fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

ကလေးတို့ အမြဲ ကျန်းမာစေဖို့ရာ

15
VIEWS
Share on FacebookShare on TwitterShare on Linkedin
25/01/2018
in မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

(Zawgyi)

မိမိသားငယ္၊ သမီးငယ္မ်ား က်န္းမာ ႀကံ့ခိုင္စြာ ႀကီးထြားဖြံ႕ၿဖိဳးတိုးတက္ရန္ မိဘတိုင္း ေမွ်ာ္လင့္ၾကပါတယ္။အခုလို ကူးစက္ေရာဂါျဖစ္ပြားမႈ အႏၲရာယ္ကို   က်န္းမာေရးဌာနမွ ထုတ္ျပန္ေၾကာ္ျငာမွသာ ဂ႐ုျပဳ အေလးထားတာ ၊ ေရွာင္ရွားကုသတာထက္ ႀကိဳတင္ကာကြယ္ထားမႈကလည္း အေရးႀကီးပါတယ္။

မိမိကေလးပတ္ဝန္းက်င္ရွိ မျမင္ႏိုင္ေသာ ဘက္တီရီယားပိုးမ်ား၊ ဗိုင္းရပ္စ္ပိုးမ်ားႏွင့္မႈိပိုးမ်ား အႏၲရာယ္ေၾကာင့္ ေရာဂါကူးစက္မႈ ရွိသည္ကို  မိဘတိုင္းသတိျပဳသင့္ပါတယ္။ မျမင္ရႏိုင္ေသာ၊ ေရာဂါျဖစ္ေစႏိုင္ေသာ ပိုးမႊားမ်ားသည္ ကေလးငယ္မ်ားဆီသို႔ တိုက္႐ိုက္ထိေတြ႕ ျခင္း၊ သို႔မဟုတ္ ၾကားခံပစၥည္းမ်ားမွတဆင့္ ထိေတြ႕ျခင္းႏွင့္ ေလထဲမွတဆင့္ ကူးစက္ျခင္း စသည့္နည္းလမ္းမ်ားျဖင့္ ကူးစက္ျပန႔္ပြားႏိုင္ပါတယ္။ မိမိရင္ေသြးမ်ား ဘယ္အခ်ိန္ေတြ ပိုးမႊားမ်ား ကူးစက္ခံရႏိုင္မလဲ ႀကိဳတင္မွန္းဆမရပါ။

ပိုးမႊားမ်ားေၾကာင့္ ကေလးမ်ားတြင္

-အသက္ရွဴလမ္းေၾကာင္းဆိုင္ရာ ေရာဂါမ်ား
-နားေရာဂါမ်ား
-အေရျပားေရာဂါမ်ား
-ဝမ္းပ်က္ဝမ္းေလ်ာေရာဂါမ်ား စသည့္ျဖင့္ ကူးစက္ခံစားရတတ္ပါတယ္။ ငယ္႐ြယ္ႏုနယ္ေသာ သားငယ္သမီးငယ္မ်ားအတြက္ အဆိုပါ ေရာဂါမ်ားကူးစက္မႈသည္ အသက္အႏၲရာယ္ထိခိုက္သည္အထိ ျဖစ္ေစႏိုင္ပါတယ္။

(၁)အဆိုပါပိုးမႊားမ်ားကူးစက္မႈ ကာကြယ္ရန္ ကေလးမ်ားကို

-ႏွာေခ်း၊ ေခ်ာင္းဆိုးၿပီးေနာက္ လက္ေဆးျခင္း
-အိမ္သာသြားၿပီးေနာက္ လက္ေဆးျခင္း
-အစာမစားမွီ လက္ေဆးျခင္း
-မသန႔္ရွင္းေသာ ပစၥည္းမ်ား ကိုင္တြယ္ၿပီးေနာက္လက္ေဆးျခင္း
-ႏွာေခါင္းစည္းတပ္ျခင္း
-လူေနထူထပ္သည့္ ေနရာေရွာင္ျခင္း စသည့္အက်င့္ကို ေလ့က်င့္သင္ၾကားရန္ လိုအပ္ပါတယ္။

(၂) ေရာဂါပိုးမႊား ကူးစက္မႈကို ခုခံကာကြယ္ႏိုင္စြမ္းျမင့္မားရန္ ကေလးမ်ားရဲ႕ ကိုယ္ခံစြမ္းအားတက္ေစရန္သည္လည္း အဓိက က်ပါတယ္။ ခုခံအားျမင့္တက္ေစႏိုင္ေသာ နည္းလမ္းမ်ားကေတာ့

-အာဟာရျပည့္ဝေသာ သား၊ ငါး၊ အသီးအႏွံ႔၊ ဟင္းသီးဟင္း႐ြက္မ်ား စုံလင္ေအာင္ေကြၽးပါ။
-အိပ္ေရးဝဝအိပ္ခိုင္းပါ။
-ေလ့က်င့္ခန္းလုပ္ခိုင္းပါ။

သို႔ေသာ္ မိဘမ်ားအတြက္ ခက္ခဲမႈ ျဖစ္ေစေသာအရာသည္ ကေလးငယ္အမ်ားစုသည္ အစာေကြၽးရန္ ခက္ခဲျခင္းေၾကာင့္ အာဟာရစုံလင္စြာရရွိရန္ မလြယ္ကူလွေသာေၾကာင့္ ျဖစ္ပါတယ္။ ႀကီးထြားမႈ ေႏွာင့္ေႏွးျခင္းႏွင့္ ကိုယ္ခံအားနည္းမႈေၾကာင့္ ေရာဂါကူးစက္မႈ မၾကာခဏျဖစ္ျခင္း စသည့္တို႔ကို ရင္ဆိုင္ရေလ့ရွိပါတယ္။

ထိုျပႆနာေျဖရွင္းရန္ နည္းလမ္းတစ္ခုကေတာ့ ကေလးငယ္မ်ားကို ဗီတာမင္ဓာတ္ျပည့္ဝေသာ ႏို႔ကို ေန႔စဥ္စနစ္တက် မွန္မွန္တိုက္ေကြၽးျခင္းျဖစ္ပါတယ္။ ကေလးငယ္မ်ား ေန႔စဥ္ႏို႔ေသာက္ျခင္းသည္ က်န္းမာသန္စြမ္းေသာ အ႐ိုးမ်ား ႀကီးထြား႐ုံသာမက ကေလးငယ္မ်ား ကိုယ္ခႏၶာ က်န္းမာဖြံ႕ၿဖိဳးမႈ ႏွစ္ခုလုံးအတြက္ အက်ိဳးျပဳပါတယ္။

-ႏို႔တြင္ပါဝင္ေသာအသားဓာတ္သည္ ကေလးငယ္မ်ား ကိုယ္ခႏၶာက်န္းမာစြာ တည္ေဆာက္မႈတြင္ အထူးအေရးႀကီးပါတယ္။
-ႏို႔တြင္ပါဝင္ေသာ ကယ္လယ္စီယမ္ဓာတ္သည္ ကေလးငယ္မ်ား အ႐ိုးမ်ားသန္စြမ္း႐ုံသာမက ကေလးငယ္မ်ား အဝလြန္မႈကိုလည္း ကာကြယ္ေပးပါတယ္။ အာ႐ုံေၾကာႏွင့္ ႂကြက္သားမ်ားအတြက္လည္း အေထာက္အကူျပဳပါတယ္။
-ဗီတာမင္ဒီဓာတ္သည္ ကေလးငယ္မ်ားရဲ႕ ကိုယ္ခံအားျမင့္မားမႈကို အေထာက္အကူျပဳသည့္ အျပင္ အ႐ိုးသန္စြမ္းမႈကို အားေပးပါတယ္။
-ႏို႔တြင္ပါဝင္ေသာ ဇင့္ဓာတ္သည္ ကေလးငယ္မ်ားႀကီးထြားမႈ ၊ကိုယ္ခံအားေကာင္းေစမႈအျပင္၊ ဝမ္းပ်က္ဝမ္းေလ်ာျဖစ္မႈႏွင့္ အဆုတ္ပြျခင္း စသည္တို႔ကိုမ်ားစြာ အေထာက္အကူျပဳ သက္သာေစပါတယ္။
-ႏို႔တြင္ပါဝင္ေသာ ဗီတာမင္ Aသည္ ကေလးငယ္မ်ား အျမင္အာ႐ုံေကာင္းမြန္မႈအတြက္ အလြန္အေရး ႀကီးပါတယ္။

ထို႔ေၾကာင့္ ကာကြယ္ျခင္းသည္ ကုသျခင္းထက္ေကာင္းသည္ဟူေသာ ေဆာင္းပုဒ္ႏွင့္အညီ မိမိရင္ေသြးမ်ားရဲ႕ပတ္ဝန္းက်င္ရွိ ေရာဂါကူးစက္မႈ အႏၲရာယ္ကာကြယ္ရန္ က်န္းမာေရးအျပဳအမူေကာင္းမ်ား ေလ့က်င့္႐ုံသာမက ကိုယ္ခံစြမ္းအား ျမင့္မားေစေသာ ႏို႔ကိုေန႔စဥ္တိုက္ေကြၽးျခင္းျဖင့္ တြန္းလွန္ကာကြယ္ႏိုင္ပါလိမ့္မယ္။

Author : Dr. ျပည့္ရွင္း

(Unicode)

မိမိသားငယ်၊ သမီးငယ်များ ကျန်းမာ ကြံ့ခိုင်စွာ ကြီးထွားဖွံ့ဖြိုးတိုးတက်ရန် မိဘတိုင်း မျှော်လင့်ကြပါတယ်။အခုလို ကူးစက်ရောဂါဖြစ်ပွားမှု အန္တရာယ်ကို   ကျန်းမာရေးဌာနမှ ထုတ်ပြန်ကြော်ငြာမှသာ ဂရုပြု အလေးထားတာ ၊ ရှောင်ရှားကုသတာထက် ကြိုတင်ကာကွယ်ထားမှုကလည်း အရေးကြီးပါတယ်။

မိမိကလေးပတ်ဝန်းကျင်ရှိ မမြင်နိုင်သော ဘက်တီရီယားပိုးများ၊ ဗိုင်းရပ်စ်ပိုးများနှင့်မှိုပိုးများ အန္တရာယ်ကြောင့် ရောဂါကူးစက်မှု ရှိသည်ကို  မိဘတိုင်းသတိပြုသင့်ပါတယ်။ မမြင်ရနိုင်သော၊ ရောဂါဖြစ်စေနိုင်သော ပိုးမွှားများသည် ကလေးငယ်များဆီသို့ တိုက်ရိုက်ထိတွေ့ ခြင်း၊ သို့မဟုတ် ကြားခံပစ္စည်းများမှတဆင့် ထိတွေ့ခြင်းနှင့် လေထဲမှတဆင့် ကူးစက်ခြင်း စသည့်နည်းလမ်းများဖြင့် ကူးစက်ပြန့်ပွားနိုင်ပါတယ်။ မိမိရင်သွေးများ ဘယ်အချိန်တွေ ပိုးမွှားများ ကူးစက်ခံရနိုင်မလဲ ကြိုတင်မှန်းဆမရပါ။

ပိုးမွှားများကြောင့် ကလေးများတွင်

-အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ
-နားရောဂါများ
-အရေပြားရောဂါများ
-ဝမ်းပျက်ဝမ်းလျောရောဂါများ စသည့်ဖြင့် ကူးစက်ခံစားရတတ်ပါတယ်။ ငယ်ရွယ်နုနယ်သော သားငယ်သမီးငယ်များအတွက် အဆိုပါ ရောဂါများကူးစက်မှုသည် အသက်အန္တရာယ်ထိခိုက်သည်အထိ ဖြစ်စေနိုင်ပါတယ်။

(၁)အဆိုပါပိုးမွှားများကူးစက်မှု ကာကွယ်ရန် ကလေးများကို

-နှာချေး၊ ချောင်းဆိုးပြီးနောက် လက်ဆေးခြင်း
-အိမ်သာသွားပြီးနောက် လက်ဆေးခြင်း
-အစာမစားမှီ လက်ဆေးခြင်း
-မသန့်ရှင်းသော ပစ္စည်းများ ကိုင်တွယ်ပြီးနောက်လက်ဆေးခြင်း
-နှာခေါင်းစည်းတပ်ခြင်း
-လူနေထူထပ်သည့် နေရာရှောင်ခြင်း စသည့်အကျင့်ကို လေ့ကျင့်သင်ကြားရန် လိုအပ်ပါတယ်။

(၂) ရောဂါပိုးမွှား ကူးစက်မှုကို ခုခံကာကွယ်နိုင်စွမ်းမြင့်မားရန် ကလေးများရဲ့ ကိုယ်ခံစွမ်းအားတက်စေရန်သည်လည်း အဓိက ကျပါတယ်။ ခုခံအားမြင့်တက်စေနိုင်သော နည်းလမ်းများကတော့

-အာဟာရပြည့်ဝသော သား၊ ငါး၊ အသီးအနှံ့၊ ဟင်းသီးဟင်းရွက်များ စုံလင်အောင်ကျွေးပါ။
-အိပ်ရေးဝဝအိပ်ခိုင်းပါ။
-လေ့ကျင့်ခန်းလုပ်ခိုင်းပါ။

သို့သော် မိဘများအတွက် ခက်ခဲမှု ဖြစ်စေသောအရာသည် ကလေးငယ်အများစုသည် အစာကျွေးရန် ခက်ခဲခြင်းကြောင့် အာဟာရစုံလင်စွာရရှိရန် မလွယ်ကူလှသောကြောင့် ဖြစ်ပါတယ်။ ကြီးထွားမှု နှောင့်နှေးခြင်းနှင့် ကိုယ်ခံအားနည်းမှုကြောင့် ရောဂါကူးစက်မှု မကြာခဏဖြစ်ခြင်း စသည့်တို့ကို ရင်ဆိုင်ရလေ့ရှိပါတယ်။

ထိုပြဿနာဖြေရှင်းရန် နည်းလမ်းတစ်ခုကတော့ ကလေးငယ်များကို ဗီတာမင်ဓာတ်ပြည့်ဝသော နို့ကို နေ့စဉ်စနစ်တကျ မှန်မှန်တိုက်ကျွေးခြင်းဖြစ်ပါတယ်။ ကလေးငယ်များ နေ့စဉ်နို့သောက်ခြင်းသည် ကျန်းမာသန်စွမ်းသော အရိုးများ ကြီးထွားရုံသာမက ကလေးငယ်များ ကိုယ်ခန္ဓာ ကျန်းမာဖွံ့ဖြိုးမှု နှစ်ခုလုံးအတွက် အကျိုးပြုပါတယ်။

-နို့တွင်ပါဝင်သောအသားဓာတ်သည် ကလေးငယ်များ ကိုယ်ခန္ဓာကျန်းမာစွာ တည်ဆောက်မှုတွင် အထူးအရေးကြီးပါတယ်။
-နို့တွင်ပါဝင်သော ကယ်လယ်စီယမ်ဓာတ်သည် ကလေးငယ်များ အရိုးများသန်စွမ်းရုံသာမက ကလေးငယ်များ အဝလွန်မှုကိုလည်း ကာကွယ်ပေးပါတယ်။ အာရုံကြောနှင့် ကြွက်သားများအတွက်လည်း အထောက်အကူပြုပါတယ်။
-ဗီတာမင်ဒီဓာတ်သည် ကလေးငယ်များရဲ့ ကိုယ်ခံအားမြင့်မားမှုကို အထောက်အကူပြုသည့် အပြင် အရိုးသန်စွမ်းမှုကို အားပေးပါတယ်။
-နို့တွင်ပါဝင်သော ဇင့်ဓာတ်သည် ကလေးငယ်များကြီးထွားမှု ၊ကိုယ်ခံအားကောင်းစေမှုအပြင်၊ ဝမ်းပျက်ဝမ်းလျောဖြစ်မှုနှင့် အဆုတ်ပွခြင်း စသည်တို့ကိုများစွာ အထောက်အကူပြု သက်သာစေပါတယ်။
-နို့တွင်ပါဝင်သော ဗီတာမင် Aသည် ကလေးငယ်များ အမြင်အာရုံကောင်းမွန်မှုအတွက် အလွန်အရေး ကြီးပါတယ်။

ထို့ကြောင့် ကာကွယ်ခြင်းသည် ကုသခြင်းထက်ကောင်းသည်ဟူသော ဆောင်းပုဒ်နှင့်အညီ မိမိရင်သွေးများရဲ့ပတ်ဝန်းကျင်ရှိ ရောဂါကူးစက်မှု အန္တရာယ်ကာကွယ်ရန် ကျန်းမာရေးအပြုအမူကောင်းများ လေ့ကျင့်ရုံသာမက ကိုယ်ခံစွမ်းအား မြင့်မားစေသော နို့ကိုနေ့စဉ်တိုက်ကျွေးခြင်းဖြင့် တွန်းလှန်ကာကွယ်နိုင်ပါလိမ့်မယ်။

Author : Dr. ပြည့်ရှင်း

Previous Post

သင်သိသင့်တဲ့ အသည်းရောင်ရောဂါ

Next Post

တစ်လုံးတည်း ရှိတဲ့အခါ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
255

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
315

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
823

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1k
When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

3 years ago
993
To teach children to choose food that will be nutritious

သားသားမီးမီးတို့ အာဟာရဖြစ်မယ့်အစားအစာ ရွေးချယ်တတ်စေဖို့

3 years ago
669

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

တစ်လုံးတည်း ရှိတဲ့အခါ

အရပ်ရှည်အောင်ဘယ်လိုလုပ်ရမလဲ?

နောင်တမှတ်တမ်း မရေးထိုးစေချင်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.