ေသြးလြန္တုပ္ေကြးေရာဂါအေၾကာင္း သိေကာင္းစရာ
ေသြးလြန္တုပ္ေကြးေရာဂါကို မ်ားေသာအားျဖင့္ မိုးတြင္းကာလမ်ားမွာ ျဖစ္ပြားတတ္တယ္လို႔ သိၾကပါတယ္။ တကယ္ေတာ့ ေသြးလြန္တုပ္ေကြးေရာဂါသည္ ၁၂ရာသီ ျဖစ္ပြားႏိုင္ေသာ ေရာဂါတစ္ခုျဖစ္ပါတယ္။ ေသြးလြန္တုပ္ေကြးေရာဂါသည္ Aedesဟုေခၚေသာ ျခင္က်ား ကိုက္ေသာေၾကာင့္ ျဖစ္ေသာ ေရာဂါျဖစ္ပါတယ္။ ထိုျခင္မ်ားသည္ ေန႔ခင္းတြင္ကိုက္ေလ့ရွိၿပီး ေရၾကည္ေရသန႔္မ်ားတြင္ ေပါက္ဖြားတတ္ပါတယ္။
ေသြးလြန္တုပ္ေကြးေရာဂါဟု သတ္မွတ္ႏိုင္ေသာ အႏၲရာယ္ရွိသည့္ လကၡဏာမ်ားမွာ
– ႐ုတ္တရက္ အဖ်ားတက္ျခင္း
– ေသြးေပါင္ခ်ိန္တိုင္းကိရိယာႏွင့္(Hess’s Test) စမ္းေသာအခါ အနီအဆက္ေလးမ်ား ထြက္လာျခင္း (positive hess’s test)
– ေသြးျဖဴဥက်ဆင္းလာျခင္း
– ေသြးပ်စ္ႏႈန္း ျမင့္မားလာျခင္း၊
– ဝမ္းဗိုက္၊ အဆုတ္၊ ႏွလုံးတို႔တြင္ အရည္စုလာျခင္းတို႔ျဖစ္ပါတယ္။
ေသြးလြန္တုပ္ေကြးေရာဂါျဖစ္ၿပီးဆိုလွ်င္ ကေလးသည္ ခုႏွစ္ရက္တိတိ ဖ်ားပါမယ္။ ဖ်ားၿပီး ၃ရက္ ေန႔မွ ၇ရက္အထိ အစိုးရိမ္ရဆုံးေန႔မ်ားျဖစ္ပါတယ္။ ေသခ်ာဂ႐ုစိုက္ရပါမယ္။ ဖ်ားၿပီး ၃ရက္ေျမာက္ေန႔မွစ၍ shock ျဖစ္ႏိုင္ပါတယ္။ Shock ျဖစ္ေၾကာင္းသိႏိုင္ေသာ လကၡဏာမ်ားမွာ-
– ႐ုတ္တရက္အဖ်ားက်လာျခင္း၊
– ဗိုက္နာျခင္း၊
– ေျခသလုံး၊ လက္ေမာင္းႏွင့္ ဝမ္းဗိုက္တို႔ ေအးစက္လာျခင္း (ေျခဖ်ား၊လက္မ်ားေအးျခင္းကို မဆိုလိုပါ။)
– ေခြၽးထြက္ျခင္း၊
– ႏွလုံးခုန္ႏႈန္းျမန္လာျခင္း၊
– ဆီးသြားနည္းျခင္း၊
– အသည္းႀကီးလာျခင္းတို႔ ျဖစ္ပါတယ္။
ေသြးလြန္တုပ္ေကြးေရာဂါတြင္ အဆင့္ ၄ ဆင့္ ရွိပါတယ္။ အဆင့္၃ႏွင့္ အဆင့္၄တြင္ shock ျဖစ္ႏိုင္ပါတယ္။
အဆင့္၁- ဖ်ားျခင္း၊ ေသြးေပါင္ခ်ိန္တိုင္းကိရိယာျဖင့္ စစ္ေဆးလွ်င္ POSITIVEထြက္ျခင္း၊
အဆင့္၂- positive test အျပင္ ေကာ္ဖီအေရာင္အန္ျခင္း၊ ဝမ္းမဲမဲသြားျခင္း၊ ႏွာေခါင္းေသြးလွ်ံျခင္း၊
အဆင့္၃- shock ျဖစ္ျခင္း၊
အဆင့္၄- ေသြးေပါင္ခ်ိန္တိုင္းမရျခင္း၊ ေသြးခုန္ႏႈန္းစမ္းမရျခင္းတို႔ျဖင့္ shockရျခင္း စသည္တို႔ ျဖစ္ပါတယ္။
အဆင့္၃ႏွင့္ ၄သည္ အသက္အႏၲရာယ္ ဆုံးရႈံးသည္အထိ အႏၲရာယ္ရွိပါတယ္။ ဒါေၾကာင့္ ကေလးဖ်ားၿပီဆိုလွ်င္ နီးစပ္ရာ ေဆး႐ုံ၊ ေဆးခန္းသို႔ အျမန္သြားျပဖို႔ လိုအပ္ပါတယ္။ ကေလးမ်ား အဖ်ားႀကီးလြန္းျခင္း၊ ဗိုက္နာျခင္း၊ မွိန္းလြန္းျခင္း၊ တစ္ခါ၊ ႏွစ္ခါအန္ေနျခင္း၊ အစားအေသာက္၊ အရည္သိပ္မဝင္ျခင္း စသည္တို႔ ျဖစ္ေပၚလာလွ်င္ နီးစပ္ရာေဆးခန္းသို႔ အျမန္သြားျပပါ။
ထိုမွ်သာမက ကေလးသည္ အစားအေသာက္၊အရည္ လုံးဝလက္မခံေတာ့ဘဲ ဆက္တိုက္အန္ေနမယ္၊ ခႏၶာကိုယ္အလယ္ပိုင္း ေအးစက္ၿပီး အရမ္းမွိန္းေနမယ္၊ ေကာ္ဖီေရာင္အန္ျခင္း၊ ႏွာေခါင္းေသြးလွ်ံျခင္း၊ သြားဖုံးေသြးထြက္ျခင္း၊ ဝမ္းမဲမဲသြားျခင္းတို႔ ျဖစ္ေပၚလာလွ်င္ ေဆး႐ုံသို႔ အျမန္သြားဖို႔ လိုအပ္ပါတယ္။
မိဘမ်ားအေနနဲ႔ မိမိတို႔၏ကေလးငယ္မ်ား ဖ်ားေနလွ်င္ ေသခ်ာဂ႐ုစိုက္ဖို႔ လိုအပ္ပါတယ္။ အဖ်ားႀကီးလွ်င္ ေရပတ္တိုက္ရပါမယ္။ အဖ်ားႀကီးလြန္းလွ်င္ ေရခ်ိဳးေပးလို႔ရပါတယ္။ ေရခဲတင္လို႔ ရပါတယ္။ ၿပီးလွ်င္ အေႏြးအထူ မဝတ္ေပးရပါ။ ေစာင္ထူထူ မၿခဳံေပးရပါ။ patacetamol အရည္၊ အခဲတိုက္လို႔ ရပါတယ္။ paracetamol ဒုံးက်ည္ထည့္လို႔ ရပါတယ္။ သို႔ေသာ္ အဖ်ားျပတ္ေဆး လုံးဝမထိုးရပါ။ တျခား အကိုက္အခဲေပ်ာက္ေဆး လုံးဝမတိုက္ရပါ။ ကေလးကို ဂ႐ုစိုက္ၿပီး အရည္မ်ားမ်ားတိုက္ပါ။ ဓာတ္ဆားရည္၊ ႏို႔၊ အိုဗာတင္း အျဖဴ၊ ဆန္ျပဳတ္၊ စြပ္ျပဳတ္၊ သစ္သီးေဖ်ာ္ရည္ စသည္တို႔တိုက္ႏိုင္ပါတယ္။ အစာစားႏိုင္လွ်င္ ထမင္းေကြၽးလို႔လည္း ရပါတယ္။ အနီေရာင္၊ အညိဳေရာင္ရွိေသာ အရည္မ်ား၊ အစားအစာမ်ား မေကြၽးရပါ။
ထိုသို႔ ကေလးမ်ားကို ဂ႐ုစိုက္ျခင္းအျပင္ ေသြးလြန္တုပ္ေကြးေရာဂါမျဖစ္ေစဖို႔ ကာကြယ္ရန္ နည္းလမ္းမ်ားကိုလည္း သိရွိထားသင့္ပါတယ္။ ေသြးလြန္တုပ္ေကြး ေရာဂါသည္ ျခင္မွတစ္ဆင့္ ကူးစက္ႏိုင္ေသာ ေရာဂါျဖစ္သည့္အတြက္ ျခင္မေပါက္ပြားေစရန္ ဂ႐ုစိုက္ပါ။ ျခင္မေပါက္ပြားႏိုင္ရန္ ဖုံး၊ သြန္၊လဲ၊ စစ္၊ ေလာင္း၊ ေထာင္၊ျမဳပ္၊ ဖြင့္၊ ရွင္း၊ မႈတ္ဆိုသည့္ နည္းလမ္းမ်ားျဖင့္ ႏွိမ္နင္းရပါမယ္။
၎တို႔မွာ-
– ေရစည္၊ေရအိုးမ်ားကို ဖုံးအုပ္ထားျခင္း
– ေရပုံး၊ ေရခြက္၊ အိုးျခမ္းပဲ့မ်ားအတြင္းတြင္ရွိေသာ ေရမ်ားကို သြန္ပစ္ျခင္း
– ဘုရားပန္းအိုးမ်ားကို မၾကာခဏ လဲလွယ္ေပးျခင္း၊
– ေရစည္၊ ေရအိုးမ်ားတြင္ ပိုးေလာက္လန္းမ်ားရွိေနပါက ေရစစ္ျဖင့္ ဖယ္ရွားျခင္း၊
– ေၾကာင္အိမ္ေအာက္ေျခရွိ ေရခြက္မ်ား အျခားေရထည့္ထားေသာခြက္မ်ားတြက္ ပိုးေလာက္လန္း မေပါက္ပြားေစရန္ ေရနံဆီေလာင္းျခင္း
– ေန႔ဘက္တြင္ျဖစ္ေစ ညဘက္တြင္ျဖစ္ေစ ကေလးမ်ားကို ျခင္ေထာင္ျဖင့္အိပ္ေစျခင္း၊ ေဆးစိမ္ျခင္ေထာင္ အသုံးျပဳျခင္း
– ေဆြးေျမ့ေနေသာ တာယာအေဟာင္းမ်ား၊ အိုးျခမ္းပဲ့မ်ားစသည့္ ေရဝပ္ႏိုင္ေသာအရမ်ားကို ေျမျမဳပ္ျခင္း
– ေန႔ခင္း၊ေန႔လည္တြင္ အိမ္ရွိ ျပတင္းေပါက္မ်ား အားလုံးကို ဖြင့္ထားျခင္း
– အိမ္ပတ္ဝန္းက်င္ႏွင့္ ကေလးမ်ား၏ေက်ာင္းပတ္ဝန္းက်င္တြင္ရွိေသာ ၿခဳံပင္မ်ားကို ရွင္းလင္းျခင္း၊
– ေနအိမ္မ်ား၊ ေက်ာင္းမ်ားကို ျခင္ေဆးမႈတ္ျခင္းျဖင့္ ရွင္းလင္းျခင္း စသည္တို႔ျဖစ္ပါတယ္။
ကေလးငယ္မ်ား စုေဝးၿပီးအမ်ားႀကီးရွိတတ္တဲ့ မူႀကိဳေက်ာင္း၊ က်ဴရွင္ႏွင့္ စာသင္ေက်ာင္းမ်ား ပတ္ဝန္းက်င္တြင္ သန႔္ရွင္းေနဖို႔အေရးႀကီးပါတယ္။ ျခင္မကိုက္ေစရန္ ေက်ာင္းသြားသည့္အခါ အက်ၤႌလက္ရွည္၊ ေဘာင္းဘီရွည္၊ ထမိန္အရွည္မ်ား ဝတ္ေပးရပါမယ္။ ဒါ့အျပင္ လိမ္းေဆး၊ ျဖန္းေဆး၊ ျခင္ေဆးေခြ၊ ေဆးစိမ္ျခင္ေထာင္၊ ေဆးစိမ္လိုက္ကာ၊ ေဆးစိမ္ခန္းဆီး စသည္တို႔ အသုံးျပဳသင့္ပါတယ္။
ေသြးလြန္တုပ္ေကြးေရာဂါသည္ အျဖစ္မ်ားသည့္အျပင္ အသက္အႏၲရာယ္ကိုပါ ၿခိမ္းေျခာက္ႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ကေလးငယ္မ်ား ဖ်ားလွ်င္ နီးစပ္ေဆးခန္းသို႔ သြားျပပါ။ ေသခ်ာဂ႐ုစိုက္ပါ။။ ဓာတ္ဆား မ်ားမ်ားတိုက္ပါ။ ထမင္းေကြၽးပါ။ ဖ်ားလို႔ ထမင္းမေကြၽးရဘူးဆိုတာ မွားတဲ့အယူအဆပါ။ ဖ်ားလွ်င္ ေရပတ္တိုက္ဖို႔ မေမ့ပါႏွင့္။
ကေလးငယ္မ်ား အနာေရာဂါကင္း၍ က်န္းမာၾကပါေစ။
Author : Dr.သီတာလႈိင္(ေဆး-၂)
သွေးလွန်တုပ်ကွေးရောဂါအကြောင်း သိကောင်းစရာ
သွေးလွန်တုပ်ကွေးရောဂါကို များသောအားဖြင့် မိုးတွင်းကာလများမှာ ဖြစ်ပွားတတ်တယ်လို့ သိကြပါတယ်။ တကယ်တော့ သွေးလွန်တုပ်ကွေးရောဂါသည် ၁၂ရာသီ ဖြစ်ပွားနိုင်သော ရောဂါတစ်ခုဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေးရောဂါသည် Aedesဟုခေါ်သော ခြင်ကျား ကိုက်သောကြောင့် ဖြစ်သော ရောဂါဖြစ်ပါတယ်။ ထိုခြင်များသည် နေ့ခင်းတွင်ကိုက်လေ့ရှိပြီး ရေကြည်ရေသန့်များတွင် ပေါက်ဖွားတတ်ပါတယ်။
သွေးလွန်တုပ်ကွေးရောဂါဟု သတ်မှတ်နိုင်သော အန္တရာယ်ရှိသည့် လက္ခဏာများမှာ
– ရုတ်တရက် အဖျားတက်ခြင်း
– သွေးပေါင်ချိန်တိုင်းကိရိယာနှင့်(Hess’s Test) စမ်းသောအခါ အနီအဆက်လေးများ ထွက်လာခြင်း (positive hess’s test)
– သွေးဖြူဥကျဆင်းလာခြင်း
– သွေးပျစ်နှုန်း မြင့်မားလာခြင်း၊
– ဝမ်းဗိုက်၊ အဆုတ်၊ နှလုံးတို့တွင် အရည်စုလာခြင်းတို့ဖြစ်ပါတယ်။
သွေးလွန်တုပ်ကွေးရောဂါဖြစ်ပြီးဆိုလျှင် ကလေးသည် ခုနှစ်ရက်တိတိ ဖျားပါမယ်။ ဖျားပြီး ၃ရက် နေ့မှ ၇ရက်အထိ အစိုးရိမ်ရဆုံးနေ့များဖြစ်ပါတယ်။ သေချာဂရုစိုက်ရပါမယ်။ ဖျားပြီး ၃ရက်မြောက်နေ့မှစ၍ shock ဖြစ်နိုင်ပါတယ်။ Shock ဖြစ်ကြောင်းသိနိုင်သော လက္ခဏာများမှာ-
– ရုတ်တရက်အဖျားကျလာခြင်း၊
– ဗိုက်နာခြင်း၊
– ခြေသလုံး၊ လက်မောင်းနှင့် ဝမ်းဗိုက်တို့ အေးစက်လာခြင်း (ခြေဖျား၊လက်များအေးခြင်းကို မဆိုလိုပါ။)
– ချွေးထွက်ခြင်း၊
– နှလုံးခုန်နှုန်းမြန်လာခြင်း၊
– ဆီးသွားနည်းခြင်း၊
– အသည်းကြီးလာခြင်းတို့ ဖြစ်ပါတယ်။
သွေးလွန်တုပ်ကွေးရောဂါတွင် အဆင့် ၄ ဆင့် ရှိပါတယ်။ အဆင့်၃နှင့် အဆင့်၄တွင် shock ဖြစ်နိုင်ပါတယ်။
အဆင့်၁- ဖျားခြင်း၊ သွေးပေါင်ချိန်တိုင်းကိရိယာဖြင့် စစ်ဆေးလျှင် POSITIVEထွက်ခြင်း၊
အဆင့်၂- positive test အပြင် ကော်ဖီအရောင်အန်ခြင်း၊ ဝမ်းမဲမဲသွားခြင်း၊ နှာခေါင်းသွေးလျှံခြင်း၊
အဆင့်၃- shock ဖြစ်ခြင်း၊
အဆင့်၄- သွေးပေါင်ချိန်တိုင်းမရခြင်း၊ သွေးခုန်နှုန်းစမ်းမရခြင်းတို့ဖြင့် shockရခြင်း စသည်တို့ ဖြစ်ပါတယ်။
အဆင့်၃နှင့် ၄သည် အသက်အန္တရာယ် ဆုံးရှုံးသည်အထိ အန္တရာယ်ရှိပါတယ်။ ဒါကြောင့် ကလေးဖျားပြီဆိုလျှင် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့ အမြန်သွားပြဖို့ လိုအပ်ပါတယ်။ ကလေးများ အဖျားကြီးလွန်းခြင်း၊ ဗိုက်နာခြင်း၊ မှိန်းလွန်းခြင်း၊ တစ်ခါ၊ နှစ်ခါအန်နေခြင်း၊ အစားအသောက်၊ အရည်သိပ်မဝင်ခြင်း စသည်တို့ ဖြစ်ပေါ်လာလျှင် နီးစပ်ရာဆေးခန်းသို့ အမြန်သွားပြပါ။
ထိုမျှသာမက ကလေးသည် အစားအသောက်၊အရည် လုံးဝလက်မခံတော့ဘဲ ဆက်တိုက်အန်နေမယ်၊ ခန္ဓာကိုယ်အလယ်ပိုင်း အေးစက်ပြီး အရမ်းမှိန်းနေမယ်၊ ကော်ဖီရောင်အန်ခြင်း၊ နှာခေါင်းသွေးလျှံခြင်း၊ သွားဖုံးသွေးထွက်ခြင်း၊ ဝမ်းမဲမဲသွားခြင်းတို့ ဖြစ်ပေါ်လာလျှင် ဆေးရုံသို့ အမြန်သွားဖို့ လိုအပ်ပါတယ်။
မိဘများအနေနဲ့ မိမိတို့၏ကလေးငယ်များ ဖျားနေလျှင် သေချာဂရုစိုက်ဖို့ လိုအပ်ပါတယ်။ အဖျားကြီးလျှင် ရေပတ်တိုက်ရပါမယ်။ အဖျားကြီးလွန်းလျှင် ရေချိုးပေးလို့ရပါတယ်။ ရေခဲတင်လို့ ရပါတယ်။ ပြီးလျှင် အနွေးအထူ မဝတ်ပေးရပါ။ စောင်ထူထူ မခြုံပေးရပါ။ patacetamol အရည်၊ အခဲတိုက်လို့ ရပါတယ်။ paracetamol ဒုံးကျည်ထည့်လို့ ရပါတယ်။ သို့သော် အဖျားပြတ်ဆေး လုံးဝမထိုးရပါ။ တခြား အကိုက်အခဲပျောက်ဆေး လုံးဝမတိုက်ရပါ။ ကလေးကို ဂရုစိုက်ပြီး အရည်များများတိုက်ပါ။ ဓာတ်ဆားရည်၊ နို့၊ အိုဗာတင်း အဖြူ၊ ဆန်ပြုတ်၊ စွပ်ပြုတ်၊ သစ်သီးဖျော်ရည် စသည်တို့တိုက်နိုင်ပါတယ်။ အစာစားနိုင်လျှင် ထမင်းကျွေးလို့လည်း ရပါတယ်။ အနီရောင်၊ အညိုရောင်ရှိသော အရည်များ၊ အစားအစာများ မကျွေးရပါ။
ထိုသို့ ကလေးများကို ဂရုစိုက်ခြင်းအပြင် သွေးလွန်တုပ်ကွေးရောဂါမဖြစ်စေဖို့ ကာကွယ်ရန် နည်းလမ်းများကိုလည်း သိရှိထားသင့်ပါတယ်။ သွေးလွန်တုပ်ကွေး ရောဂါသည် ခြင်မှတစ်ဆင့် ကူးစက်နိုင်သော ရောဂါဖြစ်သည့်အတွက် ခြင်မပေါက်ပွားစေရန် ဂရုစိုက်ပါ။ ခြင်မပေါက်ပွားနိုင်ရန် ဖုံး၊ သွန်၊လဲ၊ စစ်၊ လောင်း၊ ထောင်၊မြုပ်၊ ဖွင့်၊ ရှင်း၊ မှုတ်ဆိုသည့် နည်းလမ်းများဖြင့် နှိမ်နင်းရပါမယ်။
၎င်းတို့မှာ-
– ရေစည်၊ရေအိုးများကို ဖုံးအုပ်ထားခြင်း
– ရေပုံး၊ ရေခွက်၊ အိုးခြမ်းပဲ့များအတွင်းတွင်ရှိသော ရေများကို သွန်ပစ်ခြင်း
– ဘုရားပန်းအိုးများကို မကြာခဏ လဲလှယ်ပေးခြင်း၊
– ရေစည်၊ ရေအိုးများတွင် ပိုးလောက်လန်းများရှိနေပါက ရေစစ်ဖြင့် ဖယ်ရှားခြင်း၊
– ကြောင်အိမ်အောက်ခြေရှိ ရေခွက်များ အခြားရေထည့်ထားသောခွက်များတွက် ပိုးလောက်လန်း မပေါက်ပွားစေရန် ရေနံဆီလောင်းခြင်း
– နေ့ဘက်တွင်ဖြစ်စေ ညဘက်တွင်ဖြစ်စေ ကလေးများကို ခြင်ထောင်ဖြင့်အိပ်စေခြင်း၊ ဆေးစိမ်ခြင်ထောင် အသုံးပြုခြင်း
– ဆွေးမြေ့နေသော တာယာအဟောင်းများ၊ အိုးခြမ်းပဲ့များစသည့် ရေဝပ်နိုင်သောအရများကို မြေမြုပ်ခြင်း
– နေ့ခင်း၊နေ့လည်တွင် အိမ်ရှိ ပြတင်းပေါက်များ အားလုံးကို ဖွင့်ထားခြင်း
– အိမ်ပတ်ဝန်းကျင်နှင့် ကလေးများ၏ကျောင်းပတ်ဝန်းကျင်တွင်ရှိသော ခြုံပင်များကို ရှင်းလင်းခြင်း၊
– နေအိမ်များ၊ ကျောင်းများကို ခြင်ဆေးမှုတ်ခြင်းဖြင့် ရှင်းလင်းခြင်း စသည်တို့ဖြစ်ပါတယ်။
ကလေးငယ်များ စုဝေးပြီးအများကြီးရှိတတ်တဲ့ မူကြိုကျောင်း၊ ကျူရှင်နှင့် စာသင်ကျောင်းများ ပတ်ဝန်းကျင်တွင် သန့်ရှင်းနေဖို့အရေးကြီးပါတယ်။ ခြင်မကိုက်စေရန် ကျောင်းသွားသည့်အခါ အင်္ကျႌလက်ရှည်၊ ဘောင်းဘီရှည်၊ ထမိန်အရှည်များ ဝတ်ပေးရပါမယ်။ ဒါ့အပြင် လိမ်းဆေး၊ ဖြန်းဆေး၊ ခြင်ဆေးခွေ၊ ဆေးစိမ်ခြင်ထောင်၊ ဆေးစိမ်လိုက်ကာ၊ ဆေးစိမ်ခန်းဆီး စသည်တို့ အသုံးပြုသင့်ပါတယ်။
သွေးလွန်တုပ်ကွေးရောဂါသည် အဖြစ်များသည့်အပြင် အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်နိုင်ပါတယ်။ ဒါ့ကြောင့် ကလေးငယ်များ ဖျားလျှင် နီးစပ်ဆေးခန်းသို့ သွားပြပါ။ သေချာဂရုစိုက်ပါ။။ ဓာတ်ဆား များများတိုက်ပါ။ ထမင်းကျွေးပါ။ ဖျားလို့ ထမင်းမကျွေးရဘူးဆိုတာ မှားတဲ့အယူအဆပါ။ ဖျားလျှင် ရေပတ်တိုက်ဖို့ မမေ့ပါနှင့်။
ကလေးငယ်များ အနာရောဂါကင်း၍ ကျန်းမာကြပါစေ။
Author : Dr.သီတာလှိုင်(ဆေး-၂)