fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

စိတ်ပူစရာ ဝမ်းလျောရောဂါ

195
VIEWS
Share on FacebookShare on TwitterShare on Linkedin
27/03/2018
in မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

စိတ္ပူစရာ ဝမ္းေလ်ာေရာဂါ

ကေလးငယ္မ်ား ဝမ္းပ်က္ ဝမ္းေလ်ာျဖစ္ခဲ့လွ်င္ မိဘမ်ားအေနျဖင့္ စိတ္ပူၾကရပါတယ္။ မိမိသားငယ္ သမီးငယ္မ်ားသည္ ေရာဂါကို ေရလည္ေအာင္မေျပာႏိုင္ၾကသလို ပန္းကဲ့သို ႏြမ္းလ်ေနသည္ကိုျမင္ရတာ စိတ္ဒုကၡမ်ားၾကရပါတယ္။ ကေလးငယ္မ်ား ဝမ္းေလ်ာပါက လူႀကီးမ်ားထက္ ပိုမိုခံစားရႏိုင္ပါတယ္။

ကေလးငယ္မ်ားတြင္ ဝမ္းေလ်ာျခင္းႏွင့္အတူ ဖ်ားျခင္း၊ ပ်ိဳ႕အန္ျခင္း၊ ဗိုက္နာျခင္း၊ ေရဓာတ္ခမ္းေျခာက္ျခင္းတို႔ ျဖစ္ႏိုင္ပါတယ္။ ျဖစ္ေစေသာ အေၾကာင္းအရာမ်ားကေတာ့

-ဗိုင္းရပ္စ္ပိုးဝင္ျခင္း၊ ဘက္တီးရီးယားပိုးဝင္ျခင္း စသည္တို႔ေၾကာင့္ ျဖစ္ႏိုင္ပါတယ္။ ထိုအခါ ေရကဲ့သို႔ဝမ္းသြားျခင္း၊ အစာအိမ္ေရာင္ အူေရာင္ျခင္းေၾကာင့္ အန္ျခင္း၊ ဗိုက္ေအာင့္ျခင္း၊ေခါင္းကိုက္ျခင္းႏွင့္ ဖ်ားျခင္းစသည္တို႔ပါ ခံစားရႏိုင္ပါတယ္။

ကုသနည္းကေတာ့ ၅ရက္မွ ၁၄ရက္ထိ ၾကာတတ္ၿပီး ေရဓာတ္ဆုံးရႈံးမႈကို အဓိက ကာကြယ္ရန္ အေရးႀကီးပါတယ္။ မိခင္ႏို႔အျပင္ ဓာတ္ဆားရည္ပါ တိုက္ရန္ ပိုမိုအေရးႀကီးပါတယ္။ဓာတ္ဆားတြင္ ဆုံးရႈံးသြားေသာ ေရႏွင့္လိုအပ္ေသာ ပိုတက္ဆီယမ္၊ ဆိုဒီယမ္ ပါဝင္ပါတယ္။မိမိကေလး ဘယ္ေလာက္ထိ ေရဓာတ္ဆုံးရႈံး ေနသလဲ ဘယ္ေလာက္တိုက္ရမလဲ မိခင္ကသတိျပဳတိုက္သင့္ပါတယ္။ ပိုးသတ္ေဆးႏွင္ antibiotics မ်ားလည္း လိုအပ္ေသာေၾကာင့္ဆရာဝန္ႏွင့္ ေသခ်ာျပသကုသရန္ လိုအပ္ပါတယ္။

အစာအဆိပ္သင့္ျခင္းေၾကာင့္ ဝမ္းေလ်ာျခင္းသည္လည္း ကေလးငယ္မ်ားတြင္ ျဖစ္ပြားေလ့ရွိပါတယ္။ ကေလးငယ္တြင္ လကၡဏာမ်ား လ်င္ျမန္စြာျဖစ္ၿပီး ဆက္တိုက္အန္လာပါက နီးစပ္ရာ က်န္းမာေရးဌာနသို႔ ၂၄နာရီအတြင္း အျမန္ဆုံးသြားေရာက္သင့္ပါတယ္။ ကုသနည္းကေတာ့ အထက္ပါ ပိုးဝင္သလို ေရဓာတ္နဲ႔ဓာတ္ဆား ျပန္လည္ျဖည့္တင္းရန္ႏွင့္ ဆရာဝန္နဲ႔ျပသရန္ အထူးလိုအပ္ပါတယ္။

အျခားျဖစ္ေစႏိုင္ေသာ ေရာဂါမ်ားကေတာ့ အစာဓာတ္မတည့္ျခင္း၊ Crohn´s disease၊celiac disease စသည္တို႔ေၾကာင့္ ျဖစ္ႏိုင္ပါတယ္။ မိခင္အေနျဖင့္ ဝမ္းေလ်ာေနေသာကေလးငယ္ကို မည္သည့္လကၡဏာမ်ားရွိလွ်င္ ေဆး႐ုံေဆးခန္း အျမန္သြားသင့္ေၾကာင္း သိရွိထားရန္ လိုအပ္ပါတယ္။

ေရဓာတ္ခမ္းေျခာက္ျခင္းသည္ ဝမ္းေလ်ာျခင္းရဲ႕ အဆိုး႐ြားဆုံးဆိုးက်ိဳးပဲ ျဖစ္ပါတယ္။ ေရဓာတ္ခမ္းေျခာက္ျခင္း ဆိုး႐ြားပါက အသက္အႏၲရာယ္ထိခိုက္ႏိုင္သည္အထိ ျဖစ္ေစႏိုင္ပါတယ္။

ကေလးငယ္တြင္ မူးေဝမိန႔္ေမာျခင္း၊ ပါးစပ္ေျခာက္ကပ္ျခင္း၊ ဆီးနည္းျခင္း၊ အေရာင္မည္းျခင္း၊ ဆီးမထြက္ျခင္း၊ မ်က္ရည္မထြက္ျခင္း၊ ေျခဖ်ားလက္ဖ်ားေအးစက္ၿပီး တကိုယ္လုံးေပ်ာ့ေခြေနျခင္း စသည္တို႔သည္ ေရဓာတ္ခမ္းေျခာက္ေသာ လကၡဏာမ်ားပင္ ျဖစ္ပါတယ္။
ကေလးငယ္သည္ ၃ရက္ထိဝမ္းေလ်ာျခင္း၊ အသက္၆လေအာက္ငယ္ျခင္း၊ အန္ျခင္း၊အဖ်ားႀကီးျခင္း၊ ဝမ္းသြားေသြးပါျခင္း၊ ၈နာရီအတြင္း ၄ႀကိမ္ထက္ပိုသြားျခင္း၊ ကိုယ္ခံအားနည္းျခင္း၊ ဗိုက္နာျခင္း၊ အစင္းၾကားထြက္ျခင္း၊ ဆီးသြားနည္းျခင္း စသည့္လကၡဏာမ်ားရွိလွ်င္ အျမန္ဆုံးနီးစပ္ရာ ဆရာဝန္နဲ႔ျပသပါ။

ကာကြယ္ျခင္းသည္ ကုသျခင္းထက္ ေကာင္းေသာေၾကာင့္ ဝမ္းေလ်ာျခင္းမျဖစ္ေစရန္
-ေရသန႔္၊ ေရက်ိဳေသာက္ျခင္း
-တကိုယ္ရည္ သန႔္ရွင္းမႈ အေလးထားျခင္း၊
-လက္ေဆးျခင္း
-၆လထိ မိခင္ႏို႔ တမ်ိဳးတည္းတိုက္ျခင္း
-အစားအေသာက္မ်ား ယင္မနားေအာင္ သန႔္ရွင္းမႈ ဂ႐ုစိုက္ျခင္း
-အခ်ိဳ႕ပိုးမ်ားအတြက္ ကာကြယ္ေဆး ႀကိဳတင္ထိုးျခင္း
-ဝမ္းေလ်ာေရာဂါႏွင့္ ပတ္သတ္ေသာ အသိပညာေပးစာေစာင္မ်ား ဖတ္႐ူထားသင့္ပါသည္။

Author : Dr. ျပည့္ရွင္း

စိတ်ပူစရာ ဝမ်းလျောရောဂါ

ကလေးငယ်များ ဝမ်းပျက် ဝမ်းလျောဖြစ်ခဲ့လျှင် မိဘများအနေဖြင့် စိတ်ပူကြရပါတယ်။ မိမိသားငယ် သမီးငယ်များသည် ရောဂါကို ရေလည်အောင်မပြောနိုင်ကြသလို ပန်းကဲ့သို နွမ်းလျနေသည်ကိုမြင်ရတာ စိတ်ဒုက္ခများကြရပါတယ်။ ကလေးငယ်များ ဝမ်းလျောပါက လူကြီးများထက် ပိုမိုခံစားရနိုင်ပါတယ်။

ကလေးငယ်များတွင် ဝမ်းလျောခြင်းနှင့်အတူ ဖျားခြင်း၊ ပျို့အန်ခြင်း၊ ဗိုက်နာခြင်း၊ ရေဓာတ်ခမ်းခြောက်ခြင်းတို့ ဖြစ်နိုင်ပါတယ်။ ဖြစ်စေသော အကြောင်းအရာများကတော့

-ဗိုင်းရပ်စ်ပိုးဝင်ခြင်း၊ ဘက်တီးရီးယားပိုးဝင်ခြင်း စသည်တို့ကြောင့် ဖြစ်နိုင်ပါတယ်။ ထိုအခါ ရေကဲ့သို့ဝမ်းသွားခြင်း၊ အစာအိမ်ရောင် အူရောင်ခြင်းကြောင့် အန်ခြင်း၊ ဗိုက်အောင့်ခြင်း၊ခေါင်းကိုက်ခြင်းနှင့် ဖျားခြင်းစသည်တို့ပါ ခံစားရနိုင်ပါတယ်။

ကုသနည်းကတော့ ၅ရက်မှ ၁၄ရက်ထိ ကြာတတ်ပြီး ရေဓာတ်ဆုံးရှုံးမှုကို အဓိက ကာကွယ်ရန် အရေးကြီးပါတယ်။ မိခင်နို့အပြင် ဓာတ်ဆားရည်ပါ တိုက်ရန် ပိုမိုအရေးကြီးပါတယ်။ဓာတ်ဆားတွင် ဆုံးရှုံးသွားသော ရေနှင့်လိုအပ်သော ပိုတက်ဆီယမ်၊ ဆိုဒီယမ် ပါဝင်ပါတယ်။မိမိကလေး ဘယ်လောက်ထိ ရေဓာတ်ဆုံးရှုံး နေသလဲ ဘယ်လောက်တိုက်ရမလဲ မိခင်ကသတိပြုတိုက်သင့်ပါတယ်။ ပိုးသတ်ဆေးနှင် antibiotics များလည်း လိုအပ်သောကြောင့်ဆရာဝန်နှင့် သေချာပြသကုသရန် လိုအပ်ပါတယ်။

အစာအဆိပ်သင့်ခြင်းကြောင့် ဝမ်းလျောခြင်းသည်လည်း ကလေးငယ်များတွင် ဖြစ်ပွားလေ့ရှိပါတယ်။ ကလေးငယ်တွင် လက္ခဏာများ လျင်မြန်စွာဖြစ်ပြီး ဆက်တိုက်အန်လာပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ၂၄နာရီအတွင်း အမြန်ဆုံးသွားရောက်သင့်ပါတယ်။ ကုသနည်းကတော့ အထက်ပါ ပိုးဝင်သလို ရေဓာတ်နဲ့ဓာတ်ဆား ပြန်လည်ဖြည့်တင်းရန်နှင့် ဆရာဝန်နဲ့ပြသရန် အထူးလိုအပ်ပါတယ်။

အခြားဖြစ်စေနိုင်သော ရောဂါများကတော့ အစာဓာတ်မတည့်ခြင်း၊ Crohn´s disease၊celiac disease စသည်တို့ကြောင့် ဖြစ်နိုင်ပါတယ်။ မိခင်အနေဖြင့် ဝမ်းလျောနေသောကလေးငယ်ကို မည်သည့်လက္ခဏာများရှိလျှင် ဆေးရုံဆေးခန်း အမြန်သွားသင့်ကြောင်း သိရှိထားရန် လိုအပ်ပါတယ်။

ရေဓာတ်ခမ်းခြောက်ခြင်းသည် ဝမ်းလျောခြင်းရဲ့ အဆိုးရွားဆုံးဆိုးကျိုးပဲ ဖြစ်ပါတယ်။ ရေဓာတ်ခမ်းခြောက်ခြင်း ဆိုးရွားပါက အသက်အန္တရာယ်ထိခိုက်နိုင်သည်အထိ ဖြစ်စေနိုင်ပါတယ်။

ကလေးငယ်တွင် မူးဝေမိန့်မောခြင်း၊ ပါးစပ်ခြောက်ကပ်ခြင်း၊ ဆီးနည်းခြင်း၊ အရောင်မည်းခြင်း၊ ဆီးမထွက်ခြင်း၊ မျက်ရည်မထွက်ခြင်း၊ ခြေဖျားလက်ဖျားအေးစက်ပြီး တကိုယ်လုံးပျော့ခွေနေခြင်း စသည်တို့သည် ရေဓာတ်ခမ်းခြောက်သော လက္ခဏာများပင် ဖြစ်ပါတယ်။
ကလေးငယ်သည် ၃ရက်ထိဝမ်းလျောခြင်း၊ အသက်၆လအောက်ငယ်ခြင်း၊ အန်ခြင်း၊အဖျားကြီးခြင်း၊ ဝမ်းသွားသွေးပါခြင်း၊ ၈နာရီအတွင်း ၄ကြိမ်ထက်ပိုသွားခြင်း၊ ကိုယ်ခံအားနည်းခြင်း၊ ဗိုက်နာခြင်း၊ အစင်းကြားထွက်ခြင်း၊ ဆီးသွားနည်းခြင်း စသည့်လက္ခဏာများရှိလျှင် အမြန်ဆုံးနီးစပ်ရာ ဆရာဝန်နဲ့ပြသပါ။

ကာကွယ်ခြင်းသည် ကုသခြင်းထက် ကောင်းသောကြောင့် ဝမ်းလျောခြင်းမဖြစ်စေရန်
-ရေသန့်၊ ရေကျိုသောက်ခြင်း
-တကိုယ်ရည် သန့်ရှင်းမှု အလေးထားခြင်း၊
-လက်ဆေးခြင်း
-၆လထိ မိခင်နို့ တမျိုးတည်းတိုက်ခြင်း
-အစားအသောက်များ ယင်မနားအောင် သန့်ရှင်းမှု ဂရုစိုက်ခြင်း
-အချို့ပိုးများအတွက် ကာကွယ်ဆေး ကြိုတင်ထိုးခြင်း
-ဝမ်းလျောရောဂါနှင့် ပတ်သတ်သော အသိပညာပေးစာစောင်များ ဖတ်ရူထားသင့်ပါသည်။

Author : Dr. ပြည့်ရှင်း

Previous Post

ဦးနှောက် မှတ်ဉာဏ်ကောင်းစေရန် စားသင့်သောအစားအစာများ

Next Post

ရက်ရှောင်နည်းဆိုတာ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
258

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
315

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
828

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1.1k
When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

3 years ago
999
To teach children to choose food that will be nutritious

သားသားမီးမီးတို့ အာဟာရဖြစ်မယ့်အစားအစာ ရွေးချယ်တတ်စေဖို့

3 years ago
671

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ရက်ရှောင်နည်းဆိုတာ

သဘာဝအတိုင်း လှပနီထွေးသော နှုတ်ခမ်းသားလေးရရှိနိုင်ဖို့

အားဖြည့်ဆန်ဆိုတာဘာလဲ????

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.