ကလေးမရအောင်ကိုယ်ဝန်တားခြင်းဟာ အမျိုးသမီးတွေသာတာဝန်ယူပြုလုပ်ရတဲ့ နည်းလမ်းလို့ သင်ထင်ပါသလား?
အချို့အမျိုးသမီးများအတွက် ဟော်မုန်းဆေးတားနည်းများကို နှစ်ရှည်သုံးစွဲခြင်းကြောင့် ဆိုးကျိုးများခြင်းကို အမျိုးသားများကူညီဖြေရှင်းနိုင်တယ်ဆိုတာ သင်သိပါသလား?
သွေးမဆုံးမီအထိ အမျိုးသမီးများ တားဆေးမသုံးစွဲရဘဲ တားသောနည်းလမ်းမှာ သားကြောဖြတ်ခြင်းဖြစ်ပါတယ်။ဒါ့အပြင် အမျိုးသားများလည်း သားကြောဖြတ်ပြီး တားဆီးနိုင်ပါတယ်။ အမျိုးသမီးများသားကြောဖြတ်ခြင်းကို လူတိုင်းနီးပါးနားလည်သော်လည်း အမျိုးသားများသားကြောဖြတ်ခြင်းကို အမျိုးသားများပြုလုပ်ရန် တွန့်ဆုတ်တတ်ကြပါတယ်။ယောကျ်ားသားကြောဖြတ်လျှင် ယောကျ်ားစွမ်းဆောင်မူလျော့ကျသွားမလားစိတ်ပူတတ်ပါတယ်။
(၁) အမျိုးသား သားကြောဖြတ်ခြင်းဆိုသည်မှာ
အမျိုးသားများသားကြောဖြတ်ခြင်းဟာ တက်စတိထဲသို့သုတ်ပိုးဝင်ရောက်မူတားခြင်းဖြစ်ပြီး သုတ်ပိုးဟာ မိန်းမအင်္ဂါထဲသို့မဝင်ရောက်ခြင်းကြောင့် ကိုယ်ဝန်မရအောင်ပြုလုပ်သောနည်းလမ်းဖြစ်ပါတယ်။အမျိုးသားများစိတ်ပူနေသော လိင်စွမ်းဆောင်ရည်ကျဆင်းခြင်းမရှိဘဲ ပုံမှန်အတိုင်းပင်ဖြစ်ပါတယ်။
အမျိုးသား သားကြောဖြတ်ခြင်းဟာ 100%အောင်မြင်နိုင်ပါတယ်။ပြန်ဆက်ရန်မှာ အလွန်ရှားပါးသောကိစ ္စတစ်ရပ်ဖြစ်ပြီး သားကြောဖြတ်ပြီးနောက်သုတ်ပိုးအနည်းငယ်ထွက်တတ်ပါတယ်။
(၂) သားကြောဖြတ်တယ်ဆိုတာဘယ်လိုလဲ?
ခွဲစိတ်ဆရာဝန်ဟာ လိင်တံအောက် ကယ်ပယ်အိတ်ကိုအနည်းငယ်ခွဲပြီး vas deferens လို့ခေါ်တဲ့ပြွန်ကို ဖြတ်ခြင်း၊ချည်ခြင်းဖြင့် ပြွန်ကိုပိတ်လိုက်ပါတယ်။ပြီးနောက်ခွဲကြောင်းကိုပိတ်ပြီး သားကြောဖြတ်ခြင်းပြီးဆုံးပါတယ်။
(၃) သားကြောဖြတ်ပြီးနောက် ဘာတွေခံစားရမလဲ?
သားကြောဖြတ်ပြီး ရက်အနည်းငယ်အထိ အနည်းငယ်နာတတ်ပါတယ်။တရက်ခန့်ကောင်းစွာအနားယူပါ။တစ်ပတ်ကျော်ထိ အနာမသက်သာပါက ဆေးခန်းပြန်ပြပါ။သောကြာနေ့တွင်သားကြောဖြတ်ပါက တနင်္လာနေ့တွင်အလုပ်ပြန်ဆင်းနိုင်ပါပြီ။
(၄) သားကြောဖြတ်ပြီးနောက်လိင်ဆက်ဆံရမည့်အချိန်?
သားကြောဖြတ်ပြီး ရက်အနည်းငယ်အကြာတွင်လိင်ဆက်ဆံမူပြုလုပ်နိုင်ပါတယ်။သုတ်ပိုးအနည်းငယ်ထွက်နေနိုင်တာကြောင့် အခြားတားနည်းတခုခုတော့အသုံးပြုပါ။သားကြောဖြတ်ပြီး သုတ်ရည်လွှတ်တဲ့အကြိမ် ၁၀ မှ၂၀ကြိမ် ပြုလုပ်ခဲ့ပြီးနောက် တားနည်းသုံးရန်မလိုအပ်တော့ပါ။
(၅) ဆိုးကျိုးများ
သားကြောဖြတ်ခြင်းဟာ အသေးစားခွဲစိတ်မူတစ်ခုဖြစ်တာကြောင့် လွယ်ကူလျင်မြန်ပါတယ်။ဆိုးကျိုးအထွေအထူးမဖြစ်တတ်ပါ။သို့သော် ရောင်ရမ်းခြင်း၊ပိုးဝင်ခြင်းစတာတွေ တခါတရံဖြစ်လေ့ရှိသော်လည်း မပြင်းထန်တတ်ပါ။ သားကြောဖြတ်ခြင်းကြောင့် ဟော်မုန်းပြောင်းလဲခြင်း၊လိင်တံထောင်မတ်မူအားနည်းခြင်း၊စွမ်းဆောင်မူလျော့နည်းခြင်းများ မဖြစ်စေပါ။ သားကြောဖြတ်ခြင်းကြောင့် ဆီးကျိတ်ကင်ဆာဖြစ်စေခြင်းဟာ ဆက်စပ်မူမရှိတာကြောင့် ကင်ဆာဖြစ်စေသောယူဆချက်များကို သံသယမဖြစ်သင့်ပါ။
(၆) သားကြောဖြတ်ခြင်းသည် ကူးစက်ရောဂါများကာကွယ်နိုင်သလား?
သားကြောဖြတ်ခြင်းကြောင့် လိင်ဆက်ဆံမူမှတစ်ဆင့် ကူးသောကူးစက်ရောဂါများ မကာကွယ်နိုင်ပါ။ထို့ရောဂါများမကူးစက်ရန် ကွန်ဒုံးသုံးပါ။ဒါ့ကြောင့်မိမိအမျိုးသမီးကို ရေရှည်တားဆေးသုံးစွဲမူသက်သာစေရန် အမျိုးသားများသားကြောဖြတ်ခြင်းဟာ အကောင်းဆုံးနည်းလမ်းတစ်ခုသာဖြစ်ပါတယ်။