ေမးခိုင္ေရာဂါသည္ အသက္အရြယ္မေရြး ျဖစ္တတ္ပါသည္။ ေမးခိုင္ေရာဂါျဖစ္ေသာ ကေလးအမ်ားစုသည္ အသက္ေသဆံုးၾကပါသည္။ ေမြးကင္းစကေလးငယ္ ေမးခိုင္ေရာဂါသည္ ေနအိမ္မ်ားတြင္ စနစ္တက် သန္႔ရွင္းစင္ၾကယ္စြာ ေမြးဖြားေပးမႈမရွိေသာ ေက်းလက္ေဒသမ်ားတြင္ အျဖစ္မ်ားပါသည္။ ထို႔ေၾကာင့္ သတိထားရန္ လိုအပ္ပါသည္။
(၁) ေမးခိုင္ေရာဂါဆိုသည္မွာ
ေမးခိုင္ေရာဂါသည္ (Clostridium Tetani ကေလာ့စ္တီးဒီးယမ္း တက္တႏိုင္း) ဘက္တီးရီးယားပိုးဥမ်ားကို ထိေတြ႕ျခင္းေၾကာင့္ျဖစ္ပါသည္။ ေရာဂါပိုးဥမ်ားသည္ ေျမႀကီးႏွင့္ ဖုံမႈန္႔မ်ားတြင္ အၿမဲရွိပါသည္။ အဆိုပါ ဘက္တီးရီးယားပိုးမ်ားသည္ တစ္သွ်ဴးအေသမ်ားတြင္ မ်ိဳးပြားၿပီး အာရံုေၾကာကို ထိခိုက္ေစေသာ အဆိပ္တစ္မ်ိဳးထုတ္လုပ္ၿပီး ေမးခိုင္ေရာဂါကို ျဖစ္ေစပါသည္။
(၂) ေရာဂါကူးစက္ျပန္႔ပြားျခင္း
ေမြးကင္းစကေလးငယ္မ်ားတြင္ ခ်က္ႀကိဳးျဖတ္ျခင္း၊ ခ်က္ကို ႀကိဳးခ်ည္ျခင္းႏွင့္ ပတ္တီးစည္းျခင္း၊ မသန္႔ရွင္းေသာ ပစၥည္းကိရိယာ (ဓား၊ ဘလိပ္ဓား၊ ႀကိဳး၊ အဝတ္စသည္) မ်ားအသံုးျပဳျခင္းႏွင့္ ကေလးေမြးဖြားေပးေသာ သူ၏လက္မ်ား မသန္႔ရွင္းျခင္း စသည္တို႔ေၾကာင့္ ေမးခိုင္ပိုးဝင္ေရာက္ေစႏိုင္ပါသည္။
ကေလးသူငယ္မ်ားတြင္ အေရျပားျဖတ္ျခင္း၊ အေရျပားတြင္ အမာရြတ္ရေလာက္ေအာင္ လွီးျဖတ္ျခင္း၊ အေရျပားအားထိုးႏွံျခင္း စသည္မ်ားတြင္ မသန္႔ရွင္းေသာ ပစၥည္းကိရိယာမ်ားအသံုးျပဳျခင္းႏွင့္ အနာမ်ားကို မသန္႔ရွင္းေသာ အရာမ်ားျဖင့္ပြတ္ျခင္း စသည္တို႔ေၾကာင့္ ေမးခိုင္ေရာဂါ ရရွိေစႏိုင္ပါသည္။
ေမးခိုင္ေရာဂါသည္ လူတစ္ဦးမွတစ္ဦးသို႔ မကူးစက္ႏိုင္ပါ။ သို႔ရာတြင္ ထိခိုက္ဒဏ္ရာႏွင့္ အနာမ်ားကဲ့သုိ႔ ဖုန္မႈန္႔မ်ား ဝင္ေရာက္ျခင္းမွသာ လူတစ္ဦးသုိ႔ ကူးစက္တတ္ပါသည္။ မသန္႔ရွင္းေသာ သံေခ်ာင္းမ်ား၊ ဓားမ်ား၊ ကိရိယာမ်ား၊ သစ္သားစမ်ားႏွင့္ တိရစာၦန္မ်ား အကိုက္ခံရျခင္းမ်ားတို႔ေၾကာင့္ ရရွိသည့္ နက္ေသာဒဏ္ရာမ်ားတြင္ ေမးခိုင္ပိုးမ်ား မ်ိဳးပြားတတ္ၾကပါသည္။
အမ်ိဳးသမီးမ်ားတြင္ ေမြးဖြားစဥ္ႏွင့္ သားေလွ်ာသားပ်က္ျဖစ္စဥ္တို႔၌ မသန္႔ရွင္းေသာ ကိရိယာမ်ားကို အသံုးျပဳတတ္မႈေၾကာင့္ ေမးခို္င္ေရာဂါျဖစ္ပြားမႈ အႏၱရာယ္တစ္မ်ိဳး ထပ္မံတိုး၍ ရရွိၾကပါသည္။
(၃) ေရာဂါလကၡဏာမ်ား
ေရာဂါပ်ိဳးခ်ိန္ (ေရာဂါပိုးဝင္ေရာက္သည့္ခ်ိန္မွ ေရာဂါလကၡဏာစတင္ေပၚသည့္အခ်ိန္ထိ)သည္ ပံုမွန္အားျဖင့္ (၃)ရက္မွ (၁၀)ရက္ျဖစ္ပါသည္။ (၃)ပတ္ထိလည္းး ၾကာျမင့္ႏိုင္ပါသည္။ ေရာဂါပ်ိဳးခ်ိန္ တိုေတာင္းပါက အသက္အႏၱရာယ္ ပိုမိုမ်ားျပားႏိုင္ပါသည္။
ေမးခိုင္ေရာဂါ၏ အျဖစ္အမ်ားဆံုးေသာ ပထမဆံုးလကၡဏာတစ္ခုမွာ ကေလးမ်ားႏွင့္ လူႀကီးမ်ားတြင္ ေမး၏ၾကြက္သားမ်ား ေတာင့္တင္းျခင္းပင္ျဖစ္ပါသည္။ ထို႔ေနာက္လည္ပင္း ေတာင့္ျခင္း၊ ခုိင္ျခင္း၊ အစာမ်ိဳခ်ရန္ခက္ခဲျခင္း၊ အစာအိမ္ၾကြက္သားမ်ားေတာင့္ျခင္း၊ ေခၽြးထြက္ျခင္းႏွင့္ အဖ်ားရွိျခင္း စသည့္ေရာဂါလကၡဏာမ်ား ေပၚလာပါသည္။
ေမးခိုင္ေရာဂါျဖစ္ေသာ ေမြးကင္းစကေလးငယ္သည္ ေမြးၿပီးစတြင္ ပံုမွန္အတိုင္းရွိၿပီး ေမြးဖြားၿပီး (၃)ရက္မွ (၂၈)ရက္အတြင္း ႏို႔မစို႔ႏိုင္ျဖစ္လာပါသည္။ အရည္မမ်ိဳႏိုင္ေတာ့ဘဲ ၾကြက္သားမ်ားေတာင့္ျခင္း၊ ဆိုင္းျခင္းျဖစ္ေနစဥ္ ကိုယ္ခႏၶာေတာင့္၍ေနပါမည္။ အမ်ားစုမွာ အသက္ေသဆံုးတတ္ၾကပါသည္။
(၄) ေရာဂါ၏ ေနာက္ဆက္တြဲ ဆိုးက်ိဳးမ်ား
ေမးခိုင္ေရာဂါေၾကာင့္ အလြန္ငယ္ရြယ္ေသာ ကေလးငယ္မ်ားႏွင့္ အလြန္အသက္အရြယ္ ႀကီးရင့္ေသာ လူႀကီးမ်ားတြင္ ေသဆံုးမႈအႏၱရာယ္ ပိုမိုရွိႏိုင္ပါသည္။ေမးခိုင္ေရာဂါျဖစ္ေနစဥ္ ၾကြက္သားမ်ားေတာင့္ျခင္းႏွင့္ တက္ျခင္းမ်ားေၾကာင့္ ေက်ာရိုးႏွင့္ အျခားအရိုးမ်ား က်ိဳးတတ္ပါသည္။ နမိုးနီးယားႏွင့္ အျခားေရာဂါပိုးမ်ား ဝင္ေရာက္ျဖစ္ပြားမႈေၾကာင့္ နွလံုးခုန္မမွန္ျခင္းႏွင့္ သတိေမ့ေလ်ာ့ျခင္းမ်ား ျဖစ္တတ္ပါသည္။
(၅) ေရာဂါကိုကုသျခင္း
ေမးခိုင္ေရာဂါကို ေဆးၿမီးတိုမ်ား၊ စပ္ေဆးမ်ား၊ တုိင္းရင္းေဆးမ်ားျဖင့္ ကုသ၍မရပါ။ ေမးခိုင္ေရာဂါသည္ မည္သည့္ အသက္အရြယ္တြင္ပင္ျဖစ္ေစ၊ အေရးေပၚကုသမႈလိုအပ္ၿပီး ပစၥည္းကိရိယာျပည့္စံုေသာ ေဆးရံုမ်ားတြင္ လႊဲေျပာင္းကုသေပးရပါမည္။
(၆) ေရာဂါမျဖစ္ေစရန္ ကာကြယ္ျခင္း
ေမးခိုင္ေရာဂါမျဖစ္ေစရန္ အသက္တစ္ႏွစ္ေအာက္ႏွင့္ ကေလးငယ္မ်ား၊ လူႀကီးမ်ားအား ကာကြယ္ေဆးထိုးရပါမည္။ ေမြးကင္းစကေလးေမးခိုင္ေရာဂါကို ကာကြယ္ရန္ ကိုယ္ဝန္ေဆာင္ႏိုင္ေသာ အသက္အရြယ္ရွိ အမ်ိဳးသမီးမ်ားအား ကိုယ္ဝန္ေဆာင္စဥ္ႏွင့္ ကို္ယ္ဝန္ေဆာင္ခ်ိန္၏ ျပင္ပအခ်ိန္မ်ားတြင္ ေမးခိုင္ကာကြယ္ေဆးထိုးေပးရပါမည္။ ေမးခိုင္ကာကြယ္ေဆးထိုးျခင္းျဖင့္ မိခင္မ်ားအား ေမးခိုင္ေရာဂါမွ ကာကြယ္ေပးႏိုင္ပါသည္။ မိခင္မွတစ္ဆင့္ ကေလးငယ္သို႔ ေမးခိုင္ေရာဂါပဋိပစၥည္းမ်ား ေပးပို႔ရရွိေစႏိုင္ပါသည္။
ေမးခိုင္ေရာဂါ ကာကြယ္ေဆးကို ကိုယ္ဝန္ေဆာင္မိခင္မ်ားတြင္ အခ်ိန္မွန္အႀကိမ္ျပည့္ထိုးထားရပါမည္။ ေမးခိုင္ကာကြယ္ေဆးထိုးၿပီးေသာ္လည္း ကေလးေမြးဖြားစဥ္ သန္႔ရွင္းစင္ၾကယ္စြာ ေမြးဖြားရန္ လိုအပ္ပါသည္။
(၇) အႀကံျပဳခ်က္
ေမးခိုင္ေရာဂါ မျဖစ္ပြားေစရန္ အေကာင္းဆံုးေသာ ကာကြယ္ေရးနည္းလမ္းမွာ ေမးခိုင္ေရာဂါကာကြယ္ေဆးထိုးျခင္းႏွင့္ ဒဏ္ရာမ်ားအား စနစ္တက်ေဆးေၾကာသန္႔စင္ေစၿပီး ေသေနေသာ တစ္သွ်ဴးစမ်ားကို ဖယ္ထုတ္ေပးျခင္းျဖစ္ပါသည္။ ေမြးကင္းစ ေမးခိုင္ေရာဂါျဖစ္ေစေသာ ကေလးအမ်ားစုသည္ အသက္ဆံုးရံႈးႏိုင္ပါသည္။ ထို႔ေၾကာင့္ ကိုယ္ဝန္ေဆာင္ႏိုင္ေသာ အသက္အရြယ္အမ်ိဳးသမီးမ်ား (သုိ႔မဟုတ္) ကိုယ္ဝန္ေဆာင္မိခင္မ်ားအားလံုးအား ကာကြယ္ေဆးထိုးေပးျခင္းႏွင့္ သန္႔ရွင္းစင္ၾကယ္စြာ မီးဖြားေပးရပါမည္။ ေမးခိုင္ေရာဂါျဖစ္ပြားမႈ အႏၱရာယ္မ်ားေသာ ေနရာမ်ားတြင္ ကိုယ္ဝန္ေဆာင္ႏိုင္သည့္အရြယ္ အမ်ိဳးသမီးမ်ားအားလံုးအား ေမးခိုင္ေရာဂါကာကြယ္ေဆးပါေသာ ကာကြယ္ေဆးထိုးေပးသင့္ေၾကာင္း အႀကံျပဳအပ္ပါသည္။
Author:ေဒါက္တာျမင့္သန္းထြန္း, Healthcare Journal, Vol 8,no 48 (15.12.17) Pg 16
Unicode
မေးခိုင်ရောဂါသည် အသက်အရွယ်မရွေး ဖြစ်တတ်ပါသည်။ မေးခိုင်ရောဂါဖြစ်သော ကလေးအများစုသည် အသက်သေဆုံးကြပါသည်။ မွေးကင်းစကလေးငယ် မေးခိုင်ရောဂါသည် နေအိမ်များတွင် စနစ်တကျ သန့်ရှင်းစင်ကြယ်စွာ မွေးဖွားပေးမှုမရှိသော ကျေးလက်ဒေသများတွင် အဖြစ်များပါသည်။ ထို့ကြောင့် သတိထားရန် လိုအပ်ပါသည်။
(၁) မေးခိုင်ရောဂါဆိုသည်မှာ
မေးခိုင်ရောဂါသည် (Clostridium Tetani ကလော့စ်တီးဒီးယမ်း တက်တနိုင်း) ဘက်တီးရီးယားပိုးဥများကို ထိတွေ့ခြင်းကြောင့်ဖြစ်ပါသည်။ ရောဂါပိုးဥများသည် မြေကြီးနှင့် ဖုံမှုန့်များတွင် အမြဲရှိပါသည်။ အဆိုပါ ဘက်တီးရီးယားပိုးများသည် တစ်သျှူးအသေများတွင် မျိုးပွားပြီး အာရုံကြောကို ထိခိုက်စေသော အဆိပ်တစ်မျိုးထုတ်လုပ်ပြီး မေးခိုင်ရောဂါကို ဖြစ်စေပါသည်။
(၂) ရောဂါကူးစက်ပြန့်ပွားခြင်း
မွေးကင်းစကလေးငယ်များတွင် ချက်ကြိုးဖြတ်ခြင်း၊ ချက်ကို ကြိုးချည်ခြင်းနှင့် ပတ်တီးစည်းခြင်း၊ မသန့်ရှင်းသော ပစ္စည်းကိရိယာ (ဓား၊ ဘလိပ်ဓား၊ ကြိုး၊ အဝတ်စသည်) များအသုံးပြုခြင်းနှင့် ကလေးမွေးဖွားပေးသော သူ၏လက်များ မသန့်ရှင်းခြင်း စသည်တို့ကြောင့် မေးခိုင်ပိုးဝင်ရောက်စေနိုင်ပါသည်။
ကလေးသူငယ်များတွင် အရေပြားဖြတ်ခြင်း၊ အရေပြားတွင် အမာရွတ်ရလောက်အောင် လှီးဖြတ်ခြင်း၊ အရေပြားအားထိုးနှံခြင်း စသည်များတွင် မသန့်ရှင်းသော ပစ္စည်းကိရိယာများအသုံးပြုခြင်းနှင့် အနာများကို မသန့်ရှင်းသော အရာများဖြင့်ပွတ်ခြင်း စသည်တို့ကြောင့် မေးခိုင်ရောဂါ ရရှိစေနိုင်ပါသည်။
မေးခိုင်ရောဂါသည် လူတစ်ဦးမှတစ်ဦးသို့ မကူးစက်နိုင်ပါ။ သို့ရာတွင် ထိခိုက်ဒဏ်ရာနှင့် အနာများကဲ့သို့ ဖုန်မှုန့်များ ဝင်ရောက်ခြင်းမှသာ လူတစ်ဦးသို့ ကူးစက်တတ်ပါသည်။ မသန့်ရှင်းသော သံချောင်းများ၊ ဓားများ၊ ကိရိယာများ၊ သစ်သားစများနှင့် တိရစ္ဆာန်များ အကိုက်ခံရခြင်းများတို့ကြောင့် ရရှိသည့် နက်သောဒဏ်ရာများတွင် မေးခိုင်ပိုးများ မျိုးပွားတတ်ကြပါသည်။ အမျိုးသမီးများတွင် မွေးဖွားစဉ်နှင့် သားလျှောသားပျက်ဖြစ်စဉ်တို့၌ မသန့်ရှင်းသော ကိရိယာများကို အသုံးပြုတတ်မှုကြောင့် မေးခိုင်ရောဂါဖြစ်ပွားမှု အန္တရာယ်တစ်မျိုး ထပ်မံတိုး၍ ရရှိကြပါသည်။
(၃) ရောဂါလက္ခဏာများ
ရောဂါပျိုးချိန် (ရောဂါပိုးဝင်ရောက်သည့်ချိန်မှ ရောဂါလက္ခဏာစတင်ပေါ်သည့်အချိန်ထိ)သည် ပုံမှန်အားဖြင့် (၃)ရက်မှ (၁၀)ရက်ဖြစ်ပါသည်။ (၃)ပတ်ထိလည်းး ကြာမြင့်နိုင်ပါသည်။ ရောဂါပျိုးချိန် တိုတောင်းပါက အသက်အန္တရာယ် ပိုမိုများပြားနိုင်ပါသည်။ မေးခိုင်ရောဂါ၏ အဖြစ်အများဆုံးသော ပထမဆုံးလက္ခဏာတစ်ခုမှာ ကလေးများနှင့် လူကြီးများတွင် မေး၏ကြွက်သားများ တောင့်တင်းခြင်းပင်ဖြစ်ပါသည်။ ထို့နောက်လည်ပင်း တောင့်ခြင်း၊ ခိုင်ခြင်း၊ အစာမျိုချရန်ခက်ခဲခြင်း၊ အစာအိမ်ကြွက်သားများတောင့်ခြင်း၊ ချွေးထွက်ခြင်းနှင့် အဖျားရှိခြင်း စသည့်ရောဂါလက္ခဏာများ ပေါ်လာပါသည်။
မေးခိုင်ရောဂါဖြစ်သော မွေးကင်းစကလေးငယ်သည် မွေးပြီးစတွင် ပုံမှန်အတိုင်းရှိပြီး မွေးဖွားပြီး (၃)ရက်မှ (၂၈)ရက်အတွင်း နို့မစို့နိုင်ဖြစ်လာပါသည်။ အရည်မမျိုနိုင်တော့ဘဲ ကြွက်သားများတောင့်ခြင်း၊ ဆိုင်းခြင်းဖြစ်နေစဉ် ကိုယ်ခန္ဓာတောင့်၍နေပါမည်။ အများစုမှာ အသက်သေဆုံးတတ်ကြပါသည်။
(၄) ရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးများ
မေးခိုင်ရောဂါကြောင့် အလွန်ငယ်ရွယ်သော ကလေးငယ်များနှင့် အလွန်အသက်အရွယ် ကြီးရင့်သော လူကြီးများတွင် သေဆုံးမှုအန္တရာယ် ပိုမိုရှိနိုင်ပါသည်။
မေးခိုင်ရောဂါဖြစ်နေစဉ် ကြွက်သားများတောင့်ခြင်းနှင့် တက်ခြင်းများကြောင့် ကျောရိုးနှင့် အခြားအရိုးများ ကျိုးတတ်ပါသည်။ နမိုးနီးယားနှင့် အခြားရောဂါပိုးများ ဝင်ရောက်ဖြစ်ပွားမှုကြောင့် နှလုံးခုန်မမှန်ခြင်းနှင့် သတိမေ့လျော့ခြင်းများ ဖြစ်တတ်ပါသည်။
(၅) ရောဂါကိုကုသခြင်း
မေးခိုင်ရောဂါကို ဆေးမြီးတိုများ၊ စပ်ဆေးများ၊ တိုင်းရင်းဆေးများဖြင့် ကုသ၍မရပါ။ မေးခိုင်ရောဂါသည် မည်သည့် အသက်အရွယ်တွင်ပင်ဖြစ်စေ၊ အရေးပေါ်ကုသမှုလိုအပ်ပြီး ပစ္စည်းကိရိယာပြည့်စုံသော ဆေးရုံများတွင် လွှဲပြောင်းကုသပေးရပါမည်။
(၆) ရောဂါမဖြစ်စေရန် ကာကွယ်ခြင်း
မေးခိုင်ရောဂါမဖြစ်စေရန် အသက်တစ်နှစ်အောက်နှင့် ကလေးငယ်များ၊ လူကြီးများအား ကာကွယ်ဆေးထိုးရပါမည်။ မွေးကင်းစကလေးမေးခိုင်ရောဂါကို ကာကွယ်ရန် ကိုယ်ဝန်ဆောင်နိုင်သော အသက်အရွယ်ရှိ အမျိုးသမီးများအား ကိုယ်ဝန်ဆောင်စဉ်နှင့် ကိုယ်ဝန်ဆောင်ချိန်၏ ပြင်ပအချိန်များတွင် မေးခိုင်ကာကွယ်ဆေးထိုးပေးရပါမည်။ မေးခိုင်ကာကွယ်ဆေးထိုးခြင်းဖြင့် မိခင်များအား မေးခိုင်ရောဂါမှ ကာကွယ်ပေးနိုင်ပါသည်။ မိခင်မှတစ်ဆင့် ကလေးငယ်သို့ မေးခိုင်ရောဂါပဋိပစ္စည်းများ ပေးပို့ရရှိစေနိုင်ပါသည်။ မေးခိုင်ရောဂါ ကာကွယ်ဆေးကို ကိုယ်ဝန်ဆောင်မိခင်များတွင် အချိန်မှန်အကြိမ်ပြည့်ထိုးထားရပါမည်။ မေးခိုင်ကာကွယ်ဆေးထိုးပြီးသော်လည်း ကလေးမွေးဖွားစဉ် သန့်ရှင်းစင်ကြယ်စွာ မွေးဖွားရန် လိုအပ်ပါသည်။
(၇) အကြံပြုချက်
မေးခိုင်ရောဂါ မဖြစ်ပွားစေရန် အကောင်းဆုံးသော ကာကွယ်ရေးနည်းလမ်းမှာ မေးခိုင်ရောဂါကာကွယ်ဆေးထိုးခြင်းနှင့် ဒဏ်ရာများအား စနစ်တကျဆေးကြောသန့်စင်စေပြီး သေနေသော တစ်သျှူးစများကို ဖယ်ထုတ်ပေးခြင်းဖြစ်ပါသည်။ မွေးကင်းစ မေးခိုင်ရောဂါဖြစ်စေသော ကလေးအများစုသည် အသက်ဆုံးရှုံးနိုင်ပါသည်။ ထို့ကြောင့် ကိုယ်ဝန်ဆောင်နိုင်သော အသက်အရွယ်အမျိုးသမီးများ (သို့မဟုတ်) ကိုယ်ဝန်ဆောင်မိခင်များအားလုံးအား ကာကွယ်ဆေးထိုးပေးခြင်းနှင့် သန့်ရှင်းစင်ကြယ်စွာ မီးဖွားပေးရပါမည်။ မေးခိုင်ရောဂါဖြစ်ပွားမှု အန္တရာယ်များသော နေရာများတွင် ကိုယ်ဝန်ဆောင်နိုင်သည့်အရွယ် အမျိုးသမီးများအားလုံးအား မေးခိုင်ရောဂါကာကွယ်ဆေးပါသော ကာကွယ်ဆေးထိုးပေးသင့်ကြောင်း အကြံပြုအပ်ပါသည်။
Author: ဒေါက်တာမြင့်သန်းထွန်း, Healthcare Journal, Vol 8,no 48 (15.12.17) Pg 16