လေ့လာတွေ့ရှိချက်များအရ ကိုယ်လက်လှုပ်ရှားအားကစား ပုံမှန်ပြုလုပ်တဲ့ အမျိုးသားတွေရဲ့ လိင်စွမ်းဆောင်ရည်ဟာ ကိုယ်လက်လှုပ်ရှားမှာမရှိသောအမျိုးသားတွေထက် အဆပေါင်းများစွာသာလွန်နေပါတယ်။ ကျွန်တော်ဆက်လက်ဖော်ပြပေးမယ့် လေ့ကျင့်ခန်းများကိုပုံမှန်ပြုလုပ်ပေးခြင်းဖြင့် အမျိုးသားတွေရဲ့လိင်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်ကို သိသိသာသာမြှင့်တင်ပေးပါလိမ့်မယ်။
(၁) အလေးမလေ့ကျင့်ခန်းပြုလုပ်ခြင်း
ပထမဦးစွာအနေနဲ့ လူအများရင်းနှီးပီးသားလေ့ကျင့်ခန်း တစ်ခုဖြစ်တဲ့အလေးမခြင်းလေ့ကျင့်ခန်းပဲဖြစ်ပါတယ်။ အလေးမခြင်းလေ့ကျင့်ခန်းဟာ အမျိုးသားများရဲ့စွမ်းဆောင်ရည်ကိုမြှင့်တင်ပေးနိုင်တဲ့အထိရောက်ဆုံးလေ့ကျင့်ခန်းတစ်ခုဆိုလဲမမှားပါဘူး။ အမျိုးသားစွမ်းဆောင်ရည်ကိုမြှင့်တင်ပေးနိုင်တဲ့ဟော်မုန်း တစ်မျိုးဖြစ်တဲ့ (Testosterone Hormone) ဟာ အလေးမလေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် ထွက်ပေါ်လာပီး လိင်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်ကို သိသိသာသာမြှင့်တင်ပေးနိုင်ပါတယ်။ အကယ်၍ အလေးမအားကစားရုံ (Gym)သို့နေ့စဉ်မသွားနိုင်လျှင်လည်း အမျိုးသားများအနေနဲ့စိတ်ပူစရာမလိုပါဘူး ဘာကြောင့်လဲဆိုတော့ အိမ်မှာနေရင်းနဲ့ပဲ ဒိုက်ထိုးခြင်း၊ ထိုင်ထပြုလုပ်ခြင်းနှင့် အိပ်ထမတင်လေ့ကျင့်ခန်းများနေ့စဉ်ပုံမှန် ပြုလုပ်ပေးမယ်ဆိုရင်လဲ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ပါတယ်။
(၂) တင်ပဆုံရှိ ကြွက်သားများသန်မာအောင် လေ့ကျင့်ခန်းပြုလုပ်ခြင်း
တင်ပဆုံရှိကြွက်သားများ သန်မာစေရန်အတွက် ပထမဦးစွာ ဆီးသွား နေချိန်တွင်ကျင့်ရမှာ ဖြစ်ပါတယ်။ ကျင့်ရမယ့်နည်းလမ်းကတော့ ဆီးသွားနေချိန်တွင် ၁၀စက္ကန့်လောက် ခဏရပ်ထားပီး မှ ဆီးပြန်သွားခြင်းဖြစ်ပါတယ်။ ဤနည်းလမ်းလေးဟာပုံမှန်လေ့ကျင့်ပေးသွားမယ်ဆိုရင် အမျိုးသားများသုက်လွှတ်မြန်တဲ့ပြသနာကိုလည်း ဖြေရှင်း ပေးနိုင်ပီးတော့ မိမိကိုယ်ကိုယုံကြည်မှုလည်းတိုးပွားလာပါလိမ့်မယ်။
(၃) ယောဂလေ့ကျင့်ခန်းပြုလုပ်ခြင်း
အားလုံးသိကြတဲ့အတိုင်း ယောဂလေ့ကျင့်ခန်းပြုလုပ်ခြင်းမှ မိမိရဲ့စိတ်နှင့်ကိုယ်ခန္ဓာအတွက် မြောက်မြားလှစွာသောအကျိုးကျေးဇူးတွေခံစားရနိုင်ပါတယ်။ အဲဒီအထဲမှာ အမျိုးသားများစွမ်းဆောင်ရည်မြင့်မားစေတဲ့အကျိုးတရားလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ယောဂလေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပေးခြင်းဖြင့် အမျိုးသားများသုက်လွှတ်မြန်ခြင်း၊ အမျိုးသားစွမ်းဆောင်ရေလျော့နည်းလာခြင်းများကို ဆေးဝါးမကူဘဲ လွယ်ကူစွာဖြေရှင်းပေးနိုင်ပါတယ်။
(၄) လမ်းလျှောက်ခြင်း
တစ်ရက်လျှင်ပုံမှန် မိနစ် ၃၀နဲ့ တစ်နာရီကြား လမ်းလျှောက်လေ့ကျင့်ခန်းပြုလုပ်တဲ့ အမျိုးသားတွေမှာ သုက်လွှတ်မြန်ခြင်းအား သုံး၁၀ ရာခိုင်းနှုန်းထိ လျော့ချပေးနိုင်ကြောင်း လေ့လာတွေ့ရှိရပါတယ်။ ယနေ့ခေတ်အခါမှာ နေ့စဉ်ပုံမှန် ကား၊ ဆိုင်ကယ်နှင့် မီးရထားများသာ သုံးစွဲနေကြပြီး လမ်းလျောက်ဖို့မေ့နေတတ်ကြပါတယ်။ ဒါကြောင့် အဝလွန်ခြင်း၊ နှလုံးသွေးကြောပိတ်ခြင်း၊ သွေးတွင်းအဆီများခြင်းစတဲ့ရောဂါတွေအပြင် အမျိုးသားများမှာ လိင်စွမ်းဆောင်ရည် ကျဆင်းလာခြင်း၊ မိမိကိုယ်ကို ယုံကြည်ကိုးစားမှု လျော့နည်းလာခြင်းတို့ကြောင့် လမ်းလျှောက်လေ့ကျင့်ခန်းအား မပျက်မကွက် ပုံမှန်ပြုလုပ်သင့်ပါသည်။
(၅) ရေကူးခြင်း
ရေကူးလေ့ကျင့်ခန်းဟာလည်း ကျွန်တော်တို့ကိုယ်ခန္ဓာအတွက် အလွန်အကျိုးများတဲ့အားကစားတစ်ခုဖြစ်ပါတယ်။ နေ့စဉ်ရေပုံမှန်ကူးပေးခြင်းအားဖြင့် ကိုယ်ခန္ဓာမှ အန်ဒိုဖင်ဟော်မုန်း (Endorphin Hormone) တွေ ထွက်လာပြီး မိမိကိုယ်ကိုအားရကျေနပ်မှုနဲ့ လိင်စိတ်ဆန္ဒများအား တိုးပွားလာစေပါတယ်။ ဒါကြောင့် နေ့စဉ်ပုံမှန် ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်ပေးခြင်းဖြင့် အမျိုးသားများအနေဖြင့်မိမိကိုယ်ကို ယုံကြည်မှုတိုးပွားလာစေသလို လိင်ပိုင်းဆိုင်ရာစွမ်းဆောင်မှုများလည်း သိသိသာသာမြင့်တက်လာစေမှာဖြစ်ပါတယ်။