fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

ကလေးငယ်များကျန်းမာဖို့

59
VIEWS
Share on FacebookShare on TwitterShare on Linkedin
08/02/2018
in မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

ကလေးငယ်များကျန်းမာဖို့

မိဘတိုင်းဟာ မိမိကလေးငယ်တွေကို အစစအရာရာ သူများထက်သာ၊ သူများထက် ထူးချွန်စေချင်ကြတာ ချည်းပါပဲ။ အထူးသဖြင့် မိခင်အတော်များများဟာ မိမိကလေးကို သူများကလေးတွေထက် ပိုထွားကျိုင်း၊ ပိုဉာဏ်ကောင်း၊ ပိုကျန်းမာစေချင်ကြပါတယ်။
ဒီလိုမျိုးဖြစ်ဖို့ ကလေးတွေ အစားကောင်းကောင်းစားမှဖြစ်မယ်ဆိုတဲ့အသိနဲ့ မိဘတွေက ကလေးတွေကို အစားများများကျွေးကာ ကလေးတွေ အစားများများစားရင်ကို မိဘတွေက ပီတိဖြစ်ရပါတယ်။ သို့သော် ကလေးတစ်ယောက်က အစားများများစားရုံနဲ့ ကျန်းမာထွားကျိုင်း ဉာဏ်ရည်ထက်ဖို့ မလုံလောက်သေးပါဘူး။

ကလေးတစ်ယောက် ကျန်းမာထွားကျိုင်း ဉာဏ်ရည်ထက်ဖို့ဆိုရင် သူနေ့စဉ် စားသောက်တဲ့ထဲမှာ ပရိုတင်းဓါတ်(Protein)၊ ကစီဓါတ် (Carbohydrate)၊ ဗီတာမင်နဲ့ သတ္ထုဓါတ်(Vitamins and Minerals) တွေ လုံလောက်မျှတစွာပါဖို့ အရေးကြီးပါတယ်။
ဒီလို စုံလင်မျှတစွာမပါဘဲ အစားများများစားတာ တစ်ခုတည်းပဲဆိုရင် ခန္ဓာကိုယ်ထွားတာ ဝတာလောက်ပဲ ဖြစ်မှာပါ။ ကျွန်တော့်အနေနဲ့ကတော့ ကလေးဖြစ်ဖြစ် လူကြီးဖြစ်ဖြစ် လူတစ်ယောက်မှာ ကျန်းမာရေးက ပိုအဓိကျတယ်လို့ မြင်ပါတယ်။ ကျန်းမာရေးကောင်းမှသာ လူ့ဘဝရဲ့ ပျော်ရွင်မှုကို အပြည့်အဝရမှာပါ။
မကျန်းမာရင် ခန္ဓာကိုယ်ထွားကျိုင်းပြီး ဉာဏ်ကောင်းလည်း လူ့ဘဝရဲ့ ပျော်ရွှင်မှုကို ကောင်းကောင်း ခံစားနိုင်မှာ မဟုတ်ပါဘူး။ ကျန်းမာဖို့အတွက် နေ့စဉ်စားသောက်တဲ့အထဲမှာ ဗီတာမင်နဲ့ သတ္ထုဓါတ်တွေ လုံလောက်စွာ ပါဖို့အရေးကြီးပါတယ်။

ကျန်းမာဖို့အတွက် အဓိကကျတဲ့ ဗီတာမင်နဲ့ သတ္ထုဓါတ်တွေကတော့
၁။ ဇင့်ဓါတ်
ဇင့်ဓါတ် ခေါ် သွပ်ဓါတ်ဟာ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဓါတ်တစ်မျိုးဖြစ်ပါတယ်။ ခန္ဓာကိုယ်တွင်း ဇီဝ ကမ္မဖြစ်စဉ် တော်တော်များများတွင်လည်း ဇင့်ဓါတ်မှ ပါဝင်ကူညီလုပ်ဆောင်ပေးပါတယ်။ ကိုယ်ခံအား စနစ်တည်ဆောက်မှု၊ အသားဓါတ် တည်ဆောက်မှု၊ အနာကျက်စေမှု၊ DNA မျိုးဗီဇတည်ဆောက်မှုနဲ့ ဆဲလ်အသစ်တွေ ထုတ်လုပ်မှုတွေမှာလည်း သွပ်ဓါတ်ပါပါတယ်။ အနံ့နဲ့ အရသာ အာရုံခံမှု မှာလည်း အရေးကြီးတဲ့ နေရာကနေ သွပ်ဓါတ်က ပါဝင်ဆောင်ရွက်ပေးပါတယ်။

၂။ ဗီတာမင် အေ
ဗီတာမင်အေသည် ရေမှာမပျော်ဘဲ အဆီမှာပျော်သော ဗီတာမင်(Fat Soluble Vitamin) အမျိုးအစားဖြစ်ပါတယ်။
ဗီတာမင်အေဟာ အမြင်အာရုံကောင်းစေပြီး မျက်လုံးမှ အရောင်များကို ခွဲခြားသိမြင်အောင် အထောက်အပံ့ပေးတဲ့အရေးကြီးတဲ့နေရာကနေ ပါသလို အရေပြားတွေရဲ့တင်းရင်းမှု ကြံခိုင်ကျန်းမာမှုအတွက်လည်း မရှိမဖြစ် လိုအပ်ပါတယ်။ ဒါ့အပြင် ဗီတာမင်အေဟာ ကိုယ်ခန္ဓာနဲ့ဉာဏ်ရည်ဖွံ့ဖြိုးဖို့၊ ကိုယ်ခံအားကောင်းဖို့အတွက်လည်း အထောက်အကူပေးတဲ့ဗီတာမင်ပါ။

၃။ ဗီတာမင် ဒီ
ဗီတာမင်ဒီရဲ့လုပ်ဆောင်ချက်တွေကတော့ ခန္ဓာကိုယ်ရှိ အရိုးတွေ သန်မာဖို့အတွက် လိုအပ်သော ကယ်လ်စီယံ ပမာဏကို ထိန်းညှိပေးပါတယ်။ အစားအစာတွေထဲမှာ ပါသော ကယ်လ်စီယံဓါတ်များကို အူတွေကစုပ်ယူတဲ့နေရာမှာ ကူညီပေးပါတယ်။ ဗီတာမင်ဒီရဲ့ကောင်းကျိုးတွေကတော့ စိတ်ဓါတ်တက်ကြွစေပါတယ်။ နှလုံးကို ကျန်းမာစေပါတယ်။ တစ်ကိုယ်လုံး ညောင်းညာနုံးချိမှုတွေကို သက်သာစေပါတယ်။ အရိုးတွေကို သန်စွမ်းစေပါတယ်။
ထို့အပြင် ဗီတာမင်ဒီဟာ ခုခံအားစနစ်မှာ အရေးပါပါတယ်။ ဒါကြောင့် ဗီတာမင်ဒီချို့တဲ့ပါက အရိုးပျော့ရောဂါ၊ ဆီးကြိတ်ကင်ဆာ၊ ရင်သားကင်ဆာ၊ အူမကြီးကင်ဆာ၊ ဆီးချိုရောဂါစတဲ့ ရောဂါများ ဖြစ်နိုင်ချေများလာနိုင်ပါတယ်။ ဗီတာမင်ဒီ နည်းနေသူတွေက တုပ်ကွေးပိုဖြစ်တယ်လို့ လေ့လာမှုတချို့က ဆိုပါတယ်။

၄။ ဗီတာမင် ဘီဆစ်
ဗီတာမင် ဘီဆစ်ဟာ ရေမှာပျော်ဝင်တဲ့ ဗီတာမင် ဘီအုပ်စုဝင် ဗီတာမင် (Water Soluble Vitamin) တစ်မျိုးပါပဲ။
ဗီတာမင်ဘီဆစ် ဟာအာရုံကြောအချက်အလက်တွေကို အာရုံကြောတခုမှတခု စီးဆင်းစေတဲ့နေရာမှာ အရေးပါပါတယ်။ ဒါ့အပြင် သွေးနီဥ ဖွဲ့စည်းတည်ဆောက်ဖို့နဲ့ အမိုင်နိုအက်စစ် ဖွ့ဲစည်းတည်ဆောက်ဖို့ အတွက်လည် ဗီတာမင်ဘီစစ်ကို လိုအပ်ပါတယ်။

ခြုံပြောရရင်တော့ ကျန်းမာဖို့ အဓိက ကျတဲ့ ဗီတာမင်နဲ့ သတ္ထုဓါတ်တွေဟာ နို့နဲ့နို့ထွက်ပစ္စည်းတွေ ဟင်းသီးဟင်းရွက် တွေမှာ အများအားဖြင့်ပါဝင်နေပါတယ်။ သို့သော် ကလေးအများစုဟာ အသားကို ပိုနှစ်ခြိုက်ကြပါတယ်။ ဟင်းသီးဟင်းရွက်တွေ နို့နဲ့နို့ထွက်ပစ္စည်းတွေကျ သိပ်မစားကြတာ များပါတယ်။
ကိုယ်ကျွေးတိုင်းလည်း သူကမကြိုက်ရင် စားမှာမဟုတ်ပါဘူး။ နောက်ပြီး တစ်နေ့တာ လိုအပ်တဲ့ ပမာဏာ ကိုက်ညီဖို့ဆိုတာလည်း မလွယ်လှပါဘူး။ ဒီလိုပြောလိုက်လို့လည်း အမေတွေ စိတ်မညစ်သွားပါနဲ့။ အခုခေတ်မှာ ကလေးတွေ ကျန်းမာသန်စွမ်းဉာဏ်ရည်ထက်ဖို့အတွက် လိုအပ်တဲ့ဗီတာမင်တွေ၊ သတ္ထုဓါတ်တွေကို လိုအပ်တဲ့ ပမာဏာအတိုင်း ဖော်စပ်ထုတ်လုပ်ထားတဲ့ ပြီးပြည့်စုံတဲ့အာဟာရတွေပါတဲ့ နို့မှုန့်တွေပေါ်နေပါပြီ။

ထိုနို့မှုန့်တွေထဲကမှ အာမခံချက်ရှိတဲ့ မြန်မာနိုင်ငံအစားသောက်နဲ့ ဆေးဝါးခွင့်ပြုချက်ရထားပြီး အာဟာရဆိုင်ရာ အချက်အလက် (Approximate Analysis facts) တွေ ပြည့်စုံစွာဖော်ပြထားတဲ့ နို့မှုန့်အမျိူးအစားတွေကို ရွေးချယ်တိုက်ခြင်းဖြင့် မိဘများအနေနဲ့ ကိုယ်ခံစွမ်းအားကောင်းပြီး ကျန်းမာကြံ့ခိုင်တဲ့ အဟာရဓါတ်တွေကို မိမိရင်သွေးဆီသို့ ပေးစွမ်းနိုင်ပါပြီ။

Dr 528

Previous Post

မျက်လုံးထဲ သန်ကောင်ရောက်နေတယ်

Next Post

ခရီးထွက်ခြင်းရဲ့အကျိုး

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
255

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
309

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
816

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1k
When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

3 years ago
987
To teach children to choose food that will be nutritious

သားသားမီးမီးတို့ အာဟာရဖြစ်မယ့်အစားအစာ ရွေးချယ်တတ်စေဖို့

3 years ago
665

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ခရီးထွက်ခြင်းရဲ့အကျိုး

Skin Care လုပ်ခြင်း

ပန်းအိုးလေးများမကွဲစေဖို့

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.