိုင်မတတ်လို့စသဖြင့် ကျူးလွန်သူကို အပြစ်တင်တတ်သူများရှိတတ်ကြပါတယ်။ဒီလို လူမပီသတဲ့ လူလိုမတွေးတတ်တဲ့ သူတွေကြောင့် မုဒိမ်းသမားတွေ ပိုပြီး အတင့်ရဲလာနိုင်ပါတယ်။

ဒါကြောင့် ဆေးခပ်ခံရတယ်၊ ပြီးတော့ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုခံရတယ်လို့ ထင်တာနဲ့ အထက်ပါအချက်အလက်တွေကို မြန်မြန်ဆန်ဆန် ဆောင်ရွက်ကြပါလို့ တိုက်တွန်းပါရစေ။ဒါမှသာ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်၊ တရားခံကိုအမြန်ဖမ်းမိနိုင် ၊ ဆေးရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ မခံစားရအောင် အမြန်ကုသနိုင်မှာပဲဖြစ်ပါကြောင်း။

Dr.Banana

Previous Post

ခု cele တွေကြားမှာ နာမည်ကြီးတဲ့ ဓာတ်စာ (Ketogenic Diet)

Next Post

အရောင်တွေနဲ့ ဝိတ်ချကြမယ်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
762
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

2 years ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
637

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
1k

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အရောင်တွေနဲ့ ဝိတ်ချကြမယ်

အကောင်းဆုံး အကိုက်အခဲပျောက်ဆေးဆိုတာ

H1N1 ကို ဘယ်လို ကာကွယ်ကြမလဲ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.