fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

ရိုးရိုးမွေးမယ့်မေမေလောင်းတို့ သိထားသင့်တဲ့အချက်တွေ 

176
VIEWS
Share on FacebookShare on TwitterShare on Linkedin
11/01/2022
in အမျိုးသမီး ကျန်းမာရေး
1 min read
A A

ကိုယ်ဝန်ဆောင်ခြင်းသည် မေမေတို့အတွက် ဂုဏ်ယူပျော်ရွှင်ရသကဲ့သို့ အလွန်လည်း ပင်ပန်း စိတ်လှုပ်ရှားရပါသည်။ ကိုယ်ဝန်ဆောင် ကာလပြီးဆုံး၍ မွေးဖွားသည့် ကာလရောက်သည့်အခါတွင်လည်း မည်သည့်နည်းဖြင့် မွေးဖွားမည်ဆိုသည်ကိုလည်း ရွေးချယ်ရခက်တတ်ပါသည်။

ပုံမှန်အားဖြင့် အခြား ကျန်းမာရေးဆိုင်ရာ ပြဿနာများ မရှိပါက ရိုးရိုးမွေးဖွားရန်အတွက်သာ မေမေတို့ကို အားပေးလေ့ရှိပါသည်။အောက်ပါ အချက်အလက်တို့သည် ကိုယ်ဝန်ဆောင် မိခင်များ အထူးသဖြင့် ရိုးရိုးမွေးဖွားမည့် မိခင်များအဖို့ သိရှိမှတ်သား လိုက်နာလုပ်ဆောင်သင့်သည့် အချက်အလက်များ ဖြစ်ပါသည်။

 

အာဟာရပြည့်ဝအောင် စားသောက်ပါ

မေမေတို့အနေဖြင့် မိမိတို့အတွက်သာမက သားသားမီးမီးတို့ အာဟာရပြည့်ဝစေရန် အစားအသောက်ကို အာဟာရပြည့်ဝအောင် ဂရုတစိုက်စားသောက်ရပါမည်။

ရိုးရိုးမွေးဖွားသော မေမေများသည် ခွဲစိတ်မွေးဖွားသော မေမေများထက် အားအင်ကို ပိုမိုသုံးစွဲရနိုင်ခြေ ရှိပါသည်။ ထို့ပြင် ကျန်းမာရေးအခြေအနေသည်လည်း ပိုမိုကောင်းမွန်နေရန် လိုအပ်ပါသည်။ ထို့ကြောင့် ရိုးရိုးမွေးဖွားသော မေမေတို့သည် ကလေးနှင့်တကွ မိမိကိုယ်တိုင် ကျန်းမာသန်စွမ်းနေစေရန်အတွက် အာဟာရပြည့်ဝစေရန် ပိုမိုဂရုပြုစားသောက်သင့်ပါသည်။

စားသုံးသည့်အခါ အသီးအနှံများကို စုံလင်အောင် စားသောက်ခြင်းအားဖြင့် မိခင်နှင့်တကွ ကလေးအတွက်ပါလိုအပ်သော ဗီတာမင်ဓာတ်များကို စုံလင်အောင် ရရှိစေနိုင်ပါသည်။ ထို့ပြင် အသီးအနှံများသည် အမျှင်ဓာတ်ကြွယ်ဝခြင်းကြောင့် ဝမ်းချုပ်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါသည်။

မေမေများအနေဖြင့် စားသုံးသော အစားအစာထဲတွင် အာဟာရဓာတ် ၆ မျိုးလုံး စုံလင်မျှတအောင် စားသုံးရမည်ဖြစ်သော်လည်း ပြည့်ဝဆီများကိုမူ ရှောင်ကြဉ်သင့်ပါသည်။ ထို့ပြင် အသား၊ ငါး၊ ကြက်ဥများကို အစိမ်းစားသုံးခြင်းကို ရှောင်ကြဉ်သင့်သကဲ့သို့ အသည်း၊ ဆူရှီကဲ့သို့အစားအစာများကိုလည်း ရှောင်ရှားသင့်ပါသည်။

ကိုယ်ဝန်ဆောင်အားဆေး သောက်သုံးပါ

အစားအစာများကို ဂရုတစိုက်စားသော်လည်း တစ်ခါတစ်ရံတွင် လိုအပ်သော အာဟာရဓာတ်များ ပမာဏမမှန်ခြင်း၊ လုံလောက်မှုမရှိခြင်း စသောပြဿနာများနှင့် ကြုံတွေ့ရတတ်ပါသည်။ ထိုအခါမျိုးတွင် မေမေတို့အတွက်သာမက ဗိုက်ထဲမှ ရင်သွေးလေးအတွက်ပါ အာဟာရဓာတ် လုံလောက်စွာ ရရှိမှုသေချာစေရန်အတွက် ကိုယ်ဝန်ဆောင်အားဆေးများကို သောက်သုံးပေးသင့်ပါသည်။

အများအားဖြင့် ကိုယ်ဝန်ဆောင် အားဆေးများကို ကိုယ်ဝန်ဆောင်ကာလ ၃ လမှ စတင်ကာ သောက်သုံးလေ့ရှိပြီး ထိုကာလမတိုင်မီတွင် ဖောလစ်အက်ဆစ်ပါဝင်သော အားဆေးများကို သောက်သုံးပေးနိုင်ပါသည်။

 

ရေများများသောက်ပါ

ရေဓာတ်သည် ကိုယ်ဝန်ဆောင် မိခင်များတွင် ပုံမှန်ထက် ပိုမိုလိုအပ်လေ့ရှိပါသည်။ ထို့ကြောင့် ရေများများ သောက်သုံးပေးခြင်းဖြင့် မိခင်နှင့် ကလေး၏ ကျန်းမာရေး၊ ပုံမှန်ကြီးထွားဖွံ့ဖြိုးမှုတို့ကို များစွာ အထောက်အကူပေးပါသည်။ မေမေတို့အနေဖြင့် ရေကို တစ်နေ့လျှင် အနည်းဆုံး ၂ လီတာ၊ ၃ လီတာခန့် သောက်သုံးပေးသင့်ပါသည်။

 

ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ ပြုလုပ်ပါ

ကိုယ်ဝန်ဆောင်နေသည့်ကာလတွင် ကိုယ်လက် လေ့ကျင့်ခန်းများကိုလည်း ပြုလုပ်ပေးသင့်ပါသည်။

လေ့ကျင့်ခန်းများကို ပြုလုပ်ပေးခြင်းအားဖြင့် ကိုယ်ဝန်ကို လွယ်ထားရခြင်းကြောင့် ဖြစ်ပေါ်လာတတ်သော ခါးနာခြင်းကို သက်သာစေနိုင်ပါသည်။ ထို့ပြင် ခြေလက်များ ဖောရောင်ခြင်းကိုလည်း လျော့နည်းစေနိုင်ပါသည်။ ဝမ်းချုပ်ခြင်းကို သက်သာစေနိုင်သလို၊ လေထိုးလေပွခြင်းများကိုလည်း သက်သာစေပါသည်။

ထို့ပြင် စိတ်ဖိစီးမှုကို နည်းပါးစေကာ စိတ်ပိုင်းဆိုင်ရာ အခြေအနေများကိုလည်း တိုးတက်ကောင်းမွန်စေပါသည်။ ထို့ကြောင့် နှစ်ခြိုက်စွာ အိပ်စက်နိုင်စေရန်လည်း အထောက်အကူပြုပေးပါသည်။ ကိုယ်လက်လှုပ်ရှားမှုကြောင့် ကိုယ်အလေးချိန် အလွန်အမင်း မတက်စေရန်လည်း ထိန်းသိမ်းပေးပါသည်။ ကြွက်သားများကိုလည်း ပိုမို သန်မာစေနိုင်သည့်အတွက် ရိုးရိုးမွေးဖွားခြင်းကို ပိုမိုလွယ်ကူစေပါသည်။

ယနေ့ခေတ်တွင် ကိုယ်ဝန်ဆောင်ကာလ ပြုလုပ်ရမည့် လေ့ကျင့်ခန်းသင်တန်းများ၊ ယောဂသင်တန်းများကိုလည်း အလွယ်တကူ တက်ရောက်နိုင်ပြီ ဖြစ်ပါသည်။

 

အိပ်ရေးဝအောင် အိပ်ပါ

ကိုယ်ဝန်ဆောင်နေသည့်ကာလတွင် ဟော်မုန်းများ၏ သက်ရောက်မှုကြောင့် ပုံမှန်အခြေအနေထက် ပိုမိုအိပ်ငိုက်နေတတ်ပါသည်။ အိပ်ရေးဝအောင်လည်း အိပ်စက်သင့်ပါသည်။ အိပ်ရေးဝအောင် အိပ်စက်ခြင်းသည် ကိုယ်ဝန်ဆိပ်တက်ခြင်းနှင့် ကိုယ်ဝန်ဆောင် ဆီးချိုရောဂါ ဖြစ်ပွားခြင်းကဲ့သို့သော ကိုယ်ဝန်ဆောင်ကာလတွင် ဖြစ်ပွားတတ်သည့် ပြဿနာများဖြစ်ပွားခြင်းကို လျှော့ချပေးပါသည်။

လေ့လာတွေ့ရှိမှုများအရ အိပ်စက်ခြင်း အလွန်နည်းပါးခြင်းသည် ရိုးရိုးမွေးဖွားခြင်းတွင် မွေးဖွားချိန်ကြာမြင့်ခြင်းနှင့် အရေးပေါ် ဗိုက်ခွဲမွေးရခြင်း ဖြစ်စဉ်များနှင့် ဆက်စပ်မှုရှိကြောင်း တွေ့ရှိရပါသည်။

 

အရက်နှင့် ဆေးလိပ်ကို ရှောင်ကြဉ်ပါ

အရက်နှင့် ဆေးလိပ်သောက်ခြင်းသည် ကိုယ်ဝန်ဆောင်ခြင်းကို များစွာ အန္တရာယ်ပေးတတ်ပါသည်။ အရက်နှင့် ဆေးလိပ်သောက်သုံးခြင်းအားဖြင့်  လမစေ့ဘဲ မွေးဖွားခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်း၊ မွေးဖွားပြီးနောက် ကလေးရုတ်တရက် သေဆုံးခြင်း၊ ကလေး၏ မျက်နှာသွင်ပြင် ပုံမမှန်ခြင်း၊ အပြုအမူဆိုင်ရာ မူမမှန်ခြင်း၊ သင်ကြားမှုဆိုင်ရာ အခက်အခဲများ ဖြစ်ပွားခြင်းစသည့် ပြဿနာများကို ကြုံရတတ်ပါသည်။

အထူးသဖြင့် ရိုးရိုးမွေးဖွားမည့် မေမေများအနေဖြင့် အရက်နှင့် ဆေးလိပ်ကို ဝေးဝေးက ရှောင်သင့်ပါသည်။

 

သားဖွားမီးယပ်ဆရာဝန်များနှင့် ပုံမှန်ပြသပါ

ကိုယ်ဝန်ဆောင်နေသည့်ကာလအတွင်း သန္ဓေသား အနေအထား မမှန်ခြင်း၊ အချင်းရှေ့ရောက်ခြင်း၊ သားအိမ်ပြင်ပ သန္ဓေတည်ခြင်း စသည့် ပုံမှန်မဟုတ်သည့် အခြေအနေများ ဖြစ်ပေါ်တတ်ပါသည်။

ထိုသို့ ပုံမှန်မဟုတ်သည့် အခြေအနေများကို ဖြေရှင်းသည့်အခါ ရိုးရိုးမွေးဖွားခြင်းသည် ခွဲစိတ်၍ မွေးဖွားခြင်းထက် ပိုမိုခက်ခဲ၊ အန္တရာယ်များတတ်ပါသည်။

ထို့ကြောင့် မေမေတို့ အနေဖြင့် သားဖွားမီးယပ် ဆရာဝန် တစ်ဦးဦးနှင့် ပုံမှန်ပြသခြင်းအားဖြင့် အထက်တွင် ဖော်ပြခဲ့သော ပုံမှန်မဟုတ်သည့် အခြေအနေများကို ကြိုတင် ပြုပြင်၊ ပြင်ဆင်ထားရှိနိုင်မည် ဖြစ်ပါသည်။

 

Author: ဒေါက်တာမိုး (ဆေး ၁)

Previous Post

ဗိုက်ထဲကဘေဘီလေးတွေ လုပ်လေ့ရှိတဲ့အံ့ဩစရာကောင်းတဲ့အရာတွေ 

Next Post

အသားအရေထိန်းသိမ်းဖို့ သင့်ခြံထဲမှာစိုက်ထားသင့်တဲ့ ဆေးဖက်ဝင်အပင်လေးတွေ 

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

If you are considering breast augmentation for women, read on

အမျိုးသမီးတို့ ရင်သားခွဲစိတ် ပြုပြင်ဖို့ စဉ်းစားထားလျှင် ဒီအချက်တွေကို အရင်ဖတ်ပါ

2 months ago
375
to turn your wifes hatred into a smile

သင့်ဇနီးရဲ့ အမုန်းတွေကို အပြုံးတွေဖြစ်လာစေဖို့ဆိုရင်

3 months ago
1.2k
women and knee pain

အမျိုးသမီးနှင့် ဒူးနာဝေဒနာ

3 months ago
459
ways to naturally regulate female hormones

အမျိုးသမီးဟော်မုန်းတွေ သဘာဝအတိုင်း ထိန်းညှိပေးနိုင်တဲ့နည်းလမ်းများ

3 months ago
857
anemia after childbirth

က​လေး​မီးဖွားပြီး​ သွေးအားနည်းခြင်း

3 months ago
215

မကြာခဏ နှာချေရခြင်းအကြောင်းရင်း

4 months ago
653

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • ကြို့ ထိုးတာ မြန်မြန်ပျောက်အောင်

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
  • ကူးစက်မြန်မျိုးဗီဇပြောင်းကိုဗစ်အကူးခံရလျှင် ဖြစ်တတ်သည့်လက္ခဏာများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အသားအရေထိန်းသိမ်းဖို့ သင့်ခြံထဲမှာစိုက်ထားသင့်တဲ့ ဆေးဖက်ဝင်အပင်လေးတွေ 

အမာရွတ်တွေကင်းစင်စေမယ့် သဘာ၀နည်းလမ်းများ

ဆောင်းရာသီမှာ အရေပြားခြောက်သွေ့ကွဲအက်တာကို ကာကွယ်နိုင်ဖို့

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.