fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

ကလေးငယ်တွေ ဉာဏ်ရည် ဖွံ့ဖြိုးမှု့အတွက် ကျွေးသင့်သော အစားအစာ များ

79
VIEWS
Share on FacebookShare on TwitterShare on Linkedin
26/01/2018
in မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A












လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်

ကလေးငယ်တွေ ဉာဏ်ရည် ဖွံ့ဖြိုးမှု့အတွက် ကျွေးသင့်သော အစားအစာ များ

1. ဆော်လမွန် ငါး – ဆော်လမွန်ငါးမှာ Omega 3 fatty acid တွေဖြစ်တဲ့ ဦးနှောက်ဖွံ့ဖြိုးမှု့ နှင့် မှတ်ဉာဏ် စွမ်းအား အတွက် မရှိမဖြစ်လိုအပ်တဲ့ EPA နှင့် DHA ပါဝင်ပါတယ်။ ကလေးတွေ က ငါးဆိုရင် ဒီတိုင်း ကျွေးရင် မစားချင်ကြပါဘူး။ ဒါကြောင့် sandwich လို လုပ်ပြီး ကျွေးတာမျိုး လုပ်ပေးရင်တော့ ပိုကြိုက်ကြပါလိမ့်မယ်။ တချို့ ကလေးတွေ က ဆော်လမွန် မကြိုက်ဘူးဆိုရင်တော့ တူနာ ငါးကျွေးလို့လည်းရပါတယ်။ ဒါပေမယ့် ဆီသွပ်ဘူးတွေ မှာ ပါတဲ့ တူနာ ကတော့ အသားချည်းပဲ ပါပြီး ငါးအဆီ မပါတဲ့ အတွက် omega 3 fatty acid ကတော့ နည်းပါတယ်။

2. ကြက်ဥ ကျွေးပါ – အားလုံးသိပြီးသား ဖြစ်တဲ့ အတိုင်း ကြက်ဥ က အသားဓါတ်ကြွယ်ဝတဲ့ အတွက် ကလေးငယ် တွေ ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးမှု့ အတွက် အလွန် အသုံးဝင်ပါတယ်။ နောက်တစ်ခု ကောင်းတဲ့ အချက် ကတော့ ကြက်ဥ အနှစ်မှာ ပါဝင်တဲ့ ကိုလင်း(Choline) ဓါတ် က မှတ်ဉာဏ် စွမ်းအားကို မြှင့်တင်ပေးပါတယ်။ ဒါပေမယ့် တဖက် က ကိုလက်စထရော လည်း များတဲ့ အတွက် တစ်နေ့ ကို ၂ လုံး ထက်ပို ပြီး မကျွေးသင့် ပါဘူး။ တစ်ခု ရှိတာ က ကလေးငယ် တွေ မှာ ကြက်ဥ နှင့် တည့်မတည့် ကို စမ်းဖို့တော့ လိုပါတယ်။ စကျွေးတဲ့ နေရာ မှာ တည့်မတည့် ကို အရင် အကာချည်း တစ်ဇွန်းလောက် နောက်တစ်ရက်မှာ အနှစ်ချည်း တစ်ဇွန်းလောက် ကျွေးကြည့်ပြီး နာရီဝက် တစ်နာရီလောက် စောင့်ကြည့်ပါ။ အနီကွက်တွေ မထွက်လာဘူးဆိုရင် တည့်တယ် လို့ ယူဆလို့ရပါတယ်။ နောက်နေ့ဆို ဆက်ကျွေးလို့ အဆင်ပြေပါပြီ။ ဒါပေမယ့် ကလေးငယ်တွေ ကို ကျွေးတဲ့ နေရာမှာ အစိမိးလုံးဝ မကျွေးသင့်ပါ။ အကျက် (သို့မဟုတ်) အကာကျက်လေး ပြုတ်ပြီး ကျွေးရပါမယ်။

3. မြေပဲထောပတ် ကျွေးပါ- အခုနောက်ပိုင်း Supermarket တော်တော် များများမှာ မြေပဲထောပတ် peanut butter ဝယ်လို့ရနေပါပြီ။ peanut butter က ဗီတာမင် E ကြွယ်ဝ ပြီး ဓါတ်တိုး ဆန့်ကျင် သတ္တိရှိတဲ့ အတွက် အာရုံကြော ဆဲလ် လေးတွေရဲ့ အမြှေးပါး ပျက်ဆီးမှု့ ဒါဏ်မှ ကာကွယ်ပေးပါတယ်။ နောက်ထပ်လဲ Thiamin (ဗီတာမင် B1) ကြွယ်ဝတဲ့ အတွက် ဦးနှောက် နှင့် အာရုံကြော လုပ်ငန်းဆောင်တာ တွေ အတွက် တဖက်တလမ်း ကနေ ကူညီပေးပါတယ်။ ဒါပေမယ့် မြေပဲ ကလည်း လူတိုင်းနှင့် မတည့်တတ်တဲ့ အတွက် ကလေး တွေ ကို စကျွေးရင် တည့်မတည့် သိရအောင် လက်တတို့လောက်ကျွေးပြီး နာရီဝက် စောင့်ပြီး မှ အနီစက်ထွက်တာ အသက်ရှူ ကြပ်တာ တွေ မရှိမှ ဆက်ကျွေးပါ။ ဒါက အရင် ကတည်း က မြေပဲ တစ်ခါ မှ မကျွေးဘူးတဲ့ ကလေးတွေ အတွက်သာ ဖြစ်ပါတယ်။

4. Whole grains ကျွေးပေးပါ – whole grains ဆိုတာကတော့ အလွယ်ပြောရင် ဂျုံကြမ်း ဆန်ကြမ်း တွေပါ။ Whole grains တွေ မှာ ဗီတာမင် B complex ပါဝင်တဲ့ အတွက် ဦးနှောက် နှင့် အာရုံကြော အတွက် အထူးကောင်းမွန် စေပါတယ်။

5. Oatmeal ကျွေးပါ – ကလေးငယ်တွေ ကို မနက်စာ အနေနဲ့ ဗီတာမင် B, E, ပိုတက်ဆီယမ် နှင့် ဇင့် ဓါတ် ကြွယ်ဝ တဲ့ oatmeal ကျွေးသင့်ပါတယ်။

6. ဘယ်ရီသီးတွေ များများကျွေးပါ- ဘယ်ရီသီးတွေ ဆိုတာကတော့ စတော်ဘယ်ရီသီး၊ ချယ်ရီသီး၊ ဘလူးဘယ်ရီ၊ ရက်စ်ဘယ်ရီ၊ ဘလက်ဘယ်ရီ သီး စတဲ့ အသီးတွေ ကို ဆိုလိုတာပါ။ ဗီတာမင် စီ ကြွယ်ဝလို့ ကိုယ်ခံစွမ်းအား ကို မြှင့်တင်ပေးတဲ့ အတွက် ကလေးငယ်တွေ မှာ ဘတ်တီးရီယား၊ ဗိုင်းရပ်စ် တွေကြောင့် ဖြစ်တဲ့ နှာစေးချောင်းဆိုး ဖြစ်တာတွေ ကို လျှော့ချပေးပါတယ်။

7. ပဲ အမျိုးမျိုး ကျွေးပေးပါ – Omega 3 fatty acid ကြွယ်ဝတဲ့ kidney bean နှင့် pinto bean ကျွေးခြင်း အားဖြင့် ဦးနှောက်ဖွံ့ဖြိုးမှု ကို တဖက်တလမ်းက အားပေးပါတယ်။ တစ်ခု သတိထားသင့်တာကတော့ တချို့သော ပဲ အမျိုးအစားတွေ က ကလေးတွေ မှာ မတည့်တတ်ပါဘူး။ အထူးသဖြင့် G6PD ကလေးတွေ မှာ ဆိုရင် သက်ဆိုင်ရာ ဆရာဝန် တွေ နှင့် တိုင်ပင်ပြီး မှ ကျွေးသင့်ပါတယ်။

8. အရောင်စုံအောင် အသီးအရွက်တွေ ကျွေးပါ – ဥပမာ (1) အနီရောင် – ခရမ်းချဉ်သီး၊ စတော်ဘယ်ရီ (2) အဖြူရောင် – မုန့်ညှင်းဖြူ၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ် (3) အဝါရောင် (သို့) လိမ္မော်ရောင် – လိမ္မော်သီး၊ မုန်လာဥနီ (4) အစိမ်းရောင် – ကန်စွန်းရွက်၊ ပာင်းနုနွယ်၊ ပန်းပွင့်စိမ်း (5) ခရမ်းရောင် – စပျစ်သီး စတာတွေ ထဲ မှ တစ်နေ့ကို သုံးမျိုးလောက် ပါအောင်ကျွေးပေးပါ။ ကန်းစွန်းဥ နှင့် ရွှေဖရုံသီးကျွေးလည်း ရပါတယ်။ ကလေးတွေ ပိုကြိုက်ပါတယ်။

9. နွားနို့ နှင့် ဒိန်ချဉ် ကျွေးပေးပါ – ဦးနှောက် တစ်ရှူး၊ အင်ဇိုင်း တွေ ကို ဖွံ့ဖြိုးစေပါတယ်။

10. သံဓါတ် အားကောင်းစေတဲ့ အမဲသား ကျွေးပေးပါ – သံဓါတ်ဟာ ဦးနှောက်ဖွံ့ဖြိုးမှု့ နှင့် မှတ်ဉာဏ် စွမ်းအားကို မြှင့်တင်ပေးပါတယ်။ ဒါကြောင့် သံဓါတ် ကြွယ်ဝ တဲ့ အမဲသား ကျွေးပေးဖို့လိုပါတယ်။ ဒါပေမယ့် တပါတ် ကို နှစ်ကြိမ်ထက်တော့ မပိုသင့်ပါဘူး။

လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်

Previous Post

နနွင်း

Next Post

ဆံပင်ပါးနေတာ ဆံပင်တွေ ကျွတ်လွယ်နေတဲ့ သူတွေ ဘာစားသင့်လဲ????

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
255

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
315

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
823

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1k
When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

3 years ago
993
To teach children to choose food that will be nutritious

သားသားမီးမီးတို့ အာဟာရဖြစ်မယ့်အစားအစာ ရွေးချယ်တတ်စေဖို့

3 years ago
669

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဆံပင်ပါးနေတာ ဆံပင်တွေ ကျွတ်လွယ်နေတဲ့ သူတွေ ဘာစားသင့်လဲ????

ထမင်းမစားပဲ ဝိတ်လျှော့ချင်သူများ

ဗိုက်တာမင် ဒီ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.