fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

Valentine Day ရောက်မှာ ကြောက်တဲ့ဆရာဝန်

70
VIEWS
Share on FacebookShare on TwitterShare on Linkedin
12/04/2017
in အမျိုးသားကျန်းမာရေး
1 min read
A A
Valentine Day ေရာက္မွာ ေၾကာက္တဲ့ဆရာဝန္

Valentine Day ၿပီးကတည္းက ကြၽန္မေဆးခန္းသို႔ ဆယ္ေက်ာ္သက္ အ႐ြယ္ ေကာင္မေလးမ်ား ခဏခဏ လာၾကသည္။ ခ်စ္သူ ရည္းစားႏွင့္ အတူေနမိ၍ ကိုယ္ဝန္ရမည္ ေၾကာက္ေသာေၾကာင့္ ဘာလုပ္ရမည္နည္းဟု လာေမးၾကသည္။ လာေရာက္တိုင္ပင္သည္ကိုပဲ ေက်းဇူးတင္ေနမိသည္။ လာေရာက္မတိုင္ပင္ပဲ အခ်ိန္လြန္မွ ေရာက္လာၿပီး ကိုယ္ဝန္ဖ်က္ခ်ေပးပါလို႔ လာေျပာလွ်င္ ကြၽန္မလည္း ဘာမွလုပ္မေပးတတ္ေတာ့။ နားခ်၍ ျပန္လြတ္လိုက္ရမည္ပင္။ အခုေတာ့ အတူေနမိသည္ဆိုေသာ ကေလးမ်ားအား ေနာက္ ဒီလိုမ်ိဳး မမိုက္မဲဖို႔ နားလည္ေအာင္ ရွင္းျပၿပီး အေရးေပၚ သေႏၶတားေဆးတိုက္လိုက္သည္။ အမ်ိဳးသမီးတစ္ဦးသည္ အမ်ိဳးသားတစ္ဦးႏွင့္ ဆက္ဆံၿပီး 72 နာရီအတြင္း အေရးေပၚသေႏၶ တားေဆးကို ေသာက္သုံးရမည္ျဖစ္သည္။ ေဆးကဒ္တြင္ ေဆး၂ လုံးပါသည္။ ပထမ ၁ လုံးကို ဆက္ဆံၿပီးၿပီးခ်င္းေသာက္ရမည္ျဖစ္သည္။ ဒုတိယ ၁ လုံးကို ပထမ ေဆးတစ္လုံးေသာက္ၿပီး ၁၂ နာရီအတြင္းေသာက္ရမည္ျဖစ္သည္။ ေဆးေသာက္ၿပီး ပ်ိဳ႕ခ်င္အန္ခ်င္တာမ်ိဳးျဖစ္တတ္သည္။ အန္လိုက္လို႔ ေဆးပါသြားလွ်င္ ေနာက္တစ္ႀကိမ္ေဆးျပန္ေသာက္ရမည္။

တစ္ခ်ိဳ႕ valentine day အၿပီး ၂ ပတ္ေက်ာ္ ၃ ပတ္ေလာက္တြင္ေရာက္လာၾကေသာ မိန္းမပ်ိဳမ်ားလည္းရွိသည္။ ဓမၼ တာ လာတာ ၁ လအတြင္းကို ၂ ႀကိမ္ရွိၿပီ။ ပထမ တစ္ေခါက္ႏွင့္ ဒုတိယ တစ္ေခါက္က ၁၀ ရက္ေလာက္ပဲျခားသည္။ ေနာက္တစ္ႀကိမ္ ထပ္လာေနလို႔ စိုးရိမ္လို႔လာျပျခင္းျဖစ္သည္။ အေမကိုယ္တိုင္ပါလိုက္လာသည့္အျဖစ္မ်ိဳးလည္း ရွိသည္။ သမီး ဓမၼတာ တစ္လထဲ ၂ ႀကိမ္လာသည္ကို မိခင္ျဖစ္သူမွ စိုးရိမ္ေနပုံရသည္။ ညီမဘာေဆးေတြ ေသာက္ထားသလဲလို႔ ေမးလိုက္သည္။ ဘာေဆးမွ မေသာက္ပါဘူးလို႔ မိခင္ျဖစ္သူေရွ႕တြင္ ျငင္းသည္။ ကိုယ္ေတြကလည္း ငယ္႐ြယ္ေသာ အမ်ိဳးသမီးငယ္မ်ား ဓမၼတာ မမွန္လွ်င္ အေရးေပၚသေႏၶတားေဆးေသာက္ထားလို႔ျဖစ္ႏိုင္သည္ဟု အၿမဲေတြးသည္။ ကိုယ့္ေဆးခန္းကိုလာေနက် ျပႆနာ။ တစ္ခ်ိဳ႕မိခင္မပါေသာ မိန္းကေလးမ်ားကေတာ့ အေရးေပၚ သေႏၶတားေဆး ေသာက္ခဲ့ပါသည္ဟု ဝန္ခံသည္။ ေဆးေၾကာင့္ ဓမၼတာ မမွန္ေၾကာင္းေသခ်ာရွင္းျပလိုက္ရသည္။ တစ္ခ်ိဳ႕ တစ္လထဲကို ၃ ႀကိမ္ ၄ ႀကိမ္ေလာက္ ခ်စ္သူေကာင္ေလးမ်ားႏွင့္ အတူေနၾကသည္။ အတူေနၿပီးတိုင္းလည္း အေရးေပၚတားေဆးကို အၿမဲေသာက္သုံးေနၾကသည္။ ဒီလိုမိန္းကေလးမ်ိဳးလာလွ်င္ေတာ့ အတူမေနပါႏွင့္လို႔နားခ်လို႔ရသည့္ကိစၥမဟုတ္။ လက္မထပ္ပဲ အတူတူေနမည္ဆိုပါက သုံးလခံေဆး depo အေၾကာင္းႏွင့္ တစ္လ ေဆးကဒ္အေၾကာင္းေသခ်ာစြာရွင္းျပလိုက္ရသည္။ ညီမေလးတို႔ ဒီလိုမ်ိဳး လက္မထပ္ခင္ အတူတူေနတာ မေကာင္းဘူးလို႔ ေျပာလို႔ရမည့္အခ်ိန္မဟုတ္ေပ။ ကြၽန္မေျပာသည္ကိုလည္း နားေထာင္မည့္ သူမ်ားမဟုတ္။ အ႐ြယ္မတိုင္ခင္ ကိုယ္ဝန္ရမသြားဖို႔သာ အေရးႀကီးေသာေၾကာင့္ေဆးထိုးဖို႔ႏွင့္ ေဆးကဒ္ေသာက္ဖို႔ကိုသာ တိုက္တြန္းရသည္။ လက္မထပ္ခင္ အတူေနသည္က အျပစ္ရွိပါသည္ဟု ဆူေနလို႔ျဖင့္ ဒီအေျခအေနေတြအားလုံးက ၿပီးသြားမည္မဟုတ္။ လူငယ္ေတြကို sex education ေပးဖို႔ျမန္မာႏိုင္ငံတြင္ ေတာ္ေတာ္ေလးကို လိုအပ္ေနၿပီလို႔ သိလာသည္။ ကိုယ္ေတြ ေဆးခန္းကိုလာလွ်င္ေတာ့ တတ္ႏိုင္သေလာက္ ရွင္းျပလိုက္ပါသည္။

Valentine Day ၿပီး ၁ လေက်ာ္ေသာအခါတြင္ ေတာ့ မဖုံးနိင္မဖိႏိုင္ ကိစၥမ်ားက ကြၽန္မေဆးခန္းသို႔ေရာက္လာျပန္သည္။ သမီး ဓမၼတာ မလာ တာတစ္လေက်ာ္လို႔ ေပၚေဆးေလးထိုးေပးပါဟု လာေရာက္ေျပာၾကသည္။ ကိုယ္ေတြေဆးခန္းမွာ ဒီလိုမ်ိဳးကိစၥေတြ ခဏခဏလာတတ္လြန္းလို႔ လာေျပာသည့္လူမွန္သမွ်ကို ဆီးစစ္ၾကည့္လိုက္သည္။ အိမ္ေထာင္မရွိပါဘူး အပ်ိဳပါလို႔ေျပာတိုင္းလည္း ကြၽန္မကေတာ့ ဆီးေပါက္ခိုင္းသည္။ ဆရာမကို ဆီးစစ္ၾကည့္ခိုင္းသည္။ ဆီးစစ္ၾကည့္လိုက္မွ ကိုယ္ဝန္ရွိမွန္းတစ္ခ်ိဳ႕သိၾကသည္။ တစ္ခ်ိဳ႕ က ကိုယ္ဝန္ရွိမွန္းသိသိႀကီးႏွင့္ကို ဆရာဝန္ကို လာတစ္ပတ္႐ိုက္ေနၾကျခင္းပင္။ ကိုယ္ဝန္ရွိေနတယ္ ညီမေလး ဆိုမွ သမီးကိုကူညီပါဆိုၿပီး မ်က္ရည္ခံထိုး၍ ကေလးဖ်က္ခ်ေပးရန္ေတာင္းပန္ၾကသည္။

ေဆးခန္းသို႔လာေသာအခါ သူတို႔၏ ခ်စ္သူ အမ်ိဳးသားတို႔ ပါမလာသည္က မ်ားၾကသည္။ ၂ ေယာက္အတူတူ ေပ်ာ္႐ႊင္ခဲ့ၿပီးမွ ကိုယ္ဝန္ရွိလာေသာအခါ တာဝန္မယူတတ္ေသာ အမ်ိဳးသား မ်ား အဆမတန္မ်ားျပားလာသည္က ရင္နာဖို႔ေကာင္းလိုက္သည့္ျဖစ္ျခင္း။ ဆရာမတို႔က လူ႔အသက္ကိုသာ ကယ္တင္ျခင္းျဖစ္သည္။ လူမသတ္ပါဘူးလို႔သာ ခပ္တင္းတင္းေျပာလိုက္ရသည္။ ကေလးကို မဖ်က္ခ်ပဲ ကိုယ္ခ်စ္ေသာသူႏွင့္ ဘဝတစ္ခုကို တည္ေထာင္ဖို႔ တိုင္ပင္ဖို႔ကိုလည္း တိုက္တြန္းလိုက္ရသည္။ မိမိစကား ေအာင္မေအာင္မသိ။ ေလးလံေသာ ေျခလွမ္းမ်ားႏွင့္ ထြက္သြားေသာ ညီမငယ္မ်ားကိုၾကည့္၍ ကြၽန္မတစ္ေယာက္ စိတ္ညစ္ညဴးမိသည္မွာ အမွန္။

ေဆးခန္းတြင္ ပင္ပန္းလားသမီးဟု ေမးတတ္ေသာ အေမ့ကို ျပန္ေျပာခ်င္ေသာစကားကေတာ့ “ လူမပင္ပန္းပါဘူး အေမရယ္ စိတ္ပင္ပန္းတာပါလို႔”
ညီမငယ္မ်ားရွိေသာ ကြၽန္မအတြက္ မိန္းမပ်ိဳမ်ားအား ကိုယ္ခ်င္းစာစိတ္ရွိပါေသာလည္း ေဆးပညာက်င့္ဝတ္အရ မည္သူတစ္ဦးတစ္ေယာက္ကိုမွ ကိုယ္ဝန္ဖ်က္ခ်မေပးႏိုင္ေပ။ Valentine Day တြင္ အၿပီးတြင္ေတာ့ ကြၽန္မ ေဆးခန္းလူစည္ကားေနသည္ကား အမွန္။ ဓမၼတာ မမွန္ေသာ ကိစၥႏွင့္ ကေလးဖ်က္ခ်ေပးပါဆိုေသာ ကိစၥမ်ားကို ေနာက္လည္း ဆက္လက္၍ ေျဖရွင္းေနရဦးမည္ပင္။ အမ်ိဳးသမီး ဆရာဝန္မ်ား ထိုင္ေသာ ေဆးခန္းမို႔လို႔ ဒီလို ကိစၥမ်ိဳး ခဏခဏ လာေနသည္သာ။ သို႔ေသာ္ ဒီ Valentine Day အၿပီးတြင္ေတာ့ ခါတိုင္းထက္ကို ပိုၿပီး ဒီလိုကိစၥမ်ိဳးႏွင့္ ပိုလာေနသည္ကား သိသိသာသာ။ ဘုရားရွိခိုးတိုင္း ကိုယ္ဝန္ဖ်က္ခ်ခိုင္းမည့္ လူနာမ်ား မလာပါေစနဲ႔လို႔ ဆုေတာင္းလွ်က္။ ေႏြဦး၏ ညေနခင္းကား သာယာေနေသာ္လည္း ကြၽန္မရင္ထဲတြင္ေတာ့ မသာယာပါ။

Author: Dr.ေအးခ်မ္းမိုး

 

Valentine Day ရောက်မှာ ကြောက်တဲ့ဆရာဝန်

Valentine Day ပြီးကတည်းက ကျွန်မဆေးခန်းသို့ ဆယ်ကျော်သက် အရွယ် ကောင်မလေးများ ခဏခဏ လာကြသည်။ ချစ်သူ ရည်းစားနှင့် အတူနေမိ၍ ကိုယ်ဝန်ရမည် ကြောက်သောကြောင့် ဘာလုပ်ရမည်နည်းဟု လာမေးကြသည်။ လာရောက်တိုင်ပင်သည်ကိုပဲ ကျေးဇူးတင်နေမိသည်။ လာရောက်မတိုင်ပင်ပဲ အချိန်လွန်မှ ရောက်လာပြီး ကိုယ်ဝန်ဖျက်ချပေးပါလို့ လာပြောလျှင် ကျွန်မလည်း ဘာမှလုပ်မပေးတတ်တော့။ နားချ၍ ပြန်လွတ်လိုက်ရမည်ပင်။ အခုတော့ အတူနေမိသည်ဆိုသော ကလေးများအား နောက် ဒီလိုမျိုး မမိုက်မဲဖို့ နားလည်အောင် ရှင်းပြပြီး အရေးပေါ် သန္ဓေတားဆေးတိုက်လိုက်သည်။ အမျိုးသမီးတစ်ဦးသည် အမျိုးသားတစ်ဦးနှင့် ဆက်ဆံပြီး 72 နာရီအတွင်း အရေးပေါ်သန္ဓေ တားဆေးကို သောက်သုံးရမည်ဖြစ်သည်။ ဆေးကဒ်တွင် ဆေး၂ လုံးပါသည်။ ပထမ ၁ လုံးကို ဆက်ဆံပြီးပြီးချင်းသောက်ရမည်ဖြစ်သည်။ ဒုတိယ ၁ လုံးကို ပထမ ဆေးတစ်လုံးသောက်ပြီး ၁၂ နာရီအတွင်းသောက်ရမည်ဖြစ်သည်။ ဆေးသောက်ပြီး ပျို့ချင်အန်ချင်တာမျိုးဖြစ်တတ်သည်။ အန်လိုက်လို့ ဆေးပါသွားလျှင် နောက်တစ်ကြိမ်ဆေးပြန်သောက်ရမည်။

တစ်ချို့ valentine day အပြီး ၂ ပတ်ကျော် ၃ ပတ်လောက်တွင်ရောက်လာကြသော မိန်းမပျိုများလည်းရှိသည်။ ဓမ္မ တာ လာတာ ၁ လအတွင်းကို ၂ ကြိမ်ရှိပြီ။ ပထမ တစ်ခေါက်နှင့် ဒုတိယ တစ်ခေါက်က ၁၀ ရက်လောက်ပဲခြားသည်။ နောက်တစ်ကြိမ် ထပ်လာနေလို့ စိုးရိမ်လို့လာပြခြင်းဖြစ်သည်။ အမေကိုယ်တိုင်ပါလိုက်လာသည့်အဖြစ်မျိုးလည်း ရှိသည်။ သမီး ဓမ္မတာ တစ်လထဲ ၂ ကြိမ်လာသည်ကို မိခင်ဖြစ်သူမှ စိုးရိမ်နေပုံရသည်။ ညီမဘာဆေးတွေ သောက်ထားသလဲလို့ မေးလိုက်သည်။ ဘာဆေးမှ မသောက်ပါဘူးလို့ မိခင်ဖြစ်သူရှေ့တွင် ငြင်းသည်။ ကိုယ်တွေကလည်း ငယ်ရွယ်သော အမျိုးသမီးငယ်များ ဓမ္မတာ မမှန်လျှင် အရေးပေါ်သန္ဓေတားဆေးသောက်ထားလို့ဖြစ်နိုင်သည်ဟု အမြဲတွေးသည်။ ကိုယ့်ဆေးခန်းကိုလာနေကျ ပြဿနာ။ တစ်ချို့မိခင်မပါသော မိန်းကလေးများကတော့ အရေးပေါ် သန္ဓေတားဆေး သောက်ခဲ့ပါသည်ဟု ဝန်ခံသည်။ ဆေးကြောင့် ဓမ္မတာ မမှန်ကြောင်းသေချာရှင်းပြလိုက်ရသည်။ တစ်ချို့ တစ်လထဲကို ၃ ကြိမ် ၄ ကြိမ်လောက် ချစ်သူကောင်လေးများနှင့် အတူနေကြသည်။ အတူနေပြီးတိုင်းလည်း အရေးပေါ်တားဆေးကို အမြဲသောက်သုံးနေကြသည်။ ဒီလိုမိန်းကလေးမျိုးလာလျှင်တော့ အတူမနေပါနှင့်လို့နားချလို့ရသည့်ကိစ္စမဟုတ်။ လက်မထပ်ပဲ အတူတူနေမည်ဆိုပါက သုံးလခံဆေး depo အကြောင်းနှင့် တစ်လ ဆေးကဒ်အကြောင်းသေချာစွာရှင်းပြလိုက်ရသည်။ ညီမလေးတို့ ဒီလိုမျိုး လက်မထပ်ခင် အတူတူနေတာ မကောင်းဘူးလို့ ပြောလို့ရမည့်အချိန်မဟုတ်ပေ။ ကျွန်မပြောသည်ကိုလည်း နားထောင်မည့် သူများမဟုတ်။ အရွယ်မတိုင်ခင် ကိုယ်ဝန်ရမသွားဖို့သာ အရေးကြီးသောကြောင့်ဆေးထိုးဖို့နှင့် ဆေးကဒ်သောက်ဖို့ကိုသာ တိုက်တွန်းရသည်။ လက်မထပ်ခင် အတူနေသည်က အပြစ်ရှိပါသည်ဟု ဆူနေလို့ဖြင့် ဒီအခြေအနေတွေအားလုံးက ပြီးသွားမည်မဟုတ်။ လူငယ်တွေကို sex education ပေးဖို့မြန်မာနိုင်ငံတွင် တော်တော်လေးကို လိုအပ်နေပြီလို့ သိလာသည်။ ကိုယ်တွေ ဆေးခန်းကိုလာလျှင်တော့ တတ်နိုင်သလောက် ရှင်းပြလိုက်ပါသည်။

Valentine Day ပြီး ၁ လကျော်သောအခါတွင် တော့ မဖုံးနိင်မဖိနိုင် ကိစ္စများက ကျွန်မဆေးခန်းသို့ရောက်လာပြန်သည်။ သမီး ဓမ္မတာ မလာ တာတစ်လကျော်လို့ ပေါ်ဆေးလေးထိုးပေးပါဟု လာရောက်ပြောကြသည်။ ကိုယ်တွေဆေးခန်းမှာ ဒီလိုမျိုးကိစ္စတွေ ခဏခဏလာတတ်လွန်းလို့ လာပြောသည့်လူမှန်သမျှကို ဆီးစစ်ကြည့်လိုက်သည်။ အိမ်ထောင်မရှိပါဘူး အပျိုပါလို့ပြောတိုင်းလည်း ကျွန်မကတော့ ဆီးပေါက်ခိုင်းသည်။ ဆရာမကို ဆီးစစ်ကြည့်ခိုင်းသည်။ ဆီးစစ်ကြည့်လိုက်မှ ကိုယ်ဝန်ရှိမှန်းတစ်ချို့သိကြသည်။ တစ်ချို့ က ကိုယ်ဝန်ရှိမှန်းသိသိကြီးနှင့်ကို ဆရာဝန်ကို လာတစ်ပတ်ရိုက်နေကြခြင်းပင်။ ကိုယ်ဝန်ရှိနေတယ် ညီမလေး ဆိုမှ သမီးကိုကူညီပါဆိုပြီး မျက်ရည်ခံထိုး၍ ကလေးဖျက်ချပေးရန်တောင်းပန်ကြသည်။

ဆေးခန်းသို့လာသောအခါ သူတို့၏ ချစ်သူ အမျိုးသားတို့ ပါမလာသည်က များကြသည်။ ၂ ယောက်အတူတူ ပျော်ရွှင်ခဲ့ပြီးမှ ကိုယ်ဝန်ရှိလာသောအခါ တာဝန်မယူတတ်သော အမျိုးသား များ အဆမတန်များပြားလာသည်က ရင်နာဖို့ကောင်းလိုက်သည့်ဖြစ်ခြင်း။ ဆရာမတို့က လူ့အသက်ကိုသာ ကယ်တင်ခြင်းဖြစ်သည်။ လူမသတ်ပါဘူးလို့သာ ခပ်တင်းတင်းပြောလိုက်ရသည်။ ကလေးကို မဖျက်ချပဲ ကိုယ်ချစ်သောသူနှင့် ဘဝတစ်ခုကို တည်ထောင်ဖို့ တိုင်ပင်ဖို့ကိုလည်း တိုက်တွန်းလိုက်ရသည်။ မိမိစကား အောင်မအောင်မသိ။ လေးလံသော ခြေလှမ်းများနှင့် ထွက်သွားသော ညီမငယ်များကိုကြည့်၍ ကျွန်မတစ်ယောက် စိတ်ညစ်ညူးမိသည်မှာ အမှန်။

ဆေးခန်းတွင် ပင်ပန်းလားသမီးဟု မေးတတ်သော အမေ့ကို ပြန်ပြောချင်သောစကားကတော့ “ လူမပင်ပန်းပါဘူး အမေရယ် စိတ်ပင်ပန်းတာပါလို့”
ညီမငယ်များရှိသော ကျွန်မအတွက် မိန်းမပျိုများအား ကိုယ်ချင်းစာစိတ်ရှိပါသောလည်း ဆေးပညာကျင့်ဝတ်အရ မည်သူတစ်ဦးတစ်ယောက်ကိုမှ ကိုယ်ဝန်ဖျက်ချမပေးနိုင်ပေ။ Valentine Day တွင် အပြီးတွင်တော့ ကျွန်မ ဆေးခန်းလူစည်ကားနေသည်ကား အမှန်။ ဓမ္မတာ မမှန်သော ကိစ္စနှင့် ကလေးဖျက်ချပေးပါဆိုသော ကိစ္စများကို နောက်လည်း ဆက်လက်၍ ဖြေရှင်းနေရဦးမည်ပင်။ အမျိုးသမီး ဆရာဝန်များ ထိုင်သော ဆေးခန်းမို့လို့ ဒီလို ကိစ္စမျိုး ခဏခဏ လာနေသည်သာ။ သို့သော် ဒီ Valentine Day အပြီးတွင်တော့ ခါတိုင်းထက်ကို ပိုပြီး ဒီလိုကိစ္စမျိုးနှင့် ပိုလာနေသည်ကား သိသိသာသာ။ ဘုရားရှိခိုးတိုင်း ကိုယ်ဝန်ဖျက်ချခိုင်းမည့် လူနာများ မလာပါစေနဲ့လို့ ဆုတောင်းလျှက်။ နွေဦး၏ ညနေခင်းကား သာယာနေသော်လည်း ကျွန်မရင်ထဲတွင်တော့ မသာယာပါ။

Author: Dr.အေးချမ်းမိုး

Previous Post

အသက်ရှည်ရေးဒါလေးတွေသိဖို့လို

Next Post

ကမ္ဘာမြေနေ့ (Earth Day)

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
736
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

1 year ago
1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

1 year ago
629

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
981

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကမ္ဘာမြေနေ့ (Earth Day)

၀မ်းထဲသွေးပါခြင်း

ညအချိန်ချွေးထွက်ခြင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.