(Zawgyi)
မီးယပ္ေသြးေပၚစဥ္ ဆက္ဆံလွ်င္ အႏၲရာယ္ရွိပါသလား’ စာဖတ္သူမ်ား ဦးစြာေျဖၾကည့္ေပးပါ။ ‘ရွိသည္’ “Yes” ဟုေျဖမည္လား။ ‘မရွိပါ’ “No” ဟုေျဖမည္လား။
Debate ဟု အမည္ေပးထားေသာ္လည္း စာေရးသူတစ္ဦးတည္းက “Yes” ေရာ “No” ပါယွဥ္ၿပိဳင္ရမည္ ျဖစ္ သည္။ အႏၲရာယ္မရွိသည့္ဘက္မွ အရင္စဥ္းစားၾကည့္ၾကပါစို႔။ အေကာင္းဘက္မွ ေတြးၾကည့္ၾကပါစို႔။ အမွန္စင္ စစ္မီးယပ္ေသြးမွာ အမ်ိဳးသမီး၌ ေရာဂါေဝဒနာ မရွိပါလွ်င္ အျခားခႏၶာကိုယ္ အဂၤါအစိတ္အပိုင္းမွ ထြက္ေသာ ေသြး (ဥပမာ ဒဏ္ရာမွထြက္ေသာေသြး) ႏွင့္အတူတူပင္ျဖစ္သည္။ အေရာင္အေသြး အနံ႔အရသာအတူတူပင္ ျဖစ္သည္။
အမ်ိဳးသမီးအတြက္ ကိုယ္ဝန္ရွိရန္ အႏၲရာယ္အကင္းဆုံး အခ်ိန္မွာမီးယပ္ ေသြးဆင္းခ်ိန္ျဖစ္သည္။ ကိုယ္ဝန္မရွိ ပါ။ ရာႏႈန္းျပည့္ ေသခ်ာသည္။ ထို႔ေၾကာင့္ ကိုယ္ဝန္ရမည္ကို စိုး႐ြံ႕ေနသူမ်ား၊ သေႏၶတားလိုသူမ်ား အတြက္ မီးယပ္ေသြးဆင္းစဥ္ ဆက္ဆံပါက အဆင္ေျပသည္။
အျခားထူးျခားမႈတစ္ခုမွာ အမ်ိဳးသမီးတခ်ိဳ႕သည္ မီးယပ္ေပၚစဥ္၌ လိင္ဆႏၵ (လိင္ဆက္ဆံလိုေသာဆႏၵ) ပိုမ်ားလာတတ္သည္ဟု ဆိုသည္။ အမ်ိဳးသမီးတိုင္း မဟုတ္ေသာ္လည္း ေဟာ္မုန္းအေျပာင္းအလဲေၾကာင့္ ထိုသို႔ ျဖစ္ျခင္း ျဖစ္ႏိုင္သည္ဟု ယူဆသည္။
မီးယပ္ေသြးေပၚစဥ္ လိင္ဆက္ဆံမႈကို ေရွာင္တတ္ၾကသည္။ တခ်ိဳ႕က ထူးဆန္းစြာ ယုံၾကည္ထားတတ္ သည္။ မီးယပ္ေသြးေပၚခ်ိန္ ဆက္ဆံပါက ကေလး ခ်က္ခ်င္းရႏိုင္သည္။ သေႏၶတည္ႏိုင္သည္ဟူသည့္ ယုံၾကည္မႈ ျဖစ္သည္။ မီးယပ္ေသြးကို ညစ္ညမ္းေသာအရာဟု လက္ခံထားျခင္းမ်ိဳးရွိသည္။ ထို႔ေၾကာင့္ ေသြးေပၚစဥ္ ဆက္ဆံမႈ ေရွာင္ၾကသည္။ အမွန္စင္စစ္ မီးယပ္ေသြးမွာ အမ်ိဳးသမီး၌ ေရာဂါေဝဒနာမရွိပါလွ်င္ (ဥပမာ ဒဏ္ရာ မွထြက္လာေသာေသြး) ႏွင့္ အတူတူပင္ျဖစ္သည္။ အေရာင္အေသြး အနံ႔အရသာ အတူတူပင္ျဖစ္သည္။
မီးယပ္ေသြးေပၚစဥ္ ဆက္ဆံမႈသည္ အမ်ိဳးသမီးႏွင့္ အမ်ိဳးသားႏွစ္ဦးစလုံး၌ ေရာဂါကင္းစင္ၾကမည္ဆို လွ်င္ အႏၲရာယ္ရွိေသာ ကိစၥတစ္ရပ္မဟုတ္ေပ။ သို႔ ေသာ္ ဥပမာအားျဖင့္ အမ်ိဳးသား၌ လိင္ဆက္ဆံမႈမွတစ္ဆင့္ ကူးစက္တတ္ေသာ ေရာဂါတစ္စုံတစ္ရာ ရွိေနခဲ့လွ်င္ မီးယပ္ေသြးေပၚစဥ္ကာလ၌ ဆက္ဆံမိပါက ေရာဂါကူးစက္ လြယ္ပါသည္။ ကူးစက္ရန္ အခြင့္အလမ္းပိုမ်ားပါသည္။ ထို႔ေၾကာင့္ ဆက္ဆံသူ၌ ေရာဂါေဝဒနာ လကၡဏာမ်ား ရွိေနမည္ဆိုပါလွ်င္ မီးယပ္ေသြးေပၚစဥ္ ဆက္ဆံမႈကို ေရွာင္သင့္သည္။
မီးယပ္ေသြးေပၚစဥ္ ဆက္ဆံမႈသည္ ေကာင္းေသာအက်ိဳးရလဒ္မ်ား ရွိေနသကဲ့သို႔ အႏၲရာယ္ဆိုးက်ိဳး မ်ားလည္း ရွိႏိုင္ေၾကာင္း Sex Debate မွတင္ျပလိုက္ရ ျခင္း ျဖစ္ပါသည္။
AUTHOR – ေဒါက္တာေအးေက်ာ္ (ဇီဝကမၼေဗဒ)
(Unicode)
မီးယပ်သွေးပေါ်စဉ် ဆက်ဆံလျှင် အန္တရာယ်ရှိပါသလား’ စာဖတ်သူများ ဦးစွာဖြေကြည့်ပေးပါ။ ‘ရှိသည်’ “Yes” ဟုဖြေမည်လား။ ‘မရှိပါ’ “No” ဟုဖြေမည်လား။
Debate ဟု အမည်ပေးထားသော်လည်း စာရေးသူတစ်ဦးတည်းက “Yes” ရော “No” ပါယှဉ်ပြိုင်ရမည် ဖြစ် သည်။ အန္တရာယ်မရှိသည့်ဘက်မှ အရင်စဉ်းစားကြည့်ကြပါစို့။ အကောင်းဘက်မှ တွေးကြည့်ကြပါစို့။ အမှန်စင် စစ်မီးယပ်သွေးမှာ အမျိုးသမီး၌ ရောဂါဝေဒနာ မရှိပါလျှင် အခြားခန္ဓာကိုယ် အင်္ဂါအစိတ်အပိုင်းမှ ထွက်သော သွေး (ဥပမာ ဒဏ်ရာမှထွက်သောသွေး) နှင့်အတူတူပင်ဖြစ်သည်။ အရောင်အသွေး အနံ့အရသာအတူတူပင် ဖြစ်သည်။
အမျိုးသမီးအတွက် ကိုယ်ဝန်ရှိရန် အန္တရာယ်အကင်းဆုံး အချိန်မှာမီးယပ် သွေးဆင်းချိန်ဖြစ်သည်။ ကိုယ်ဝန်မရှိ ပါ။ ရာနှုန်းပြည့် သေချာသည်။ ထို့ကြောင့် ကိုယ်ဝန်ရမည်ကို စိုးရွံ့နေသူများ၊ သန္ဓေတားလိုသူများ အတွက် မီးယပ်သွေးဆင်းစဉ် ဆက်ဆံပါက အဆင်ပြေသည်။
အခြားထူးခြားမှုတစ်ခုမှာ အမျိုးသမီးတချို့သည် မီးယပ်ပေါ်စဉ်၌ လိင်ဆန္ဒ (လိင်ဆက်ဆံလိုသောဆန္ဒ) ပိုများလာတတ်သည်ဟု ဆိုသည်။ အမျိုးသမီးတိုင်း မဟုတ်သော်လည်း ဟော်မုန်းအပြောင်းအလဲကြောင့် ထိုသို့ ဖြစ်ခြင်း ဖြစ်နိုင်သည်ဟု ယူဆသည်။
မီးယပ်သွေးပေါ်စဉ် လိင်ဆက်ဆံမှုကို ရှောင်တတ်ကြသည်။ တချို့က ထူးဆန်းစွာ ယုံကြည်ထားတတ် သည်။ မီးယပ်သွေးပေါ်ချိန် ဆက်ဆံပါက ကလေး ချက်ချင်းရနိုင်သည်။ သန္ဓေတည်နိုင်သည်ဟူသည့် ယုံကြည်မှု ဖြစ်သည်။ မီးယပ်သွေးကို ညစ်ညမ်းသောအရာဟု လက်ခံထားခြင်းမျိုးရှိသည်။ ထို့ကြောင့် သွေးပေါ်စဉ် ဆက်ဆံမှု ရှောင်ကြသည်။ အမှန်စင်စစ် မီးယပ်သွေးမှာ အမျိုးသမီး၌ ရောဂါဝေဒနာမရှိပါလျှင် (ဥပမာ ဒဏ်ရာ မှထွက်လာသောသွေး) နှင့် အတူတူပင်ဖြစ်သည်။ အရောင်အသွေး အနံ့အရသာ အတူတူပင်ဖြစ်သည်။
မီးယပ်သွေးပေါ်စဉ် ဆက်ဆံမှုသည် အမျိုးသမီးနှင့် အမျိုးသားနှစ်ဦးစလုံး၌ ရောဂါကင်းစင်ကြမည်ဆို လျှင် အန္တရာယ်ရှိသော ကိစ္စတစ်ရပ်မဟုတ်ပေ။ သို့ သော် ဥပမာအားဖြင့် အမျိုးသား၌ လိင်ဆက်ဆံမှုမှတစ်ဆင့် ကူးစက်တတ်သော ရောဂါတစ်စုံတစ်ရာ ရှိနေခဲ့လျှင် မီးယပ်သွေးပေါ်စဉ်ကာလ၌ ဆက်ဆံမိပါက ရောဂါကူးစက် လွယ်ပါသည်။ ကူးစက်ရန် အခွင့်အလမ်းပိုများပါသည်။ ထို့ကြောင့် ဆက်ဆံသူ၌ ရောဂါဝေဒနာ လက္ခဏာများ ရှိနေမည်ဆိုပါလျှင် မီးယပ်သွေးပေါ်စဉ် ဆက်ဆံမှုကို ရှောင်သင့်သည်။
မီးယပ်သွေးပေါ်စဉ် ဆက်ဆံမှုသည် ကောင်းသောအကျိုးရလဒ်များ ရှိနေသကဲ့သို့ အန္တရာယ်ဆိုးကျိုး များလည်း ရှိနိုင်ကြောင်း Sex Debate မှတင်ပြလိုက်ရ ခြင်း ဖြစ်ပါသည်။
AUTHOR – ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)