fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

ကလေးငယ်များအား အာဟာရပြည့်ဝသော အစားအစာ စားစေဖို့ လေ့ကျင့်ပေးခြင်း( အပိုင်း ၂)

29
VIEWS
Share on FacebookShare on TwitterShare on Linkedin
04/04/2018
in မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

ကေလးငယ္မ်ားအား အာဟာရျပည့္ဝေသာ အစားအစာ စားေစဖို႔ ေလ့က်င့္ေပးျခင္း( အပုိင္း ၂)

မေန႔က အဆက္ေလးျဖစ္တဲ့ ကေလးငယ္မ်ား အာဟာရျပည့္ဝေစတဲ့ အစားအစာေတြကုိ စားတတ္ဖုိ႔ အေလ့အက်င့္ လုပ္ေပးတယ္ဆုိတဲ့ ေနရာမွာ ကေလးမ်ားနဲ႔ အခ်ိန္ေပးၿပီး ထမင္းတူတူစားပါ။ ယေန႔လူမႈပတ္ဝန္းက်င္မွာ မိဘ၂ေယာက္လံုးဟာ အလုပ္သြားရ၊ ကေလးမ်ားကလည္း မူႀကိဳတက္ရတာ က်ဴရွင္တက္ရတာနဲ႔ မ်ဳိးစံုျဖစ္ေနေသာအခါ အတူတူထမင္းစားရတယ္ဆိုတာ အေတာ္ရွားပါတယ္။ အဲ့လိုရွားပါးတဲ့ထဲကမွ အတတ္ႏိုင္ဆံုး ညစာျဖစ္ျဖစ္ တစ္မိသားစုလံုး ထမင္းလက္ဆံုစားေပးသင့္ပါတယ္။ သို႔မွသာ ကေလးမ်ားနဲ႔ မိဘၾကားမွာ ေႏြးေထြးမႈ ရင္းႏီွးမႈ ပိုမိုရရိွႏိုင္ၿပီး ကေလးမ်ားအတြက္လည္း မိဘမ်ားဆီက အာဟာရျပည့္ဝေသာ အစားအစာမ်ားစားသံုးျခင္းအေလ့အက်င့္ကို အတုယူႏိုင္ရန္ အခြင့္အေရးရမွာအေသအခ်ာပင္ျဖစ္ပါတယ္။ ထိုမွ်သာမက ကေလးမ်ားသည္ ကယ္လ္ဆီယမ္ဓာတ္၊ သံဓာတ္ႏွင့္ အမွ်င္ဓာတ္မ်ားပါဝင္ေသာ အစားအစာမ်ားကို ပိုမိုစားသံုးသင့္ပါတယ္။ ထိုအာဟာရဓာတ္မ်ားသည္ ကေလးမ်ား ဉာဏ္ရည္ဖြံ႕ၿဖိဳးမႈ၊ ကိုယ္ခႏၶာႀကီးထားမႈတို႔ကို ျဖစ္ေစပါတယ္။

– ကေလးမ်ားအား အစားအေသာက္ျပင္ဆင္ရာတြင္ ပါဝင္ခြင့္ျပဳပါ။

ဒီအခ်က္ကေတာ့ ေမေမနဲ႔ ကေလးမ်ားၾကား ရင္းႏီွးမႈပိုမိုရေစမွာပါ။ ေမေမမ်ား ေစ်းသြားတဲ့အခါ citymartမ်ားထဲ ေစ်းသြားဝယ္တဲ့အခါ ကေလးမ်ားကို ေခၚသြားၿပီး လတ္ဆတ္ေသာ ဟင္းသီးဟင္းရြက္မ်ားကို ေရြးခ်ယ္ခိုင္းသင့္ပါတယ္။ အကယ္၍ ကေလးေရြးခ်ယ္လိုက္ေသာ ဟင္းသီးဟင္းရြက္မွာ မိမိမႀကိဳက္ေသာ ဟင္းသီးဟင္းရြက္ျဖစ္ေစကာမူ ကေလးမ်ားကို ေရြးခ်ယ္၍ စားေသာက္ဖို႔ တိုက္တြန္းေစခ်င္ပါတယ္။ ထို႔အျပင္ အစားအေသာက္ျပင္ဆင္ခ်က္ျပဳတ္ရာတြင္လည္း ကေလးမ်ားအား ပါဝင္ခြင့္ျပဳသင့္ပါတယ္။ ဟင္းရြက္ေဆးေၾကာျခင္း၊ ပန္းကန္ေဆးေၾကာျခင္းျဖင့္ ျပင္ဆင္ခ်က္ျပဳတ္တဲ့နည္းစနစ္မ်ား အနည္းငယ္မွ်သိေစရန္ သြန္သင္ေပးသင့္ပါတယ္။ အလုပ္ဝိုင္းကူရင္း ဟင္းသီးဟင္းရြက္မ်ားကို မည္သို႔ျပင္ဆင္ခ်က္ျပဳတ္ရမည္ဟု ကေလးမ်ားကို စဥ္းစားခိုင္းျခင္းျဖင့္ ဉာဏ္ရည္ဉာဏ္ေသြးထက္ျမက္ေအာင္ ေလ့က်င့္ေပးလို႔ရပါေသးတယ္။

(၂) ဒီလိုအေလ့အက်င့္ေကာင္းေတြ သင္ေပးျခင္းအျပင္ အာဟာရျပည့္ဝေသာ အစားအစာမ်ားကိုလည္း ေသခ်ာေရြးခ်ယ္ျပင္ဆင္တတ္ဖို႔ လိုအပ္ပါေသးတယ္။

– အသားေရြးခ်ယ္ရာတြင္ lean proteinဟုေခၚေသာ အဆီထုတ္ထားသည့္ (သို႔) အဆီမပါသည့္အသားကို ေရြးခ်ယ္သင့္ပါတယ္။ အဆီထုတ္ထားေသာ အသားတြင္ ကယ္လိုရီနည္းပါးၿပီး က်န္းမာေရးနဲ႔မညီၫြတ္ေသာ အဆီနည္းပါးပါတယ္။ ကေလးမ်ားတြင္ ကယ္လိုရီမ်ားခ်င္းက ျပႆနာသိပ္မဟုတ္ေပမယ့္ ျပည့္ဝဆီပါဝင္ေသာ အသားမ်ားက အႏၲရာယ္ျဖစ္ေစပါတယ္။ ဒါ့ေၾကာင့္ ေန႔တိုင္းစားေသာ အစားအစာမ်ားတြင္ အသားဓာတ္အနည္းငယ္မွ်ပါဝင္သင့္ပါတယ္။ အသားခ်ည္းပဲ စားဖို႔ မလိုအပ္ပါဘူး။ အသားအျပင္ ပ႐ိုတင္းဓာတ္ျပည့္ဝစြာ ပါဝင္ေသာ အျခားအစားအစာမ်ားျဖစ္သည့္ အဆီနည္းေသာ ႏို႔ႏွင့္ႏို႔ထြက္ပစၥည္းမ်ား၊ ၾကက္ဥ၊ ဘဲဥ၊ ပဲအမ်ဳိးမ်ဳိး၊ အ႐ိုးပါဝါးစားလို႔ရေသာ ငါးေသးေလးမ်ား၊ ပင္လယ္စာမ်ား စသည္တို႔လည္း စားသံုးလို႔ရပါတယ္။

– ကေလးမ်ားအတြက္ ေန႔စဥ္ ထမင္းတစ္ႀကိမ္စားတိုင္း ဟင္းသီးဟင္းရြက္တစ္မ်ဳိးမ်ဳိး ပါဝင္သင့္ပါတယ္။ ထမင္းစားသည့္အႀကိမ္တိုင္း ဟင္းသီးဟင္းရြက္ ခြက္တစ္ဝက္မွ်ပါ႐ံုႏွင့္ လံုေလာက္ပါတယ္။ ကေလးငယ္မ်ားတြင္ ဟင္းသီးဟင္းရြက္၊ အသီးအႏွံစားသံုးေပးျခင္းသည္ မ်ားစြာအက်ဳိးရိွေစပါတယ္။ ဟင္းသီးဟင္းရြက္မ်ားထဲတြင္ ကေလးမ်ားအတြက္ လိုအပ္ေသာ အမွ်င္ဓာတ္၊ ဗီတာမင္ဓာတ္၊ သတၱဳဓာတ္စသည္တို႔ မ်ားစြာပါဝင္ပါတယ္။

– ေရမ်ားမ်ားေသာက္ရန္ တိုက္တြန္းေပးပါ။ ကေလးေတြကို ေရတိုက္ရတာ အေျပာလြယ္သေလာက္ အေတာ္ခက္တဲ့ကိစၥပါ။ ကေလးငယ္မ်ားက ခ်ဳိေသာအရသာရိွတဲ့ အရည္၊ ဆိုးေဆးပါေသာ အခ်ဳိရည္မ်ား၊ သၾကားလံုး၊ ေရခဲမုန္႔တို႔ကို ပိုမိုႏွစ္သက္ၾကပါတယ္။ သို႔ေသာ္ ေရသာလွ်င္ အေကာင္းဆံုးပါ။ ကေလးငယ္မ်ားအတြက္ တစ္ေန႔ကို ေရခြက္ႀကီးနဲ႔ ၂ခြက္မွ ၃ခြက္အထိ ေသာက္ရပါမယ္။ ဒါ့အျပင္ အဆီပါဝင္မႈနည္းေသာ ႏို႔ (Low fat milk)ကိုလည္း ေသာက္သံုးႏိုင္ပါတယ္။ Low fat milkကို ေသာက္သံုးျခင္းျဖင့္ ကေလးမ်ား အ႐ိုးႀကီးထြားဖြံ႕ၿဖိဳးမႈအတြက္ လိုအပ္ေသာ ဗီတာမင္-D၊ ကယ္လ္စီယမ္ႏွင့္ ပ႐ိုတင္းဓာတ္တို႔ကို ရရိွမွာျဖစ္ပါတယ္။ တစ္ေန႔ကို ၂ခြက္ေသာက္သံုးလွ်င္ လံုေလာက္ပါတယ္။

တျခားေသာ gasပါေသာ အခ်ဳိရည္မ်ား၊ ေဆာ္ဒါ အစရိွသည္တို႔ကို မေသာက္သင့္ပါ။ ေရႏွင့္ ႏို႔၊ ပဲႏို႔တို႔သာလွ်င္ အသင့္ေတာ္ဆံုးျဖစ္ပါတယ္။

ကေလးငယ္မ်ားအတြက္ အာဟာရျပည့္ဝေသာ အစားအစာမ်ား စားရျခင္းသည္ က်န္းမာေရးအတြက္ အေထာက္အပံ့ျဖစ္႐ံုသာမက ဉာဏ္ရည္ဉာဏ္ေသြးလည္း ျမင့္မားေစပါတယ္။ မိဘမ်ားအေနျဖင့္ အထက္ပါ ေလ့က်င့္ပ်ဳိးေထာင္နည္းလမ္းမ်ားထဲမွ မိမိတို႔၏ ကေလးငယ္မ်ားႏွင့္ သင့္ေတာ္ေသာ နည္းလမ္းမ်ားကို ေရြးခ်ယ္ၿပီး ေလ့က်င့္ေပးရန္ တိုက္တြန္းလိုပါတယ္။ ေဖာ္ျပခဲ့ေသာ အေၾကာင္းအရာမ်ားမွ တစ္ခုမဟုတ္ တစ္ခု အသံုးဝင္ေစရန္ ေမွ်ာ္လင့္မိပါတယ္။

က်န္းမာႀကံ႕ခိုင္၍ ဉာဏ္ရည္ထက္ျမက္ေသာ ကေလးမ်ား ျဖစ္လာၾကေစဖို႔ ရည္ရြယ္၍ ေရးသားလိုက္ရပါသည္။

Author : Dr.သီတာလိႈင္(ေဆး-၂)

ကလေးငယ်များအား အာဟာရပြည့်ဝသော အစားအစာ စားစေဖို့ လေ့ကျင့်ပေးခြင်း( အပိုင်း ၂)

မနေ့က အဆက်လေးဖြစ်တဲ့ ကလေးငယ်များ အာဟာရပြည့်ဝစေတဲ့ အစားအစာတွေကို စားတတ်ဖို့ အလေ့အကျင့် လုပ်ပေးတယ်ဆိုတဲ့ နေရာမှာ ကလေးများနဲ့ အချိန်ပေးပြီး ထမင်းတူတူစားပါ။ ယနေ့လူမှုပတ်ဝန်းကျင်မှာ မိဘ၂ယောက်လုံးဟာ အလုပ်သွားရ၊ ကလေးများကလည်း မူကြိုတက်ရတာ ကျူရှင်တက်ရတာနဲ့ မျိုးစုံဖြစ်နေသောအခါ အတူတူထမင်းစားရတယ်ဆိုတာ အတော်ရှားပါတယ်။ အဲ့လိုရှားပါးတဲ့ထဲကမှ အတတ်နိုင်ဆုံး ညစာဖြစ်ဖြစ် တစ်မိသားစုလုံး ထမင်းလက်ဆုံစားပေးသင့်ပါတယ်။ သို့မှသာ ကလေးများနဲ့ မိဘကြားမှာ နွေးထွေးမှု ရင်းနှီးမှု ပိုမိုရရှိနိုင်ပြီး ကလေးများအတွက်လည်း မိဘများဆီက အာဟာရပြည့်ဝသော အစားအစာများစားသုံးခြင်းအလေ့အကျင့်ကို အတုယူနိုင်ရန် အခွင့်အရေးရမှာအသေအချာပင်ဖြစ်ပါတယ်။ ထိုမျှသာမက ကလေးများသည် ကယ်လ်ဆီယမ်ဓာတ်၊ သံဓာတ်နှင့် အမျှင်ဓာတ်များပါဝင်သော အစားအစာများကို ပိုမိုစားသုံးသင့်ပါတယ်။ ထိုအာဟာရဓာတ်များသည် ကလေးများ ဉာဏ်ရည်ဖွံ့ဖြိုးမှု၊ ကိုယ်ခန္ဓာကြီးထားမှုတို့ကို ဖြစ်စေပါတယ်။

– ကလေးများအား အစားအသောက်ပြင်ဆင်ရာတွင် ပါဝင်ခွင့်ပြုပါ။

ဒီအချက်ကတော့ မေမေနဲ့ ကလေးများကြား ရင်းနှီးမှုပိုမိုရစေမှာပါ။ မေမေများ ဈေးသွားတဲ့အခါ citymartများထဲ ဈေးသွားဝယ်တဲ့အခါ ကလေးများကို ခေါ်သွားပြီး လတ်ဆတ်သော ဟင်းသီးဟင်းရွက်များကို ရွေးချယ်ခိုင်းသင့်ပါတယ်။ အကယ်၍ ကလေးရွေးချယ်လိုက်သော ဟင်းသီးဟင်းရွက်မှာ မိမိမကြိုက်သော ဟင်းသီးဟင်းရွက်ဖြစ်စေကာမူ ကလေးများကို ရွေးချယ်၍ စားသောက်ဖို့ တိုက်တွန်းစေချင်ပါတယ်။ ထို့အပြင် အစားအသောက်ပြင်ဆင်ချက်ပြုတ်ရာတွင်လည်း ကလေးများအား ပါဝင်ခွင့်ပြုသင့်ပါတယ်။ ဟင်းရွက်ဆေးကြောခြင်း၊ ပန်းကန်ဆေးကြောခြင်းဖြင့် ပြင်ဆင်ချက်ပြုတ်တဲ့နည်းစနစ်များ အနည်းငယ်မျှသိစေရန် သွန်သင်ပေးသင့်ပါတယ်။ အလုပ်ဝိုင်းကူရင်း ဟင်းသီးဟင်းရွက်များကို မည်သို့ပြင်ဆင်ချက်ပြုတ်ရမည်ဟု ကလေးများကို စဉ်းစားခိုင်းခြင်းဖြင့် ဉာဏ်ရည်ဉာဏ်သွေးထက်မြက်အောင် လေ့ကျင့်ပေးလို့ရပါသေးတယ်။

(၂) ဒီလိုအလေ့အကျင့်ကောင်းတွေ သင်ပေးခြင်းအပြင် အာဟာရပြည့်ဝသော အစားအစာများကိုလည်း သေချာရွေးချယ်ပြင်ဆင်တတ်ဖို့ လိုအပ်ပါသေးတယ်။

– အသားရွေးချယ်ရာတွင် lean proteinဟုခေါ်သော အဆီထုတ်ထားသည့် (သို့) အဆီမပါသည့်အသားကို ရွေးချယ်သင့်ပါတယ်။ အဆီထုတ်ထားသော အသားတွင် ကယ်လိုရီနည်းပါးပြီး ကျန်းမာရေးနဲ့မညီညွတ်သော အဆီနည်းပါးပါတယ်။ ကလေးများတွင် ကယ်လိုရီများချင်းက ပြဿနာသိပ်မဟုတ်ပေမယ့် ပြည့်ဝဆီပါဝင်သော အသားများက အန္တရာယ်ဖြစ်စေပါတယ်။ ဒါ့ကြောင့် နေ့တိုင်းစားသော အစားအစာများတွင် အသားဓာတ်အနည်းငယ်မျှပါဝင်သင့်ပါတယ်။ အသားချည်းပဲ စားဖို့ မလိုအပ်ပါဘူး။ အသားအပြင် ပရိုတင်းဓာတ်ပြည့်ဝစွာ ပါဝင်သော အခြားအစားအစာများဖြစ်သည့် အဆီနည်းသော နို့နှင့်နို့ထွက်ပစ္စည်းများ၊ ကြက်ဥ၊ ဘဲဥ၊ ပဲအမျိုးမျိုး၊ အရိုးပါဝါးစားလို့ရသော ငါးသေးလေးများ၊ ပင်လယ်စာများ စသည်တို့လည်း စားသုံးလို့ရပါတယ်။

– ကလေးများအတွက် နေ့စဉ် ထမင်းတစ်ကြိမ်စားတိုင်း ဟင်းသီးဟင်းရွက်တစ်မျိုးမျိုး ပါဝင်သင့်ပါတယ်။ ထမင်းစားသည့်အကြိမ်တိုင်း ဟင်းသီးဟင်းရွက် ခွက်တစ်ဝက်မျှပါရုံနှင့် လုံလောက်ပါတယ်။ ကလေးငယ်များတွင် ဟင်းသီးဟင်းရွက်၊ အသီးအနှံစားသုံးပေးခြင်းသည် များစွာအကျိုးရှိစေပါတယ်။ ဟင်းသီးဟင်းရွက်များထဲတွင် ကလေးများအတွက် လိုအပ်သော အမျှင်ဓာတ်၊ ဗီတာမင်ဓာတ်၊ သတ္တုဓာတ်စသည်တို့ များစွာပါဝင်ပါတယ်။

– ရေများများသောက်ရန် တိုက်တွန်းပေးပါ။ ကလေးတွေကို ရေတိုက်ရတာ အပြောလွယ်သလောက် အတော်ခက်တဲ့ကိစ္စပါ။ ကလေးငယ်များက ချိုသောအရသာရှိတဲ့ အရည်၊ ဆိုးဆေးပါသော အချိုရည်များ၊ သကြားလုံး၊ ရေခဲမုန့်တို့ကို ပိုမိုနှစ်သက်ကြပါတယ်။ သို့သော် ရေသာလျှင် အကောင်းဆုံးပါ။ ကလေးငယ်များအတွက် တစ်နေ့ကို ရေခွက်ကြီးနဲ့ ၂ခွက်မှ ၃ခွက်အထိ သောက်ရပါမယ်။ ဒါ့အပြင် အဆီပါဝင်မှုနည်းသော နို့ (Low fat milk)ကိုလည်း သောက်သုံးနိုင်ပါတယ်။ Low fat milkကို သောက်သုံးခြင်းဖြင့် ကလေးများ အရိုးကြီးထွားဖွံ့ဖြိုးမှုအတွက် လိုအပ်သော ဗီတာမင်-D၊ ကယ်လ်စီယမ်နှင့် ပရိုတင်းဓာတ်တို့ကို ရရှိမှာဖြစ်ပါတယ်။ တစ်နေ့ကို ၂ခွက်သောက်သုံးလျှင် လုံလောက်ပါတယ်။

တခြားသော gasပါသော အချိုရည်များ၊ ဆော်ဒါ အစရှိသည်တို့ကို မသောက်သင့်ပါ။ ရေနှင့် နို့၊ ပဲနို့တို့သာလျှင် အသင့်တော်ဆုံးဖြစ်ပါတယ်။

ကလေးငယ်များအတွက် အာဟာရပြည့်ဝသော အစားအစာများ စားရခြင်းသည် ကျန်းမာရေးအတွက် အထောက်အပံ့ဖြစ်ရုံသာမက ဉာဏ်ရည်ဉာဏ်သွေးလည်း မြင့်မားစေပါတယ်။ မိဘများအနေဖြင့် အထက်ပါ လေ့ကျင့်ပျိုးထောင်နည်းလမ်းများထဲမှ မိမိတို့၏ ကလေးငယ်များနှင့် သင့်တော်သော နည်းလမ်းများကို ရွေးချယ်ပြီး လေ့ကျင့်ပေးရန် တိုက်တွန်းလိုပါတယ်။ ဖော်ပြခဲ့သော အကြောင်းအရာများမှ တစ်ခုမဟုတ် တစ်ခု အသုံးဝင်စေရန် မျှော်လင့်မိပါတယ်။

ကျန်းမာကြံ့ခိုင်၍ ဉာဏ်ရည်ထက်မြက်သော ကလေးများ ဖြစ်လာကြစေဖို့ ရည်ရွယ်၍ ရေးသားလိုက်ရပါသည်။

Author : Dr.သီတာလှိုင်(ဆေး-၂)

 

Previous Post

ကလေးငယ်များအား အာဟာရပြည့်ဝသော အစားအစာ စားစေဖို့ လေ့ကျင့်ပေးခြင်း

Next Post

အိပ်ရာထက်ဝယ် မောင်မယ်နှစ်ဦးသား ကြင်နာစဉ် နာကျင်ခြင်း အပိုင်း(၁)

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
259

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
315

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
829

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1.1k
When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

3 years ago
999
To teach children to choose food that will be nutritious

သားသားမီးမီးတို့ အာဟာရဖြစ်မယ့်အစားအစာ ရွေးချယ်တတ်စေဖို့

3 years ago
672

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အိပ်ရာထက်ဝယ် မောင်မယ်နှစ်ဦးသား ကြင်နာစဉ် နာကျင်ခြင်း အပိုင်း(၁)

ကိုယ်ဝန်ဆောင်စဉ်နို့တိုက်စဉ်ဆံပင်အလှပြင်ခြင်း

အိပ်ရာထက်ဝယ် မောင်မယ်နှစ်ဦးသား ကြင်နာစဉ် နာကျင်ခြင်း အပိုင်း(၂)

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.