(Zawgyi)
စမ္းသပ္တဲ့နည္းစနစ္ေတြကေတာ့ Rapid Antibody Test နဲ႔စစ္ရင္ေရာဂါကူးစက္ၿပီး ၃လအၾကာမွာ ရွိမရွိသိႏိုင္ မယ္။ ကိုယ္ခံအားပဋိပစၥည္း (Anti body) ေတြက အဲ့ေလာက္ၾကာမွ ထြက္လာတာမို႔ပါ။ Antibody/ Antigen Combination Test နဲ႔စစ္ရင္ေရာဂါစၿပီး ကူးစက္ခံရတဲ့အခ်ိန္ကေန ၁၂ရက္ကေန ၄၅ ရက္အတြင္းေရာဂါ ပိုးရွိ၊ မရွိ သိႏိုင္မယ္။ RNA Test နဲ႔စစ္ရင္ ၁ဝ ရက္ကေန ၁၄ရက္အတြင္းသိႏိုင္မယ္။ Home testing kits နဲ႔စစ္ရင္ ၃ လအၾကာမွာ သိႏိုင္မယ္။ PCR test (Polymerase Chain Reaction Tests)နဲ႔စစ္ရင္ ၂ပတ္ ကေန ၃ပတ္အၾကာမွာ သိႏိုင္ၿပီး ဗိုင္းရပ္စ္ပိုးေကာင္ ေရ (Viral load) ပါ စစ္လို႔ရပါတယ္။
HIV ကူးစက္ခံရတာနဲ႔ တန္းၿပီးခုခံအားက်ဆင္းမႈကူးစက္ ေရာဂါစု (AIDS) တန္းမျဖစ္ပါဘူး။ က်ေနာ္တို႔ရဲ႕ ပုံမွန္ စီဒီဖိုး ‘တီ’ ဆဲလ္အေရအတြက္ 500-1400 cells/ eubic millimeter အထိက်သြားၿပီးဆိုမွ က်န္တဲ့အေခ်ာင္းပိုးမႊားကူး စက္ခံရမႈ (Opportunistic Infeetion) ေတြဝင္လာၿပီးေတာ့ ခုခံအားက်ဆင္းမႈကူးစက္ေရာဂါစု (AIDS) အျဖစ္ေရာက္ သြားတာပါ။ ေဆးဝါးကုသမႈမခံယူဘဲေနမယ္ဆို ရင္ ဒီလို HIV ေရာဂါေဝဒနာရွင္ဟာ အာဏာကုန္ ၁၀ႏွစ္၊ ၁၁ႏွစ္ပဲ ရွင္သန္ခြင့္ ရပါလိမ့္မယ္။ ေဆးဝါးကုသမႈခံယူမယ္ဆိုရင္ေတာ့ ပုံမွန္သက္တမ္းေစ့နီးပါး ေနထိုင္ရွင္သန္ခြင့္ရပါလိမ့္မယ္။
‘တီ’ဆဲလ္ အေရအတြက္ ၂ဝဝ ေအာက္ေရာက္သြားၿပီဆိုရင္ က်ေနာ္တို႔ရဲ႕ ကိုယ္ခံအားစနစ္က လြယ္လြယ္ေလး ကာကြယ္ခဲ့တဲ့ မႈိပိုး၊ ဗိုင္း ရပ္စ္ပိုး၊ ဘက္တီးရီးယားပိုး (အက်ိဳးျပဳ ဘက္တီးရီယားပိုးေတြ အပါအဝင္)၊ ကပ္ပါးပိုးေတြက အလြယ္တကူ ဒုကၡေပးလို႔ရသြားပါတယ္။ ဒါ့အျပင္ ဗိုင္းရပ္စ္ပိုးေၾကာင့္ျဖစ္တဲ့ ကာပိုစီကင္ဆာ (Kaposi’s sarcoma) ဘာ့ခ္ ကစ္ ျပန္ရည္ႀကိတ္ကင္ဆာ (Burkitt’s lymphoma), ဗဟိုအာ႐ုံေၾကာစနစ္ ျပန္ရည္ႀကိတ္ကင္ဆာ (Primary central nervous system lymphoma) သားအိမ္ေခါင္းကင္ဆာ (Cervical Cancer) ေတြပါျဖစ္လာၾကပါတယ္။ လွ်ာနဲ႔ခံတြင္းမွာ မွကၡ႐ုစြဲတာ၊ အေရျပားမွာ အနာေတြေပါက္တာ၊ မ်က္သားကင္ဆာ (Conjunctival Cancer) ျဖစ္တာေတြလည္း ေအ့ဒ္စ္ ျဖစ္ၿပီဆိုရင္ အျဖစ္မ်ားပါတယ္။ အဲ့လို ထပ္ျဖစ္တဲ့အေခ်ာင္ပိုးမႊားကူးစက္မႈ ေတြကိုေတာ့ ျဖစ္တဲ့ေရာဂါ အလိုက္သင့္ေတာ္တဲ့ ေဆးဝါးေတြကို တိုက္ေကြၽးေပးရမွာပါ။
HIV မကူးစက္ေအာင္ကာကြယ္ဖို႔အတြက္ကေတာ့ အထက္ကေျပာခဲ့တဲ့ ကူးစက္ႏိုင္တဲ့နည္းလမ္းေတြကို သိရွိၿပီး သတိထားလိုက္နာေရွာင္ၾကဥ္ၾကရမွာပါ။ ဒါ့အျပင္ ကြန္ဒုံးကို စနစ္တက်သုံးတာ၊ တစ္လင္တစ္မယားစနစ္ က်င့္သုံးတာ၊ တစ္ကိုယ္ေရသုံး ပစၥည္းေတြကို မွ်ေဝသုံးစြဲတာမ်ိဳး မလုပ္တာ၊ ေသြးနဲ႔ထိေတြ႕ထားတဲ့ ပစၥည္းေတြကို စနစ္တက် စြန႔္ပစ္တာ၊ ျပန္သုံးရမယ္ဆိုရင္လည္းစနစ္တက် ပိုးသန႔္စင္ၿပီးမွ ျပန္သုံးတာမ်ိဳးလုပ္ရင္ HIV ပိုးကူးစက္ခံရတဲ့ အႏၲရာယ္ကေန ကာကြယ္ႏိုင္ပါလိမ့္မယ္။
HIV ကူးစက္ခံသြားရၿပီဆိုရင္လည္း စိတ္ဓာတ္မက်ဘဲ အာဟာရျပည့္ေအာင္စားတာ၊ အိပ္ေရးဝဝအိပ္တာ၊ စိတ္ဖိစီးမႈကင္းေအာင္ တရားထိုင္၊ တရားမွတ္တာ၊ ေသြးပုံမွန္စစ္ေဆးၿပီး လိုအပ္တဲ့ ေဆးဝါးကုသမႈခံယူတာမ်ိဳးေတြကို လုပ္ရပါမယ္။ HIV ကူးစက္ခံရသူကိုလည္း HIV ရွိမွန္းသိတဲ့သူေတြကေရွာင္ဖယ္ေရွာင္ဖယ္မလုပ္ဘဲ အားေပးတာ ၊ ကူညီတာစိတ္ဓာတ္ျမႇင့္တင္ေပးတာေတြကို လူသားခ်င္းစာနာမႈ အေနနဲ႔ လုပ္ေပးရပါမယ္။ အားနည္းသူ ဝါးကူထိုးတဲ့အျဖစ္မ်ိဳးမျဖစ္ေအာင္ေတာ့ လူတိုင္းကိုယ့္ပင္ကိုယ္အသိစိတ္နဲ႔ ထိန္းသိမ္းေပးၾကရမွာပါ။
နိဂုံးခ်ဳပ္အေနနဲ႔ေျပာရရင္ခုခံအားက်ဆင္းမႈ ကူးစက္ေရာဂါစု (AIDS) ဆိုတာက HIV ကူးစက္ခံရသူတိုင္း ေနာက္ဆုံးအဆင့္အေနနဲ႔ ႀကဳံေတြ႕ၾကရမွာ ျဖစ္ေပမယ့္ အဲ့လိုႀကဳံရမွာပဲဆိုၿပီး စိတ္ဓာတ္မက်ဘဲ က်ေနာ္ေျပာခဲ့တဲ့နည္းလမ္း ေလးေတြအတိုင္း လိုက္နာေဆာင္႐ြက္မယ္ဆိုရင္ လူ႔သက္တမ္းေစ့နီးပါး ပုံမွန္လူတစ္ေယာက္လို ရွင္သန္ေနထိုင္ခြင့္ရပါ လိမ့္မယ္။ ဒီလိုကူးစက္ခံရသူေတြကိုလည္း က်န္တဲ့သူေတြက ဝိုင္းဝန္းေဖးမကူညီ အားေပးေပးရပါမယ္။ HIV/AIDS ေရာဂါ ေဝဒနာရွင္ေတြအတြက္ ဒီဇင္ဘာလ ၁ ရက္ေန႔ကိုကမာၻ႔ခုခံအားက်ဆင္းမႈ ကူးစက္ေရာဂါေန႔ (World AIDS Day) အျဖစ္ သတ္မွတ္ေပးၿပီး ဖဲႀကိဳးအနီေရာင္နဲ႔ သေကၤတျပဳေပးထားပါတယ္။ အဲ့လိုပဲ က်ေနာ္တို႔ျမန္မာႏိုင္ငံသားေတြအေနနဲ႔ စိတ္ႏွလုံး ႏူးညံ့သူေတြပီပီ ခုခံအားက်ဆင္းမႈ ကူညီေပးၾကပါလို႔ေျပာရင္း က်ေနာ့္ရဲ႕ ‘ခုခံအားက်ဆင္းမႈကူးစက္ေရာဂါအေၾကာင္း သိေကာင္းစရာ’ ဆိုတဲ့ ေဆာင္းပါကို နိဂုံးခ်ဳပ္လိုက္ပါရေစဗ်ာ။
Author: ေဒါက္တာေနလင္းေအာင္ (ေပ်ာ္ဘြယ္), Healthcare Journal, vol 8,no 35 (15.9.17)
(Unicode)
စမ်းသပ်တဲ့နည်းစနစ်တွေကတော့ Rapid Antibody Test နဲ့စစ်ရင်ရောဂါကူးစက်ပြီး ၃လအကြာမှာ ရှိမရှိသိနိုင် မယ်။ ကိုယ်ခံအားပဋိပစ္စည်း (Anti body) တွေက အဲ့လောက်ကြာမှ ထွက်လာတာမို့ပါ။ Antibody/ Antigen Combination Test နဲ့စစ်ရင်ရောဂါစပြီး ကူးစက်ခံရတဲ့အချိန်ကနေ ၁၂ရက်ကနေ ၄၅ ရက်အတွင်းရောဂါ ပိုးရှိ၊ မရှိ သိနိုင်မယ်။ RNA Test နဲ့စစ်ရင် ၁ဝ ရက်ကနေ ၁၄ရက်အတွင်းသိနိုင်မယ်။ Home testing kits နဲ့စစ်ရင် ၃ လအကြာမှာ သိနိုင်မယ်။ PCR test (Polymerase Chain Reaction Tests)နဲ့စစ်ရင် ၂ပတ် ကနေ ၃ပတ်အကြာမှာ သိနိုင်ပြီး ဗိုင်းရပ်စ်ပိုးကောင် ရေ (Viral load) ပါ စစ်လို့ရပါတယ်။
HIV ကူးစက်ခံရတာနဲ့ တန်းပြီးခုခံအားကျဆင်းမှုကူးစက် ရောဂါစု (AIDS) တန်းမဖြစ်ပါဘူး။ ကျနော်တို့ရဲ့ ပုံမှန် စီဒီဖိုး ‘တီ’ ဆဲလ်အရေအတွက် 500-1400 cells/ eubic millimeter အထိကျသွားပြီးဆိုမှ ကျန်တဲ့အချောင်းပိုးမွှားကူး စက်ခံရမှု (Opportunistic Infeetion) တွေဝင်လာပြီးတော့ ခုခံအားကျဆင်းမှုကူးစက်ရောဂါစု (AIDS) အဖြစ်ရောက် သွားတာပါ။ ဆေးဝါးကုသမှုမခံယူဘဲနေမယ်ဆို ရင် ဒီလို HIV ရောဂါဝေဒနာရှင်ဟာ အာဏာကုန် ၁၀နှစ်၊ ၁၁နှစ်ပဲ ရှင်သန်ခွင့် ရပါလိမ့်မယ်။ ဆေးဝါးကုသမှုခံယူမယ်ဆိုရင်တော့ ပုံမှန်သက်တမ်းစေ့နီးပါး နေထိုင်ရှင်သန်ခွင့်ရပါလိမ့်မယ်။
‘တီ’ဆဲလ် အရေအတွက် ၂ဝဝ အောက်ရောက်သွားပြီဆိုရင် ကျနော်တို့ရဲ့ ကိုယ်ခံအားစနစ်က လွယ်လွယ်လေး ကာကွယ်ခဲ့တဲ့ မှိုပိုး၊ ဗိုင်း ရပ်စ်ပိုး၊ ဘက်တီးရီးယားပိုး (အကျိုးပြု ဘက်တီးရီယားပိုးတွေ အပါအဝင်)၊ ကပ်ပါးပိုးတွေက အလွယ်တကူ ဒုက္ခပေးလို့ရသွားပါတယ်။ ဒါ့အပြင် ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ ကာပိုစီကင်ဆာ (Kaposi’s sarcoma) ဘာ့ခ် ကစ် ပြန်ရည်ကြိတ်ကင်ဆာ (Burkitt’s lymphoma), ဗဟိုအာရုံကြောစနစ် ပြန်ရည်ကြိတ်ကင်ဆာ (Primary central nervous system lymphoma) သားအိမ်ခေါင်းကင်ဆာ (Cervical Cancer) တွေပါဖြစ်လာကြပါတယ်။ လျှာနဲ့ခံတွင်းမှာ မှက္ခရုစွဲတာ၊ အရေပြားမှာ အနာတွေပေါက်တာ၊ မျက်သားကင်ဆာ (Conjunctival Cancer) ဖြစ်တာတွေလည်း အေ့ဒ်စ် ဖြစ်ပြီဆိုရင် အဖြစ်များပါတယ်။ အဲ့လို ထပ်ဖြစ်တဲ့အချောင်ပိုးမွှားကူးစက်မှု တွေကိုတော့ ဖြစ်တဲ့ရောဂါ အလိုက်သင့်တော်တဲ့ ဆေးဝါးတွေကို တိုက်ကျွေးပေးရမှာပါ။
HIV မကူးစက်အောင်ကာကွယ်ဖို့အတွက်ကတော့ အထက်ကပြောခဲ့တဲ့ ကူးစက်နိုင်တဲ့နည်းလမ်းတွေကို သိရှိပြီး သတိထားလိုက်နာရှောင်ကြဉ်ကြရမှာပါ။ ဒါ့အပြင် ကွန်ဒုံးကို စနစ်တကျသုံးတာ၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးတာ၊ တစ်ကိုယ်ရေသုံး ပစ္စည်းတွေကို မျှဝေသုံးစွဲတာမျိုး မလုပ်တာ၊ သွေးနဲ့ထိတွေ့ထားတဲ့ ပစ္စည်းတွေကို စနစ်တကျ စွန့်ပစ်တာ၊ ပြန်သုံးရမယ်ဆိုရင်လည်းစနစ်တကျ ပိုးသန့်စင်ပြီးမှ ပြန်သုံးတာမျိုးလုပ်ရင် HIV ပိုးကူးစက်ခံရတဲ့ အန္တရာယ်ကနေ ကာကွယ်နိုင်ပါလိမ့်မယ်။
HIV ကူးစက်ခံသွားရပြီဆိုရင်လည်း စိတ်ဓာတ်မကျဘဲ အာဟာရပြည့်အောင်စားတာ၊ အိပ်ရေးဝဝအိပ်တာ၊ စိတ်ဖိစီးမှုကင်းအောင် တရားထိုင်၊ တရားမှတ်တာ၊ သွေးပုံမှန်စစ်ဆေးပြီး လိုအပ်တဲ့ ဆေးဝါးကုသမှုခံယူတာမျိုးတွေကို လုပ်ရပါမယ်။ HIV ကူးစက်ခံရသူကိုလည်း HIV ရှိမှန်းသိတဲ့သူတွေကရှောင်ဖယ်ရှောင်ဖယ်မလုပ်ဘဲ အားပေးတာ ၊ ကူညီတာစိတ်ဓာတ်မြှင့်တင်ပေးတာတွေကို လူသားချင်းစာနာမှု အနေနဲ့ လုပ်ပေးရပါမယ်။ အားနည်းသူ ဝါးကူထိုးတဲ့အဖြစ်မျိုးမဖြစ်အောင်တော့ လူတိုင်းကိုယ့်ပင်ကိုယ်အသိစိတ်နဲ့ ထိန်းသိမ်းပေးကြရမှာပါ။
နိဂုံးချုပ်အနေနဲ့ပြောရရင်ခုခံအားကျဆင်းမှု ကူးစက်ရောဂါစု (AIDS) ဆိုတာက HIV ကူးစက်ခံရသူတိုင်း နောက်ဆုံးအဆင့်အနေနဲ့ ကြုံတွေ့ကြရမှာ ဖြစ်ပေမယ့် အဲ့လိုကြုံရမှာပဲဆိုပြီး စိတ်ဓာတ်မကျဘဲ ကျနော်ပြောခဲ့တဲ့နည်းလမ်း လေးတွေအတိုင်း လိုက်နာဆောင်ရွက်မယ်ဆိုရင် လူ့သက်တမ်းစေ့နီးပါး ပုံမှန်လူတစ်ယောက်လို ရှင်သန်နေထိုင်ခွင့်ရပါ လိမ့်မယ်။ ဒီလိုကူးစက်ခံရသူတွေကိုလည်း ကျန်တဲ့သူတွေက ဝိုင်းဝန်းဖေးမကူညီ အားပေးပေးရပါမယ်။ HIV/AIDS ရောဂါ ဝေဒနာရှင်တွေအတွက် ဒီဇင်ဘာလ ၁ ရက်နေ့ကိုကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါနေ့ (World AIDS Day) အဖြစ် သတ်မှတ်ပေးပြီး ဖဲကြိုးအနီရောင်နဲ့ သင်္ကေတပြုပေးထားပါတယ်။ အဲ့လိုပဲ ကျနော်တို့မြန်မာနိုင်ငံသားတွေအနေနဲ့ စိတ်နှလုံး နူးညံ့သူတွေပီပီ ခုခံအားကျဆင်းမှု ကူညီပေးကြပါလို့ပြောရင်း ကျနော့်ရဲ့ ‘ခုခံအားကျဆင်းမှုကူးစက်ရောဂါအကြောင်း သိကောင်းစရာ’ ဆိုတဲ့ ဆောင်းပါကို နိဂုံးချုပ်လိုက်ပါရစေဗျာ။
Author: ဒေါက်တာနေလင်းအောင် (ပျော်ဘွယ်), Healthcare Journal, vol 8,no 35 (15.9.17)