fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

နေ့စဉ်ပုံမှန်သောက်ရသော တားဆေးကဒ်များအကြောင်း(အပိုင်း၂)

701
VIEWS
Share on FacebookShare on TwitterShare on Linkedin
16/02/2018
in အမျိုးသားကျန်းမာရေး
1 min read
A A

နေ့စဉ်ပုံမှန်သောက်ရသော တားဆေးကဒ်များအကြောင်း(အပိုင်း၂)

အပိုင်း(၁) မှာ ဟော်မုန်းနှစ်မျိုးပါ (Estrogen+Progestogen) နေ့စဉ်သုံး တားဆေးကဒ်ရဲ့ ကောင်းကျိုးဆိုးကျိုးတွေ မသုံးသင့်တဲ့ အခြေအနေတွေ အားသာချက် အားနည်းချက်တွေကို တင်ပြခဲ့ပါတယ်။

အခု အပိုင်း၂မှာတော့ ပရိုဂျက်စတိုဂျင် ဟော်မုန်းတမျိုးထဲပဲပါတဲ့ တားဆေးကဒ် (Progestogen only pills) အကြောင်း ပြောပါမယ်။

ဟော်မုန်းနှစ်မျိုးပါ တားဆေးကဒ်တွေ နည်းတူ ဟော်မုန်းတမျိုးတည်းပါ တားဆေးတကဒ်မှာလည်း အတန်း၄တန်း ပါပြီး အတန်း၁တန်းမှာ ဆေးလုံး ၇လုံး ပါသောကြောင့် ဆေးတကဒ်မှာ ဆေးလုံး အရေအတွက် စုစုပေါင်း ၂၈လုံးပါပါတယ်။

ပထမ ကနေ တတိယ ထိ အတန်း၃တန်းမှာ ပါတဲ့ဆေး၂၁လုံးက ဟော်မုန်းဆေးလုံးတွေဖြစ်ပြီး နောက်ဆုံး ၁ တန်းက ဆေး ၇ လုံးကတော့ သံဓါတ်အားဆေး သို့မဟုတ် ဘာအာနိသင်မှမရှိတဲ့ဆေး(Placebos) တွေဖြစ်ပါတယ်။ ရာသီက အဲ့နောက်ဆုံးအတန်းကို သောက်နေတဲ့အချိန်မှာ ပေါ်လေ့ရှိပါတယ်။

ပရိုဂျက်စတိုဂျင်ဟောမုန်းတမျိုးတည်းပါတဲ့တားဆေးကဒ်ရဲ့ဆောင်ရွက်ချက်ကလည်း ဟော်မုန်းနှစ်မျိုးပေါင်းထားတဲ့ တားဆေးကဒ်လို့ပါပဲ။

မမျိုးဥကြွေတဲ့ဖြစ်စဉ်ကို မဖြစ်အောင် တားခြင်းဖြင့် ကလေးမရအောင် ဆောင်ရွက်ပေးပါတယ်။ ဒါ့အပြင် သားအိမ်ခေါင်းချွဲမြေး(Cervical Mucus)အလွှာကို ထူပျစ်စေခြင်းကိုလည်း ဖြစ်စေတာကြောင့် သုက်ကောင်တို့ အခြားပိုးတွေတို့ဟာ လွယ်လွယ်နဲ့ သားအိမ်ထဲကို မဝင်နိုင်ပါဘူး။

ဘယ်အချိန်မှာ စသောက်သင့်လဲ
ရာသီစလာတဲ့ ပထမရက်မှာ သို့မဟုတ် ရာသီလာနေစဉ် သို့မဟုတ် ရာသီစပေါ်တဲ့ရက်ကနေ ၅ ရက်အတွင်းမှာ စသောက်ရင်အကောင်းဆုံးပါ။ ဒီရက်တွေမှာဆိုရင် ဆေးသောက်ပြီးပြီးချင်း အတူနေလို့ရပါတယ်။

ဒီရက်တွေမဟုတ်တဲ့ တခြားကြားရက်တွေမှာသောက်မယ်ဆိုရင်တော့ မသောက်ခင် ကိုယ်ဝန်ရှိမရှိစစ်ပြီး မရှိတာသေချာရင် စသောက်လို့ရပါပြီ။ ဒီလိုတခြားကြားရက်မှာစသောက်မယ်ဆိုရင်တော့ ဆေးသောက်ပြီး ၇ ရက်လောက်အထိ အတူမနေတာ၊ ကွန်ဒုံးသုံးတာတွေပါ လုပ်ဖို့လိုပါတယ်။

ဘယ်လိုသောက်ရမလဲ။

တနေ့တလုံး သောက်ရပါမယ်၊ အချိန်ကလည်း အမြဲကွက်တိ မဟုတ်တောင် မှန်ဖို့ လိုပါတယ်။ ဥပမာ မနက်ပိုင်းဆိုမနက်ပိုင်းသောက်တာ ညနေပိုင်းဆိုညနေပိုင်းသောက်တာမျိုးပါ။ ဒီနေ့မနက်သောက် နောက်နေ့ညနေသောက်တာမျိုးမလုပ်သင့်ပါ။

အမျိုးသားနဲ့ အတူမနေတဲ့ရက်တွေမှာလည်း ဆေးသောက်ဖို့ လိုပါတယ်။ အာနိသင်ထိရောက်ဖို့ တနေ့တလုံး ပုံမှန်သောက်သွားရပါမယ်။ အမျိုးသားက သို့မဟုတ် မိမိက လနဲ့ချီ ခရီးသွားမှာမို့ အတူမနေဖြစ်တာကြောင့် ဆေးသောက်ရပ်လိုက်တာမျိုးက ရပါတယ်။ အဲဒီလို အဝေးသွားတာမဟုတ်ဘဲ တရက်နှစ်ရက်လောက် အတူမနေတာမျိုးကိုတော့ မသောက်ဘဲ နေလို့ မရပါဘူး။

ဟော်မုန်းတမျိုးပဲပါတဲ့ နေ့စဉ်သုံးတားဆေးကဒ် (Progestogen only pills)ကို ရွေးချယ်သင့်တဲ့သူတွေကတော့
ကလေးကိုနို့တိုက်နေတဲ့မိခင်တွေ၊ ဆီးချိုရှိတာ နှလုံးသွေးကြောဆိုင်ရာ ပြသာနာတွေ ရှိတာကြောင့် ဟော်မုန်းနှစ်မျိုးပါ နေ့စဉ်သုံးတားဆေးကဒ် သောက်လို့မရတဲ့သူတွေ၊ အသက်ကြီးတဲ့ အမျိုးသမီးတွေ၊အကြောင်းရင်းမသိဘဲ ကြားရက်မှာ သွေးဆင်းတတ်တဲ့အမျိုးသမီးတွေပဲ ဖြစ်ပါတယ်။

ဟော်မုန်းတမျိုးတည်းပါ နေ့စဉ်သုံးတားဆေးကဒ်ရဲ့ အားသာချက်ကောင်းကျိုးတွေကတော့

မိန်းမကိုယ်မှိုစွဲတဲ့ရောဂါ (Vaginal Candidiasis) ဖြစ်ပွားနိုင်ခြေကို လျှော့ချပေးခြင်း
သားအိမ်ကင်ဆာ၊ တင်ပဆုံကွင်းထဲက အင်္ဂါတွေ ရောင်ရမ်းတာ (Pelvic Inflammatory Disease)တွေ ဖြစ်ပွားနိုင်ခြေကို လျော့နည်းစေခြင်း
ရာသီမလာခင်၊ လာနေစဉ်မှာ ဖြစ်တဲ့ နာကျင်ကိုက်ခဲမှုတွေကို လျော့ပါးသက်သာစေခြင်း
ကလေးနို့တိုက်နေစဉ်မှာလည်း သောက်သုံးနိုင်ခြင်း စသဖြင့်ပဲ ဖြစ်ပါတယ်။

အားနည်းချက်ဆိုးကျိုးတွေ အနေနဲ့ကတော့ ဆေးကို နေ့တိုင်းအချိန်မှန် သောက်ဖို့လိုပါတယ်။
စသောက်သောက်ချင်းတကဒ်မှာ ရာသီမမှန်တာမျိုး ဖြစ်တတ်ပါတယ်။ ရာသီသွေးနည်းခြင်း၊ ခဏခဏ လာခြင်း၊ တစ်လနဲ့တစ်လကြားမှာ ပေါ်လိုက်ပျောက်လိုက်ဖြစ်ခြင်း၊ ရာသီသွေးမဆင်းခြင်း မျိုးတွေ ဖြစ်နိုင်ပါတယ်။ ခေါင်းမူးခေါင်းကိုက်ခြင်း၊ အန်ခြင်း၊ ဝက်ခြံများထွက်လာခြင်း၊ သားဥအိမ်တွင် ရေအိတ်တည်ခြင်း၊ ဝိတ်တက်လာခြင်း၊ ရင်သားတွေတင်းပြီး နာခြင်းတွေလည်း ဖြစ်နိုင်ပါတယ်။

ဆိုးကျိုးတွေက ဖြစ်နိုင်ခြေရှိတယ်လို့ပဲ ပြောတာပါ။ ဖြစ်ကိုဖြစ်မယ်လို့ ပြောတာမဟုတ်ပါဘူး။

နေ့စဉ်သုံး ဟော်မုန်းနှစ်မျိုးပါ ဆေးကဒ်လိုပဲ ဟော်မုန်းတမျိုးပါ တားဆေးကဒ်ကို သောက်နေရင်း
အကြောင်းအမျိုးမျိုးကြောင့် တီဘီဆေး၊ အတက်ကျဆေးတွေ၊ ပိုးသတ်ဆေးတွေ သောက်ရတဲ့အခါမှာ အဲ့ဆေးတွေက နေ့စဉ်သောက်တားဆေးကဒ်မှာပါတဲ့ ဟော်မုန်းရဲ့ အာနိသင်ကို လျော့ကျစေနိုင်ပါတယ်။

ဒီအခါမှာကျ ဆေးသောက်ရဲ့နဲ့ ကိုယ်ဝန်ရသွားတတ်ပါတယ်။ အဲ့လိုမဖြစ်ချင်ရင် တီဘီဆေးတွေ၊ပိုးသေဆေးတွေ၊အတက်ကျဆေးတွေသောက်နေတဲ့ အတောအတွင်းရယ် အဲ့ဆေးတွေရပ်ပြီး တပတ်အတွင်းရယ်မှာ နေ့စဉ်သောက် ဟော်မုန်းနှစ်မျိုးပါ တားဆေးသုံးတာအပြင် နောက်ထပ် သားဆက်ခြားနည်းတစ်ခုကို ထပ်အသုံးပြုဖို့ လိုပါမယ်။ (ဥပမာ ကွန်ဒုံး)

ဆေးသောက်ဖို့မေ့တဲ့အခါကျ ဘယ်လိုလုပ်မလဲ။

မေ့တာဘယ်လောက်ကြာလဲ။ ၁၂နာရီနဲ့ အောက်ဆိုရင် (ဆိုလိုတာက တရက်ပဲဆိုရင်) သတိရရချင်းမနေ့က မေ့ခဲ့တဲ့အလုံးကို သောက်လိုက်ပါ။ ဒီနေ့သောက်ရမယ့်အလုံးကိုလည်း ပုံမှန်ဆက်သောက်ပါ။ဒါဆို ရပါပြီ။

တကယ်လို့ မေ့တာ ၁၂နာရီနဲ့ အထက်ဆိုရင် (ဆိုလိုတာက နှစ်ရက် သုံးရက် မေ့ခဲ့တယ်ဆိုရင်) နှစ်ရက် သုံးရက်စာ ပါပေါင်းပြီး သုံးလေးလုံး သောက်စရာမလိုပါဘူး။ အခုလောလောဆယ် ရက်ရဲ့ကပ်လျက်ရှေ့ရက်က ဆေးလုံး၁လုံးရယ် အခုလောလောဆယ်ရက်မှာ သောက်ရမယ့်ဆေးလုံး၁လုံးရယ်ပဲ သောက်ပါ။

(ဥပမာ ဒီနေ့က အင်္ဂလိပ်လို 10 ရက်နေ့ပဲ ဆိုပါတော့ အကြောင်းကြောင်းကြောင့် 7,8,9 ရက်နေ့တွေမှာမသောက်မိဘူး ဆိုရင် 9ရက်နေ့ အတွက် သောက်ရမဲ့အလုံးရယ် အခုလောလောဆယ် 10 ရက်နေ့မှာ သောက်ရမယ့်အလုံးရယ်ပဲ သောက်ပါ။7 ရက်နဲ့ 8 ရက်နေ့မှာသောက်ရမယ့် ဆေးနှစ်လုံးကိုလွှင့်ပစ်လိုက်ပါ။)

ပြီးရင် အဲ့10 ရက်နေ့ညကစပြီး နောက်၇ရက်တိတိ ကွန်ဒုံးပါ တွဲသုံးပါ။ ကွန်ဒုံးမသုံးချင်ပါက အရေးပေါ်တားဆေးသောက်တာ သို့မဟုတ် အတူနေတာကိုရှောင်တာ လုပ်ပါ။ ဒီလိုနှစ်ရက်စာ သုံးရက်စာ မေ့တာက ဆေးကဒ်ရဲ့ ဒုတိယအတန်းမှာဆိုရင် ကဒ်အသစ်စဖို့ မလိုပါဘူး။ ကဒ်ဟောင်းပဲ ဆက်သောက်လို့ရပါတယ်။

ဆေးကဒ်ရဲ့ တတိယအတန်းမှာ နှစ်ရက်စာ သုံးရက်စာ မေ့ခဲ့မယ်ဆိုရင်တော့ ဒီနေ့သောက်ရမယ့် အလုံးရယ် အဲ့ရှေ့တရက်က သောက်ရမယ့်အလုံးရယ်ကို သောက်ပြီး ကဒ်အဟောင်းကို လွှင့်ပစ်ကာ ကဒ်အသစ်စဖို့ လိုပါတယ်။

Author: Dr 528

Previous Post

ဝမ်းချုပ်ခြင်း

Next Post

နူးညံ့စိုရဲသော နှုတ်ခမ်းလေး ရဲ့ ရာဇဝင်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
750
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

1 year ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
635

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
997

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
tips make home beautiful Lips girl

နူးညံ့စိုရဲသော နှုတ်ခမ်းလေး ရဲ့ ရာဇဝင်

သတိလက်လွတ်မထားသင့်တဲ့ ရောဂါ

သတိပြုစရာ Chlamydia ရောဂါ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.