ကေလးငယ္မ်ားႏွင့္ ဝမ္းပ်က္ဝမ္းေလွ်ာျခင္း အႏၲရာယ္
ကေလးငယ္မ်ားတြင္ ဝမ္းပ်က္ဝမ္းေလွ်ာေရာဂါသည္ အျဖစ္မ်ားဆံုးေသာ ေရာဂါတစ္ခုျဖစ္ပါတယ္။ ဝမ္းပ်က္ဝမ္းေလွ်ာျခင္းကို ေစာစီးစြာ သတိမမူမိလွ်င္ ေနာက္ဆက္ဆြဲဆိုးက်ဳိးမ်ားကို ခံစားရႏိုင္သည့္အျပင္ အသက္ဆံုး႐ံႈးသည္အထိ အႏၲရာယ္ရိွႏိုင္ပါတယ္။ ထိုကဲ့သို႔ မျဖစ္ရေလေအာင္ ဝမ္းပ်က္ဝမ္းေလွ်ာျခင္းေၾကာင့္ျဖစ္ေပၚတတ္ေသာ လကၡဏာမ်ား၊ ေဆာင္ရန္၊ ေရွာင္ရန္ႏွင့္ ကာကြယ္ႏိုင္ေသာ နည္းလမ္းမ်ားကို ေျပာျပေပးပါရေစ။
ေရွးဦးစြာ ဝမ္းပ်က္ဝမ္းေလွ်ာျခင္းဆိုသည္မွာ တစ္ေန႔ကို ၃ခါႏွင့္အထက္ ဝမ္းေပ်ာ့ေပ်ာ့ (သို႔) ဝမ္းအရည္မ်ားသြားေနျခင္းကို ဆိုလိုပါတယ္။ ဝမ္းသြားေသာ အႀကိမ္အေရအတြက္ထက္ ဝမ္းအရည္/ဝမ္းအမာ သြားျခင္းက ပိုမိုအေရးႀကီးပါတယ္။ ဝမ္းအမာမ်ား မၾကာခဏသြားေနလွ်င္ ဝမ္းေလွ်ာတယ္လို႔ သတ္မွတ္လို႔မရပါဘူး။
ထို႔အျပင္ ဝမ္းေလွ်ာျခင္းကို အဓိကျဖစ္ေစႏိုင္ေသာ အေၾကာင္းအရင္းမ်ားကိုလည္း သိထားသင့္ပါတယ္။ ၎တို႔မွာ-
– အစားအစာျပင္ဆင္ေကြၽးေမြးမႈ မမွန္ကန္ျခင္း၊
– ေမြးကင္းစမွ အသက္၆လအထိ မိခင္ႏို႔တစ္မ်ဳိးတည္းကိုသာ မတိုက္ေကြၽးဘဲ ေရစသည့္အရည္မ်ား တိုက္ေကြၽးျခင္း၊
– ႏို႔မႈန္႔တိုက္ေကြၽးျခင္း၊
– ၾကာရွည္သိုေလွာင္ထားေသာ အစားစာမ်ားကို ေကြၽးျခင္း၊
– မသန္႔ရွင္းေသာ ေရေသာက္သံုးျခင္း၊
– အိမ္သာတက္ၿပီး လက္မေဆးျခင္း၊
– အစားအစာမစားမီ လက္မေဆးျခင္း၊
– မိလႅာအညစ္အေၾကးမ်ားကို က်န္းမာေရးနဲ႔ညီၫြတ္စြာ မစြန္႔ပစ္ျခင္း စသည္တို႔ျဖစ္ပါတယ္။
ဝမ္းပ်က္ဝမ္းေလွ်ာျခင္းေၾကာင့္ ခႏၶာကိုယ္အတြင္း ေရနဲ႔ဓာတ္ဆားဓာတ္ ဆံုး႐ံႈးကာ အသက္ေသဆံုးႏိုင္သည္အထိ အႏၲရာယ္ရိွပါတယ္။ သို႔ျဖစ္ပါေသာေၾကာင့္ မိဘမ်ားအေနနဲ႔ မိမိတို႔၏ ကေလးငယ္မ်ားတြင္ ဝမ္းေလွ်ာျခင္းေၾကာင့္ ျဖစ္ေပၚတတ္ေသာေရာဂါလကၡဏာမ်ားကို သိရိွထားဖို႔လည္း လိုအပ္ပါတယ္။ အရည္ဝမ္းသြား႐ံုအျပင္ ကေလးသည္ လန္းလန္းဆန္းဆန္းရိွေနမယ္၊ အစာလည္း စားႏိုင္မယ္၊ အရည္ကိုလည္း ေသာက္ႏိုင္တယ္ဆိုရင္ သိပ္ၿပီးစိုးရိမ္စရာအေျခအေနမဟုတ္ပါဘူး။ သို႔ေသာ္ ဒီအဆင့္မွာ ကေလးငယ္မ်ားအား ဝမ္းသြားသည့္ အႀကိမ္အေရအတြက္ထက္ပို၍ ဓာတ္ဆားရည္တိုက္ေပးဖို႔ လိုအပ္ပါတယ္။ ဝမ္းသြားထားသည့္ ကေလးငယ္ဟာ တစ္ေန႔၃ႀကိမ္နဲ႔အထက္ အန္ေနမယ္၊ ဖ်ားမယ္၊ လန္းဆန္းမႈမရိွဘဲ ေခြေနမယ္၊ ဂ်ီက်ေနမယ္၊ ေရနဲ႔အရည္မ်ားကို အငမ္းမရေသာက္ေနမယ္၊ တစ္ေန႔ကို ၆ႀကိမ္နဲ႔အထက္ ဆန္ေဆးေရကဲ့သို႔ အရည္ဝမ္းသြားျခင္း (သို႔) ေသြးဝမ္းသြားျခင္းရိွေနမယ္ စသည့္ ေရာဂါလကၡဏာမ်ားျဖစ္ေပၚေနလွ်င္ နီးစပ္ရာ ေဆး႐ံု၊ ေဆးခန္းသို႔ အျမန္သြားျပရပါမယ္။ ထိုမွ်သာမက ေရဓာတ္အလြန္အမင္းဆံုး႐ံႈးမႈေၾကာင့္ ကေလးငယ္မ်ားတြင္ ေမာပန္းျခင္း၊ တက္ျခင္း၊ ကေယာင္ကတမ္းေျပာျခင္း၊ အသက္႐ွဴျမန္ျခင္း စသည့္လကၡဏာမ်ားလည္း ျဖစ္ေပၚေလ့ရိွပါတယ္။ မိမိကေလးငယ္မ်ားတြင္ လက္ရိွေသာက္သံုးေနေသာ ေဆးဝါးမ်ားရိွ/မရိွကိုလည္း စစ္ေဆးၾကည့္ရပါမယ္။ အကယ္၍ ရိွေနပါက တတ္ကြၽမ္းနားလည္ေသာ ဆရာဝန္ကို ျပသၿပီး တိုင္ပင္ေဆြးေႏြးသင့္ပါတယ္။ တစ္ခ်ဳိ႕ေသာ ေဆးဝါးမ်ားကလည္း ဝမ္းေလွ်ာေစတတ္ေသာေၾကာင့္ျဖစ္ပါတယ္။
ကေလးငယ္မ်ားတြင္ ဝမ္းပ်က္ဝမ္းေလွ်ာပါက မိဘမ်ားအေနနဲ႔ ေသခ်ာစြာ ေစာင့္ၾကည့္ေပးဖို႔ လိုအပ္ပါတယ္။ ဝမ္းေလွ်ာျခင္းေၾကာင့္ ေရဓာတ္ဆံုး႐ံႈးျခင္းကို ကာကြယ္ႏိုင္ရန္ ကေလးငယ္မ်ားကို ပံုမွန္ထက္ ပိုၿပီး အရည္မ်ားမ်ားတိုက္ေပးပါ။ တိုက္ေကြၽးသင့္ေသာ အရည္မ်ားကိုလည္း ေသခ်ာသိထားသင့္ပါတယ္။ သင့္ေလ်ာ္ေသာ အရည္အမ်ဳိးအစား ႏွစ္မ်ဳိးရိွပါတယ္။ ၎တို႔မွာ ဆားပါေသာ အရည္မ်ားႏွင့္ ဆားမပါေသာ အရည္မ်ားျဖစ္ပါတယ္။ ႏွစ္မ်ဳိးစလံုးကို တိုက္ေကြၽးႏိုင္ပါတယ္။
ဆားပါေသာ အရည္မ်ားမွာ-
– ဓာတ္ဆားရည္ (သီးစံုဓာတ္ဆားရည္ မတိုက္ရပါ)
– ဆားပါေသာ ထမင္းရည္ႏွင့္ ဆားထည့္ထားေသာ ဒိန္ခ်ဥ္ရည္၊
– အသီးအရြက္ျပဳတ္ရည္ႏွင့္ ၾကက္စြပ္ျပဳတ္ရည္ စသည္တို႔ျဖစ္ပါတယ္။
ဆားမပါေသာအရည္မ်ားမွာ-
– ေရသန္႔(သို႔) ေရက်က္ေအး
– ဆားမပါေသာ ထမင္းရည္၊ စြပ္ျပဳတ္၊ ဒိန္ခ်ဥ္၊
– အုန္းစိမ္းရည္
– ဆိုးေဆး/ ေဆးသၾကားမပါေသာ လတ္ဆတ္သည့္ သစ္သီးေဖ်ာ္ရည္မ်ား စသည္တို႔ျဖစ္ပါတယ္။
ဝမ္းေလွ်ာေနစဥ္အတြင္း မတိုက္သင့္ေသာ အရည္မ်ားမွာ- ဆိုးေဆး/ Gasပါေသာ အခ်ဳိရည္မ်ား၊ ခ်ဳိေသာ လက္ဖက္ရည္၊ ေကာ္ဖီ အစရိွသည္တို႔ကို မတိုက္သင့္ပါ။
အရည္မ်ားကို ဝမ္းေလွ်ာျခင္းရပ္သည္အထိ တိုက္ေပးရပါမယ္။ တစ္ေနကုန္ဝမ္းသြားထားသည့္ ပမာဏထက္ ပိုၿပီး တိုက္ေပးသင့္ပါတယ္။ ဒါ့အျပင္ဝမ္းသြားေနသည့္ ကေလးငယ္မ်ားကို အာဟာရခ်ဳိ႕တဲ့ျခင္း မျဖစ္ေစရန္ ဝမ္းသြားေနစဥ္အတြင္း အစားအစာကို ပိုေကြၽးေပးပါ။ တစ္ေန႔ကို ၃နာရီ၊ ၄နာရီျခားေလာက္ အစာေကြၽးရပါမယ္။ အစာေၾကလြယ္ေသာ အစားအစာမ်ားကိုေကြၽးသင့္ၿပီး အခ်ဥ္၊ အစပ္တို႔ကို မေကြၽးသင့္ပါ။ ႏို႔စိုအရြယ္ကေလးဆိုလွ်င္လည္း မိခင္ႏို႔ကို ဆက္လက္တိုက္ေကြၽးရပါမယ္။ ဝမ္းေလွ်ာတာရပ္ၿပီး အနည္းဆံုး ၂ပတ္အထိ ပံုမွန္ေကြၽးေနက် ပမာဏထက္ ပိုမိုေကြၽးရပါမယ္။ သို႔မွသာ ပံုမွန္ကိုယ္အေလးခ်ိန္ကို ျပန္လည္ရရိွႏိုင္မွာပါ။
ဝမ္းေလွ်ာေနစဥ္ ေရဓာတ္ဆံုး႐ံႈးျခင္းအျပင္ ေအာက္ေဖာ္ျပပါ လကၡဏာမ်ား ေတြ႕ရိွပါက နီးစပ္ရာ ေဆး႐ံု/ေဆးခန္းသို႔အျမန္သြားျပရပါမယ္။ ၎တို႔မွာ-
– ဝမ္းအရည္မ်ားဆက္တိုက္သြားေနျခင္း၊
– မၾကာခဏပ်ဳိ႕အန္ျခင္း၊
– ေရအငမ္းမရေသာက္ျခင္း (သို႔) ေရေသာက္နည္းျခင္း၊
– ဖ်ားျခင္း၊
– ေသြးဝမ္းသြားျခင္း၊
– ဝမ္းသြားစဥ္ ၃ရက္အတြင္း မသက္သာျခင္း စသည္တို႔ပင္ျဖစ္ပါတယ္။
ဝမ္းပ်က္ဝမ္းေလွ်ာျခင္းသည္ အသက္ဆံုး႐ံႈးသည္အထိျဖစ္ပြားႏိုင္ပါတယ္။ ထိုကဲ့သို႔ မျဖစ္ရေလေအာင္ ေတြ႕ႀကံဳႏိုင္ေသာ ေရာဂါလကၡဏာမ်ားကို သိရိွသင့္သည့္အျပင္ ကာကြယ္ရန္နည္းလမ္းမ်ားကိုလည္း သိရိွလိုက္နာေဆာင္ရြက္ရပါမယ္။
– ေမြးကင္းစမွ အသက္၆လျပည့္သည္အထိ မိခင္ႏို႔ တစ္မ်ဳိးတည္းကိုသာ တိုက္ေကြၽးပါ။
– အသက္၆လျပည့္ၿပီး ျဖည့္စြက္အစာေကြၽးေသာအခါ အသား၊ ငါး၊ အသီးအရြက္ စံုလင္စြာေကြၽးပါ။ အစားအေသာက္မ်ားကိုလည္း သန္႔သန္႔ရွင္းရွင္းျပင္ဆင္ခ်က္ျပဳတ္ပါ။
– ဝမ္းပ်က္ဝမ္းေလွ်ာမျဖစ္ေစရန္ ေရကို က်ဳိခ်က္၍ ေသာက္သံုးပါ။
– အိမ္သာတက္ၿပီးသည့္အခ်ိန္၊ အညစ္အေၾကးမ်ားကို စြန္႔ပစ္ၿပီးသည့္အခ်ိန္၊ အစားအေသာက္ မျပင္ဆင္ခင္ႏွင့္ အစာမစားခင္ လက္ကို ဆပ္ျပာႏွင့္ ေသခ်ာေဆးေၾကာပါ။
– ပုပ္သိုးၿပီး အမွည့္လြန္ေနေသာ အသီးအရြက္၊ အသားငါးမ်ားကို မစားပါႏွင့္။ အစားအေသာက္မ်ားကို မီးအပူျဖင့္ ေသခ်ာက်က္ေအာင္ ခ်က္၍ စားပါ။
– အသံုးျပဳေနေသာ ပန္းကန္၊ အိုးခြက္မ်ားကို ေသခ်ာေဆးေၾကာပါ။ အစားအစာမ်ားကို ယင္မနားေစရန္ ေသခ်ာဖံုးအုပ္ပါ။
-ယင္လံုအိမ္သာအသံုးျပဳပါ။ မိလႅာအညစ္အေၾကးမ်ားကို ေသခ်ာစြာစြန္႔ပစ္ပါ။
-ကေလးငယ္မ်ားကို ဝက္သက္ကာကြယ္ေဆးထိုးေပးပါ။
အထက္ေဖာ္ျပပါကာကြယ္ရန္နည္းလမ္းမ်ားကို သိရိွၿပီး လိုက္နာရန္အထူးလိုအပ္ပါသည္။ ကေလးငယ္မ်ား ဝမ္းပ်က္ဝမ္းေလွ်ာျခင္းေၾကာင့္ အသက္ဆံုး႐ႈံးသည္အထိမျဖစ္ေစဖို႔ ရည္ရြယ္၍ ေရးသားလိုက္ရပါသည္။
Dr.သီတာလိႈင္ (ေဆး-၂)
ကလေးငယ်များနှင့် ဝမ်းပျက်ဝမ်းလျှောခြင်း အန္တရာယ်
ကလေးငယ်များတွင် ဝမ်းပျက်ဝမ်းလျှောရောဂါသည် အဖြစ်များဆုံးသော ရောဂါတစ်ခုဖြစ်ပါတယ်။ ဝမ်းပျက်ဝမ်းလျှောခြင်းကို စောစီးစွာ သတိမမူမိလျှင် နောက်ဆက်ဆွဲဆိုးကျိုးများကို ခံစားရနိုင်သည့်အပြင် အသက်ဆုံးရှုံးသည်အထိ အန္တရာယ်ရှိနိုင်ပါတယ်။ ထိုကဲ့သို့ မဖြစ်ရလေအောင် ဝမ်းပျက်ဝမ်းလျှောခြင်းကြောင့်ဖြစ်ပေါ်တတ်သော လက္ခဏာများ၊ ဆောင်ရန်၊ ရှောင်ရန်နှင့် ကာကွယ်နိုင်သော နည်းလမ်းများကို ပြောပြပေးပါရစေ။
ရှေးဦးစွာ ဝမ်းပျက်ဝမ်းလျှောခြင်းဆိုသည်မှာ တစ်နေ့ကို ၃ခါနှင့်အထက် ဝမ်းပျော့ပျော့ (သို့) ဝမ်းအရည်များသွားနေခြင်းကို ဆိုလိုပါတယ်။ ဝမ်းသွားသော အကြိမ်အရေအတွက်ထက် ဝမ်းအရည်/ဝမ်းအမာ သွားခြင်းက ပိုမိုအရေးကြီးပါတယ်။ ဝမ်းအမာများ မကြာခဏသွားနေလျှင် ဝမ်းလျှောတယ်လို့ သတ်မှတ်လို့မရပါဘူး။
ထို့အပြင် ဝမ်းလျှောခြင်းကို အဓိကဖြစ်စေနိုင်သော အကြောင်းအရင်းများကိုလည်း သိထားသင့်ပါတယ်။ ၎င်းတို့မှာ-
– အစားအစာပြင်ဆင်ကျွေးမွေးမှု မမှန်ကန်ခြင်း၊
– မွေးကင်းစမှ အသက်၆လအထိ မိခင်နို့တစ်မျိုးတည်းကိုသာ မတိုက်ကျွေးဘဲ ရေစသည့်အရည်များ တိုက်ကျွေးခြင်း၊
– နို့မှုန့်တိုက်ကျွေးခြင်း၊
– ကြာရှည်သိုလှောင်ထားသော အစားစာများကို ကျွေးခြင်း၊
– မသန့်ရှင်းသော ရေသောက်သုံးခြင်း၊
– အိမ်သာတက်ပြီး လက်မဆေးခြင်း၊
– အစားအစာမစားမီ လက်မဆေးခြင်း၊
– မိလ္လာအညစ်အကြေးများကို ကျန်းမာရေးနဲ့ညီညွတ်စွာ မစွန့်ပစ်ခြင်း စသည်တို့ဖြစ်ပါတယ်။
ဝမ်းပျက်ဝမ်းလျှောခြင်းကြောင့် ခန္ဓာကိုယ်အတွင်း ရေနဲ့ဓာတ်ဆားဓာတ် ဆုံးရှုံးကာ အသက်သေဆုံးနိုင်သည်အထိ အန္တရာယ်ရှိပါတယ်။ သို့ဖြစ်ပါသောကြောင့် မိဘများအနေနဲ့ မိမိတို့၏ ကလေးငယ်များတွင် ဝမ်းလျှောခြင်းကြောင့် ဖြစ်ပေါ်တတ်သောရောဂါလက္ခဏာများကို သိရှိထားဖို့လည်း လိုအပ်ပါတယ်။ အရည်ဝမ်းသွားရုံအပြင် ကလေးသည် လန်းလန်းဆန်းဆန်းရှိနေမယ်၊ အစာလည်း စားနိုင်မယ်၊ အရည်ကိုလည်း သောက်နိုင်တယ်ဆိုရင် သိပ်ပြီးစိုးရိမ်စရာအခြေအနေမဟုတ်ပါဘူး။ သို့သော် ဒီအဆင့်မှာ ကလေးငယ်များအား ဝမ်းသွားသည့် အကြိမ်အရေအတွက်ထက်ပို၍ ဓာတ်ဆားရည်တိုက်ပေးဖို့ လိုအပ်ပါတယ်။ ဝမ်းသွားထားသည့် ကလေးငယ်ဟာ တစ်နေ့၃ကြိမ်နဲ့အထက် အန်နေမယ်၊ ဖျားမယ်၊ လန်းဆန်းမှုမရှိဘဲ ခွေနေမယ်၊ ဂျီကျနေမယ်၊ ရေနဲ့အရည်များကို အငမ်းမရသောက်နေမယ်၊ တစ်နေ့ကို ၆ကြိမ်နဲ့အထက် ဆန်ဆေးရေကဲ့သို့ အရည်ဝမ်းသွားခြင်း (သို့) သွေးဝမ်းသွားခြင်းရှိနေမယ် စသည့် ရောဂါလက္ခဏာများဖြစ်ပေါ်နေလျှင် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့ အမြန်သွားပြရပါမယ်။ ထိုမျှသာမက ရေဓာတ်အလွန်အမင်းဆုံးရှုံးမှုကြောင့် ကလေးငယ်များတွင် မောပန်းခြင်း၊ တက်ခြင်း၊ ကယောင်ကတမ်းပြောခြင်း၊ အသက်ရှူမြန်ခြင်း စသည့်လက္ခဏာများလည်း ဖြစ်ပေါ်လေ့ရှိပါတယ်။ မိမိကလေးငယ်များတွင် လက်ရှိသောက်သုံးနေသော ဆေးဝါးများရှိ/မရှိကိုလည်း စစ်ဆေးကြည့်ရပါမယ်။ အကယ်၍ ရှိနေပါက တတ်ကျွမ်းနားလည်သော ဆရာဝန်ကို ပြသပြီး တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ တစ်ချို့သော ဆေးဝါးများကလည်း ဝမ်းလျှောစေတတ်သောကြောင့်ဖြစ်ပါတယ်။
ကလေးငယ်များတွင် ဝမ်းပျက်ဝမ်းလျှောပါက မိဘများအနေနဲ့ သေချာစွာ စောင့်ကြည့်ပေးဖို့ လိုအပ်ပါတယ်။ ဝမ်းလျှောခြင်းကြောင့် ရေဓာတ်ဆုံးရှုံးခြင်းကို ကာကွယ်နိုင်ရန် ကလေးငယ်များကို ပုံမှန်ထက် ပိုပြီး အရည်များများတိုက်ပေးပါ။ တိုက်ကျွေးသင့်သော အရည်များကိုလည်း သေချာသိထားသင့်ပါတယ်။ သင့်လျော်သော အရည်အမျိုးအစား နှစ်မျိုးရှိပါတယ်။ ၎င်းတို့မှာ ဆားပါသော အရည်များနှင့် ဆားမပါသော အရည်များဖြစ်ပါတယ်။ နှစ်မျိုးစလုံးကို တိုက်ကျွေးနိုင်ပါတယ်။
ဆားပါသော အရည်များမှာ-
– ဓာတ်ဆားရည် (သီးစုံဓာတ်ဆားရည် မတိုက်ရပါ)
– ဆားပါသော ထမင်းရည်နှင့် ဆားထည့်ထားသော ဒိန်ချဉ်ရည်၊
– အသီးအရွက်ပြုတ်ရည်နှင့် ကြက်စွပ်ပြုတ်ရည် စသည်တို့ဖြစ်ပါတယ်။
ဆားမပါသောအရည်များမှာ-
– ရေသန့်(သို့) ရေကျက်အေး
– ဆားမပါသော ထမင်းရည်၊ စွပ်ပြုတ်၊ ဒိန်ချဉ်၊
– အုန်းစိမ်းရည်
– ဆိုးဆေး/ ဆေးသကြားမပါသော လတ်ဆတ်သည့် သစ်သီးဖျော်ရည်များ စသည်တို့ဖြစ်ပါတယ်။
ဝမ်းလျှောနေစဉ်အတွင်း မတိုက်သင့်သော အရည်များမှာ- ဆိုးဆေး/ Gasပါသော အချိုရည်များ၊ ချိုသော လက်ဖက်ရည်၊ ကော်ဖီ အစရှိသည်တို့ကို မတိုက်သင့်ပါ။
အရည်များကို ဝမ်းလျှောခြင်းရပ်သည်အထိ တိုက်ပေးရပါမယ်။ တစ်နေကုန်ဝမ်းသွားထားသည့် ပမာဏထက် ပိုပြီး တိုက်ပေးသင့်ပါတယ်။ ဒါ့အပြင်ဝမ်းသွားနေသည့် ကလေးငယ်များကို အာဟာရချို့တဲ့ခြင်း မဖြစ်စေရန် ဝမ်းသွားနေစဉ်အတွင်း အစားအစာကို ပိုကျွေးပေးပါ။ တစ်နေ့ကို ၃နာရီ၊ ၄နာရီခြားလောက် အစာကျွေးရပါမယ်။ အစာကြေလွယ်သော အစားအစာများကိုကျွေးသင့်ပြီး အချဉ်၊ အစပ်တို့ကို မကျွေးသင့်ပါ။ နို့စိုအရွယ်ကလေးဆိုလျှင်လည်း မိခင်နို့ကို ဆက်လက်တိုက်ကျွေးရပါမယ်။ ဝမ်းလျှောတာရပ်ပြီး အနည်းဆုံး ၂ပတ်အထိ ပုံမှန်ကျွေးနေကျ ပမာဏထက် ပိုမိုကျွေးရပါမယ်။ သို့မှသာ ပုံမှန်ကိုယ်အလေးချိန်ကို ပြန်လည်ရရှိနိုင်မှာပါ။
ဝမ်းလျှောနေစဉ် ရေဓာတ်ဆုံးရှုံးခြင်းအပြင် အောက်ဖော်ပြပါ လက္ခဏာများ တွေ့ရှိပါက နီးစပ်ရာ ဆေးရုံ/ဆေးခန်းသို့အမြန်သွားပြရပါမယ်။ ၎င်းတို့မှာ-
– ဝမ်းအရည်များဆက်တိုက်သွားနေခြင်း၊
– မကြာခဏပျို့အန်ခြင်း၊
– ရေအငမ်းမရသောက်ခြင်း (သို့) ရေသောက်နည်းခြင်း၊
– ဖျားခြင်း၊
– သွေးဝမ်းသွားခြင်း၊
– ဝမ်းသွားစဉ် ၃ရက်အတွင်း မသက်သာခြင်း စသည်တို့ပင်ဖြစ်ပါတယ်။
ဝမ်းပျက်ဝမ်းလျှောခြင်းသည် အသက်ဆုံးရှုံးသည်အထိဖြစ်ပွားနိုင်ပါတယ်။ ထိုကဲ့သို့ မဖြစ်ရလေအောင် တွေ့ကြုံနိုင်သော ရောဂါလက္ခဏာများကို သိရှိသင့်သည့်အပြင် ကာကွယ်ရန်နည်းလမ်းများကိုလည်း သိရှိလိုက်နာဆောင်ရွက်ရပါမယ်။
– မွေးကင်းစမှ အသက်၆လပြည့်သည်အထိ မိခင်နို့ တစ်မျိုးတည်းကိုသာ တိုက်ကျွေးပါ။
– အသက်၆လပြည့်ပြီး ဖြည့်စွက်အစာကျွေးသောအခါ အသား၊ ငါး၊ အသီးအရွက် စုံလင်စွာကျွေးပါ။ အစားအသောက်များကိုလည်း သန့်သန့်ရှင်းရှင်းပြင်ဆင်ချက်ပြုတ်ပါ။
– ဝမ်းပျက်ဝမ်းလျှောမဖြစ်စေရန် ရေကို ကျိုချက်၍ သောက်သုံးပါ။
– အိမ်သာတက်ပြီးသည့်အချိန်၊ အညစ်အကြေးများကို စွန့်ပစ်ပြီးသည့်အချိန်၊ အစားအသောက် မပြင်ဆင်ခင်နှင့် အစာမစားခင် လက်ကို ဆပ်ပြာနှင့် သေချာဆေးကြောပါ။
– ပုပ်သိုးပြီး အမှည့်လွန်နေသော အသီးအရွက်၊ အသားငါးများကို မစားပါနှင့်။ အစားအသောက်များကို မီးအပူဖြင့် သေချာကျက်အောင် ချက်၍ စားပါ။
– အသုံးပြုနေသော ပန်းကန်၊ အိုးခွက်များကို သေချာဆေးကြောပါ။ အစားအစာများကို ယင်မနားစေရန် သေချာဖုံးအုပ်ပါ။
-ယင်လုံအိမ်သာအသုံးပြုပါ။ မိလ္လာအညစ်အကြေးများကို သေချာစွာစွန့်ပစ်ပါ။
-ကလေးငယ်များကို ဝက်သက်ကာကွယ်ဆေးထိုးပေးပါ။
အထက်ဖော်ပြပါကာကွယ်ရန်နည်းလမ်းများကို သိရှိပြီး လိုက်နာရန်အထူးလိုအပ်ပါသည်။ ကလေးငယ်များ ဝမ်းပျက်ဝမ်းလျှောခြင်းကြောင့် အသက်ဆုံးရှုံးသည်အထိမဖြစ်စေဖို့ ရည်ရွယ်၍ ရေးသားလိုက်ရပါသည်။
Dr.သီတာလှိုင် (ဆေး-၂)