fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

ပြုသူတစ်ချက် ခံသူတစ်သက်

26
VIEWS
Share on FacebookShare on TwitterShare on Linkedin
17/06/2017
in အမျိုးသားကျန်းမာရေး
1 min read
A A

လူ့လောကတွင် တစ်ဦးနှင့်တစ်ဦး အဆင်မပြေ၍ ပြုမူလိုက်သည့် ကိစ္စတစ်ခုတွင် ပြုသူများက
အမှတ်မထင်ပြုမိ၍လည်းကောင်း၊ ရည်ရွယ်ချက်ရှိစွာဖြင့် တမင်ပြုမူလုပ်လိုက်သည့်လည်းကောင်း၊
ပြုသူဖက်မှကြည့်လျှင် တစ်ခဏသာတာဖြစ်ပြီး ကြာလာသည်နှင့် မေ့ပျောက်သွားလေ့ရှိကြပါသည်။
သို့သော် ခံရသူဖက်မှနေ၍ ကြည့်ပါက တစ်ပါးသူ၏ တစ်ခဏတာပြုမူခြင်းအမှုသည် မိမိတို့အတွက်
တစ်သက်တာမေ့ပျောက်၍ မရနိူင်အောင်ပင် ခံစားရလေ့ရှိတတ်ကြပါသည်။

ထိုဖြစ်စဉ်များသည်
သာမန်လူလောကအလယ်တွင် ဖြစ်လေ့ဖြစ်ထ ရှိနေကြသလို HIV
ကူးစက်ခံရသူများ၏လောကတွင်လည်း အများဆုံး ရှိနေတတ်ကြပါသည်။ သာမန်လူလောကတွင်
ပြုမူခြင်းခံရသူတို့ထက် HIV ကူးစက်ခံနေရသူများ၏ဘဝသည် ထိုခံစားချက်များကို
တစ်သက်မေ့လို့မရနိူင်လောက်အောင်ပင် ရိုက်ခတ်ခံစားရမှုသည် တမြေ့မြေ့လောင်ကျွမ်းခံရခြင်းကို
ဖြစ်ပေါ်စေပါသည်။

HIV ကူးစက်ခံရစဉ်က ထိုခံစားမှုများသည် အစိုင်အခဲကြီးမားစွာဖြင့် ခံစားခဲ့ရပြီး
အချိန်ကြာလာသည်နှင့်အမျှ ခံစားချက်များ မေ့ပျောက်သွားမည်ဟု ထင်ခဲ့သော်လည်း တစ်ခါတစ်ရံ
ပြန်လည်ကြုံတွေ့တတ်ပါသည်။ ဒဏ်ရာဟောင်းများလည်း ပြန်လည်ပေါ်ပေါက်လာတတ်ပြီး
ယခင်ခံစားရမှုများထက်မလျော့သော ခံစားရမှုအခြေအနေတစ်ရပ်ကို
ပြန်လည်ရောက်သွားတတ်ကြပြန်ပါသည်။

HIV နှင့်စတင်ထိတွေ့စဉ် ကာလတုန်းက မိမိတို့၏
စိတ်အစဉ်ကိုပင် ထိန်းချုပ်ရန် ခက်ခဲသည့် ကာလဖြစ်နေသောကြောင့် ပတ်ဝန်းကျင်မှ
မိမိကိုထိခိုက်လာသည့် အသေးအဖွဲ့စကားလေးသည်ပင်လျှင် မိမိတို့အတွက်
မြင့်မိုရ်တောင်ကြီးသဖွယ် ရိုက်ခတ်ခံစားရတတ်ပါသည်။

မိမိကိုအေကိုက်နေသည်ဟု ပြောလိုက်သည့် စကားတစ်ခုသည်ပင်လျှင် ပြောသူအတွက်
ခံစားချက်အသေးအဖွဲတစ်ခုသာ ဖြစ်နေတတ်ပြီး မိမိအတွက် ကြီးစွာသော စိတ်ထိခိုက်မှုကို
ဖြစ်တတ်ကြပါသည်။ ထိုစကားလေးသည်ပင်လျှင် မိမိအတွက် မခံစားနိူင်ဆုံးသော
စိတ်ဓာတ်ပြိုလဲမှုကို ဖြစ်စေတတ်သလို နောက်ဆက်တွဲအတွေးများကလည်း မိမိတို့၏ လူ့ဘဝ
နောက်ဆုံးအခြေအနေတစ်ရပ်ပေလားဟု ဆက်စပ်တွေးမိတတ်ကြပြီး လူလောကကို
စွန့်ခွာလိုစိတ်များ ဖြစ်ပေါ်လာသည်အထိပင် ခံစားတတ်ကြပါသည်။

ထို့အပြင်
နောက်ဆက်တွဲအနေဖြင့် မိမိတို့၏ မိသားစုဝင်များ၊ သားသမီးများ၏ နောင်ရေးများကိုပါ
ပူပန်စိုးရိမ်စိတ်များ ထပ်မံဖြစ်ပေါ်လာတတ်ကာ စိတ်ဓာတ်ကျဆင်းရမှု အဆုံးစွန်ထိ
ရောက်သွားတတ်ကြပါသည်။ ဘာမှန်းမသိရသည့် ဗန်းစကားတစ်ခုဖြစ်သော အေကိုက်သည်ဆိုသည့်
စကားတစ်ခုတည်းနှင့် ပင်လျှင် HIV ရှိနေသူတို့အဖို့ ဤမျှရိုက်ခတ်ခံစားရပါလျှင် ထို့ထက်ဆိုးရွားသော
အပြုအမူများ၊ လုပ်ရပ်များ၊ စကားဆိုးများသည် HIV ရှိသူတို့၏ စိတ်နှင့်ဘဝများကို
ရိုက်ခတ်သည့်သဖွယ် ခံစားရတတ်ခြင်းကို ပြုမူသူများက သတိမမူမိသော်လည်း ခံစားရသူများမှာ
တစ်,သက်တာ အောက်မေ့မရနိူင်သည့် ကိစ္စကြီးများသဖွယ်ပင် ဖြစ်လာရတတ်ပါသည်။

HIV
လောကတွင်လည်း တချို့သော အလှူရှင်အဖွဲ့အစည်းများမှ မြန်မာလူမျိုးဝန်ထမ်းများသည်လည်း HIV
ရှိသူများအပေါ် ချိုးနှိမ်ဆက်ဆံမှုများ ရှိနေတတ်ပြီး ငါပြောသလိုသာလုပ်ကြ၊ ငါ့ထက်ပိုပြီး
မတက်ကြနှင့်စသည့် အဓိပ္ပာယ်ရှိသော လုပ်ရပ်များသည်လည်း HIV ရှိသူများအဖို့
တစ်သက်တာရိုက်ခတ်ခံစားရမှုများလည်း မမေ့နိူင်သောအကြောင်းအရာများပင် ဖြစ်ကြပါသည်။

တစ်ခါတစ်ရံတွင် HIV ရှိသူများ၏ အသက်အရွယ်၊ ဘဝ လက်တွေ့များသည် HIV
မရှိသူများနှင့် ကုသပေးသူဆရာဝန်များ အလှူ့ရှင်ထက်ပိုမို ကောင်းမွန်သော အကြံဉာဏ်များလည်း
ရှိနေတတ်ရာ HIV ရှိသူများကို နှိမ့်ချဆက်ဆံလိုက်ခြင်းများသည်လည်း ခံစားရသူများအတွက်
တစ်သက်တာ မမေ့နိူင်စရာ ကိစ္စရပ်များဖြစ်နေတတ်ပါသည်။ HIV ရှိသူတို့သည်လည်း လူသားထဲမှ
လူသားများဖြစ်ကြ၍ မိမိတို့၏ကိုယ်ပိုင် အရည်အချင်းများနှင့် ကိုယ်ပိုင်စွမ်းရည်များလည်း
ရှိတတ်ကြပါသည်။

ထိုအရည်အသွေးများကို HIV ရှိနေခြင်းကြောင့် အသိအမှတ်မပြုဘဲ
ဝိုင်းဝန်းကျဉ်ဖယ် ကြခြင်းများသည်လည်း ခံစားရသူများအတွက် တစ်သက်တာမေ့မရနိူင်ခြင်းများပင်
ဖြစ်ကြပါသည်။ အချို့သည်လည်း နှုတ်အမူအရာနှင့် မဟုတ်သော်လည်း ကိုယ်အမူအရာဖြင့်
စော်ကားမှုများ ရှိတတ်ရာ ထိုသို့ပြုမူလိုက်သူသည် တခဏသာဖြစ်သော်လည်း ခံစားရသူအတွက်
စိတ်ပိုင်းထိခိုက်မှုကို အကြီးအကျယ်ဖြစ်ရလေ့ရှိပါသည်။

အချို့မှာတော့ မိသားစုအတွင်း၌ပင်
ထမင်းစားပန်းကန်၊ သောက်ရေခွက်၊ သောက်ရေအိုး၊ ဇွန်း စသည်များကို သီးသန့်သုံးစေခြင်းကြောင့်
နေ့စဉ်ခံစားရသော စိတ်ကျမှုဝေဒနာကို မြင့်တတ်စေရမှု ဖြစ်စေပါသည်။ ယနေ့ခေတ် HIV
မကူးစက်သည့်နည်းလမ်းများ ပညာပေးအားနည်းနေသောကြောင့်လည်း လူအများ၏ သိသိသာသာ
ခွဲခြားမှုနှင့် မသိမသာ ခွဲခြားမှုများလည်း ပိုမိုမြှင့်တက်နေဆဲပင် ဖြစ်ပါသည်။

အချို့သည်လည်း HIV ကူးစက်ခံရမှု နှစ်ကြာလာသည်နှင့်အမျှ မိမိအပေါ် ခွဲခြား၊ နှိမ်ချ
ဆက်ဆံမှုများကို ခံနိူင်ရည်စွမ်း ရှိပြီဟု ထင်မှတ်နေကြသော်လည်း တစ်ခါတစ်ရံ ရိုက်ခတ်လာပါက
မခံရပ်နိူင်သည့်အကြောင်းများ ပါရှိနေသောအခါမှ မိမိကိုယ်တိုင် ခံနိူင်ရည်စွမ်း
မရင့်ကျက်သေးပါလားဟု ပြန်လည်သုံးသပ်မှုများ ရှိလာတတ်ကြပြန်ပါသည်။ HIV ရှိနေသူ
မိဘရှင်များ၏ ခံစားချက်များမှာလည်း မိမိကိုယ် မည်သို့ပင် HIV နှင့် စော်ကားမှု ရှိနေပါစေ
ခံနိူင်ရည်ရှိသော်လည်း မိမိတို့၏ သားသမီးများကို HIV နှင့်ပတ်သက်ပြီး စော်ကားလာပါက မည်သို့မျှ
သည်းခံနိူင်မှု မရှိခြင်းပင် ဖြစ်ပါသည်။ အေကိုက်နေသူ ဘယ်သူ၏သား၊ သမီး
စသည်ဖြင့်လည်းကောင်း၊ အဖေ သို့မဟုတ် အမေသည် အေကိုက်နေသည်ဟုလည်းကောင်း
စော်ကားခြင်းကို HIV ရှိနေသူ မည်သည့်မိဘကမှ မခံစားနိူင်ကြသလို ပေါက်ကွဲမှုများလည်း
ဖြစ်တတ်ကြပါသည်။

ထို့အတွက်ကြောင့် HIV ရှိနေသူများအပေါ် ကိုယ်အမူအရာ၊ နှုတ်အမူအရာဖြင့်
စော်ကားလိုက်ခြင်း၊ နှိမ့်ချခြင်း၊ ခွဲခြားဆက်ဆံခြင်း၊ လှောင်ပြောင်၊ သရော်လိုက်ခြင်းများကို
ပြုသူဖက်မှ အမှတ်တမဲ့ဖြစ်၍လည်းကောင်း၊ ရည်ရွယ်ချက်ရှိရှိဖြင့် ပြုမူလိုက်ခြင်းဖြင့်လည်းကောင်း၊
ထိုသူတို့သည် တစ်ခဏတာ မေ့ပျောက်သွားတတ်ကြပါသည်။ သို့သော် ခံစားခဲ့ရသည့် HIV
ရှိနေသူတို့အဖို့တော့ တစ်သက်တာ မေ့ပျောက်မလွယ်လှသည့် ကိစ္စကြီးတစ်ရပ်သာ
ဖြစ်နေပါတော့သည်။ ထို့ကြောင့် လူကို လူဟု အမြင်ထားနိူင်ကြစေရန်
ရေးသားနှိုးဆော်လိုက်ရပါတော့သည်။

Author: လှိုင် (Peer) , Healthcare Journal,(28.4.17)Vol 8,no 15

Previous Post

လည်ပင်းကျီးပေါင်းတက် ခေါင်းမူးခြင်း

Next Post

အမျိုးသမီးများနှင့် နှလုံးအောင့်ရောဂါ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
768
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

2 years ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
637

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
1k

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အမျိုးသမီးများနှင့် နှလုံးအောင့်ရောဂါ

နွေရာသီမှာ ဆံကေသာအတွက် ခေါင်းမစားဖို့

ရေများများသောက်စေချင်တယ်လို့ အကြံပြုတဲ့ ဂုဏ်ရည်အေးကျော်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.