fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး
ကလေးငယ်လေးတွေကို မကျွေးသင့်တဲ့ အစားအစာများ
292
VIEWS
Share on FacebookShare on TwitterShare on Linkedin
26/01/2018
in မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A
2. သကြား ရှောင်ပါ။
3. ပျားရည် ရှောင်ပါ။
5. ဂျယ်လီရှောင်ပါ။
လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်
ကလေးငယ်လေးတွေကို မကျွေးသင့်တဲ့ အစားအစာများ
1. ဆားများသော အစားအစာများ ကျွေးခြင်းမှ ရှောင်ပါ။
ကလေးငယ်တွေ ကို ဆားများတဲ့ အစားအစာတွေ မကျွေးသင့်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဆားအရမ်းများရင် သူတို့လေးတွေ ရဲ့ကျောက်ကပ်အတွက် မကောင်းပါ။ ဆားများတဲ့ အစားအစာဆိုလို့ ငါးပိတို့ ငါးခြောက်တို့ကိုပဲ ရှောင်ခိုင်းတာ မဟုတ်ပါဘူး။ အသင့်စား အစား အစာတွေ ဖြစ်တဲ့ ကြက်အူချောင်း၊ ဝက်အူချောင်း၊ ဝက်ပေါင်ခြောက်၊ အသင့်စား ခေါက်ဆွဲပြုတ်၊ အသင့်စား ဆန်ပြုတ် စတာတွေ ပာာ ဆားပမာဏ အရမ်းများတဲ့ အတွက် ရှောင်ရှားသင့်တဲ့ အထဲမှာပါပါတယ်။
2. သကြား ရှောင်ပါ။
ကလေးငယ်ငယ်တွေ အတွက် သကြားမလိုပါ။ ငယ်ငယ်လေး တည်း က သကြားကို အစပျိုးပြီး မကျွေးသင့်ပါ။ ကြာလာတာနဲ့ အမျှ ကလေးငယ်တွေ က သကြား အရမ်းကြိုက်သွားပြီး ဖြတ်ရခက်သွားပါလိမ့်မယ်။ အထူးသဖြင့် အသင့်သောက် အချိုရည်တွေ၊ ဂတ်စ်ပါတဲ့ အချိုရည်တွေ ရှောင်ပါ။ သဘာဝ အသီးစစ်စစ် ကို ဖျော်ရည်လေး လုပ်တိုက်ရင်လည်း သကြားထပ်မထည့်ပါနဲ့။ အကောင်းဆုံး ကတော့ ကလေး ငယ်တွေ ကို အချိုကျွေးတော့မယ် ဆိုရင် ငှက်ပျောသီး ဒါမှမဟုတ် အခြားဂအသီးတစ်မျိုးမျိုး ဖျော်တိုက်မယ် ဆိုရင် အမေ နို့ (သို့မဟုတ်) ပိုးသတ်ထားသော နို့ တစ်မျိုးမျိုး ထည့်ဖျော်ပေးပါ။ (မှတ်ချက်- အသက် ၆ လ မကျော် မခြင်း မိခင်နို့မှ အပ တခြား ဘာမှ မတိုက်ရပါ)
3. ပျားရည် ရှောင်ပါ။
ပျားရည် က ကလေးငယ်တွေရဲ့ အူလမ်းကြောင်း ကို ဒုက္ခပေး နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပျားရည်မှာ ပါလာတတ်တဲ့ ဘတ်တီးရီးယား ပိုးတွေက ထုတ်လိုက်တဲ့ အဆိပ်အတောက်တွေဟာ ကလေးငယ်တွေရဲ့ အူလမ်းကြောင်းကို ထိခိုက်ပြီး အစာအဆိပ်သင့်သလို ဖြစ်တတ်ပါတယ်။ ကလေးငယ်များ အသက် နှစ်နှစ် မကျော် မခြင်း ပျားရည်မကျွေးသင့်ပါ။ သွားပိုးစားခြင်း ကိုလည်း အတိုင်းအတာ တစ်ခု အထိ ကာကွယ်ပေးပါတယ်။
4. အစေ့အဆန်များ ရှောင်ပါ
ကလေးငယ်တွေကို အသက်ငါးနှစ် မကျော်မခြင်း မြေပဲစေ့၊ ဖရုံစေ့၊ သီဟိုစေ့၊ ဗာဒံစေ့ စတာတွေ ကို အစေ့လိုက် မကျွေးသင့်ပါ။ အခန့် မသင့်လျှင် သီးတတ်တဲ့ အတွက်ကြောင့်ပါ။ ကျွေးချင်လျှင် သေချာ ချေ ပြီးမှ ကျွေးပါ။ ကျွေးမယ် ဆိုရင်လည်း အသက် ခြောက်လ ပြည့်ပြီးမှ တည့်မတည့် စမ်းကျွေးကြည့်ပါ။ တချို့ကလေး တွေမှာ Allergic ဖြစ်တတ်လို့ပါ။
5. ဂျယ်လီရှောင်ပါ။
ကလေးငယ်တွေ ကို အလွယ်တကူ ဂျယ်လီ ကျွေးခြင်းမှ ရှောင်ကြဉ်ပါ။ ခဏခဏ သီးတတ်လို့ပါ။
6. အဆီနည်းတဲ့ အစားအစာရှောင်ပါ။
ကလေးတွေ က လူကြီး နဲ့ ပြောင်းပြန်ပါ။ သူတို့လေးတွေ က အစားစား တာ နည်းတဲ့ အတွက် နည်းနည်းနဲ့ ကယ်လိုရီ များများ ရမယ့် အဆီဓါတ် ကိုကောင်းကောင်းစားပေးဖို့လိုပါတယ်။ အဆီဓါတ်ဆိုလို့ တွေ့ကရာ အဆီ တွေဖြစ်တဲ့ ဝက်ဆီဖတ်တို့ ကြက်အရေခွံတို့ ဆီအများကြီး နှစ်ပြီးကြော်တဲ့ အစားအစာတွေ ကို မကျွေးသင့်ပါဘူး။ ကောင်းတဲ့ အဆီ တွေ ဖြစ်တဲ့ ထောပတ်သီး၊ သံလွင်ဆီ၊ ဖွဲနုဆီ၊ အစေ့အဆန်(သေချာ ချေပြီးကျွေးရန်) စတာတွေ ကို ကျွေးပေးဖို့လိုပါတယ်။ လူကြီးဆိုရင် နွားနို့ကို အဆီထုတ်ထားတဲ့၊ လျှော့ထားတဲ့ နို့ သောက်ဖို့လိုပေမယ့် နှစ်နှစ်အောက် ကလေးငယ်တွေ ကတော့ မလိုင်ပြည့် ပါတဲ့ နို့ တိုက်ပေးဖို့လိုပါတယ်။
7. ပင်လယ်စာ အစိမ်းကျွေးခြင်းမှ ရှောင်ပါ။
လူကြီးတွေ စားသလို ပုဇွန်အစိမ်းသုတ်လိုမျိုး၊ ပင်လယ်စာ အစိမ်းသုတ် လိုမျိုးကျွေးလို့မရပါဘူး။ ကလေးငယ်တွေ ရဲ့ အူလမ်းကြောင်း က နုနယ်သေးတဲ့ အတွက် အသားအစိမ်း ငါးအစိမ်းတွေ မှာပါတဲ့ ဘတ်တီးရီးယားတွေ ကြောင့် အစာအဆိပ်သင့်တာ ကို ဆိုးရွားစွာ ခံစားရတတ်ပါတယ်။
8. ကြက်ဥ အစိမ်းကျွေးခြင်းမှ ရှောင်ပါ။
ကလေးငယ် တွေ အသက် ၈ လလောက် ရှိပြီ ဆိုတာ နဲ့ ကြက်ဥ စကျွေးလို့ရပါပြီ။ စကျွေးတဲ့ နေရာ မှာ တည့်မတည့် ကို အရင် အကာချည်း တစ်ဇွန်းလောက် နောက်တစ်ရက်မှာ အနှစ်ချည်း တစ်ဇွန်းလောက် ကျွေးကြည့်ပြီး နာရီဝက် တစ်နာရီလောက် စောင့်ကြည့်ပါ။ အနီကွက်တွေ မထွက်လာဘူးဆိုရင် တည့်တယ် လို့ ယူဆလို့ရပါတယ်။ နောက်နေ့ဆို ဆက်ကျွေးလို့ အဆင်ပြေပါပြီ။ ဒါပေမယ့် ကလေးငယ်တွေ ကို ကျွေးတဲ့ နေရာမှာ အစိမိးလုံးဝ မကျွေးသင့်ပါ။ အကျက် (သို့မဟုတ်) အကာကျက်လေး ပြုတ်ပြီး ကျွေးရပါမယ်။
လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်
Previous Post
Protein Supplement တွေ ကို ဘယ်လောက် အထိသောက်နေကြလဲ????
Next Post
လူသိနည်းနေသေးတဲ့ ဖွဲနုဆီ (Rice Bran Oil) ရဲ့ကောင်းကျိုးများ
Share on FacebookShare on TwitterShare on Linkedin
ဆက်စပ် ဆောင်းပါးများ
Pregnant women should be aware of diabetes
ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ
2 years ago
255
မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ
2 years ago
315
ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း
2 years ago
823
မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?
2 years ago
1k
When a premature baby is born
လမစေ့ဘဲကလေးမွေးတဲ့အခါ
3 years ago
993
To teach children to choose food that will be nutritious
သားသားမီးမီးတို့ အာဟာရဖြစ်မယ့်အစားအစာ ရွေးချယ်တတ်စေဖို့
3 years ago
669
ကျန်းမာရေး ဆောင်းပါးများ
  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ
လူဖတ်အများဆုံး ဆောင်းပါးများ
  • တစ်ကိုယ်ရည်အာသာဖြေခြင်း
    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ
    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method
    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်
    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ
    0 shares
    Share 0 Tweet 0
Health Tips
Next Post
လူသိနည်းနေသေးတဲ့ ဖွဲနုဆီ (Rice Bran Oil) ရဲ့ကောင်းကျိုးများ
မကျည်းသီး
နနွင်း
OnDoctor App OnDoctor App OnDoctor App
Get Our App for Your Healthcare Partner
  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in
OnDoctor Company Limited © 2017 – 2025. All Rights Reserved.
No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
© 2020 OnDoctor Company Limited - All Rights Reserved.
This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.