fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

ကလေးတီဘီရောဂါဆိုတာ ဘယ်လောက်ကြောက်ဖို့ ကောင်းသလဲ

439
VIEWS
Share on FacebookShare on TwitterShare on Linkedin
24/03/2018
in မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

ကေလးတီဘီေရာဂါဆိုုတာ ဘယ္ေလာက္ေၾကာက္ဖိုု႔ ေကာင္းသလဲ

အခ်ိန္အခါမဟုတ္႐ြာသြန္းေသာ မိုးေၾကာင့္  စိုထိုင္းထိုင္းႏွင့္အလြန္ေနရခက္လွသည္။ ရာသီဥတုေအးသေလာက္ နာမက်န္းျဖစ္သူမ်ား အလြန္မ်ားသည္။  ေဆးခန္းသို႔လာသမွ် လူနာမ်ားကို လိုအပ္သည္မ်ား စမ္းသပ္ရင္း အခ်ိန္ကုန္ သြားသည္ကိုပင္ သတိမထားမိ။

ညေန ၄ နာရီခန႔္တြင္ အမ်ိဳးသမီးတဦး သူမ၏သားျဖစ္ဟန္တူသူကို  ခ်ီ၍  ေဆးခန္းအတြင္း ဝင္လာခဲ့သည္။ ေခ်ာင္းဆိုးလ်က္ ကေလးေနမေကာင္းသည္မွာ ၄ရက္ခန႔္ ရွိၿပီျဖစ္ကာ ေခ်ာင္းဆိုးေပ်ာက္ေဆးႏွင့္ အဖ်ားက်ေဆးမ်ား ေဆးဆိုင္မွဝယ္ တိုက္ေနေသာ္လည္း ယခုတိုင္ မသက္သာေသးေၾကာင္း ေျပာသျဖင့္ ကေလး၏ က်န္းမာေရးႏွင့္ ပတ္သတ္၍ ေမးျမန္းလိုက္သည္။ ကေလးမွာ မၾကာခဏ နာမက်န္း   ျဖစ္တတ္ၿပီး ယခုအသက္ (၅)ႏွစ္ခန႔္ရွိၿပီျဖစ္ကာ KG တန္းကို  အနီးအနားရွိ အစိုးရမူလတန္းေက်ာင္းမွာ တက္ေရာက္ေနေၾကာင္းသိရသည္။ အသက္(၅)ႏွစ္ဟုပင္ ဆိုေသာ္လည္း ကေလးမွာ  အေတာ္ညႇပ္သည္။ သာမန္ကေလးတဦး ကဲ့သို႔ ေကာင္းစြာ  ဖြံ႕ၿဖိဳးမႈမရွိေပ။

အရင္ေန႔မ်ားက  ဘာလို႔လာမျပသလဲေမးေသာ္ သက္သာမည္ထင္၍ လာမျပမိ  ဟုသာေျပာသည္။ လိုအပ္သည္မ်ား စမ္းသပ္လိုက္ေသာ္ ကေလးတြင္ အသက္ရွဴလမ္းေၾကာင္း ပိုးဝင္ေသာ လကၡဏာမ်ားေတြ႕ရသည္။ အေထြေထြအဂၤါရပ္မ်ား အေနႏွင့္ သိသာေအာင္ ေျပာရလွ်င္    ဗိုက္ပူ၊ နံကားေလး ျဖစ္သည္။ လည္ပင္းေရွ႕ႏွင့္  အေနာက္ရွိ အက်ိတ္မ်ား သာမန္ထက္ႀကီးေနသည္။ သန္ခ်ေဆးတိုက္ေကြၽးဖူးျခင္း ရွိ/ မရွိ  ေမးျမန္းေသာ္ လြန္ခဲ့ေသာ ၃ လခန႔္က ေက်ာင္းတြင္ ေဆးစစ္လာေသာ  အဖြဲ႕မ်ားမွ တိုက္ေကြၽးဖူးေၾကာင္း ေျပာသည္။

မိသားစုအတြင္း တီဘီေရာဂါျဖစ္ပြားဖူးသူ ရွိ/မရွိ ေမးမွ မိသားစုအတြင္း အဖိုးျဖစ္သူမွာ တီဘီေရာဂါ ခံစားေနရေၾကာင္းႏွင့္ ကုသမႈမွာ  ဒုတိယအႀကိမ္ ခံယူေနရသူျဖစ္ေၾကာင္းသိရသည္။ ယခုကေလးတြင္ ခံစားေနရေသာ   ေရာဂါမွာ အဆုတ္ေရာင္ရမ္းျခင္းေၾကာင့္  နာမက်န္းျဖစ္ရျခင္းျဖစ္ၿပီးမိသားစုအတြင္း တီဘီေရာဂါရွင္လည္း  ရွိသျဖင့္  ကေလးတီဘီေရာဂါျဖစ္ႏိုင္ေၾကာင္းေျပာကာ ကေလးတီဘီေရာဂါ အေၾကာင္းအၾကမ္းအားျဖင့္  နားလည္ႏိုင္ေစရန္  ရွင္းျပေပးခဲ့ၿပီး မနက္ျဖန္တြင္ ေဆး႐ုံသို႔သြား၍ ကေလးပါရဂူႏွင့္ျပသၿပီး တီဘီေရာဂါ ရွိ/မရွိ စစ္ေဆးရန္ႏွင့္လိုအပ္သလို ကုသမႈထပ္မံခံယူရန္လည္း တိုက္တြန္းခဲ့သည္။

ကေလးကို အာဟာရျပည့္ဝေသာအစားအစာမ်ား ေကြၽးရန္မွာၿပီး လိုအပ္ေသာ ေဆးမ်ားေပးကာ  က်န္းမာေရးလက္ကမ္းစာေစာင္တခု ေပးလိုက္ရင္း  ေဆး႐ုံသို႔  မနက္ျဖန္ ေသခ်ာသြားရန္ မွာလိုက္သည္။ အဖိုးျဖစ္သူ၏ အသုံးအေဆာင္မ်ားကိုလည္း  သန႔္ရွင္းေရးေသခ်ာျပဳလုပ္ရန္ႏွင့္ မ်က္ႏွာဖုံးအကာအကြယ္  စနစ္တက် အသုံးျပဳေစရန္  ကိုလည္း ေသခ်ာမွာလိုက္သည္။

ကေလးမ်ားႏွင့္ တီဘီေရာဂါ
ကမာၻ႔လူဦးေရ၏ သုံးပုံတပုံ ကူးစက္ခံေနရေသာ တီဘီေရာဂါသည္ ျမန္မာႏိုင္ငံ ကဲ့သို႔ေသာ ဖြံ႕ၿဖိဳးဆဲႏိုင္ငံမ်ားတြင္ အျဖစ္အမ်ားဆုံးျဖစ္သည္။

ကမာၻတဝွမ္းရွိ အသက္ ၁၅ႏွစ္ေအာက္ကေလးမ်ားတြင္ အနည္းဆုံးတစ္သန္းခန႔္ ကူးစက္ခံေနရေၾကာင္း “ကမာၻ႔က်န္းမာေရး အဖြဲ႕ႀကီး (WHO)” က ထုတ္ျပန္ ထားသည္။ ႏွစ္စဥ္ တီဘီေရာဂါ ခံစားရသူဦးေရ တိုးလ်က္ရွိၿပီး အသက္အ႐ြယ္ မေ႐ြး ၿခိမ္းေျခာက္လ်က္ရွိေသာ ေရာဂါျဖစ္သည္။

ကာကြယ္ေဆးမ်ားစနစ္တက်မထိုးႏွံျခင္း၊ အာဟာရခ်ိဳ႕တဲ့ျခင္း၊ လူေနထူထပ္ျခင္း၊ ေရာဂါေဝဒနာရွင္မ်ားအေနႏွင့္ အျခားသူမ်ားသို႔ မကူးစက္ေစေရး  အႀကံျပဳခ်က္မ်ားကိုမလိုက္နာျခင္း စသည္တို႔ေၾကာင့္ ဖြံ႕ၿဖိဳးဆဲႏိုင္ငံမ်ားတြင္ ႏွစ္စဥ္ ေရာဂါေဝဒနာရွင္မ်ား ပိုပို၍ မ်ားလာႏိုင္သည္။

တီဘီေရာဂါ လကၡဏာမ်ား
-ေခ်ာင္းဆိုးျခင္း (ကေလးငယ္မ်ားတြင္ သလိပ္မထြက္ႏိုင္ပါ)
-အစားအေသာက္ပ်က္လာ၍ ကိုယ္အေလးခ်ိန္တျဖည္းျဖည္းက်လာျခင္း
-ညေနပိုင္းမ်ားတြင္ ေက်ာပူ ေခါင္းပူျဖစ္ျခင္း (ဖ်ားျခင္း)
-ညဦးပိုင္းမ်ားတြင္ မၾကာခဏဖ်ားျခင္း၊ အဖ်ားတာရွည္ျခင္း
-အဖ်ားက်ေဆးမ်ား တိုက္ေနေသာ္လည္း မသက္သာျခင္း
-လည္ပင္းေရွ႕/ေနာက္ႏွင့္ ခ်ိဳင္းတြင္ အက်ိတ္မ်ားေပၚလာျခင္း/ စမ္း၍ရျခင္း
-အျခားကေလးမ်ားႏွင့္ တန္းတူမဖြံ႕ၿဖိဳးျခင္း

တီဘီေရာဂါျဖစ္ပြားပုံ
တီဘီေရာဂါသည္ သာမန္မ်က္စိျဖင့္မျမင္ႏိုင္ေသာ ဘတ္တီးရီးယားေရာဂါပိုးေၾကာင့္ ျဖစ္ပြားရျခင္းျဖစ္ကာ  ေလမွတဆင့္  အလြယ္တကူ  ကူးစက္ႏိုင္ေသာ ေရာဂါ ျဖစ္သည္။ အဆုတ္တြင္ျဖစ္ပြားေသာတီဘီႏွင့္ အဆုတ္ျပင္ပတြင္ ျဖစ္ပြားေသာ တီဘီဟူ၍ ႏွစ္မ်ိဳးရွိၿပီး အသက္အ႐ြယ္မေ႐ြးျဖစ္ပြားႏိုင္သည္။

အဆုတ္တီဘီေရာဂါသည္ ကေလးမ်ားတြင္ ျဖစ္ပြားလ်က္ရွိေသာ္လည္း သတိမထားမိပဲ ရွိေနႏိုင္သည္။ အဆုတ္ျပင္ပတြင္ ျဖစ္ေသာတီဘီေရာဂါသည္လည္း  အ႐ြယ္ေရာက္ၿပီးသူမ်ားထက္  ကေလးမ်ားတြင္ ပိုမို ျဖစ္လြယ္ သည္။ ကေလးတီဘီအမ်ားစုသည္ တီဘီေရာဂါပိုးရွိေသာလူႀကီးေဝဒနာရွင္ထံမွ ကူးစက္ ခံရျခင္းျဖစ္သည္။ တီဘီေဝဒနာရွင္ ကေလးငယ္မ်ားတြင္သလိပ္အလြယ္တကူမထြက္သလို သလိပ္ အတြင္းတီဘီပိုးပါဝင္မႈလည္းနည္းသျဖင့္ကေလးအခ်င္းခ်င္း မကူးစက္ ႏိုင္ပါ။

ကေလးတီဘီေရာဂါ၏ ေနာက္ဆက္တြဲျပႆနာမ်ား
-နာတာရွည္ဖ်ားနာျခင္း
-ကေလး၏ ပုံမွန္ဖြံ႕ၿဖိဳးမႈေႏွာင့္ေႏွးျခင္း
-အဆုတ္တီဘီမွ အခ်ိန္မီမကုသႏိုင္လွ်င္ အဆုတ္ပ်က္စီးႏိုင္ျခင္း
-အဆုတ္မွတဆင့္ အျခားကိုယ္တြင္းအဂၤါမ်ားသို႔ ကူးစက္ႏိုင္ကာ အသက္ေသဆုံး သည္အထိျဖစ္ပြားႏိုင္ျခင္း

အဆုတ္ျပင္ပျဖစ္ပြားေသာ တီဘီေရာဂါမ်ားတြင္လည္း အခ်ိန္မီမကုသႏိုင္လွ်င္ ျဖစ္ပြားေသာအဂၤါအလိုက္ ပ်က္စီးျခင္းမ်ားျဖစ္ပြားႏိုင္သည္။ (ဥပမာ – အူတီဘီ၊ အ႐ိုးတီဘီေၾကာင့္ ေက်ာ႐ိုးမႀကီး ပ်က္စီးျခင္း၊ တီဘီပိုးေၾကာင့္ ဦးေႏွာက္ေျမႇး ေရာင္ျခင္း၊ အသက္ေသဆုံးႏိုင္ျခင္း)

ေခ်ာင္းမဆိုးျခင္း၊ သလိပ္အလြယ္တကူမထြက္ျခင္း၊ စမ္းသပ္စစ္ေဆးရာတြင္လည္း  မလြယ္ကူျခင္း စသည္တို႔ေၾကာင့္ ကေလးတီဘီ ေရာဂါရွင္မ်ားသည္ အခ်ိန္မီေဆးဝါး ကုသမႈ ခံယူႏိုင္ျခင္းမရွိပဲ  ေနာက္ဆက္တြဲ  ျပႆနာမ်ား ခံစားရမွသာ  တီဘီေရာဂါ ျဖစ္ေၾကာင္း သိသျဖင့္ ေနာက္က်မွသာ ကုသမႈခံယူႏိုင္ၾကသည္။

ကေလးမ်ားတြင္တီဘီေရာဂါကူးစက္ျခင္းမွ ကာကြယ္ရန္
-ကူးစက္ခံရပါက ကိုယ္ခႏၶာခ်ိဳ႕ယြင္းျခင္းမွ အသက္ေသဆုံးသည္အထိ  ျပင္းထန္သျဖင့္ေမြးကင္းစ ကေလးငယ္မ်ားက ဘီစီဂ်ီ (BCG) ကာကြယ္ေဆး ေသခ်ာထိုးႏွံေပးရန္။
-လသားအ႐ြယ္ကေလးငယ္ေလးမ်ားႏွင့္ အသက္ သုံးႏွစ္ေအာက္  ကေလးမ်ားတြင္  ခႏၶာကိုယ္၏ ကိုယ္ခံအားစနစ္ေကာင္းစြာ  မဖြံ႕ၿဖိဳးေသးသည့္အတြက္ တီဘီေရာဂါ  အလြယ္တကူ ကူးစက္ခံရႏိုင္သျဖင့္ ကေလးငယ္မ်ားအား လူေနထူထပ္ေသာ   ေနရာမ်ား၊ ေဈး၊ ကားဂိတ္၊ ဘူတာ၊ စသည့္  ေနရာမ်ားသို႔ မလိုအပ္ပဲ ေခၚေဆာင္မသြားသင့္ပါ။
ကေလးငယ္မ်ားအား တီဘီေဝဒနာရွင္ မ်ားႏွင့္ နီးကပ္စြာေနထိုင္ျခင္းကို ေရွာင္က်ဥ္ ရမည္။

ကေလးတီဘီအား ကုသမႈေပးျခင္း
ကေလးငယ္မ်ားအေနႏွင့္ ေခ်ာင္းမၾကာခဏဆိုးျခင္း၊ ကိုယ္အေလးခ်ိန္ က်သြားျခင္း၊ အစားအေသာက္ပ်က္၍ ပိန္လာျခင္း၊ ညေနပိုင္းမ်ားတြင္  မၾကာခဏဖ်ားျခင္း၊  လည္ပင္းပတ္လည္တြင္ အက်ိတ္မ်ားထြက္လာျခင္း၊  ဖ်ားလွ်င္လည္း အလြယ္တကူ မသက္သာႏိုင္ျခင္း စသည့္လကၡဏာမ်ား မိမိကေလးတြင္ခံစားရျခင္းရွိပါက နီးစပ္ရာ ေဆး႐ုံမ်ားရွိ ကေလးပါရဂူ (သို႔)  တီဘီေရာဂါကုသမႈ ဌာနမ်ားတြင္ ျပသကာ  စနစ္တက်စစ္ေဆးျပ အစြမ္းထက္တီဘီေဆးဝါးမ်ားျဖင့္ ကုသမႈခံယူရမည္။

အကယ္၍ ကေလးတြင္တီဘီေရာဂါခံစားေနရေၾကာင္း ေတြ႕ရွိရလွ်င္ အိမ္ရွိ လူႀကီးမ်ားလည္း သလိပ္စစ္ေဆးသင့္ၿပီး ပိုးေတြ႕လွ်င္ ကုသမႈခံယူရမည္။ သို႔မွသာ ကေလးအားကုသမႈ ေပးရာတြင္ ထိေရာက္စြာ ေပ်ာက္ကင္းသည္အထိ ကုသမႈ ေပးႏိုင္မည္ျဖစ္သည္။

Author : တင့္တယ္

Unicode Version

ကလေးတီဘီရောဂါဆိုတာ ဘယ်လောက်ကြောက်ဖို့ ကောင်းသလဲ

ရာသီဥတုကား ဆောင်းရာသီဖြစ်သော်လည်း အချိန်အခါမဟုတ်ရွာသွန်းသော မိုးကြောင့်  စိုထိုင်းထိုင်းနှင့်အလွန်နေရခက်လှသည်။ ရာသီဥတုအေးသလောက် နာမကျန်းဖြစ်သူများ အလွန်များသည်။  ဆေးခန်းသို့လာသမျှ လူနာများကို လိုအပ်သည်များ စမ်းသပ်ရင်း အချိန်ကုန် သွားသည်ကိုပင် သတိမထားမိ။

ညနေ ၄ နာရီခန့်တွင် အမျိုးသမီးတဦး သူမ၏သားဖြစ်ဟန်တူသူကို  ချီ၍  ဆေးခန်းအတွင်း ဝင်လာခဲ့သည်။ ချောင်းဆိုးလျက် ကလေးနေမကောင်းသည်မှာ ၄ရက်ခန့် ရှိပြီဖြစ်ကာ ချောင်းဆိုးပျောက်ဆေးနှင့် အဖျားကျဆေးများ ဆေးဆိုင်မှဝယ် တိုက်နေသော်လည်း ယခုတိုင် မသက်သာသေးကြောင်း ပြောသဖြင့် ကလေး၏ ကျန်းမာရေးနှင့် ပတ်သတ်၍ မေးမြန်းလိုက်သည်။ ကလေးမှာ မကြာခဏ နာမကျန်း   ဖြစ်တတ်ပြီး ယခုအသက် (၅)နှစ်ခန့်ရှိပြီဖြစ်ကာ KG တန်းကို  အနီးအနားရှိ အစိုးရမူလတန်းကျောင်းမှာ တက်ရောက်နေကြောင်းသိရသည်။ အသက်(၅)နှစ်ဟုပင် ဆိုသော်လည်း ကလေးမှာ  အတော်ညှပ်သည်။ သာမန်ကလေးတဦး ကဲ့သို့ ကောင်းစွာ  ဖွံ့ဖြိုးမှုမရှိပေ။

အရင်နေ့များက  ဘာလို့လာမပြသလဲမေးသော် သက်သာမည်ထင်၍ လာမပြမိ  ဟုသာပြောသည်။ လိုအပ်သည်များ စမ်းသပ်လိုက်သော် ကလေးတွင် အသက်ရှူလမ်းကြောင်း ပိုးဝင်သော လက္ခဏာများတွေ့ရသည်။ အထွေထွေအင်္ဂါရပ်များ အနေနှင့် သိသာအောင် ပြောရလျှင်    ဗိုက်ပူ၊ နံကားလေး ဖြစ်သည်။ လည်ပင်းရှေ့နှင့်  အနောက်ရှိ အကျိတ်များ သာမန်ထက်ကြီးနေသည်။ သန်ချဆေးတိုက်ကျွေးဖူးခြင်း ရှိ/ မရှိ  မေးမြန်းသော် လွန်ခဲ့သော ၃ လခန့်က ကျောင်းတွင် ဆေးစစ်လာသော  အဖွဲ့များမှ တိုက်ကျွေးဖူးကြောင်း ပြောသည်။

မိသားစုအတွင်း တီဘီရောဂါဖြစ်ပွားဖူးသူ ရှိ/မရှိ မေးမှ မိသားစုအတွင်း အဖိုးဖြစ်သူမှာ တီဘီရောဂါ ခံစားနေရကြောင်းနှင့် ကုသမှုမှာ  ဒုတိယအကြိမ် ခံယူနေရသူဖြစ်ကြောင်းသိရသည်။ ယခုကလေးတွင် ခံစားနေရသော   ရောဂါမှာ အဆုတ်ရောင်ရမ်းခြင်းကြောင့်  နာမကျန်းဖြစ်ရခြင်းဖြစ်ပြီးမိသားစုအတွင်း တီဘီရောဂါရှင်လည်း  ရှိသဖြင့်  ကလေးတီဘီရောဂါဖြစ်နိုင်ကြောင်းပြောကာ ကလေးတီဘီရောဂါ အကြောင်းအကြမ်းအားဖြင့်  နားလည်နိုင်စေရန်  ရှင်းပြပေးခဲ့ပြီး မနက်ဖြန်တွင် ဆေးရုံသို့သွား၍ ကလေးပါရဂူနှင့်ပြသပြီး တီဘီရောဂါ ရှိ/မရှိ စစ်ဆေးရန်နှင့်လိုအပ်သလို ကုသမှုထပ်မံခံယူရန်လည်း တိုက်တွန်းခဲ့သည်။

ကလေးကို အာဟာရပြည့်ဝသောအစားအစာများ ကျွေးရန်မှာပြီး လိုအပ်သော ဆေးများပေးကာ  ကျန်းမာရေးလက်ကမ်းစာစောင်တခု ပေးလိုက်ရင်း  ဆေးရုံသို့  မနက်ဖြန် သေချာသွားရန် မှာလိုက်သည်။ အဖိုးဖြစ်သူ၏ အသုံးအဆောင်များကိုလည်း  သန့်ရှင်းရေးသေချာပြုလုပ်ရန်နှင့် မျက်နှာဖုံးအကာအကွယ်  စနစ်တကျ အသုံးပြုစေရန်  ကိုလည်း သေချာမှာလိုက်သည်။

ကလေးများနှင့် တီဘီရောဂါ
ကမ္ဘာ့လူဦးရေ၏ သုံးပုံတပုံ ကူးစက်ခံနေရသော တီဘီရောဂါသည် မြန်မာနိုင်ငံ ကဲ့သို့သော ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အဖြစ်အများဆုံးဖြစ်သည်။

ကမ္ဘာတဝှမ်းရှိ အသက် ၁၅နှစ်အောက်ကလေးများတွင် အနည်းဆုံးတစ်သန်းခန့် ကူးစက်ခံနေရကြောင်း “ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)” က ထုတ်ပြန် ထားသည်။ နှစ်စဉ် တီဘီရောဂါ ခံစားရသူဦးရေ တိုးလျက်ရှိပြီး အသက်အရွယ် မရွေး ခြိမ်းခြောက်လျက်ရှိသော ရောဂါဖြစ်သည်။

ကာကွယ်ဆေးများစနစ်တကျမထိုးနှံခြင်း၊ အာဟာရချို့တဲ့ခြင်း၊ လူနေထူထပ်ခြင်း၊ ရောဂါဝေဒနာရှင်များအနေနှင့် အခြားသူများသို့ မကူးစက်စေရေး  အကြံပြုချက်များကိုမလိုက်နာခြင်း စသည်တို့ကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နှစ်စဉ် ရောဂါဝေဒနာရှင်များ ပိုပို၍ များလာနိုင်သည်။

တီဘီရောဂါ လက္ခဏာများ
-ချောင်းဆိုးခြင်း (ကလေးငယ်များတွင် သလိပ်မထွက်နိုင်ပါ)
-အစားအသောက်ပျက်လာ၍ ကိုယ်အလေးချိန်တဖြည်းဖြည်းကျလာခြင်း
-ညနေပိုင်းများတွင် ကျောပူ ခေါင်းပူဖြစ်ခြင်း (ဖျားခြင်း)
-ညဦးပိုင်းများတွင် မကြာခဏဖျားခြင်း၊ အဖျားတာရှည်ခြင်း
-အဖျားကျဆေးများ တိုက်နေသော်လည်း မသက်သာခြင်း
-လည်ပင်းရှေ့/နောက်နှင့် ချိုင်းတွင် အကျိတ်များပေါ်လာခြင်း/ စမ်း၍ရခြင်း
-အခြားကလေးများနှင့် တန်းတူမဖွံ့ဖြိုးခြင်း

တီဘီရောဂါဖြစ်ပွားပုံ
တီဘီရောဂါသည် သာမန်မျက်စိဖြင့်မမြင်နိုင်သော ဘတ်တီးရီးယားရောဂါပိုးကြောင့် ဖြစ်ပွားရခြင်းဖြစ်ကာ  လေမှတဆင့်  အလွယ်တကူ  ကူးစက်နိုင်သော ရောဂါ ဖြစ်သည်။ အဆုတ်တွင်ဖြစ်ပွားသောတီဘီနှင့် အဆုတ်ပြင်ပတွင် ဖြစ်ပွားသော တီဘီဟူ၍ နှစ်မျိုးရှိပြီး အသက်အရွယ်မရွေးဖြစ်ပွားနိုင်သည်။

အဆုတ်တီဘီရောဂါသည် ကလေးများတွင် ဖြစ်ပွားလျက်ရှိသော်လည်း သတိမထားမိပဲ ရှိနေနိုင်သည်။ အဆုတ်ပြင်ပတွင် ဖြစ်သောတီဘီရောဂါသည်လည်း  အရွယ်ရောက်ပြီးသူများထက်  ကလေးများတွင် ပိုမို ဖြစ်လွယ် သည်။ ကလေးတီဘီအများစုသည် တီဘီရောဂါပိုးရှိသောလူကြီးဝေဒနာရှင်ထံမှ ကူးစက် ခံရခြင်းဖြစ်သည်။ တီဘီဝေဒနာရှင် ကလေးငယ်များတွင်သလိပ်အလွယ်တကူမထွက်သလို သလိပ် အတွင်းတီဘီပိုးပါဝင်မှုလည်းနည်းသဖြင့်ကလေးအချင်းချင်း မကူးစက် နိုင်ပါ။

ကလေးတီဘီရောဂါ၏ နောက်ဆက်တွဲပြဿနာများ
-နာတာရှည်ဖျားနာခြင်း
-ကလေး၏ ပုံမှန်ဖွံ့ဖြိုးမှုနှောင့်နှေးခြင်း
-အဆုတ်တီဘီမှ အချိန်မီမကုသနိုင်လျှင် အဆုတ်ပျက်စီးနိုင်ခြင်း
-အဆုတ်မှတဆင့် အခြားကိုယ်တွင်းအင်္ဂါများသို့ ကူးစက်နိုင်ကာ အသက်သေဆုံး သည်အထိဖြစ်ပွားနိုင်ခြင်း

အဆုတ်ပြင်ပဖြစ်ပွားသော တီဘီရောဂါများတွင်လည်း အချိန်မီမကုသနိုင်လျှင် ဖြစ်ပွားသောအင်္ဂါအလိုက် ပျက်စီးခြင်းများဖြစ်ပွားနိုင်သည်။ (ဥပမာ – အူတီဘီ၊ အရိုးတီဘီကြောင့် ကျောရိုးမကြီး ပျက်စီးခြင်း၊ တီဘီပိုးကြောင့် ဦးနှောက်မြှေး ရောင်ခြင်း၊ အသက်သေဆုံးနိုင်ခြင်း)

ချောင်းမဆိုးခြင်း၊ သလိပ်အလွယ်တကူမထွက်ခြင်း၊ စမ်းသပ်စစ်ဆေးရာတွင်လည်း  မလွယ်ကူခြင်း စသည်တို့ကြောင့် ကလေးတီဘီ ရောဂါရှင်များသည် အချိန်မီဆေးဝါး ကုသမှု ခံယူနိုင်ခြင်းမရှိပဲ  နောက်ဆက်တွဲ  ပြဿနာများ ခံစားရမှသာ  တီဘီရောဂါ ဖြစ်ကြောင်း သိသဖြင့် နောက်ကျမှသာ ကုသမှုခံယူနိုင်ကြသည်။

ကလေးများတွင်တီဘီရောဂါကူးစက်ခြင်းမှ ကာကွယ်ရန်
-ကူးစက်ခံရပါက ကိုယ်ခန္ဓာချို့ယွင်းခြင်းမှ အသက်သေဆုံးသည်အထိ  ပြင်းထန်သဖြင့်မွေးကင်းစ ကလေးငယ်များက ဘီစီဂျီ (BCG) ကာကွယ်ဆေး သေချာထိုးနှံပေးရန်။
-လသားအရွယ်ကလေးငယ်လေးများနှင့် အသက် သုံးနှစ်အောက်  ကလေးများတွင်  ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်ကောင်းစွာ  မဖွံ့ဖြိုးသေးသည့်အတွက် တီဘီရောဂါ  အလွယ်တကူ ကူးစက်ခံရနိုင်သဖြင့် ကလေးငယ်များအား လူနေထူထပ်သော   နေရာများ၊ ဈေး၊ ကားဂိတ်၊ ဘူတာ၊ စသည့်  နေရာများသို့ မလိုအပ်ပဲ ခေါ်ဆောင်မသွားသင့်ပါ။
ကလေးငယ်များအား တီဘီဝေဒနာရှင် များနှင့် နီးကပ်စွာနေထိုင်ခြင်းကို ရှောင်ကျဉ် ရမည်။

ကလေးတီဘီအား ကုသမှုပေးခြင်း
ကလေးငယ်များအနေနှင့် ချောင်းမကြာခဏဆိုးခြင်း၊ ကိုယ်အလေးချိန် ကျသွားခြင်း၊ အစားအသောက်ပျက်၍ ပိန်လာခြင်း၊ ညနေပိုင်းများတွင်  မကြာခဏဖျားခြင်း၊  လည်ပင်းပတ်လည်တွင် အကျိတ်များထွက်လာခြင်း၊  ဖျားလျှင်လည်း အလွယ်တကူ မသက်သာနိုင်ခြင်း စသည့်လက္ခဏာများ မိမိကလေးတွင်ခံစားရခြင်းရှိပါက နီးစပ်ရာ ဆေးရုံများရှိ ကလေးပါရဂူ (သို့)  တီဘီရောဂါကုသမှု ဌာနများတွင် ပြသကာ  စနစ်တကျစစ်ဆေးပြ အစွမ်းထက်တီဘီဆေးဝါးများဖြင့် ကုသမှုခံယူရမည်။

အကယ်၍ ကလေးတွင်တီဘီရောဂါခံစားနေရကြောင်း တွေ့ရှိရလျှင် အိမ်ရှိ လူကြီးများလည်း သလိပ်စစ်ဆေးသင့်ပြီး ပိုးတွေ့လျှင် ကုသမှုခံယူရမည်။ သို့မှသာ ကလေးအားကုသမှု ပေးရာတွင် ထိရောက်စွာ ပျောက်ကင်းသည်အထိ ကုသမှု ပေးနိုင်မည်ဖြစ်သည်။

Author : တင့်တယ်

Previous Post

မသန့်ရှင်းတဲ့ စားသောက်ဆိုင်များ ရဲ့ အန္တရာယ်များ နှင့် ဘယ်လိုကာကွယ်ကြမလဲ

Next Post

ကိုယ်ဝန်ဆောင်နှင့်ဆေး

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
258

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
315

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
828

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1.1k
When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

3 years ago
999
To teach children to choose food that will be nutritious

သားသားမီးမီးတို့ အာဟာရဖြစ်မယ့်အစားအစာ ရွေးချယ်တတ်စေဖို့

3 years ago
671

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကိုယ်ဝန်ဆောင်နှင့်ဆေး

အမ်ိဳးသမီးမ်ား မေပါ့ဆသင့္ေသာ ေသြးဆင္းျခင္း

ကလေးမွေးပြီး လုပ်ငန်းခွင်ပြန်ဝင်ရသည့်အခါမှာ မိခင်နို့ကိုဘယ်လိုဆက်လက်တိုက်ကျွေးမလဲ။

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.