fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

Is prostate disease hereditary?
630
VIEWS
Share on FacebookShare on TwitterShare on Linkedin
20/11/2023
in အမျိုးသားကျန်းမာရေး
1 min read
A A

ဆီးကျိတ်ရောဂါဟာ အမျိုးသားတွေမှာသာ သီးသန့်ဖြစ်တဲ့ ရောဂါဖြစ်ပါတယ်။ ဆီးကျိတ်ဟာ ဆီးအိမ်နဲ့ လိင်တံအနီးမှာ တည်ရှိပြီး ဆီးအိမ်ကနေ အောက်ကိုဆင်းလာတဲ့ ဆီးလမ်းကြောင်း (urethra) ရဲ့ အပေါ်ပိုင်းကို ရစ်ပတ်လျက် ရှိတဲ့ သစ်ကြားသီးအရွယ်ခန့် ဂလင်းတစ်ခု ဖြစ်ပြီး ဆီးကျိတ်မှာ ပြဿနာတစ်ခုခု ရှိတဲ့အခါ ဆီးသွားခြင်းနဲ့ လိင်ဆက်ဆံခြင်းတွေ အပေါ်မှာ အကျိုးသက်ရောက်မှု ရှိပါတယ်။

ဆီးကျိတ်နဲ့ပတ်သက်ပြီး အဖြစ်များတဲ့ရောဂါတွေက ဆီးကျိတ်ရောင်ခြင်း (prostatitis)၊ ဆီးကျိတ်ကြီးခြင်း (benign prostatic hyperplasia-BPH) နဲ့ ဆီးကျိတ်ကင်ဆာ (prostate cancer) တို့ဖြစ်ပြီး ဆီးကျိတ်ရောင်ခြင်းက အသက်အရွယ်မရွေး ဖြစ်နိုင်ပေမယ့် ကျန်နှစ်ခုကတော့ အသက် ၅၀ ကျော်မှ ပိုပြီး အဖြစ်များတဲ့ ရောဂါတွေပါ။

ဆီးကျိတ်ရောဂါတွေက မျိုးရိုးလိုက်တတ်လား?

အထက်မှာဖော်ပြခဲ့တဲ့ အဖြစ်များတဲ့ ဆီးကျိတ်ရောဂါ သုံးမျိုးလုံးက မျိုးရိုးလိုက်တတ်တဲ့ ရောဂါတွေ ဖြစ်ပါတယ်။ မျိုးရိုးလိုက်တတ်ဆိုတာ မိဘဘိုးဘွား၊ ညီအစ်ကိုမောင်နှမတွေမှာ ဖြစ်တဲ့ရောဂါက မိမိမှာလည်း ဖြစ်နိုင်ခြေ များတာကို ဆိုလိုတာပါ။

ဆီးကျိတ်ကင်ဆာ

မျိုးရိုးဗီဇကြောင့် ဖြစ်တဲ့ ဆီးကျိတ်ကင်ဆာဟာ အသက်ငယ်ရွယ်စဥ်တည်းက ဖြစ်နိုင်ပါတယ်။ BRCA 1 နဲ့ BRCA 2 ဆိုတာ ဆဲလ်တွေထဲက DNA ရဲ့ ချို့ယွင်းချက်တွေကို ပြုပြင်ပေးပြီး ကင်ဆာအကျိတ်တွေ မဖြစ်အောင် ဖိနှိပ်ပေးတဲ့ မျိုးရိုးဗီဇတွေပါ။ အဲဒီမျိုးရိုးဗီဇတွေက ပြောင်းလဲမှုဖြစ်ပြီး မူမမှန်တော့တဲ့အခါ ရင်သားကင်ဆာ၊ သားဥအိမ်ကင်ဆာနဲ့ ဆီးကျိတ်ကင်ဆာတွေ ဖြစ်စေနိုင်ပါတယ်။ ဆီးကျိတ်ကင်ဆာဖြစ်သူတွေရဲ့ ၁၀% ခန့်ဟာ BRCA 2 မျိုးရိုးဗီဇပြောင်းလဲမှုကြောင့် ဖြစ်ပါတယ်။

ဆီးကျိတ်ကြီးထွားအောင် ပြုလုပ်ပေးရာမှာ အရေးပါတဲ့ HOXB13 ဆိုတဲ့ မျိုးရိုးဗီဇက ပြောင်းလဲမှု ဖြစ်ရင်လည်း ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေ ရှိပါတယ်။

ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ…
• ဆွေမျိုးတွေထဲမှာ အသက် ၅၅နှစ် မတိုင်ခင် ဆီးကျိတ်ကင်ဆာဖြစ်ဖူးသူ ရှိရင်
• အဖေ သို့မဟုတ် သား သို့မဟုတ် ညီအစ်ကိုအရင်းတွေမှာ ဆီးကျိတ်ကင်ဆာ ဖြစ်ဖူးရင်
• မိသားစုဆွေမျိုးထဲမှာ ဆီးကျိတ်ကင်ဆာ သို့မဟုတ် သားဥအိမ်ကင်ဆာ သို့မဟုတ် ရင်သားကင်ဆာ ဖြစ်ဖူးသူရှိရင်
• အသက် ၅၀ မတိုင်ခင် ဆီးကျိတ်ကင်ဆာ သို့မဟုတ် အူမကြီးကင်ဆာ သို့မဟုတ် သားအိမ်ကင်ဆာ ဖြစ်ဖူးသူ ရှိရင်
ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေ များသူဟု သတ်မှတ်ပြီး မျိုးရိုးဗီဇ စစ်ဆေးကြည့်လို့ရပါတယ်။

မျိုးရိုးဗီဇစစ်ဆေးပြီး စောစီးစွာ သိရှိကုသမှု ခံယူနိုင်ရင် ဆီးကျိတ်ကင်ဆာဟာ လုံးဝပျောက်ကင်းသွားနိုင်တဲ့ ရောဂါဖြစ်ပါတယ်။

ဆီးကျိတ်ကြီးခြင်း (BPH)

ဆီးကျိတ်ကြီးခြင်းကလည်း မျိုးရိုးလိုက်တတ်တဲ့ ရောဂါဖြစ်ပြီး အသက် ၆၅ နှစ်မတိုင်ခင် ဆီးကြိတ်ကြီးသူတွေရဲ့ ဆွေမျိုးတွေဟာ ဆီးကျိတ်ကြီးခြင်း ဖြစ်နိုင်ခြေ ၄ ဆခန့် ပိုများနိုင်ပြီး ညီအစ်ကိုအရင်းဆိုရင်တော့ ၆ဆခန့် ပိုများနိုင်ပါတယ်။

ဆီးကျိတ်ရောင်ခြင်း

နာတာရှည်ဆီးကျိတ်ရောင်ရောဂါ (chronic prostatitis) ကလည်း မျိုးရိုးလိုက်နိုင်ပြီး အထူးသဖြင့် rheumatoid arthritis လို ကိုယ်ခံအားစနစ်နဲ့ဆိုင်တဲ့ autoimmune disease ရှိတဲ့သူတွေမှာ ပိုပြီး ဖြစ်နိုင်ခြေ ရှိပါတယ် (autoimmune disease တွေကလည်း မျိုးရိုးလိုက်နိုင်ပါတယ်)။ ဆီးကျိတ်ရောင်ခြင်းဟာ အဖေနဲ့သားလို၊ ညီအစ်ကိုအရင်းလို အရင်းအချာတွေမှာ ပိုပြီး မျိုးရိုးလိုက်နိုင်ပါတယ်။

မျိုးရိုးလိုက်တတ်တဲ့ ရောဂါတွေမို့ မျိုးရိုးရှိရင် ဖြစ်နိုင်ခြေများတယ် ဆိုပေမယ့် အရမ်းကြောက်စရာတော့ မလိုပါဘူး။ ဆီးကျိတ်ရောဂါမျိုးရိုး ရှိတယ်ဆိုရင် သတိထားနေတဲ့အတွက် ရောဂါရှိလာရင်တောင် စောစီးစွာ သိရှိကုသမှု ခံယူနိုင်လို့ ပျောက်ကင်းနိုင်ခြေ ပိုများတဲ့ အားသာချက်ရှိသလို ကျန်းမာစွာ နေထိုင်စားသောက်ခြင်းဖြင့် မဖြစ်အောင် ကြိုတင်ကာကွယ်လို့လည်း ရနိုင်ပါတယ်။

Author: Dr.Yee Mon

Previous Post

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

Next Post

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
743
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

1 year ago
1k

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
984

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ဘယ်လိုလူတွေမှာ ဆီးကျိတ်ရောဂါအဖြစ်များလဲ?

2 years ago
1.7k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

How important is biotin for hair health?

ဆံသားကျန်းမာရေးအတွက် ဘိုင်အိုတင်ဟာ ဘယ်လောက်အရေးကြီးသလဲ?

Age and bone health

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.