(Zawgyi)
ေရာဂါပိုးမႊားေလးေတြဆိုတာအင္မတန္မွ ေသးငယ္လွသလို မ်က္စိနဲ႔ အလြယ္တကူ ျမင္ေတြ ့ႏိုင္ဖို႕ရာမျဖစ္ႏိုင္ပါဘူး။ ေဖေဖ ေမေမ တို႔ ခ်စ္ရတဲ့ သားသား မီးမီးေလးေတြရဲ႕ အနားမွာ မျမင္ႏိုင္တဲ့ ေရာဂါပိုးမႊားေတြဟာ အျမဲရွိေနတတ္ပါတယ္။ဒါကို ဂရုျပဳမိဖို႔ရာ ေဖေဖ ေမေမတို႔မွာ အလြန္ပဲတာဝန္ရွိေသာ္လည္း ေရာဂါပိုးဆိုတာမျမင္နိုင္တဲ႔အတြက္ သူတို႔ဝင္ေရာက္လာနိုင္တဲ႔နည္းလမ္းေတြကိုသိထားမယ္ဆိုရင္ ထိထိေရာက္ေရာက္ကာကြယ္ေပးနိုင္မွာျဖစ္ပါတယ္။
ဒါေၾကာင့္ ဒီလိုေရာဂါပိုးေတြဟာ ဘယ္လို နည္းလမ္းေတြ နဲ႕မ်ား ဝင္ေရာက္လာႏိုင္လဲ ဆိုတာကို မိဘေတြသိထားရေအာင္ေဖာ္ျပေပးလိုက္ပါတယ္။
၁- အသက္ရွဴလမ္းေၾကာင္း
သားသားမီးမီးတို႕နားမွာရွိတဲ့ ေရာဂါပိုးေတြဟာ အသက္ရွဴလမ္းေၾကာင္းမွတစ္ဆင့္ဝင္ေရာက္လာျပီး ကေလးေတြကို အဆုတ္ တီဘီ ကဲ့သို႕သာ ေရာဂါ မ်ိဳးေတြ ျဖစ္ေစတဲ့ အထိေအာင္ ဆိုးရြားတတ္ပါတယ္။ ဒါေၾကာင့္ သားသားမီးမီးတုိ႕အနားမွာ ေနမေကာင္းျဖစ္တဲ့သူ၊ ႏွာေခ်၊ ေခ်ာင္းဆုိး ျဖစ္တဲ့သူေတြ ရွိလာမယ္ဆိုရင္ကေလးကိုအတတ္ႏိုင္ဆံုုး ခပ္လွမ္းလွမ္းမွာ ေနပါေစ။ ေလဝင္ေလထြက္ ေကာင္းတဲ့ေနရာမွာထားပါ။ ႏွာေခါင္းစည္း အသံုုးျပဳတာမ်ိဳးေတြ လည္း ျပဳလုုပ္သင့္ပါတယ္။
၂- ညစ္ေပေနတဲ့လက္၊ မသန့္ရွင္းတဲ့အရာဝတၳဳ
ကိုယ့္သားသမီးေတြအနားက အရာအားလံုးသန္႔ရွင္းေနဖို႔ဆိုတာ ရာႏႈန္းျပည့္မျဖစ္နိုင္ပါဘူး။ အဲ႔ဒီအရာဝတၳဳေတြလက္ေတြမွာရွိတဲ႔ ပိုးမႊားနဲ ့ထိေတြ ့မွဳမွတစ္ဆင့္ေရာဂါပိုးေတြပါလာနိုင္ပါတယ္။ဒါေၾကာင့္လည္း လက္ကို ဆပ္ျပာ နဲ ့မၾကာခဏ ေဆးေၾကာေပးဖို႕လိုအပ္တာေပါ့ ။ေတြ ့ရာပစၥည္းမ်ားကို မကိုင္တြယ္ ေအာင္ ဂရုစိုက္ေပးျခင္းျဖင္႔ ကာကြယ္သင္႔သလို သားသားမီးမီးေတြ အတြက္ စနစ္က်တဲ့ တကိုယ္ေရသန့္ရွင္းေရးကိုု ငယ္စဥ္ကတည္းကအေလ့အက်င့္ ေအာင္ လမ္းညႊန္ေပးသင့္တယ္။ သည္႔အျပင္ မိဘေတြကိုယ္တိုင္လဲစံျပျဖစ္ေအာင္ေနထိုင္ျပဖို႔လိုပါတယ္
၃- မသန္႔ရွင္းတဲ႔ အစားအေသာက္ေတြ
သားသားမီးမီးတို႕ကို႕ ေတြ႕ကရာအစားအစာေတြ မေကြ်းမိဖို႔လည္းလို အပ္တယ္ေနာ္။ အာဟာရ မ်ွတတဲ႔အစာအုပ္စုေတြကို သူစားခ်င္လာေအာင္ စားတက္လာေအာင္အက်င့္လုပ္ေပးျပီး ဘာေၾကာင့္စားဖို႔လိုအပ္တယ္ ဘာေတြကေတာ့မစားသင့္ဘူးဆိုတာကို သူနားလည္လာေအာင္အခ်ိန္ယူရွင္းျပေပးပါ။ (အာဟာရ မွ်တတဲ႔ အစာအုပ္စုအေၾကာင္း သိလိုပါက ဤ လင္႔မွ http://bmi.dutchlady.co/img/pyramid.jpg save လုပ္ျပီး ေဒါင္းႏိုင္ပါသည္ )
ဒီလိုေရာဂါပိုးေတြဝင္ေရာက္လာတာကိုုကာကြယ္ဖို႔ဆိုရင္ က်န္းမာေအာင္ေနထိုင္ရမယ္၊ အစားအေသာက္ကိုလည္း မွ်မွ်တတ စားေပးရမယ္၊ အိပ္ခ်ိန္မွန္ရ မယ္၊အာဟာရရွိတဲ့ အစားအေသာက္ေတြ ဥပမာ ႏို႕ ႏွင့္ ႏို႔ထြက္ပစၥည္းေတြ၊ အသား၊ငါး စတာေတြကိုု စနစ္တက်စားသံုုးေပးဖို႕လိုအပ္ပါတယ္။
နာမက်န္းျဖစ္လာျပီဆိုရင္လည္း နီးစပ္ရာေဆးရံုု ေဆးခန္းေတြမွာ ေသခ်ာကုသေပးဖို႕ေတာ့လိုမယ္ေနာ္။ ဒါေၾကာင့္ သားသားမီးမီးတို႔ က်န္းမာေစဖို႔ ေရာဂါပိုးေတြေဘးရန္ကေန ကင္းေဝးေစဖို႕အတြက္ ေဖေဖေမေမတို႔မွာ က်န္းမာေရးအသိရွိရွိ ကာကြယ္ေပးဖို႔လိုအပ္တယ္ဆိုတာ မေမ့ၾကပါနဲ ့ေနာ္။
Dr.S
(Unicode)
ရောဂါပိုးမွှားလေးတွေဆိုတာအင်မတန်မှ သေးငယ်လှသလို မျက်စိနဲ့ အလွယ်တကူ မြင်တွေ့နိုင်ဖို့ရာမဖြစ်နိုင်ပါဘူး။ ဖေဖေ မေမေ တို့ ချစ်ရတဲ့ သားသား မီးမီးလေးတွေရဲ့ အနားမှာ မမြင်နိုင်တဲ့ ရောဂါပိုးမွှားတွေဟာ အမြဲရှိနေတတ်ပါတယ်။ဒါကို ဂရုပြုမိဖို့ရာ ဖေဖေ မေမေတို့မှာ အလွန်ပဲတာဝန်ရှိသော်လည်း ရောဂါပိုးဆိုတာမမြင်နိုင်တဲ့အတွက် သူတို့ဝင်ရောက်လာနိုင်တဲ့နည်းလမ်းတွေကိုသိထားမယ်ဆိုရင် ထိထိရောက်ရောက်ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။
ဒါကြောင့် ဒီလိုရောဂါပိုးတွေဟာ ဘယ်လို နည်းလမ်းတွေ နဲ့များ ဝင်ရောက်လာနိုင်လဲ ဆိုတာကို မိဘတွေသိထားရအောင်ဖော်ပြပေးလိုက်ပါတယ်။
၁- အသက်ရှူလမ်းကြောင်း
သားသားမီးမီးတို့နားမှာရှိတဲ့ ရောဂါပိုးတွေဟာ အသက်ရှူလမ်းကြောင်းမှတစ်ဆင့်ဝင်ရောက်လာပြီး ကလေးတွေကို အဆုတ် တီဘီ ကဲ့သို့သာ ရောဂါ မျိုးတွေ ဖြစ်စေတဲ့ အထိအောင် ဆိုးရွားတတ်ပါတယ်။ ဒါကြောင့် သားသားမီးမီးတို့အနားမှာ နေမကောင်းဖြစ်တဲ့သူ၊ နှာချေ၊ ချောင်းဆိုး ဖြစ်တဲ့သူတွေ ရှိလာမယ်ဆိုရင်ကလေးကိုအတတ်နိုင်ဆုံုး ခပ်လှမ်းလှမ်းမှာ နေပါစေ။ လေဝင်လေထွက် ကောင်းတဲ့နေရာမှာထားပါ။ နှာခေါင်းစည်း အသုံုးပြုတာမျိုးတွေ လည်း ပြုလုုပ်သင့်ပါတယ်။
၂- ညစ်ပေနေတဲ့လက်၊ မသန့်ရှင်းတဲ့အရာဝတ္ထု
ကိုယ့်သားသမီးတွေအနားက အရာအားလုံးသန့်ရှင်းနေဖို့ဆိုတာ ရာနှုန်းပြည့်မဖြစ်နိုင်ပါဘူး။ အဲ့ဒီအရာဝတ္ထုတွေလက်တွေမှာရှိတဲ့ ပိုးမွှားနဲ့ထိတွေ့မှုမှတစ်ဆင့်ရောဂါပိုးတွေပါလာနိုင်ပါတယ်။ဒါကြောင့်လည်း လက်ကို ဆပ်ပြာ နဲ့မကြာခဏ ဆေးကြောပေးဖို့လိုအပ်တာပေါ့ ။တွေ့ရာပစ္စည်းများကို မကိုင်တွယ် အောင် ဂရုစိုက်ပေးခြင်းဖြင့် ကာကွယ်သင့်သလို သားသားမီးမီးတွေ အတွက် စနစ်ကျတဲ့ တကိုယ်ရေသန့်ရှင်းရေးကိုု ငယ်စဉ်ကတည်းကအလေ့အကျင့် အောင် လမ်းညွှန်ပေးသင့်တယ်။ သည့်အပြင် မိဘတွေကိုယ်တိုင်လဲစံပြဖြစ်အောင်နေထိုင်ပြဖို့လိုပါတယ်
၃- မသန့်ရှင်းတဲ့ အစားအသောက်တွေ
သားသားမီးမီးတို့ကို့ တွေ့ကရာအစားအစာတွေ မကျွေးမိဖို့လည်းလို အပ်တယ်နော်။ အာဟာရ မျှတတဲ့အစာအုပ်စုတွေကို သူစားချင်လာအောင် စားတက်လာအောင်အကျင့်လုပ်ပေးပြီး ဘာကြောင့်စားဖို့လိုအပ်တယ် ဘာတွေကတော့မစားသင့်ဘူးဆိုတာကို သူနားလည်လာအောင်အချိန်ယူရှင်းပြပေးပါ။ (အာဟာရ မျှတတဲ့ အစာအုပ်စုအကြောင်း သိလိုပါက ဤ လင့်မှ http://bmi.dutchlady.co/img/pyramid.jpg save လုပ်ပြီး ဒေါင်းနိုင်ပါသည် )
ဒီလိုရောဂါပိုးတွေဝင်ရောက်လာတာကိုုကာကွယ်ဖို့ဆိုရင် ကျန်းမာအောင်နေထိုင်ရမယ်၊ အစားအသောက်ကိုလည်း မျှမျှတတ စားပေးရမယ်၊ အိပ်ချိန်မှန်ရ မယ်၊အာဟာရရှိတဲ့ အစားအသောက်တွေ ဥပမာ နို့ နှင့် နို့ထွက်ပစ္စည်းတွေ၊ အသား၊ငါး စတာတွေကိုု စနစ်တကျစားသုံုးပေးဖို့လိုအပ်ပါတယ်။
နာမကျန်းဖြစ်လာပြီဆိုရင်လည်း နီးစပ်ရာဆေးရုံု ဆေးခန်းတွေမှာ သေချာကုသပေးဖို့တော့လိုမယ်နော်။ ဒါကြောင့် သားသားမီးမီးတို့ ကျန်းမာစေဖို့ ရောဂါပိုးတွေဘေးရန်ကနေ ကင်းဝေးစေဖို့အတွက် ဖေဖေမေမေတို့မှာ ကျန်းမာရေးအသိရှိရှိ ကာကွယ်ပေးဖို့လိုအပ်တယ်ဆိုတာ မမေ့ကြပါနဲ့နော်။
Dr.S