(Zawgyi)
HIV ကူးစက္ခံရၿပီးဆိုရင္ ဗိုင္းရပ္စ္ပိုးေတြဟာ ကူးစက္ခံရသူရဲ႕ ေသြးေတြ၊ တျခားအရည္ေတြထဲကို ကူးစက္ပ်ံ႕ႏွံ႔သြားပါတယ္။ ဒါေပမယ့္ ဒီေကာင္က ဉာဏ္မ်ားတဲ့ ေရာဂါပိုးျဖစ္ေလေတာ့ သူ႔ကို ကိုယ္ခံအားစနစ္က မရိပ္မိေအာင္ ဦးစားေပးအေနနဲ႔ အကူအညီေပးေသြးျဖဴဥ ‘တီ’ရဲ႕ ဆဲလ္ခႏၶာထဲကို ခိုးဝင္လိုက္ပါတယ္။ သူက ဆဲလ္ထဲကို ခိုးမဝင္ခင္မွာ RNA (Ribonueleic Acid) သဘာဝရွိေပမယ့္ ဆဲလ္ထဲကို ေရာက္သြားတဲ့အခါ သူ႔ကိုယ္သူ DNA (Deoxyribonueleic Acid) သဘာဝအျဖစ္ ေျပာင္းလဲလိုက္ပါတယ္။ အစက ဘဂၤါလီ၊ ျမန္မာထဲကိုခိုးဝင္ၿပီးမွ ႐ိုဆိုၿပီးလုပ္ သလိုမ်ိဳးေပါ့။ သေဘာေျပာျပတာပါ။ အဲ့လို DNA သဘာဝကို ေျပာင္းၿပီးတဲ့အခါ တီဆဲလ္ရဲ႕အတြင္းပိုင္း ဗဟိုဌာနခ်ဳပ္ျဖစ္တဲ့ န်ဴကလိယ (Nueleus) ထဲကို အေယာက္ေဆာင္ ဝင္ေရာက္ၿပီး အဲ့အထဲမွာ HIV ပိုးအေျမာက္အမ်ားကို မ်ိဳးပြားထုတ္ပါေတာ့တယ္။
အဲဒီအသစ္ထုတ္လိုက္တဲ့ HIV ဗိုင္းရပ္စ္ပိုးေတြက သူတို႔မ်ိဳးပြားတိုက္ခိုက္ခဲ့လို႔ ခ်ိဳ႕ယြင္းသြားတဲ့ အကူအညီေပး ေသြးျဖဴဥ ‘တီ’ ကိုစြန႔္ခြာၿပီးေနာက္ထပ္‘တီ’ဆဲလ္ (စီဒီဖိုးဆဲလ္၊ CD4 + T Cells) ေတြကိုထပ္ၿပီး ကူးစက္ပြားမ်ားၾကပါ တယ္။ ကူးစက္ခံခဲ့ရလို႔ခ်ိဳ႕ယြင္းသြားတဲ့ တီဆဲလ္ေတြကို ခ်ိဳ႕ယြင္းဆဲလ္ဖ်က္သိမ္းေရး ကိုယ္ခံအားဆဲလ္ျဖစ္တဲ့ စီဒီအိတ္ဒ္ (CD8 Cytotoxiclymphocytes) ေတြက ဖ်က္သိမ္းသုတ္သင္ပစ္ပါတယ္။ ဒါေၾကာင့္အကူအညီေပးေသြးျဖဴဥ ‘တီ’ ေတြဟာ သူတို႔ရဲ႕လုပ္ငန္းတာဝန္ေတြကို မထမ္းေဆာင္ႏိုင္ေတာ့ဘဲ ေသဆုံးပ်က္စီးသြားၾကတာေၾကာင့္ ကိုယ္ခႏၶာထဲကို ေနာက္ထပ္ဝင္ေရာက္လာတဲ့ ေရာဂါပိုးေတြကို ခုခံတိုက္ထုတ္ရာမွာ ပါဝင္ကူညီဖို႔ မလုပ္ေဆာင္ေပးႏိုင္ေတာ့ပါဘူး။ အဲ့ဒီလို အကူအညီေပးေသြးျဖဴဥ ‘တီ’ေတြ ေသဆုံးကုန္တာေၾကာင့္ ကိုယ္ခံအားစနစ္ခ်ိဳ႕ယြင္းမႈ၊ အားနည္းမႈေတြျဖစ္လာပါေတာ့ တယ္။
အဲ့လို ကိုယ္ခံအားစနစ္ ခ်ိဳ႕ယြင္းလာတဲ့အခါ (စစ္တပ္အင္အား နည္းသြားတဲ့အခါ) ေတာမီးေလာင္ေတာေၾကာင္ လက္ခေမာင္းခတ္ ဆိုသလိုပဲ တီဘီတို႔၊ အဆုတ္ေရာင္တို႔၊ ေရယုန္စတဲ့ တျခားေရာဂါပိုးေတြကလည္း အလြယ္တကူ ဝင္ေရာက္လာၾကပါတယ္။ ဒီလိုဝင္ေရာက္လာတဲ့ ကူးစက္ေရာဂါေတြကို အေခ်ာင္ပိုးမႊားကူးစက္မႈ (Oppprtunistie Infeetions) ေတြလို႔ေခၚပါတယ္။ အဲဒါ့ေတြအျပင္ ဦးေဏွာက္အေျမႇးေရာင္၊ ဦးေႏွာက္ေရာင္၊ ကင္ဆာေရာဂါ စတာေတြပါ ျဖစ္လာပါတယ္။ အဲ့ဒီလို အေခ်ာင္ပိုးမႊားကူးစက္မႈ တစ္ခုနဲ႔အထက္ရွိလာၿပီဆိုရင္ေတာ့ ခုခံအားက်ဆင္းမႈ ကူးစက္ေရာဂါစု (AIDS) အဆင့္ထိျဖစ္သြားၿပီလို႔ ေျပာလို႔ရပါတယ္။
HIV ပိုးစၿပီး ကူးစက္ခံရၿပီဆိုရင္ ကူးစက္ခံရတဲ့သူရဲ႕ ၄ဝ-၉ဝ ရာႏႈန္းမွာ ၂ပတ္၊ ၃ပတ္ေလာက္ တုပ္ေကြးမိသလို ဖ်ားတာ၊ ျပန္ရည္က်ိန္ေတြေရာင္တာ၊ လည္ေခ်ာင္းနာတာ၊ အင္ျပင္ေတြထြက္တာ၊ ေခါင္းကိုက္တာ၊ ပါးစပ္နဲ႔ လိင္အဂၤါေတြမွာ အနာေတြေပါက္တာမ်ိဳးခံစားရပါတယ္။ တခ်ိဳ႕လူေတြမွာေတာ့ ဘာလကၡဏာမွ မခံစားရတာမ်ိဳးလည္း ရွိပါတယ္။
စၿပီးကူးစက္ခံရတဲ့အခ်ိန္ကေန HIV ေရာဂါပိုးရွိေၾကာင္း စမ္းသပ္ေတြ႕ရွိဖို႔အတြက္ ၾကာခ်ိန္ (Window Period) က ၁ဝရက္ကေန ၃ လအထိရွိႏိုင္ပါတယ္။ ဒါေပမယ့္ အဲ့လိုေတြကရွိဖို႔အတြက္က လူတစ္ဦးခ်င္းစီနဲ႔ စမ္းသပ္တဲ့ နည္းစနစ္ အေပၚမွာ မူတည္ၿပီးၾကတာမို႔ အခုေနာက္ပိုင္း နည္းစနစ္အသစ္ အသစ္ေတြေပၚလာတဲ့ အခ်ိန္မွာေတာ့ ရက္ပိုင္းအတြင္းမွာ ပိုးရွိမရွိ၊ သိႏိုင္လာၾကပါၿပီ။
Author: ေဒါက္တာေနလင္းေအာင္ (ေပ်ာ္ဘြယ္), Healthcare Journal, vol 8,no 35 (15.9.17)
(Unicode)
HIV ကူးစက်ခံရပြီးဆိုရင် ဗိုင်းရပ်စ်ပိုးတွေဟာ ကူးစက်ခံရသူရဲ့ သွေးတွေ၊ တခြားအရည်တွေထဲကို ကူးစက်ပျံ့နှံ့သွားပါတယ်။ ဒါပေမယ့် ဒီကောင်က ဉာဏ်များတဲ့ ရောဂါပိုးဖြစ်လေတော့ သူ့ကို ကိုယ်ခံအားစနစ်က မရိပ်မိအောင် ဦးစားပေးအနေနဲ့ အကူအညီပေးသွေးဖြူဥ ‘တီ’ရဲ့ ဆဲလ်ခန္ဓာထဲကို ခိုးဝင်လိုက်ပါတယ်။ သူက ဆဲလ်ထဲကို ခိုးမဝင်ခင်မှာ RNA (Ribonueleic Acid) သဘာဝရှိပေမယ့် ဆဲလ်ထဲကို ရောက်သွားတဲ့အခါ သူ့ကိုယ်သူ DNA (Deoxyribonueleic Acid) သဘာဝအဖြစ် ပြောင်းလဲလိုက်ပါတယ်။ အစက ဘင်္ဂါလီ၊ မြန်မာထဲကိုခိုးဝင်ပြီးမှ ရိုဆိုပြီးလုပ် သလိုမျိုးပေါ့။ သဘောပြောပြတာပါ။ အဲ့လို DNA သဘာဝကို ပြောင်းပြီးတဲ့အခါ တီဆဲလ်ရဲ့အတွင်းပိုင်း ဗဟိုဌာနချုပ်ဖြစ်တဲ့ နျူကလိယ (Nueleus) ထဲကို အယောက်ဆောင် ဝင်ရောက်ပြီး အဲ့အထဲမှာ HIV ပိုးအမြောက်အများကို မျိုးပွားထုတ်ပါတော့တယ်။
အဲဒီအသစ်ထုတ်လိုက်တဲ့ HIV ဗိုင်းရပ်စ်ပိုးတွေက သူတို့မျိုးပွားတိုက်ခိုက်ခဲ့လို့ ချို့ယွင်းသွားတဲ့ အကူအညီပေး သွေးဖြူဥ ‘တီ’ ကိုစွန့်ခွာပြီးနောက်ထပ်‘တီ’ဆဲလ် (စီဒီဖိုးဆဲလ်၊ CD4 + T Cells) တွေကိုထပ်ပြီး ကူးစက်ပွားများကြပါ တယ်။ ကူးစက်ခံခဲ့ရလို့ချို့ယွင်းသွားတဲ့ တီဆဲလ်တွေကို ချို့ယွင်းဆဲလ်ဖျက်သိမ်းရေး ကိုယ်ခံအားဆဲလ်ဖြစ်တဲ့ စီဒီအိတ်ဒ် (CD8 Cytotoxiclymphocytes) တွေက ဖျက်သိမ်းသုတ်သင်ပစ်ပါတယ်။ ဒါကြောင့်အကူအညီပေးသွေးဖြူဥ ‘တီ’ တွေဟာ သူတို့ရဲ့လုပ်ငန်းတာဝန်တွေကို မထမ်းဆောင်နိုင်တော့ဘဲ သေဆုံးပျက်စီးသွားကြတာကြောင့် ကိုယ်ခန္ဓာထဲကို နောက်ထပ်ဝင်ရောက်လာတဲ့ ရောဂါပိုးတွေကို ခုခံတိုက်ထုတ်ရာမှာ ပါဝင်ကူညီဖို့ မလုပ်ဆောင်ပေးနိုင်တော့ပါဘူး။ အဲ့ဒီလို အကူအညီပေးသွေးဖြူဥ ‘တီ’တွေ သေဆုံးကုန်တာကြောင့် ကိုယ်ခံအားစနစ်ချို့ယွင်းမှု၊ အားနည်းမှုတွေဖြစ်လာပါတော့ တယ်။
အဲ့လို ကိုယ်ခံအားစနစ် ချို့ယွင်းလာတဲ့အခါ (စစ်တပ်အင်အား နည်းသွားတဲ့အခါ) တောမီးလောင်တောကြောင် လက်ခမောင်းခတ် ဆိုသလိုပဲ တီဘီတို့၊ အဆုတ်ရောင်တို့၊ ရေယုန်စတဲ့ တခြားရောဂါပိုးတွေကလည်း အလွယ်တကူ ဝင်ရောက်လာကြပါတယ်။ ဒီလိုဝင်ရောက်လာတဲ့ ကူးစက်ရောဂါတွေကို အချောင်ပိုးမွှားကူးစက်မှု (Oppprtunistie Infeetions) တွေလို့ခေါ်ပါတယ်။ အဲဒါ့တွေအပြင် ဦးဏှောက်အမြှေးရောင်၊ ဦးနှောက်ရောင်၊ ကင်ဆာရောဂါ စတာတွေပါ ဖြစ်လာပါတယ်။ အဲ့ဒီလို အချောင်ပိုးမွှားကူးစက်မှု တစ်ခုနဲ့အထက်ရှိလာပြီဆိုရင်တော့ ခုခံအားကျဆင်းမှု ကူးစက်ရောဂါစု (AIDS) အဆင့်ထိဖြစ်သွားပြီလို့ ပြောလို့ရပါတယ်။
HIV ပိုးစပြီး ကူးစက်ခံရပြီဆိုရင် ကူးစက်ခံရတဲ့သူရဲ့ ၄ဝ-၉ဝ ရာနှုန်းမှာ ၂ပတ်၊ ၃ပတ်လောက် တုပ်ကွေးမိသလို ဖျားတာ၊ ပြန်ရည်ကျိန်တွေရောင်တာ၊ လည်ချောင်းနာတာ၊ အင်ပြင်တွေထွက်တာ၊ ခေါင်းကိုက်တာ၊ ပါးစပ်နဲ့ လိင်အင်္ဂါတွေမှာ အနာတွေပေါက်တာမျိုးခံစားရပါတယ်။ တချို့လူတွေမှာတော့ ဘာလက္ခဏာမှ မခံစားရတာမျိုးလည်း ရှိပါတယ်။
စပြီးကူးစက်ခံရတဲ့အချိန်ကနေ HIV ရောဂါပိုးရှိကြောင်း စမ်းသပ်တွေ့ရှိဖို့အတွက် ကြာချိန် (Window Period) က ၁ဝရက်ကနေ ၃ လအထိရှိနိုင်ပါတယ်။ ဒါပေမယ့် အဲ့လိုတွေကရှိဖို့အတွက်က လူတစ်ဦးချင်းစီနဲ့ စမ်းသပ်တဲ့ နည်းစနစ် အပေါ်မှာ မူတည်ပြီးကြတာမို့ အခုနောက်ပိုင်း နည်းစနစ်အသစ် အသစ်တွေပေါ်လာတဲ့ အချိန်မှာတော့ ရက်ပိုင်းအတွင်းမှာ ပိုးရှိမရှိ၊ သိနိုင်လာကြပါပြီ။
Author: ဒေါက်တာနေလင်းအောင် (ပျော်ဘွယ်), Healthcare Journal, vol 8,no 35 (15.9.17)