fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

ဘာလို့ ကလေးရဖို့ ခက်နေတာလဲ

553
VIEWS
Share on FacebookShare on TwitterShare on Linkedin
21/10/2017
in အမျိုးသားကျန်းမာရေး
1 min read
A A

(Zawgyi)

လင္ရယ္ မယားရယ္ႏွင့္ မိသားစုဘဝေလးကို ထူေထာင္ၾကတဲ့အခါ သားသမီး ရတနာဆိုတာ လိုခ်င္ၾကသည္သာ။ တခ်ိဳ႕ေတြမွာ မလိုခ်င္လို႔ တားေဆးေတြ ေသာက္ေနၾကေပမယ့္လည္း အခ်ိန္တစ္ခု ေရာက္တဲ့အခါက် သားသမီး လိုခ်င္လာၾကၿမဲ ျဖစ္သည္။ သို႔ေသာ္ ကေလးဟူသည္ကား အံ့ဖြယ္ေကာင္းလွသည္။ တစ္ခါတစ္ရံ မလိုခ်င္ေသာသူထံတြင္သာ ေ႐ြး၍ ရသလို ထင္မွတ္ေလာက္ေအာင္ပင္ ကံတရားက က်ီစယ္လြန္းလွသည္။

သားသမီးလိုခ်င္တိုင္း မရၾကသည့္ ျပႆနာသည္ မိသားစု ေတာ္ေတာ္မ်ားမ်ားတြင္ ႀကဳံေတြ႕ရေလ့ရွိေသာ ျပႆနာတစ္ခု ျဖစ္သည္။ US လို နည္းပညာ ထြန္းကားေသာ ေနရာတြင္ပင္ ကေလးရရန္ ခက္ခဲသည့္ စုံတြဲ ရာခိုင္ႏႈန္းသည္ ၁၀ မွ ၁၅ % အတြင္း ရွိသည္။ ကေလးရရန္ ခက္ခဲျခင္းလို႔ မည္သည့္အခါတြင္ ေျပာႏိုင္သနည္း။ တစ္ႏွစ္အတြင္း မၾကာခဏ အကာအကြယ္မဲ့ လိင္ဆက္ဆံျခင္း ျပဳလုပ္၍မွ် ကေလးမရလွ်င္ ကေလးရရန္ ခက္ခဲသည္လို႔ ေျပာေလ့ရွိသည္။ ဤျပႆနာ ျဖစ္ရသည့္ အေၾကာင္းရင္း ရင္းျမစ္မွာ အမ်ိဳးသားေၾကာင့္ ျဖစ္ျခင္း ၊ အမ်ိဳးသမီးေၾကာင့္ ျဖစ္ျခင္းႏွင့္ ၂ ဦးလုံးတြင္ အျပစ္တစ္စုံတစ္ရာ မရွိပါဘဲ မည္သည့္အေၾကာင္းရင္း ရွာမေတြ႕ဘဲ ျဖစ္ျခင္းဟူ၍ ၃ မ်ိဳး ခြဲျခားႏိုင္သည္။

အမ်ိဳးသားေၾကာင့္ျဖစ္ျခင္း
-သုက္ပိုးထုတ္လုပ္မႈ႕ မႈမမွန္ျခင္း သို႔မဟုတ္ သုက္ပိုးသည္ ေကာင္းမြန္စြာ အလုပ္မလုပ္ျခင္း
အမ်ိဳးသားမ်ားသည္ မိခင္ဝမ္းထဲတြင္ ႀကီးထြားဖြံၿဖိဳးေနစဥ္အတြင္း ေဝွးေစ့သည္ ဝမ္းဗိုက္ထဲတြင္ ရွိသည္။ အခ်ိန္တစ္ခုေရာက္မွ ကပ္ပယ္အိတ္ထဲသို႔ ဆင္းသက္သြားျခင္းျဖစ္သည္။ တခ်ိဳ႕ အမ်ိဳးသားမ်ားတြင္ အသက္ႀကီးေသာ္လည္း ေဝွးေစ့သည္ ကပ္ပယ္အိတ္ထဲသို႔ ဆင္းသက္ျခင္းမရွိဘဲ ဝမ္းဗိုက္ထဲတြင္သာ ရွိသူမ်ားရွိသည္။ ထိုသူမ်ားတြင္ သုက္ပိုးထုတ္လုပ္မႈ႕ က်ဆင္းျခင္းမ်ား ျဖစ္ေလ့ရွိသည္။ ထို႔ျပင္ ဆီးခ်ိဳေရာဂါ ရွိသူမ်ား၊ လိင္မွတဆင့္ ကူးစက္ခံရေသာ ေရာဂါရွိသူမ်ားတြင္လည္း သုက္ပိုး၏ စြမ္းေဆာင္ရည္ေလ်ာ့က်ျခင္း ၊ သုက္ပိုးေကာင္ေရ နည္းပါးျခင္းေတြ ျဖစ္ေလ့ရွိသည္။ ကပ္ပယ္အိတ္အတြင္း ေသြးေၾကာမ်ားထုံးသည့္ varicocele ေရာဂါတြင္လည္း သုက္ပိုး၏ စြမ္းေဆာင္ရည္ကို ေလ်ာ့ဆင္းေစသည့္အတြက္ ကေလးရရန္ ခက္ခဲျခင္းမ်ား ျဖစ္ေလ့ရွိသည္။

-သုက္ေကာင္ရည္ ေကာင္းစြာ ထြက္ေသာ္လည္း သြားသည့္လမ္းတေလွ်ာက္ ပိတ္ျခင္း
သုက္လႊတ္ေစာျခင္းအပါအဝင္ အမ်ိဳးသား မ်ိဳးပြားအဂၤါကို ထိခိုက္ဒဏ္ရာ ရထားသည့္သူမ်ားတြင္ ျဖစ္ေလ့ရွိသည္။
-တျခားအေၾကာင္းအရင္းမ်ား
ေဆးလိပ္ေသာက္သုံးျခင္း ၊ ဓာတ္ေရာင္ျခည္သင့္ျခင္း ႏွင့္ တခ်ိဳ႕ေဆးဝါးမ်ားေၾကာင့္လည္း ျဖစ္တတ္ပါသည္။ ေဆးဝါးမ်ားတြင္ ပိုးသတ္ေဆးမ်ား၊ ေသြးေပါင္က်ေဆးမ်ား၊ စတီး႐ိုက္ေဆးမ်ားႏွင့္ ကင္ဆာေဆးမ်ားကို ေသာက္သုံးေနသူမ်ားအဖို႔လည္း ကေလးရရန္ ခက္ခဲတတ္ၾကပါသည္။

အမ်ိဳးသားသမီးမ်ားေၾကာင့္ျဖစ္ျခင္း

-သားဥအိမ္ ျပႆနာမ်ားေၾကာင့္ျဖစ္ျခင္း
-ယခင္က တင္ပဆုံခြဲစိတ္မႈ႕ ျပဳလုပ္ျခင္းမ်ား၊ သားဥႁပြန္ႏွင့္ ပတ္သက္၍ ခြဲစိတ္မႈ႕ ျပဳဖူးသူမ်ား
-သားအိမ္အတြင္း အသားလုံးရွိသူမ်ား
-သားအိမ္နံရံထူသူမ်ား
-ေမြးလမ္းေၾကာင္း ပိုးဝင္ထားသူမ်ားတြင္ ျဖစ္ေလ့ရွိပါသည္။

-တျခားေရာဂါ အေျခအေနမ်ားအေနႏွင့္ လည္ပင္းဓာတ္ နည္းလြန္းမ်ားလြန္းသူမ်ား၊ ဆီးခ်ိဳေရာဂါ ရွိသူမ်ား၊ အေရျပားေလးဖက္နာေရာဂါကဲ့သို႔ ကိုယ္ခံအားခ်ိဳ႕ယြင္းျခင္းေၾကာင့္ျဖစ္ေသာ ေရာဂါမ်ားတြင္လည္း ကေလးရရွိႏိုင္ရန္ ခက္ခဲတတ္ၾကသည္။

အမ်ိဳးသမီးမ်ားသည္ အသက္ႀကီးလာသည္ႏွင့္ အမွ် သားဥေႂကြႏႈန္းေရာ၊ သားဥ၏ က်န္းမာေရးေရာ က်ဆင္းလာရာ အသက္ ၃၇ ႏွစ္ႏွင့္ အထက္ အမ်ိဳးသမီးတစ္ဦးသည္ ငယ္႐ြယ္သူထက္စာလွ်င္ ကေလးရရွိရန္ ခက္ခဲတတ္ၾကသည္။ ေဆးလိပ္ေသာက္သုံးတတ္ေသာ အမ်ိဳးသမီးမ်ားအေနႏွင့္လည္း ကေလးရရွိရန္ ခက္ခဲ႐ုံသာမက ရရွိလွ်င္လည္း ကေလးပ်က္က်လြယ္ျခင္း၊ ကေလးတြင္ ေမြးရာပါ ခ်ိဳ႕ယြင္းမႈ႕မ်ား ရွိျခင္းေတြ ျဖစ္ႏိုင္ပါတယ္။

ထို႔အျပင္ ကိုယ္အေလးခ်ိန္နည္းလြန္းျခင္း သို႔မဟုတ္ မ်ားလြန္းျခင္းသည္ ကေလးရရွိရန္ ခက္ခဲေစတတ္သည္။ အရက္ေသစာ ေသာက္စားျခင္းျဖင့္ အမ်ိဳးသမီးမ်ားတြင္ ကေလးကို အႏၲရာယ္ျဖစ္ေစႏိုင္သကဲ့သို႔ အမ်ိဳးသားမ်ားတြင္လည္း သုက္ေကာင္ရည္နည္းပါးျခင္းႏွင့္ သုက္ေကာင္ရည္၏ လႈပ္ရွားမႈ႕ကို နည္းပါးေစပါသည္။

တစ္ခါတစ္ရံတြင္ အမ်ိဳးသမီးမွာေရာ အမ်ိဳးသားမွာေရာ ျပႆနာတစ္စုံတစ္ရာ မရွိဘဲ ကေလးရႏိုင္သည့္ မ်ိဳးဥေႂကြေသာရက္မ်ားတြင္ အတူမေနမိျခင္းေၾကာင့္လည္း ျဖစ္ႏိုင္ပါသည္။ မ်ိဳးဥေႂကြေသာရက္မ်ားကို တြက္ရန္အတြက္ အမ်ိဳးသမီးသည္ ရာသီရက္မွန္ရန္ လိုသည္။ ရာသီရက္မွန္မွသာ မ်ိဳးဥေႂကြေသာရက္မ်ားကို ခန႔္မွန္းႏိုင္မည္ျဖစ္သည္။ အခုအခါတြင္ ကိုယ္ဝန္ရရွိရန္ ခက္ခဲသည့္ စုံတြဲမ်ားအတြက္ ေနာက္ဆုံးေပၚ နည္းပညာမ်ား၏ အကူအညီမ်ားျဖင့္ ကေလးရရွိႏိုင္ရန္ လုပ္ေဆာင္ႏိုင္ၿပီျဖစ္ပါတယ္။

Author : Dr. မ်ိဳးဆက္

(Unicode)

လင်ရယ် မယားရယ်နှင့် မိသားစုဘဝလေးကို ထူထောင်ကြတဲ့အခါ သားသမီး ရတနာဆိုတာ လိုချင်ကြသည်သာ။ တချို့တွေမှာ မလိုချင်လို့ တားဆေးတွေ သောက်နေကြပေမယ့်လည်း အချိန်တစ်ခု ရောက်တဲ့အခါကျ သားသမီး လိုချင်လာကြမြဲ ဖြစ်သည်။ သို့သော် ကလေးဟူသည်ကား အံ့ဖွယ်ကောင်းလှသည်။ တစ်ခါတစ်ရံ မလိုချင်သောသူထံတွင်သာ ရွေး၍ ရသလို ထင်မှတ်လောက်အောင်ပင် ကံတရားက ကျီစယ်လွန်းလှသည်။

သားသမီးလိုချင်တိုင်း မရကြသည့် ပြဿနာသည် မိသားစု တော်တော်များများတွင် ကြုံတွေ့ရလေ့ရှိသော ပြဿနာတစ်ခု ဖြစ်သည်။ US လို နည်းပညာ ထွန်းကားသော နေရာတွင်ပင် ကလေးရရန် ခက်ခဲသည့် စုံတွဲ ရာခိုင်နှုန်းသည် ၁၀ မှ ၁၅ % အတွင်း ရှိသည်။ ကလေးရရန် ခက်ခဲခြင်းလို့ မည်သည့်အခါတွင် ပြောနိုင်သနည်း။ တစ်နှစ်အတွင်း မကြာခဏ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း ပြုလုပ်၍မျှ ကလေးမရလျှင် ကလေးရရန် ခက်ခဲသည်လို့ ပြောလေ့ရှိသည်။ ဤပြဿနာ ဖြစ်ရသည့် အကြောင်းရင်း ရင်းမြစ်မှာ အမျိုးသားကြောင့် ဖြစ်ခြင်း ၊ အမျိုးသမီးကြောင့် ဖြစ်ခြင်းနှင့် ၂ ဦးလုံးတွင် အပြစ်တစ်စုံတစ်ရာ မရှိပါဘဲ မည်သည့်အကြောင်းရင်း ရှာမတွေ့ဘဲ ဖြစ်ခြင်းဟူ၍ ၃ မျိုး ခွဲခြားနိုင်သည်။

အမျိုးသားကြောင့်ဖြစ်ခြင်း
-သုက်ပိုးထုတ်လုပ်မှု့ မှုမမှန်ခြင်း သို့မဟုတ် သုက်ပိုးသည် ကောင်းမွန်စွာ အလုပ်မလုပ်ခြင်း
အမျိုးသားများသည် မိခင်ဝမ်းထဲတွင် ကြီးထွားဖွံဖြိုးနေစဉ်အတွင်း ဝှေးစေ့သည် ဝမ်းဗိုက်ထဲတွင် ရှိသည်။ အချိန်တစ်ခုရောက်မှ ကပ်ပယ်အိတ်ထဲသို့ ဆင်းသက်သွားခြင်းဖြစ်သည်။ တချို့ အမျိုးသားများတွင် အသက်ကြီးသော်လည်း ဝှေးစေ့သည် ကပ်ပယ်အိတ်ထဲသို့ ဆင်းသက်ခြင်းမရှိဘဲ ဝမ်းဗိုက်ထဲတွင်သာ ရှိသူများရှိသည်။ ထိုသူများတွင် သုက်ပိုးထုတ်လုပ်မှု့ ကျဆင်းခြင်းများ ဖြစ်လေ့ရှိသည်။ ထို့ပြင် ဆီးချိုရောဂါ ရှိသူများ၊ လိင်မှတဆင့် ကူးစက်ခံရသော ရောဂါရှိသူများတွင်လည်း သုက်ပိုး၏ စွမ်းဆောင်ရည်လျော့ကျခြင်း ၊ သုက်ပိုးကောင်ရေ နည်းပါးခြင်းတွေ ဖြစ်လေ့ရှိသည်။ ကပ်ပယ်အိတ်အတွင်း သွေးကြောများထုံးသည့် varicocele ရောဂါတွင်လည်း သုက်ပိုး၏ စွမ်းဆောင်ရည်ကို လျော့ဆင်းစေသည့်အတွက် ကလေးရရန် ခက်ခဲခြင်းများ ဖြစ်လေ့ရှိသည်။

-သုက်ကောင်ရည် ကောင်းစွာ ထွက်သော်လည်း သွားသည့်လမ်းတလျှောက် ပိတ်ခြင်း
သုက်လွှတ်စောခြင်းအပါအဝင် အမျိုးသား မျိုးပွားအင်္ဂါကို ထိခိုက်ဒဏ်ရာ ရထားသည့်သူများတွင် ဖြစ်လေ့ရှိသည်။
-တခြားအကြောင်းအရင်းများ
ဆေးလိပ်သောက်သုံးခြင်း ၊ ဓာတ်ရောင်ခြည်သင့်ခြင်း နှင့် တချို့ဆေးဝါးများကြောင့်လည်း ဖြစ်တတ်ပါသည်။ ဆေးဝါးများတွင် ပိုးသတ်ဆေးများ၊ သွေးပေါင်ကျဆေးများ၊ စတီးရိုက်ဆေးများနှင့် ကင်ဆာဆေးများကို သောက်သုံးနေသူများအဖို့လည်း ကလေးရရန် ခက်ခဲတတ်ကြပါသည်။

အမျိုးသားသမီးများကြောင့်ဖြစ်ခြင်း

-သားဥအိမ် ပြဿနာများကြောင့်ဖြစ်ခြင်း
-ယခင်က တင်ပဆုံခွဲစိတ်မှု့ ပြုလုပ်ခြင်းများ၊ သားဥပြွန်နှင့် ပတ်သက်၍ ခွဲစိတ်မှု့ ပြုဖူးသူများ
-သားအိမ်အတွင်း အသားလုံးရှိသူများ
-သားအိမ်နံရံထူသူများ
-မွေးလမ်းကြောင်း ပိုးဝင်ထားသူများတွင် ဖြစ်လေ့ရှိပါသည်။

-တခြားရောဂါ အခြေအနေများအနေနှင့် လည်ပင်းဓာတ် နည်းလွန်းများလွန်းသူများ၊ ဆီးချိုရောဂါ ရှိသူများ၊ အရေပြားလေးဖက်နာရောဂါကဲ့သို့ ကိုယ်ခံအားချို့ယွင်းခြင်းကြောင့်ဖြစ်သော ရောဂါများတွင်လည်း ကလေးရရှိနိုင်ရန် ခက်ခဲတတ်ကြသည်။

အမျိုးသမီးများသည် အသက်ကြီးလာသည်နှင့် အမျှ သားဥကြွေနှုန်းရော၊ သားဥ၏ ကျန်းမာရေးရော ကျဆင်းလာရာ အသက် ၃၇ နှစ်နှင့် အထက် အမျိုးသမီးတစ်ဦးသည် ငယ်ရွယ်သူထက်စာလျှင် ကလေးရရှိရန် ခက်ခဲတတ်ကြသည်။ ဆေးလိပ်သောက်သုံးတတ်သော အမျိုးသမီးများအနေနှင့်လည်း ကလေးရရှိရန် ခက်ခဲရုံသာမက ရရှိလျှင်လည်း ကလေးပျက်ကျလွယ်ခြင်း၊ ကလေးတွင် မွေးရာပါ ချို့ယွင်းမှု့များ ရှိခြင်းတွေ ဖြစ်နိုင်ပါတယ်။

ထို့အပြင် ကိုယ်အလေးချိန်နည်းလွန်းခြင်း သို့မဟုတ် များလွန်းခြင်းသည် ကလေးရရှိရန် ခက်ခဲစေတတ်သည်။ အရက်သေစာ သောက်စားခြင်းဖြင့် အမျိုးသမီးများတွင် ကလေးကို အန္တရာယ်ဖြစ်စေနိုင်သကဲ့သို့ အမျိုးသားများတွင်လည်း သုက်ကောင်ရည်နည်းပါးခြင်းနှင့် သုက်ကောင်ရည်၏ လှုပ်ရှားမှု့ကို နည်းပါးစေပါသည်။

တစ်ခါတစ်ရံတွင် အမျိုးသမီးမှာရော အမျိုးသားမှာရော ပြဿနာတစ်စုံတစ်ရာ မရှိဘဲ ကလေးရနိုင်သည့် မျိုးဥကြွေသောရက်များတွင် အတူမနေမိခြင်းကြောင့်လည်း ဖြစ်နိုင်ပါသည်။ မျိုးဥကြွေသောရက်များကို တွက်ရန်အတွက် အမျိုးသမီးသည် ရာသီရက်မှန်ရန် လိုသည်။ ရာသီရက်မှန်မှသာ မျိုးဥကြွေသောရက်များကို ခန့်မှန်းနိုင်မည်ဖြစ်သည်။ အခုအခါတွင် ကိုယ်ဝန်ရရှိရန် ခက်ခဲသည့် စုံတွဲများအတွက် နောက်ဆုံးပေါ် နည်းပညာများ၏ အကူအညီများဖြင့် ကလေးရရှိနိုင်ရန် လုပ်ဆောင်နိုင်ပြီဖြစ်ပါတယ်။

Author : Dr. မျိုးဆက်

 

Previous Post

ခြေထောက်ကြွက်သားတောင့်တင်းနာကျင်ခြင်း

Next Post

အသားအရေ လှပစေဖို့ ရွေးချယ်စားသောက်ရမည့် အစားအစာများ (အပိုင်း ၃)

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
770
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

2 years ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
637

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
1k

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အသားအရေ လှပစေဖို့ ရွေးချယ်စားသောက်ရမည့် အစားအစာများ (အပိုင်း ၃)

အိမ်မွေးတိရိစ္ဆာန်များနဲ့ ကျန်းမာရေး (၂)

အိမ်မွေးတိရိစ္ဆာန်များနဲ့ ကျန်းမာရေး (၃)

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.