ပွင့်သောပန်းတိုင်းလန်းစေချင်
ပန်းသေ၊ ပန်းညိုး၊ ပန်းနွမ်း၊ ပန်းမလန်း (ခွန်အားမရှိခြင်း)
သည် လိင်ဆက်ဆံခြင်းအတွက် အမျိုးသားလိင်အင်္ဂါ
ခိုင်မာတောင့်တင်းအောင်မထိန်းသိမ်းနိုင်ခြင်းဖြစ်ပါတယ််။
အမျိုးသားလိင်အင်္ဂါ မထောင်မတ်နိုင်ခြင်းမှာ
ရံဖန်ရံခါစိုးရိမ်စရာ မရှိသော်လည်း စိတ်ဖိစီးမှုဖြစ်စေပါတယ်။
နှလုံးရောဂါအတွက်အချက်ပြသော
ကျန်းမာရေးအခြေအနေတစ်ခုလည်းဖြစ်နိုင်ပါတယ်။
——————————————
အမျိုးသားလိင်အင်္ဂါ မထောင်မတ်နိုင်ခြင်း
အကြောင်းရင်းများ
လိင်စိတ်နိုးထမှုသည် ဦးနှောက်၊ ဟော်မုန်းများ၊ စိတ်ခံစားမှုများ၊ အာရုံကြောများ၊ ကြွက်သားများ နှင့်
သွေးကြောများပါဝင်ပြီး ရှုပ်ထွေးသောလုပ်ငန်းစဉ်ဖြစ်သည်။
အလားတူ စိတ်ဖိစီးမှုနှင့် စိတ်ကျန်းမာရေးဆိုင်ရာစိုးရိမ်မှုများသည် လည်း အမျိုးသားလိင်အင်္ဂါ မထောင်မတ်နိုင်ခြင်း ကို
ပိုမိုဆိုးရွားစေနိုင်တယ်။
အဖြစ်များသည့်အကြောင်းရင်းများ
နှလုံးရောဂါ၊
သွေးကြောပိတ်ဆို့ခြင်း၊
ကိုလက်စထရောမြင့်တက်ခြင်း၊
သွေးတိုးရောဂါ၊
ဆီးချိုရောဂါ၊
အဝလွန်ခြင်း၊
ဇီဝဖြစ်စဉ် ကမောက်ကမဖြစ်ခြင်း၊
ပါကင်ဆန်ရောဂါ၊
အချို့သောဆေးဝါးများသုံးစွဲခြင်း၊
ဆေးရွက်ကြီးသုံးစွဲခြင်း၊
လိင်တံအတွင်းအမာရွတ်တစ်သျှူးဖွံ့ဖြိုးမှု ပုံမှန်မဟုတ်ခြင်း၊
အရက်နှင့် မူးယစ်ဆေးများ၊
အိပ်စက်ခြင်းရောဂါ၊
ဆီးကျိတ်ကင်ဆာ (သို့) ဆီးကျိတ်ကြီးခြင်းအတွက်ကုသမှု၊
တင်ပါးဆုံတွင်း (သို့) ကျောရိုးက ိုထိခိုက်သော
ခွဲစိတ်ကုသမှုများ နှင့် ဒဏ်ရာများ အပြင်
စိတ်ကျရောဂါ၊
စိုးရိမ်ခြင်း (သို့) အခြားစိတ်ကျန်းမာရေးအခြေအနေများ
စိတ်ဖိစီးခြင်း တို့ပဲဖြစ်ပါတယ်။
နောက်ဆက်တွဲပြဿနာများအနေနဲ့
လိင်မှုကိစ္စ ကိုကျေနပ်အားရမှုမရှိခြင်း၊
စိတ်ဖိစီးမှု (သို့) စိုးရိမ်ပူပန်မှု၊
အရှက်ရခြင်း (သို့) မိမိကိုယ်ကိုစိတ်ပျက်ခြင်း၊
အိမ်ထောင်ရေးဆက်ဆံမှု အဆင်မပြေဖြစ်ခြင်း၊
ကိုယ်ဝန်မရနိုင်ခြင်း တို့ ဖြစ်နိုင်ပါတယ်။
——————————————
ဘယ်အချိန်မှာဆရာဝန်နဲ့တွေ့မယ်
အမျိုးသားလိင်အင်္ဂါ မထောင်မတ်နိုင်ခြင်း ကို
စိတ်ပူရင်ရှက်ရွံ့မနေဘဲ ဆရာဝန်နှင့်ပြောဆိုပါ။
လိုအပ်လျှင် ကုသမှုခံယူပါဟု အကြံပြုရင်း
ဒီကျန်းမာရေးဆောင်းပါးကို မျှဝေအပ်ပါတယ်။
Dr. Wallace K