ကာကြယ္ေဆးမ်ား
ေရာဂါေတြကို ကာကြယ္ဖို႔အတြက္ ကာကြယ္ေဆးထိုးၾကတယ္။ ကာကြယ္ေဆးေတြကေတာ့ မ်ိဳးစုံရွိပါတယ္။ ရာသီေပၚတုပ္ေကြးေရာဂါကို ကာကြယ္ဖို႔အတြက္ ကာကြယ္ေဆးထိုးရတာ ၊ အသည္းေရာင္ အသားဝါ ဘီပိုးအတြက္ ကာကြယ္ေဆးထိုးတာ ၊ ဟိုတစ္ေလာကလိုမ်ိဳး အျဖစ္မ်ားလာတဲ့ အတြက္ ဂ်ပန္ဦးေႏွာက္ေရာင္ ကာကြယ္ေဆးထိုးတာ အစရွိသျဖင့္ ကာကြယ္ေဆးမ်ိဳးစုံကို ၾကားဖူးနားဝ ရွိၾကမယ္လို႔ ထင္ပါတယ္။
ကာကြယ္ေဆးထိုးတဲ့အခါ လူတစ္ေယာက္ရဲ႕အသက္အ႐ြယ္နဲ႔ ေရာဂါျဖစ္ႏိုင္ေခ်ေပၚ မူတည္ၿပီး ထိုးေပးၾကေလ့ရွိပါတယ္။ နားလည္ေအာင္ ဥပမာေပးရရင္ေတာ့ ဂ်ပန္ဦးေႏွာက္ေရာင္တုန္းက ကေလးေတြကို ပဲအဓိကထားထိုးေပးသြားတာကို ေတြ႕လိမ့္မယ္။ ဘာေၾကာင့္လဲဆိုရင္ ဒီေရာဂါက ကေလးေတြမွာ အဓိကျဖစ္တာမို႔ပါပဲ။
ကြၽန္မတို႔ႏိုင္ငံမွာလည္း ကာကြယ္ေဆးမ်ိဳးစုံထိုးလို႔ရေနပါၿပီ။ ကာကြယ္ေဆးေတြကို ထိုးေပးေနတဲ့ ေနရာမွာ အျဖစ္မ်ားတဲ့အတြက္ ႏိုင္ငံစီမံခ်က္နဲ႔ကို ထိုးေပးတဲ့ ကာကြယ္ေဆးအစီအစဥ္ေတြ ရွိသလို မိမိေနတဲ့ေဒသ အလုပ္အကိုင္ နာတာရွည္ေရာဂါ စတာေတြေပၚမူတည္ၿပီး ကိုယ္ပိုင္ေငြနဲ႔ ထိုးရတာလည္း ရွိႏိုင္ပါတယ္။
ႏိုင္ငံေတာ္စီမံခ်က္နဲ႔ ထိုးေပးတဲ့ထဲမွာေတာ့ ေမြးၿပီးစကေလးေတြကို လေပၚမူတည္ၿပီး ကာကြယ္ေဆးထိုးေပးတာက အဓိကပါပါတယ္။ ဒီလိုထိုးေပးရတဲ့ ရည္႐ြယ္ခ်က္ကေတာ့ ႏိုင္ငံတြင္းမွာအျဖစ္မ်ားတဲ့ ေရာဂါေတြကို ျဖစ္ႏႈန္းေလ်ာ့ခ်ဖို႔အတြက္ လူအမ်ားစုမွာ ကာကြယ္ေဆးထိုးဖို႔လိုပါတယ္။ ဒါေၾကာင့္ မလြတ္တမ္းထိုးျဖစ္သြားေအာင္ ေမြးကင္းစကေလးဘဝထဲကစၿပီး ထိုးေပးလိုက္တာျဖစ္ပါတယ္။ ဒါမွသာ အသက္ႀကီးလာလို႔ ေရာဂါပိုးေတြမ်ားတဲ့ ပတ္ဝန္းက်င္မွာအလုပ္လုပ္ရတဲ့အခါ ေလထုထဲကတစ္ဆင့္ ၊ အစားအစာကတစ္ဆင့္ ကူးစက္ႏိုင္တဲ့ ေရာဂါေတြကိုတိုက္ထုတ္ႏိုင္မဲ့ Antibody ကိုယ္ထဲမွာရွိေနမွာ ျဖစ္လို႔ပါဘဲ။
ကြၽန္မတို႔ ေလထုထဲမွာ ရွိေနတဲ့ ေရာဂါပိုးေတြနဲ႔ ေန႔စဥ္ထိေတြ႕ေနရသလို စားေသာက္ေနတဲ့ အစာေတြမွာလည္း ပိုးေတြပါေနပါတယ္။ ဒါေပမဲ့ ကြၽန္မတို႔အၿမဲတမ္းေရာဂါျဖစ္ေနၾကတာမဟုတ္ပါဘူး ။ ဘာေၾကာင့္လဲဆိုရင္ ေရာဂါပိုးေတြ ပမာဏတစ္ခုျပည့္ေအာင္ဝင္တဲ့အခါမွသာ ေရာဂါတစ္ခုျဖစ္လာမွာမို႔ပါပဲ။
ေနာက္တစ္ခုကေတာ့ ေရာဂါတစ္ခုျဖစ္မျဖစ္ဆိုတာ ကိုယ္ခံအားေပၚ အမ်ားႀကီး မူတည္ပါတယ္။ ျမင္ေအာင္ဥပမာေပးရရင္ေတာ့ အစာတစ္ခုကို စားတာခ်င္းတူရင္ေတာင္မွ တစ္ခါတစ္ေလ ကိုယ္ကဝမ္းေလွ်ာၿပီး သူကဝမ္းမေလွ်ာတာကို ႀကဳံဖူးၾကမွာပါ။
ဒါေၾကာင့္ ကာကြယ္ေဆးထိုးတာဟာ လူ႔ကိုယ္ထဲက ခုခံအားစနစ္အလုပ္လုပ္ပုံကိုအေျခခံထားပါတယ္။ တကယ္ေတာ့ ကာကြယ္ေဆးဆိုတာကလည္း ပုံမွန္ကိုယ္ခံအားေကာင္းေနေသးတဲ့ လူတစ္ေယာက္မွာ ေရာဂါျဖစ္ႏိုင္ေခ်နည္းတဲ့ အလားတူပိုးကို ကိုယ္ထဲထည့္ေပးလိုက္တာပါပဲ။ လူတစ္ေယာက္ဟာ ကိုယ္ခံအားေကာင္းေနေသးတယ္ဆိုရင္ ခုခံအားစနစ္ဟာ ခႏၶာကိုယ္ထဲက အစိတ္အပိုင္းတစ္ခုမဟုတ္တဲ့ ျပင္ပကပစၥည္းတစ္ခုဝင္လာတဲ့အခါမွာ ထိုအရာကို တိုက္ထုတ္ႏိုင္ဖို႔အတြက္ Antibody ထုတ္ပါတယ္။ ဒီ Antibody ဟာပိုးေတြကိုယ္တြင္းကို ဝင္ေရာက္လာတဲ့အခါမွာ တိုက္ထုတ္ေပးမွာျဖစ္ပါတယ္။
အဲေတာ့ ကာကြယ္ေဆးမွာ အကာင္အရွင္ကိုထိုးတဲ့ ကာကြယ္ေဆး ( live vaccine ) အေကာင္အေသ(killed vaccine) နဲ႔ အေကာင္ရဲ႕အစိတ္အပိုင္းတစ္ခုပဲပါဝင္တဲ့ ကာကြယ္ေဆး (component vaccine) ဆိုၿပီးရွိပါတယ္။
၁) အကာင္အရွင္ကိုထိုးတဲ့ ကာကြယ္ေဆး ( live vaccine ) မွာ ေရာဂါျဖစ္ႏိုင္ေခ်နည္းတဲ့ ပိုးအေကာင္ပဲထည့္ထားပါတယ္။ ဒါေပမဲ့ ပိုးအရွင္ပါဝင္တဲ့ ဒီကာကြယ္ေဆးေတြဟာ ကိုယ္ခံအားအေတာ္က်ေနႏိုင္တဲ့ ေရာဂါရွိသူေတြမွာ ေရာဂါကိုျဖစ္သြားေစႏိုင္ပါတယ္။ ဒါေၾကာင့္ ဒီလိုေဆးေတြထိုးမယ္ဆိုရင္ ျပင္းျပင္းထန္ထန္ေနမေကာင္းျဖစ္မေနဖို႔ လိုပါတယ္။ ေနာက္ၿပီး ဒီကာကြယ္ေဆးေတြကို ကိုယ္ဝန္ေဆာင္ေတြမွာ မထိုးခိုင္းတတ္ပါဘူး။
ေနာက္တစ္ခုကေတာ့ေရာဂါျဖစ္ႏိုင္ေခ်နည္းတဲ့ ပိုးကိုပဲထည့္ထားျဖစ္တဲ့အတြက္ တစ္ခ်ိဳ႕ဟာေတြမွာ ေရာဂါတကယ္ျဖစ္ေစမဲ့ ျပင္ပကေရာဂါပိုးဝင္တဲ့အခါ ပိုးကိုတိုက္ထုတ္ႏိုင္ဖို႔လုံေလာက္တဲ့ Antibody ကတစ္ခါထိုး႐ုံမွ်နဲ႔ ထြက္မွာမဟုတ္ပါဘူး။ ဒါေၾကာင့္ Antibody လုံေလာက္ေအာင္ထြက္ဖို႔ တစ္ခ်ိဳ႕ကာကြယ္ေဆးေတြကိုႏွစ္ႀကိမ္ သုံးႀကိမ္ထိုးရတာလည္းျဖစ္ႏိုင္ပါတယ္။
ဒီထဲမွာ
MMR( ဝက္သက္ ပါးခ်ိပ္ေရာင္ Rubella )
ပိုလီယို
တီဘီ အစရွိတဲ့ ကာကြယ္ေဆးေတြ ပါဂင္ပါတယ္။
၂) အေကာင္အေသ(killed vaccine)
အေကာင္အေသ(killed vaccine) မွာပါဝင္တဲ့ အေကာင္ေတြဟာ ေရာဂါျဖစ္ႏိုင္ေခ်ႏႈန္း အေတာ္ျမင့္ပါတယ္။ သူတို႔ကို killed vaccine အေနနဲ႔မေပးဘူးဆိုရင္ သာမန္လူမွာေတာင္ ေရာဂါျဖစ္သြားႏိုင္ပါတယ္။
ဒီလိုကာကြယ္ေဆးထဲမွာေတာ့
အသည္းေရာင္အသားဝါ ေအ
တုပ္ေကြးကာကြယ္ေဆး
ေခြး႐ူး အစရွိတဲ့ ကာကြယ္ေဆးေတြပါပါတယ္။
၃)အေကာင္ရဲ႕အစိတ္အပိုင္းတစ္ခုပဲပါဝင္တဲ့ ကာကြယ္ေဆး(component vaccine)
နာမည္အတိုင္းပဲ အေကာင္ထက္ သူရဲ႕အစိတ္အပိုင္းတစ္ခုပဲပါပါတယ္။
ဒီလိုကာကြယ္ေဆးထဲမွာေတာ့
ဆုံဆို႔ ၾကက္ညႇာ ေမးခိုင္ကာကြယ္ေဆး
အသည္းေရာင္အသားဝါ ဘီ
သားအိမ္ေခါင္းကင္ဆာကာကြယ္ေဆးေတြပါဝင္ပါတယ္။
ဒီေန႔ေတာ့ ထိုးေနၾကတဲ့ ကာကြယ္ေဆးေတြအေၾကာင္းကို အက်ဥ္းခ်ဳံး ေဖာ္ျပေပးလိုက္ပါတယ္ေနာ္…
Author : Dr. ေမႊး
ကာကွယ်ဆေးများ
ရောဂါတွေကို ကာကွယ်ဖို့အတွက် ကာကွယ်ဆေးထိုးကြတယ်။ ကာကွယ်ဆေးတွေကတော့ မျိုးစုံရှိပါတယ်။ ရာသီပေါ်တုပ်ကွေးရောဂါကို ကာကွယ်ဖို့အတွက် ကာကွယ်ဆေးထိုးရတာ ၊ အသည်းရောင် အသားဝါ ဘီပိုးအတွက် ကာကွယ်ဆေးထိုးတာ ၊ ဟိုတစ်လောကလိုမျိုး အဖြစ်များလာတဲ့ အတွက် ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးထိုးတာ အစရှိသဖြင့် ကာကွယ်ဆေးမျိုးစုံကို ကြားဖူးနားဝ ရှိကြမယ်လို့ ထင်ပါတယ်။
ကာကွယ်ဆေးထိုးတဲ့အခါ လူတစ်ယောက်ရဲ့အသက်အရွယ်နဲ့ ရောဂါဖြစ်နိုင်ချေပေါ် မူတည်ပြီး ထိုးပေးကြလေ့ရှိပါတယ်။ နားလည်အောင် ဥပမာပေးရရင်တော့ ဂျပန်ဦးနှောက်ရောင်တုန်းက ကလေးတွေကို ပဲအဓိကထားထိုးပေးသွားတာကို တွေ့လိမ့်မယ်။ ဘာကြောင့်လဲဆိုရင် ဒီရောဂါက ကလေးတွေမှာ အဓိကဖြစ်တာမို့ပါပဲ။
ကျွန်မတို့နိုင်ငံမှာလည်း ကာကွယ်ဆေးမျိုးစုံထိုးလို့ရနေပါပြီ။ ကာကွယ်ဆေးတွေကို ထိုးပေးနေတဲ့ နေရာမှာ အဖြစ်များတဲ့အတွက် နိုင်ငံစီမံချက်နဲ့ကို ထိုးပေးတဲ့ ကာကွယ်ဆေးအစီအစဉ်တွေ ရှိသလို မိမိနေတဲ့ဒေသ အလုပ်အကိုင် နာတာရှည်ရောဂါ စတာတွေပေါ်မူတည်ပြီး ကိုယ်ပိုင်ငွေနဲ့ ထိုးရတာလည်း ရှိနိုင်ပါတယ်။
နိုင်ငံတော်စီမံချက်နဲ့ ထိုးပေးတဲ့ထဲမှာတော့ မွေးပြီးစကလေးတွေကို လပေါ်မူတည်ပြီး ကာကွယ်ဆေးထိုးပေးတာက အဓိကပါပါတယ်။ ဒီလိုထိုးပေးရတဲ့ ရည်ရွယ်ချက်ကတော့ နိုင်ငံတွင်းမှာအဖြစ်များတဲ့ ရောဂါတွေကို ဖြစ်နှုန်းလျော့ချဖို့အတွက် လူအများစုမှာ ကာကွယ်ဆေးထိုးဖို့လိုပါတယ်။ ဒါကြောင့် မလွတ်တမ်းထိုးဖြစ်သွားအောင် မွေးကင်းစကလေးဘဝထဲကစပြီး ထိုးပေးလိုက်တာဖြစ်ပါတယ်။ ဒါမှသာ အသက်ကြီးလာလို့ ရောဂါပိုးတွေများတဲ့ ပတ်ဝန်းကျင်မှာအလုပ်လုပ်ရတဲ့အခါ လေထုထဲကတစ်ဆင့် ၊ အစားအစာကတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေကိုတိုက်ထုတ်နိုင်မဲ့ Antibody ကိုယ်ထဲမှာရှိနေမှာ ဖြစ်လို့ပါဘဲ။
ကျွန်မတို့ လေထုထဲမှာ ရှိနေတဲ့ ရောဂါပိုးတွေနဲ့ နေ့စဉ်ထိတွေ့နေရသလို စားသောက်နေတဲ့ အစာတွေမှာလည်း ပိုးတွေပါနေပါတယ်။ ဒါပေမဲ့ ကျွန်မတို့အမြဲတမ်းရောဂါဖြစ်နေကြတာမဟုတ်ပါဘူး ။ ဘာကြောင့်လဲဆိုရင် ရောဂါပိုးတွေ ပမာဏတစ်ခုပြည့်အောင်ဝင်တဲ့အခါမှသာ ရောဂါတစ်ခုဖြစ်လာမှာမို့ပါပဲ။
နောက်တစ်ခုကတော့ ရောဂါတစ်ခုဖြစ်မဖြစ်ဆိုတာ ကိုယ်ခံအားပေါ် အများကြီး မူတည်ပါတယ်။ မြင်အောင်ဥပမာပေးရရင်တော့ အစာတစ်ခုကို စားတာချင်းတူရင်တောင်မှ တစ်ခါတစ်လေ ကိုယ်ကဝမ်းလျှောပြီး သူကဝမ်းမလျှောတာကို ကြုံဖူးကြမှာပါ။
ဒါကြောင့် ကာကွယ်ဆေးထိုးတာဟာ လူ့ကိုယ်ထဲက ခုခံအားစနစ်အလုပ်လုပ်ပုံကိုအခြေခံထားပါတယ်။ တကယ်တော့ ကာကွယ်ဆေးဆိုတာကလည်း ပုံမှန်ကိုယ်ခံအားကောင်းနေသေးတဲ့ လူတစ်ယောက်မှာ ရောဂါဖြစ်နိုင်ချေနည်းတဲ့ အလားတူပိုးကို ကိုယ်ထဲထည့်ပေးလိုက်တာပါပဲ။ လူတစ်ယောက်ဟာ ကိုယ်ခံအားကောင်းနေသေးတယ်ဆိုရင် ခုခံအားစနစ်ဟာ ခန္ဓာကိုယ်ထဲက အစိတ်အပိုင်းတစ်ခုမဟုတ်တဲ့ ပြင်ပကပစ္စည်းတစ်ခုဝင်လာတဲ့အခါမှာ ထိုအရာကို တိုက်ထုတ်နိုင်ဖို့အတွက် Antibody ထုတ်ပါတယ်။ ဒီ Antibody ဟာပိုးတွေကိုယ်တွင်းကို ဝင်ရောက်လာတဲ့အခါမှာ တိုက်ထုတ်ပေးမှာဖြစ်ပါတယ်။
အဲတော့ ကာကွယ်ဆေးမှာ အကာင်အရှင်ကိုထိုးတဲ့ ကာကွယ်ဆေး ( live vaccine ) အကောင်အသေ(killed vaccine) နဲ့ အကောင်ရဲ့အစိတ်အပိုင်းတစ်ခုပဲပါဝင်တဲ့ ကာကွယ်ဆေး (component vaccine) ဆိုပြီးရှိပါတယ်။
၁) အကာင်အရှင်ကိုထိုးတဲ့ ကာကွယ်ဆေး ( live vaccine ) မှာ ရောဂါဖြစ်နိုင်ချေနည်းတဲ့ ပိုးအကောင်ပဲထည့်ထားပါတယ်။ ဒါပေမဲ့ ပိုးအရှင်ပါဝင်တဲ့ ဒီကာကွယ်ဆေးတွေဟာ ကိုယ်ခံအားအတော်ကျနေနိုင်တဲ့ ရောဂါရှိသူတွေမှာ ရောဂါကိုဖြစ်သွားစေနိုင်ပါတယ်။ ဒါကြောင့် ဒီလိုဆေးတွေထိုးမယ်ဆိုရင် ပြင်းပြင်းထန်ထန်နေမကောင်းဖြစ်မနေဖို့ လိုပါတယ်။ နောက်ပြီး ဒီကာကွယ်ဆေးတွေကို ကိုယ်ဝန်ဆောင်တွေမှာ မထိုးခိုင်းတတ်ပါဘူး။
နောက်တစ်ခုကတော့ရောဂါဖြစ်နိုင်ချေနည်းတဲ့ ပိုးကိုပဲထည့်ထားဖြစ်တဲ့အတွက် တစ်ချို့ဟာတွေမှာ ရောဂါတကယ်ဖြစ်စေမဲ့ ပြင်ပကရောဂါပိုးဝင်တဲ့အခါ ပိုးကိုတိုက်ထုတ်နိုင်ဖို့လုံလောက်တဲ့ Antibody ကတစ်ခါထိုးရုံမျှနဲ့ ထွက်မှာမဟုတ်ပါဘူး။ ဒါကြောင့် Antibody လုံလောက်အောင်ထွက်ဖို့ တစ်ချို့ကာကွယ်ဆေးတွေကိုနှစ်ကြိမ် သုံးကြိမ်ထိုးရတာလည်းဖြစ်နိုင်ပါတယ်။
ဒီထဲမှာ
MMR( ဝက်သက် ပါးချိပ်ရောင် Rubella )
ပိုလီယို
တီဘီ အစရှိတဲ့ ကာကွယ်ဆေးတွေ ပါဂင်ပါတယ်။
၂) အကောင်အသေ(killed vaccine)
အကောင်အသေ(killed vaccine) မှာပါဝင်တဲ့ အကောင်တွေဟာ ရောဂါဖြစ်နိုင်ချေနှုန်း အတော်မြင့်ပါတယ်။ သူတို့ကို killed vaccine အနေနဲ့မပေးဘူးဆိုရင် သာမန်လူမှာတောင် ရောဂါဖြစ်သွားနိုင်ပါတယ်။
ဒီလိုကာကွယ်ဆေးထဲမှာတော့
အသည်းရောင်အသားဝါ အေ
တုပ်ကွေးကာကွယ်ဆေး
ခွေးရူး အစရှိတဲ့ ကာကွယ်ဆေးတွေပါပါတယ်။
၃)အကောင်ရဲ့အစိတ်အပိုင်းတစ်ခုပဲပါဝင်တဲ့ ကာကွယ်ဆေး(component vaccine)
နာမည်အတိုင်းပဲ အကောင်ထက် သူရဲ့အစိတ်အပိုင်းတစ်ခုပဲပါပါတယ်။
ဒီလိုကာကွယ်ဆေးထဲမှာတော့
ဆုံဆို့ ကြက်ညှာ မေးခိုင်ကာကွယ်ဆေး
အသည်းရောင်အသားဝါ ဘီ
သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးတွေပါဝင်ပါတယ်။
ဒီနေ့တော့ ထိုးနေကြတဲ့ ကာကွယ်ဆေးတွေအကြောင်းကို အကျဉ်းချုံး ဖော်ပြပေးလိုက်ပါတယ်နော်…
Author : Dr. မွှေး