(Zawgyi)
အမ်ိဴးသားတစ္ေယာက္ရဲ႕ဘဝမွာ လူပ်ိဳေဖာ္ဝင္တဲ့အ႐ြယ္ကေန အသက္ေသဆုံးသည္အထိ ပန္းေသပန္းညိဳးျခင္းဆိုတဲ့ ျပသာနာကိုတစ္ႀကိမ္မဟုတ္ တစ္ႀကိမ္ႀကဳံေတြ႕ႏိုင္ပါတယ္။ အသက္ ၄၀ မွ ၇၀ အတြင္းဆိုရင္ အမ်ိဳးသား ၁၀ေယာက္မွာ ၅ေယာက္ခန႔္ဟာ ပန္းေသပန္းညႇိဳးျခင္းကို ခံစားရႏိုင္တယ္။ အသက္ ၇၀ အထက္ဆိုရင္ အမ်ိဳးသား ၁၀ ေယာက္မွာ ၇ ေယာက္ခန႔္ဟာ ပန္းေသ ပန္းညႇိဳးျခင္း ျဖစ္ပြားႏိုင္တယ္။ ဆိုလိုတာက အသက္ႀကီးလာတာနဲ႔အမွ် ပိုျဖစ္ႏိုင္ေခ် မ်ားလာသည္။
ပန္းေသပန္းညိဳးျခင္းဆိုတာဘာလဲ။
ပန္းေသပန္းညိဳျခင္းဆိုသည္မွာ လိင္ဆက္ဆံမႈ႕ျပဳရာတြင္ လိင္ဆက္ဆံႏိုင္ေလာက္ေအာင္ လိင္တံမာေတာင္မႈမရွိျခင္း သို႔မဟုတ္ လုံးဝေထာင္မတ္မႈ မရွိျခင္း ျဖစ္သည္။ ဒီလိုအေျခအေနမ်ိဴးတစ္ခါတရံျဖစ္တာကေတာ့ ျပသာနာမဟုတ္ပါဘူး။ ေယာက်ာ္းအမ်ားစုမွာ လိင္တံမာေတာင္မႈကို တစ္ခါတေလ မရႏိုင္ေသာ အခ်ိန္မ်ားရွိသည္။ ဥပမာအားျဖင့္ အလုပ္အရမ္းပင္ပန္းေနလွ်င္၊ အိပ္ေရးပ်က္တာမ်ားလွ်င္၊စိတ္ဖိစီးမႈမ်ားလွ်င္၊ အရက္အလြန္ေသာက္ထားလွ်င္ လိင္တံေတာင့္တင္းမႈ လြယ္လြယ္ မရႏိုင္ေပ။သို႔ေသာ္ဒီလိုပန္းေသပန္းညိဳးတာ ဆက္တိုက္ျဖစ္ေနရင္ေတာ့ သင့္ကို စိတ္ဖိစီးမႈေတြေပးလာႏိုင္ၿပီး မိမိကိုယ္ကို ယုံၾကည္မႈ႕ ေလ်ာ့နည္းလာေစကာ အိမ္ေထာင္ေရး ျပႆနာေပးလာႏိုင္ပါတယ္။
ပန္းေသပန္းညိဳျခင္းကိုအၾကမ္းအားျဖင့္ ႏွစ္ပိုင္းခြဲထားပါတယ္။
၁။လိင္စိတ္မရွိလို႔ သို႔မဟုတ္ နည္းသြားလို႔ ေတာင္မတ္ျခင္းမရွိႏိုင္တာ
၂။လိင္စိတ္ရွိရဲ႕သားနဲ႔ကို ေတာင္မတ္ျခင္းမရွိႏိုင္တာ ဆိုၿပီးခြဲထားပါတယ္။
နံပါတ္၁ကိုျဖစ္ေစတဲ့အေၾကာင္းရင္းေတြကေတာ့ စိတ္ဓါတ္က်တာ(Depression ဝင္တာ) နဲ႔ Hypogonadism လို႔ေခၚတဲ့အေျခအေန(အမ်ိဴးသားေဟာ္မုန္း တက္စတိုစတီ႐ုန္း နည္းျခင္း) ျဖစ္တာေတြေၾကာင့္ပါ။
Hypogonadism ကိုျဖစ္ေစတာေတြကေတာ့ ဦးေႏွာက္ထဲမွာ ရွိတဲ့ ပစ္က်ဴထရီ(Pituitary)လို႔ ေခၚတဲ့ေနရာမွာ ေရာဂါျဖစ္ေနတာ သို႔မဟုတ္ ထိခိုက္မိတာ ၊အရမ္းပင္ပန္းတဲ့ အလုပ္လုပ္ရတာ၊ အာဟာရ မျပည့္ဝတာ၊ ကင္ဆာေဆးေတြသြင္းေနရတာ၊ ဓါတ္ေရာင္ျခည္နဲ႔ထိေတြ႕မႈမ်ားတာ၊ ေဝွးေစ့ကိုခိုက္မိခဲ့တာ၊ ေဟာ္မုန္းနဲ႔ပတ္သက္တဲ့ေရာဂါေတြခံစားေနရတာ (ဥပမာ Cushing’s Sydrome, Primary Hypothyrodism) ေသြးထဲမွာသံဓါတ္မ်ားေနတာ၊ ပါးခ်ိတ္ေရာင္ခဲ့ဖူးတာစတဲ့အေၾကာင္းရင္းေတြပါ။
နံပါတ္၂ကိုျဖစ္ေစတဲ့အေၾကာင္းရင္းေတြကေတာ့
စိတ္ပိုင္းဆိုင္ရာ ေဝဒနာတစ္ခုခုခံစားရတာ (ဥပမာ စိတ္ပူပန္ေသာကမ်ားတာ၊ စိတ္ဖိစီးမႈမ်ားတာ)
အမ်ိဳးသားအဂၤါထဲကို ေသြးေထာက္ပံမႈ ေကာင္းေကာင္းမေရာက္တာ(ဥပမာ ေသြးေၾကာက်ဥ္းတာ၊ ေသြးေၾကာနံရံမွာအဆီမ်ား စုပုံလာတာ)
အာ႐ုံေၾကာေတြကို ထိခိုက္ေစတဲ့ေရာဂါေတြ ခံစားေနရတာ(ဥပမာ ဆီးခ်ိဳေရာဂါ၊ Multiple Sclerosis)
ေရာဂါတစ္ခုခုအတြက္ ေဆးေတြစြဲေသာက္ေနရတာ(ဥပမာ သိုင္ရာဇိုက္ပါေသာ ဆီးေဆးမ်ားေသာက္ေနရျခင္း)
အရက္အလြန္အကြၽံ ေရရွည္ေသာက္တာ၊ ေဆးလိပ္ေသာက္တာ ေတြပါ။
ပန္းေသပန္းညိဳးျခင္းကို ခံစားရရင္ဘယ္လိုလုပ္ရမလဲ။
အရင္ဆုံး ဘာေၾကာင့္ျဖစ္လဲဆိုတာ သိဖို႔ဆရာဝန္နဲ႔ျပသတိုင္ပင္ၾကည့္ၿပီး စမ္းသပ္စစ္ေဆးမႈ ေတြလုပ္ရပါမယ္။ ေသြးတြင္း ကိုလက္စေရာ ပမာဏကို စစ္ေဆးျခင္း(ေသြးထဲအဆီမ်ားေနရင္ အဆီေတြေသြးေၾကာမွာကပ္ၿပီး ေသြးေၾကာက်ဥ္းတာျဖစ္ရင္ လိင္တံကိုေသြးေကာင္းေကာင္းမေရာက္ႏိုင္လို႔ပါ)။ေနာက္လိင္တံကိုေသြးေကာင္းေကာင္းေရာက္မေရာက္သိဖို႔အတြက္ ညအိပ္ခ်ိန္လိင္တံထိပ္နားေလာက္မွာ Plethysmograph လို႔ေခၚတဲ့ဟာေလး တပ္ထားၿပီး ေလ့လာစစ္ေဆးျခင္း၊ ေသြးတြင္း သၾကားဓါတ္ ပမာဏ၊ ဆီးစစ္မႈမ်ား၊ ေသြးေပါင္ခ်ိန္ျခင္း၊ အီးစီဂ်ီ ႐ိုက္ျခင္း ၊ ႏွလုံးေရာဂါ ရွိသည္ဟု ယူဆပါက အျခား စစ္ေဆးမႈမ်ားလုပ္ရပါမယ္။
လိင္စိတ္နည္းျခင္း၊ မရွိျခင္း (သို႔) ယခင္ ဦးေခါင္းထိခိုက္မႈ ျဖစ္ဖူးပါက ပန္းေသ ပန္းညႇိဳးျခင္းသည္ ေဟာ္မုန္း ျပႆနာ သို႔မဟုတ္ စိတ္ဓါတ္က်တာ(Depression ဝင္တာ)ေၾကာင့္ ျဖစ္ႏိုင္ေခ်ပိုမ်ားသည္။ ထိုအေျခအေနမ်ားတြင္ FSH, LH ,Testosterone ေဟာ္မုန္းေတြရဲ႕ ပမာဏကို စစ္ေဆးရန္ ေသြးစစ္ေပလိမ့္မည္။
ဘယ္လိုကုသမလဲ။
ျဖစ္ရတဲ့အေၾကာင္းရင္းေတြကို ရွာဖို႔အတြက္ အေပၚမွာေဖာ္ျပတဲ့ စမ္းသပ္စစ္ေဆးမႈေတြ လုပ္ၾကည့္ၿပီး ရလာတဲ့ အေျဖေတြကိုၾကည့္ကာ အထူးကုဆရာဝန္ႀကီးေတြနဲ႔ ဆက္ျပရတာမ်ိဳးလည္း ရွိႏိုင္ပါတယ္။ စိတ္ဓါတ္က်ျခင္း၊ စိတ္ဖိစီးမႈ၊ ပူပန္မႈမ်ားျခင္းေၾကာင့္ျဖစ္တာ ဆိုရင္လည္း စိတ္ဆရာဝန္နဲ႔ ျပသတိုင္ပင္ဖို႔လိုပါတယ္။ အရပ္ထဲမွာ ပန္းေသပန္းညိဳးေဆးေတြ ေရာင္းေနတာမ်ိဳးရွိေပမယ့္ ကိုယ္ကဘာေၾကာင့္ျဖစ္မွန္း မသိဘဲနဲ႔ ဝယ္ေသာက္ပါက အသက္အႏၲရာယ္ ရွိတာမ်ိဳး ျဖစ္ႏိုင္တဲ့အတြက္ ဝယ္မေသာက္ေစခ်င္ပါဘူး။
နိဂုံးခ်ဳပ္အေနနဲ႔ကေတာ့ လိင္ပိုင္းဆိုင္ရာအေထာက္အကူျဖစ္ေစမယ့္ ေခ်ာကလက္၊ ပဲပုပ္၊ ခ်င္း၊ ၾကက္သြန္ျဖဴ၊ ဆိတ္ဖိုက္တင္းေဘာ၊ ဆိတ္႐ိုးစြပ္ျပဳတ္၊ ႐ုံးပတီသီး စတာေတြကိုလည္း မၾကာမၾကာ သုံးေဆာင္ေပးျခင္းျဖင့္ ပန္းေသပန္းညိဳး ျဖစ္တာကို အတိုင္းအတာတစ္ခုထိ ေလ်ာ့နည္းေစႏိုင္ပါတယ္။
ျမန္မာႏိုင္ငံမွာရွိသမွ် ပန္းအားလုံးကိုတာရွည္လန္းဆန္းေစခ်င္ေသာေစတနာျဖင့္
Author : Dr. 528
(Unicode)
အမျိူးသားတစ်ယောက်ရဲ့ဘဝမှာ လူပျိုဖော်ဝင်တဲ့အရွယ်ကနေ အသက်သေဆုံးသည်အထိ ပန်းသေပန်းညိုးခြင်းဆိုတဲ့ ပြသာနာကိုတစ်ကြိမ်မဟုတ် တစ်ကြိမ်ကြုံတွေ့နိုင်ပါတယ်။ အသက် ၄၀ မှ ၇၀ အတွင်းဆိုရင် အမျိုးသား ၁၀ယောက်မှာ ၅ယောက်ခန့်ဟာ ပန်းသေပန်းညှိုးခြင်းကို ခံစားရနိုင်တယ်။ အသက် ၇၀ အထက်ဆိုရင် အမျိုးသား ၁၀ ယောက်မှာ ၇ ယောက်ခန့်ဟာ ပန်းသေ ပန်းညှိုးခြင်း ဖြစ်ပွားနိုင်တယ်။ ဆိုလိုတာက အသက်ကြီးလာတာနဲ့အမျှ ပိုဖြစ်နိုင်ချေ များလာသည်။
ပန်းသေပန်းညိုးခြင်းဆိုတာဘာလဲ။
ပန်းသေပန်းညိုခြင်းဆိုသည်မှာ လိင်ဆက်ဆံမှု့ပြုရာတွင် လိင်ဆက်ဆံနိုင်လောက်အောင် လိင်တံမာတောင်မှုမရှိခြင်း သို့မဟုတ် လုံးဝထောင်မတ်မှု မရှိခြင်း ဖြစ်သည်။ ဒီလိုအခြေအနေမျိူးတစ်ခါတရံဖြစ်တာကတော့ ပြသာနာမဟုတ်ပါဘူး။ ယောကျာ်းအများစုမှာ လိင်တံမာတောင်မှုကို တစ်ခါတလေ မရနိုင်သော အချိန်များရှိသည်။ ဥပမာအားဖြင့် အလုပ်အရမ်းပင်ပန်းနေလျှင်၊ အိပ်ရေးပျက်တာများလျှင်၊စိတ်ဖိစီးမှုများလျှင်၊ အရက်အလွန်သောက်ထားလျှင် လိင်တံတောင့်တင်းမှု လွယ်လွယ် မရနိုင်ပေ။သို့သော်ဒီလိုပန်းသေပန်းညိုးတာ ဆက်တိုက်ဖြစ်နေရင်တော့ သင့်ကို စိတ်ဖိစီးမှုတွေပေးလာနိုင်ပြီး မိမိကိုယ်ကို ယုံကြည်မှု့ လျော့နည်းလာစေကာ အိမ်ထောင်ရေး ပြဿနာပေးလာနိုင်ပါတယ်။
ပန်းသေပန်းညိုခြင်းကိုအကြမ်းအားဖြင့် နှစ်ပိုင်းခွဲထားပါတယ်။
၁။လိင်စိတ်မရှိလို့ သို့မဟုတ် နည်းသွားလို့ တောင်မတ်ခြင်းမရှိနိုင်တာ
၂။လိင်စိတ်ရှိရဲ့သားနဲ့ကို တောင်မတ်ခြင်းမရှိနိုင်တာ ဆိုပြီးခွဲထားပါတယ်။
နံပါတ်၁ကိုဖြစ်စေတဲ့အကြောင်းရင်းတွေကတော့ စိတ်ဓါတ်ကျတာ(Depression ဝင်တာ) နဲ့ Hypogonadism လို့ခေါ်တဲ့အခြေအနေ(အမျိူးသားဟော်မုန်း တက်စတိုစတီရုန်း နည်းခြင်း) ဖြစ်တာတွေကြောင့်ပါ။
Hypogonadism ကိုဖြစ်စေတာတွေကတော့ ဦးနှောက်ထဲမှာ ရှိတဲ့ ပစ်ကျူထရီ(Pituitary)လို့ ခေါ်တဲ့နေရာမှာ ရောဂါဖြစ်နေတာ သို့မဟုတ် ထိခိုက်မိတာ ၊အရမ်းပင်ပန်းတဲ့ အလုပ်လုပ်ရတာ၊ အာဟာရ မပြည့်ဝတာ၊ ကင်ဆာဆေးတွေသွင်းနေရတာ၊ ဓါတ်ရောင်ခြည်နဲ့ထိတွေ့မှုများတာ၊ ဝှေးစေ့ကိုခိုက်မိခဲ့တာ၊ ဟော်မုန်းနဲ့ပတ်သက်တဲ့ရောဂါတွေခံစားနေရတာ (ဥပမာ Cushing’s Sydrome, Primary Hypothyrodism) သွေးထဲမှာသံဓါတ်များနေတာ၊ ပါးချိတ်ရောင်ခဲ့ဖူးတာစတဲ့အကြောင်းရင်းတွေပါ။
နံပါတ်၂ကိုဖြစ်စေတဲ့အကြောင်းရင်းတွေကတော့
စိတ်ပိုင်းဆိုင်ရာ ဝေဒနာတစ်ခုခုခံစားရတာ (ဥပမာ စိတ်ပူပန်သောကများတာ၊ စိတ်ဖိစီးမှုများတာ)
အမျိုးသားအင်္ဂါထဲကို သွေးထောက်ပံမှု ကောင်းကောင်းမရောက်တာ(ဥပမာ သွေးကြောကျဉ်းတာ၊ သွေးကြောနံရံမှာအဆီများ စုပုံလာတာ)
အာရုံကြောတွေကို ထိခိုက်စေတဲ့ရောဂါတွေ ခံစားနေရတာ(ဥပမာ ဆီးချိုရောဂါ၊ Multiple Sclerosis)
ရောဂါတစ်ခုခုအတွက် ဆေးတွေစွဲသောက်နေရတာ(ဥပမာ သိုင်ရာဇိုက်ပါသော ဆီးဆေးများသောက်နေရခြင်း)
အရက်အလွန်အကျွံ ရေရှည်သောက်တာ၊ ဆေးလိပ်သောက်တာ တွေပါ။
ပန်းသေပန်းညိုးခြင်းကို ခံစားရရင်ဘယ်လိုလုပ်ရမလဲ။
အရင်ဆုံး ဘာကြောင့်ဖြစ်လဲဆိုတာ သိဖို့ဆရာဝန်နဲ့ပြသတိုင်ပင်ကြည့်ပြီး စမ်းသပ်စစ်ဆေးမှု တွေလုပ်ရပါမယ်။ သွေးတွင်း ကိုလက်စရော ပမာဏကို စစ်ဆေးခြင်း(သွေးထဲအဆီများနေရင် အဆီတွေသွေးကြောမှာကပ်ပြီး သွေးကြောကျဉ်းတာဖြစ်ရင် လိင်တံကိုသွေးကောင်းကောင်းမရောက်နိုင်လို့ပါ)။နောက်လိင်တံကိုသွေးကောင်းကောင်းရောက်မရောက်သိဖို့အတွက် ညအိပ်ချိန်လိင်တံထိပ်နားလောက်မှာ Plethysmograph လို့ခေါ်တဲ့ဟာလေး တပ်ထားပြီး လေ့လာစစ်ဆေးခြင်း၊ သွေးတွင်း သကြားဓါတ် ပမာဏ၊ ဆီးစစ်မှုများ၊ သွေးပေါင်ချိန်ခြင်း၊ အီးစီဂျီ ရိုက်ခြင်း ၊ နှလုံးရောဂါ ရှိသည်ဟု ယူဆပါက အခြား စစ်ဆေးမှုများလုပ်ရပါမယ်။
လိင်စိတ်နည်းခြင်း၊ မရှိခြင်း (သို့) ယခင် ဦးခေါင်းထိခိုက်မှု ဖြစ်ဖူးပါက ပန်းသေ ပန်းညှိုးခြင်းသည် ဟော်မုန်း ပြဿနာ သို့မဟုတ် စိတ်ဓါတ်ကျတာ(Depression ဝင်တာ)ကြောင့် ဖြစ်နိုင်ချေပိုများသည်။ ထိုအခြေအနေများတွင် FSH, LH ,Testosterone ဟော်မုန်းတွေရဲ့ ပမာဏကို စစ်ဆေးရန် သွေးစစ်ပေလိမ့်မည်။
ဘယ်လိုကုသမလဲ။
ဖြစ်ရတဲ့အကြောင်းရင်းတွေကို ရှာဖို့အတွက် အပေါ်မှာဖော်ပြတဲ့ စမ်းသပ်စစ်ဆေးမှုတွေ လုပ်ကြည့်ပြီး ရလာတဲ့ အဖြေတွေကိုကြည့်ကာ အထူးကုဆရာဝန်ကြီးတွေနဲ့ ဆက်ပြရတာမျိုးလည်း ရှိနိုင်ပါတယ်။ စိတ်ဓါတ်ကျခြင်း၊ စိတ်ဖိစီးမှု၊ ပူပန်မှုများခြင်းကြောင့်ဖြစ်တာ ဆိုရင်လည်း စိတ်ဆရာဝန်နဲ့ ပြသတိုင်ပင်ဖို့လိုပါတယ်။ အရပ်ထဲမှာ ပန်းသေပန်းညိုးဆေးတွေ ရောင်းနေတာမျိုးရှိပေမယ့် ကိုယ်ကဘာကြောင့်ဖြစ်မှန်း မသိဘဲနဲ့ ဝယ်သောက်ပါက အသက်အန္တရာယ် ရှိတာမျိုး ဖြစ်နိုင်တဲ့အတွက် ဝယ်မသောက်စေချင်ပါဘူး။
နိဂုံးချုပ်အနေနဲ့ကတော့ လိင်ပိုင်းဆိုင်ရာအထောက်အကူဖြစ်စေမယ့် ချောကလက်၊ ပဲပုပ်၊ ချင်း၊ ကြက်သွန်ဖြူ၊ ဆိတ်ဖိုက်တင်းဘော၊ ဆိတ်ရိုးစွပ်ပြုတ်၊ ရုံးပတီသီး စတာတွေကိုလည်း မကြာမကြာ သုံးဆောင်ပေးခြင်းဖြင့် ပန်းသေပန်းညိုး ဖြစ်တာကို အတိုင်းအတာတစ်ခုထိ လျော့နည်းစေနိုင်ပါတယ်။
မြန်မာနိုင်ငံမှာရှိသမျှ ပန်းအားလုံးကိုတာရှည်လန်းဆန်းစေချင်သောစေတနာဖြင့်
Author : Dr. 528