fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

ကလေးငယ်လေးများ၏ ကြီးထွားဖွံ့ဖြိုးမှု မှတ်တိုင်များ

317
VIEWS
Share on FacebookShare on TwitterShare on Linkedin
03/05/2018
in မိခင်နှင့်ကလေးကျန်းမာရေး
3 min read
A A

ကေလးငယ္ေလးမ်ား၏ ႀကီးထြားဖြံ႕ၿဖိဳးမႈ မွတ္တိုင္မ်ား

ကေလးငယ္တစ္ေယာက္သည္ ေမြးဖြားခ်ိန္မွစ၍ အသက္အရြယ္အလိုက္ ႀကီးထြားဖြံ႕ၿဖိဳးရမည့္ အမူအက်င့္မ်ား ရိွပါတယ္။ ႀကီးထြားဖြံ႕ၿဖိဳးမႈမွတ္တိုင္ဆိုသည္မွာ ကေလးတစ္ေယာက္သည္ သူ႕အရြယ္ႏွင့္သူ ျပဳမႈႏိုင္သည့္ အမူအရာမ်ား၊ စကားေျပာဆိုမႈမ်ား၊ လႈပ္ရွားသြားလာမႈမ်ား အစရိွသည္တို႔ကို လုပ္ေဆာင္ႏိုင္ျခင္းကို ဆိုလိုပါတယ္။ အဓိကအားျဖင့္ ႐ုပ္ပိုင္းဆိုင္ရာ၊ စိတ္ပိုင္းဆိုင္ရာ၊ အျပဳအမူပိုင္းဆိုင္ရာ၊ သိျမင္ျခင္းဆိုင္ရာႏွင့္ ပတ္ဝန္းက်င္ႏွင့္ ဆက္သြယ္ႏိုင္မႈစသည္တို႔တြင္ ဖြံ႕ၿဖိဳးတိုးတက္မႈရိွရပါမယ္။ ထို႔ေၾကာင့္ ကေလးငယ္တစ္ဦး၏ ဖြံ႕ၿဖိဳးမႈမွတ္တို္င္မ်ားအေၾကာင္းကို ေျပာျပေပးလိုပါတယ္။ ၎တို႔မွာ-

– ေမြးကင္းစမွ အသက္၄လအထိ ကေလးငယ္ေလးမ်ား

ဒီအသက္အရြယ္တြင္ ကေလးငယ္မ်ားသည္ မ်က္စိျဖင့္ အရာဝတၳဳမ်ား၏ ေရြ႕လ်ားမႈကို လိုက္ၾကည့္တတ္ေနပါတယ္။ ေမေမရဲ႕ မ်က္ႏွာေလးကိုလည္း လိုက္ၾကည့္ေနပါလိမ့္မယ္။ အထူးအဆန္းေတြကို လိုက္စပ္စုတတ္ေနေသာ အရြယ္ေလးေတြပါ။ ဒါ့အျပင္ လက္ထဲသို႔ ပစၥည္းတစ္ခုခုထည့္ေပးလိုက္လွ်င္ ဆုပ္ကိုင္ဖို႔ ႀကိဳးစားေနပါၿပီ။ လူႀကီးမ်ားက ကေလးငယ္ေလးကို ၿပံဳးျပၿပီးႏႈတ္ဆက္လွ်င္ ျပန္ၿပံဳးျပတတ္ပါတယ္။

– အသက္၆လအရြယ္ကေလးငယ္မ်ား

အသက္၆လသို႔ေရာက္လာေသာအခါ ကေလးက စတင္၍ ေမွာက္တတ္လာပါတယ္။ လူႀကီးက အေနာက္ကေန ထိန္းေပးလွ်င္ ထိုင္ႏိုင္လာပါၿပီ။ ကေလးကို ေမွာက္ေပးထားလွ်င္ လိွမ့္ခ်င္တာ၊ ပက္လက္လွန္ခ်င္တာ ရိွတတ္ပါတယ္။ အရာဝတၳဳပစၥည္းမ်ားကို လက္ႏွစ္ဖက္ျဖင့္ လွမ္းယူမယ္။ ၿပီးလွ်င္ ပစ္ခ်မယ္။ ဒါမွမဟုတ္ ပါးစပ္ထဲ ေကာက္ထည့္ပါလိမ့္မယ္။ ပါးစပ္ကလည္း စကားမ်ား စတင္ေျပာဖို႔အသံေလးေတြ ထြက္လာပါၿပီ။ ေမ့ေမ့မ်က္ႏွာကိုလည္း ေကာင္းေကာင္းမွတ္မိေနပါၿပီ။ ဒီအရြယ္ေလးေတြဟာ ေမေမတို႔ကို မ်က္စိေအာက္က အေပ်ာက္မခံဘဲ အတင္းတြယ္ကပ္ေနမွာပါ။

– အသက္၉လအရြယ္ကေလးငယ္မ်ား

အသက္၉လေရာက္လာတဲ့အခါမွာေတာ့ ေမွာက္လ်က္ တံေတာင္ႏွင့္ ဒူးကို အားျပဳကာ တြားသြားေနပါၿပီ။ လက္ညိဳးထိုးျပတတ္ေနပါၿပီ။ ေဖေဖ၊ ေမေမ၊ မမ စသည္ျဖင့္ ၂လံုးတြဲ စကားလံုးေလးမ်ားကို စတင္ေျပာတတ္လာပါတယ္။ ကေလးမ်ားအား သူတို႔ နာမည္ေလးေတြ ေခၚလိုက္လွ်င္ လွည့္ၾကည့္တာမ်ဳိး၊ ၿပံဳးျပတာမ်ဳိး လုပ္တတ္ေနပါၿပီ။ ဒါ့အျပင္ တာ့တာလည္း ျပတတ္ေနပါၿပီ။ ဒီအရြယ္မွာေတာ့ ေဖေဖ၊ ေမေမတို႔ရဲ႕ အသည္းေက်ာ္ေလးေတြ ျဖစ္ေနမွာ အမွန္ပါပဲ။

– အသက္တစ္ႏွစ္အရြယ္ ကေလးငယ္မ်ား

ဒီအသက္အရြယ္မွာေတာ့ မတ္တပ္ရပ္ဖို႔ စတင္ႀကိဳးစားလာပါလိမ့္မယ္။ လူႀကီးေတြကကူေပးရင္ မတ္တပ္ရပ္လာႏိုင္မယ္။ ပရိေဘာဂပစၥည္းမ်ားကို အားျပဳၿပီး မတ္တပ္ရပ္လာႏိုင္ပါမယ္။ ပရိေဘာဂပစၥည္းမ်ားကို ကိုင္ကာ လမ္းေလွ်ာက္လာႏိုင္ပါမယ္။ လက္မႏွင့္လက္ညိဳးထဲသို႔ အရာဝတၳဳပစၥည္းမ်ားကိုထည့္၍ ေသခ်ာၿမဲၿမံစြာ ကိုင္တြယ္လာႏိုင္ပါၿပီ။ လက္ထဲပစၥည္းထည့္ေပးလွ်င္ လႊတ္ခ်တာမ်ဳိး၊ လႊတ္ပစ္တာမ်ဳိး လုပ္လာႏိုင္ပါၿပီ။ ကေလးငယ္မ်ားကို သူတို႔နာမည္ေလးေခၚလိုက္လွ်င္နားလည္လာတဲ့အျပင္ စကားလံုးေတာ္ေတာ္မ်ားမ်ားကိုလည္း နားလည္လာႏိုင္ပါၿပီ။ လက္ခုပ္ေကာင္းေကာင္းတီးတတ္ေနပါၿပီ။ သူစိမ္းေတြကိုလည္း ေၾကာက္တတ္လာပါၿပီ။

– အသက္တစ္ႏွစ္ခြဲအရြယ္ကေလးငယ္မ်ား

ဒီအခ်ိန္မွာ လမ္းေကာင္းေကာင္းေလွ်ာက္တတ္ေနပါၿပီ။ ေလွကားထစ္မ်ားေပၚသို႔ တက္ရန္ စတင္ႀကိဳးစားေနပါလိမ့္မယ္။ ေကာင္းေကာင္းေျပးတတ္ေနပါၿပီ။ ကစားစရာပစၥည္းမ်ားကို ပံုးထဲေကာက္သိမ္းျခင္း၊ အတံုးေလးေတြဆက္တာ၊ အ႐ုပ္ဆက္တာ စသည့္ကစားစရာမ်ားကို ေကာင္းစြာေဆာ့တတ္ေနပါၿပီ။ နား၊ ႏွာေခါင္း၊ ပါးစပ္ စသည့္ ခႏၶာကိုယ္အစိတ္အပိုင္းမ်ား၏ အမည္မ်ားကို နားလည္လာပါတယ္။ အိမ္သာသြားခ်င္လွ်င္ အိမ္သာကို ၫႊန္ျပတတ္တာမ်ဳိးလည္း လုပ္တတ္ေနပါၿပီ။

 

– အသက္၂ႏွစ္အရြယ္ကေလးငယ္မ်ား

ေလွကားထစ္မ်ားကို ေျခေထာက္စံု၂ဖက္ျဖင့္ တက္ႏိုင္ပါၿပီ။ စာအုပ္ထဲရိွစာရြက္မ်ားကို တစ္ရြက္ခ်င္းစီ လွန္ႏိုင္လာပါတယ္။ စကားလံုးမ်ားကို မ်ားစြာေျပာတတ္လာပါၿပီ။ မိမိအဝတ္အစားမ်ားကို ဝတ္ႏိုင္၊ ခြၽတ္ႏိုင္လာပါတယ္။ ထို႔အျပင္ မိမိနာမည္ကိုလည္း ေကာင္းစြာမွတ္မိလာပါတယ္။

– အသက္၃ႏွစ္အရြယ္ကေလးငယ္မ်ား

၃ႏွစ္အရြယ္ကေလးငယ္မ်ားသည္ ေလွကားထစ္မ်ားကို ေျခလွမ္းတစ္လွမ္းခ်င္း တက္လာႏိုင္ပါလိမ့္မယ္။ ဘီးသံုးဘီးပါေသာ စက္ဘီးမ်ားကို စတင္စီးတတ္လာပါၿပီ။ စက္ဝိုင္းမ်ားကို ဝိုင္းေအာင္ဆြဲႏိုင္လာပါတယ္။ ဝလံုးေရးတတ္ေအာင္သင္ေပးလို႔ရတဲ့အရြယ္ျဖစ္ေနပါၿပီ။ ဒါ့အျပင္ အေရာင္၂ေရာင္ေလာက္ကို စတင္ခြဲျခားၿပီး သိျမင္လာႏိုင္ပါၿပီ။ စကားေျပာရာတြင္လည္း တစ္ေၾကာင္းခ်င္းစီ စေျပာတတ္လာပါၿပီ။ အိပ္ရာထဲေသးေပါက္ခ်တာမ်ဳိးလည္း မရိွတတ္ေတာ့ပါဘူး။ တစ္ခ်ဳိ႕မွာလည္း ရိွႏိုင္ပါတယ္။ ဒါကေတာ့ ႁခြင္းခ်က္ပါ။ စာလံုးေလးမ်ားကို အေရး၊အဖတ္သင္ရန္ အဆင္ေျပေသာ အအသက္အရြယ္မ်ားျဖစ္ပါတယ္။

– အသက္၅ႏွစ္အရြယ္ကေလးငယ္မ်ား

အသက္၅ႏွစ္အရြယ္ေရာက္လာေသာအခါ ေဘာလံုးပစ္ျခင္း၊ ေဘာလံုးဖမ္းျခင္းတို႔ကို ေကာင္းစြာျပဳလုပ္လာႏိုင္ပါၿပီ။ ထို႔အျပင္ သံုးနားညီႀတိဂံမ်ားကို ေရးဆြဲတတ္လာပါၿပီ။ စကားေကာင္းစြာ ေျပာတတ္ေနပါၿပီ။ ဒီအရြယ္ေလးေတြကေတာ့ အေမးအျမန္းထူမယ့္အရြယ္ေလးေတြပါ။ အေရာင္ေတာ္ေတာ္မ်ားမ်ားကိုလည္း ခြဲျခားသိတတ္ေနပါၿပီ။ သူငယ္ခ်င္းအေပါင္းအေဖာ္မ်ားႏွင့္ ကစားႏိုင္ေသာ အရြယ္ေလးမ်ား ျဖစ္လာပါၿပီ။

အထက္ေဖာ္ျပပါ ကေလးမ်ား၏ အသက္အရြယ္အလိုက္ ဖြံ႕ၿဖိဳးမႈမ်ားသည္ တစ္ေယာက္ႏွင့္တစ္ေယာက္ ကြာျခားမႈေလးေတြ ရိွႏိုင္ပါတယ္။ တစ္ခ်ဳိ႕ေသာ ကေလးငယ္မ်ားတြင္ အသက္အလိုက္ ျပဳမူတတ္ေသာ အမူအရာမ်ားမွာ ေစာ၍ျဖစ္ေပၚေလ့ရိွၿပီး တစ္ခ်ဳိ႕မွာလည္း ေနာက္က်ေလ့ရိွပါတယ္။ အကယ္၍ မိမိကေလးေတြ ေနာက္က်ေသာ အမူအရာမ်ား ရိွေနပါက မ်ားေသာအားျဖင့္ စိုးရိမ္စရာမရိွပါဘူး။ တစ္လမွ် အေျခအေနေစာင့္ၾကည့္ေပးပါ။ လမေစ့၊ ေပါင္မျပည့္ဘဲ ေမြးသည့္ ကေလးမ်ားသည္လည္း ေနာက္က်တတ္ပါတယ္။ ထိုကေလးမ်ားကိုလည္း ပံုမွန္ကေလးမ်ားထက္ ၂လေလာက္ေစာင့္ၾကည့္ေပးပါ။ တိုးတက္မႈမ်ား ဒီ့ထက္ပိုမိုေနာက္က်ေနသည္ဟု သံသယရိွလွ်င္ တတ္ကြၽမ္းနားလည္ေသာ ဆရာဝန္မ်ားႏွင့္ တိုင္ပင္ေဆြးေႏြးပါ။

က်န္းက်န္းမာမာျဖင့္ ႀကီးထြားဖြံ႕ၿဖိဳးၿပီး ထက္ျမက္ေသာ ကေလးငယ္မ်ား ျဖစ္ၾကပါေစ

Dr.သီတာလိႈင္(ေဆး-၂)

 

ကလေးငယ်လေးများ၏ ကြီးထွားဖွံ့ဖြိုးမှု မှတ်တိုင်များ

ကလေးငယ်တစ်ယောက်သည် မွေးဖွားချိန်မှစ၍ အသက်အရွယ်အလိုက် ကြီးထွားဖွံ့ဖြိုးရမည့် အမူအကျင့်များ ရှိပါတယ်။ ကြီးထွားဖွံ့ဖြိုးမှုမှတ်တိုင်ဆိုသည်မှာ ကလေးတစ်ယောက်သည် သူ့အရွယ်နှင့်သူ ပြုမှုနိုင်သည့် အမူအရာများ၊ စကားပြောဆိုမှုများ၊ လှုပ်ရှားသွားလာမှုများ အစရှိသည်တို့ကို လုပ်ဆောင်နိုင်ခြင်းကို ဆိုလိုပါတယ်။ အဓိကအားဖြင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ အပြုအမူပိုင်းဆိုင်ရာ၊ သိမြင်ခြင်းဆိုင်ရာနှင့် ပတ်ဝန်းကျင်နှင့် ဆက်သွယ်နိုင်မှုစသည်တို့တွင် ဖွံ့ဖြိုးတိုးတက်မှုရှိရပါမယ်။ ထို့ကြောင့် ကလေးငယ်တစ်ဦး၏ ဖွံ့ဖြိုးမှုမှတ်တိုင်များအကြောင်းကို ပြောပြပေးလိုပါတယ်။ ၎င်းတို့မှာ-

– မွေးကင်းစမှ အသက်၄လအထိ ကလေးငယ်လေးများ

ဒီအသက်အရွယ်တွင် ကလေးငယ်များသည် မျက်စိဖြင့် အရာဝတ္ထုများ၏ ရွေ့လျားမှုကို လိုက်ကြည့်တတ်နေပါတယ်။ မေမေရဲ့ မျက်နှာလေးကိုလည်း လိုက်ကြည့်နေပါလိမ့်မယ်။ အထူးအဆန်းတွေကို လိုက်စပ်စုတတ်နေသော အရွယ်လေးတွေပါ။ ဒါ့အပြင် လက်ထဲသို့ ပစ္စည်းတစ်ခုခုထည့်ပေးလိုက်လျှင် ဆုပ်ကိုင်ဖို့ ကြိုးစားနေပါပြီ။ လူကြီးများက ကလေးငယ်လေးကို ပြုံးပြပြီးနှုတ်ဆက်လျှင် ပြန်ပြုံးပြတတ်ပါတယ်။

– အသက်၆လအရွယ်ကလေးငယ်များ

အသက်၆လသို့ရောက်လာသောအခါ ကလေးက စတင်၍ မှောက်တတ်လာပါတယ်။ လူကြီးက အနောက်ကနေ ထိန်းပေးလျှင် ထိုင်နိုင်လာပါပြီ။ ကလေးကို မှောက်ပေးထားလျှင် လှိမ့်ချင်တာ၊ ပက်လက်လှန်ချင်တာ ရှိတတ်ပါတယ်။ အရာဝတ္ထုပစ္စည်းများကို လက်နှစ်ဖက်ဖြင့် လှမ်းယူမယ်။ ပြီးလျှင် ပစ်ချမယ်။ ဒါမှမဟုတ် ပါးစပ်ထဲ ကောက်ထည့်ပါလိမ့်မယ်။ ပါးစပ်ကလည်း စကားများ စတင်ပြောဖို့အသံလေးတွေ ထွက်လာပါပြီ။ မေ့မေ့မျက်နှာကိုလည်း ကောင်းကောင်းမှတ်မိနေပါပြီ။ ဒီအရွယ်လေးတွေဟာ မေမေတို့ကို မျက်စိအောက်က အပျောက်မခံဘဲ အတင်းတွယ်ကပ်နေမှာပါ။

– အသက်၉လအရွယ်ကလေးငယ်များ

အသက်၉လရောက်လာတဲ့အခါမှာတော့ မှောက်လျက် တံတောင်နှင့် ဒူးကို အားပြုကာ တွားသွားနေပါပြီ။ လက်ညိုးထိုးပြတတ်နေပါပြီ။ ဖေဖေ၊ မေမေ၊ မမ စသည်ဖြင့် ၂လုံးတွဲ စကားလုံးလေးများကို စတင်ပြောတတ်လာပါတယ်။ ကလေးများအား သူတို့ နာမည်လေးတွေ ခေါ်လိုက်လျှင် လှည့်ကြည့်တာမျိုး၊ ပြုံးပြတာမျိုး လုပ်တတ်နေပါပြီ။ ဒါ့အပြင် တာ့တာလည်း ပြတတ်နေပါပြီ။ ဒီအရွယ်မှာတော့ ဖေဖေ၊ မေမေတို့ရဲ့ အသည်းကျော်လေးတွေ ဖြစ်နေမှာ အမှန်ပါပဲ။

– အသက်တစ်နှစ်အရွယ် ကလေးငယ်များ

ဒီအသက်အရွယ်မှာတော့ မတ်တပ်ရပ်ဖို့ စတင်ကြိုးစားလာပါလိမ့်မယ်။ လူကြီးတွေကကူပေးရင် မတ်တပ်ရပ်လာနိုင်မယ်။ ပရိဘောဂပစ္စည်းများကို အားပြုပြီး မတ်တပ်ရပ်လာနိုင်ပါမယ်။ ပရိဘောဂပစ္စည်းများကို ကိုင်ကာ လမ်းလျှောက်လာနိုင်ပါမယ်။ လက်မနှင့်လက်ညိုးထဲသို့ အရာဝတ္ထုပစ္စည်းများကိုထည့်၍ သေချာမြဲမြံစွာ ကိုင်တွယ်လာနိုင်ပါပြီ။ လက်ထဲပစ္စည်းထည့်ပေးလျှင် လွှတ်ချတာမျိုး၊ လွှတ်ပစ်တာမျိုး လုပ်လာနိုင်ပါပြီ။ ကလေးငယ်များကို သူတို့နာမည်လေးခေါ်လိုက်လျှင်နားလည်လာတဲ့အပြင် စကားလုံးတော်တော်များများကိုလည်း နားလည်လာနိုင်ပါပြီ။ လက်ခုပ်ကောင်းကောင်းတီးတတ်နေပါပြီ။ သူစိမ်းတွေကိုလည်း ကြောက်တတ်လာပါပြီ။

– အသက်တစ်နှစ်ခွဲအရွယ်ကလေးငယ်များ

ဒီအချိန်မှာ လမ်းကောင်းကောင်းလျှောက်တတ်နေပါပြီ။ လှေကားထစ်များပေါ်သို့ တက်ရန် စတင်ကြိုးစားနေပါလိမ့်မယ်။ ကောင်းကောင်းပြေးတတ်နေပါပြီ။ ကစားစရာပစ္စည်းများကို ပုံးထဲကောက်သိမ်းခြင်း၊ အတုံးလေးတွေဆက်တာ၊ အရုပ်ဆက်တာ စသည့်ကစားစရာများကို ကောင်းစွာဆော့တတ်နေပါပြီ။ နား၊ နှာခေါင်း၊ ပါးစပ် စသည့် ခန္ဓာကိုယ်အစိတ်အပိုင်းများ၏ အမည်များကို နားလည်လာပါတယ်။ အိမ်သာသွားချင်လျှင် အိမ်သာကို ညွှန်ပြတတ်တာမျိုးလည်း လုပ်တတ်နေပါပြီ။

 

– အသက်၂နှစ်အရွယ်ကလေးငယ်များ

လှေကားထစ်များကို ခြေထောက်စုံ၂ဖက်ဖြင့် တက်နိုင်ပါပြီ။ စာအုပ်ထဲရှိစာရွက်များကို တစ်ရွက်ချင်းစီ လှန်နိုင်လာပါတယ်။ စကားလုံးများကို များစွာပြောတတ်လာပါပြီ။ မိမိအဝတ်အစားများကို ဝတ်နိုင်၊ ချွတ်နိုင်လာပါတယ်။ ထို့အပြင် မိမိနာမည်ကိုလည်း ကောင်းစွာမှတ်မိလာပါတယ်။

– အသက်၃နှစ်အရွယ်ကလေးငယ်များ

၃နှစ်အရွယ်ကလေးငယ်များသည် လှေကားထစ်များကို ခြေလှမ်းတစ်လှမ်းချင်း တက်လာနိုင်ပါလိမ့်မယ်။ ဘီးသုံးဘီးပါသော စက်ဘီးများကို စတင်စီးတတ်လာပါပြီ။ စက်ဝိုင်းများကို ဝိုင်းအောင်ဆွဲနိုင်လာပါတယ်။ ဝလုံးရေးတတ်အောင်သင်ပေးလို့ရတဲ့အရွယ်ဖြစ်နေပါပြီ။ ဒါ့အပြင် အရောင်၂ရောင်လောက်ကို စတင်ခွဲခြားပြီး သိမြင်လာနိုင်ပါပြီ။ စကားပြောရာတွင်လည်း တစ်ကြောင်းချင်းစီ စပြောတတ်လာပါပြီ။ အိပ်ရာထဲသေးပေါက်ချတာမျိုးလည်း မရှိတတ်တော့ပါဘူး။ တစ်ချို့မှာလည်း ရှိနိုင်ပါတယ်။ ဒါကတော့ ခြွင်းချက်ပါ။ စာလုံးလေးများကို အရေး၊အဖတ်သင်ရန် အဆင်ပြေသော အအသက်အရွယ်များဖြစ်ပါတယ်။

– အသက်၅နှစ်အရွယ်ကလေးငယ်များ

အသက်၅နှစ်အရွယ်ရောက်လာသောအခါ ဘောလုံးပစ်ခြင်း၊ ဘောလုံးဖမ်းခြင်းတို့ကို ကောင်းစွာပြုလုပ်လာနိုင်ပါပြီ။ ထို့အပြင် သုံးနားညီတြိဂံများကို ရေးဆွဲတတ်လာပါပြီ။ စကားကောင်းစွာ ပြောတတ်နေပါပြီ။ ဒီအရွယ်လေးတွေကတော့ အမေးအမြန်းထူမယ့်အရွယ်လေးတွေပါ။ အရောင်တော်တော်များများကိုလည်း ခွဲခြားသိတတ်နေပါပြီ။ သူငယ်ချင်းအပေါင်းအဖော်များနှင့် ကစားနိုင်သော အရွယ်လေးများ ဖြစ်လာပါပြီ။

အထက်ဖော်ပြပါ ကလေးများ၏ အသက်အရွယ်အလိုက် ဖွံ့ဖြိုးမှုများသည် တစ်ယောက်နှင့်တစ်ယောက် ကွာခြားမှုလေးတွေ ရှိနိုင်ပါတယ်။ တစ်ချို့သော ကလေးငယ်များတွင် အသက်အလိုက် ပြုမူတတ်သော အမူအရာများမှာ စော၍ဖြစ်ပေါ်လေ့ရှိပြီး တစ်ချို့မှာလည်း နောက်ကျလေ့ရှိပါတယ်။ အကယ်၍ မိမိကလေးတွေ နောက်ကျသော အမူအရာများ ရှိနေပါက များသောအားဖြင့် စိုးရိမ်စရာမရှိပါဘူး။ တစ်လမျှ အခြေအနေစောင့်ကြည့်ပေးပါ။ လမစေ့၊ ပေါင်မပြည့်ဘဲ မွေးသည့် ကလေးများသည်လည်း နောက်ကျတတ်ပါတယ်။ ထိုကလေးများကိုလည်း ပုံမှန်ကလေးများထက် ၂လလောက်စောင့်ကြည့်ပေးပါ။ တိုးတက်မှုများ ဒီ့ထက်ပိုမိုနောက်ကျနေသည်ဟု သံသယရှိလျှင် တတ်ကျွမ်းနားလည်သော ဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေးပါ။

ကျန်းကျန်းမာမာဖြင့် ကြီးထွားဖွံ့ဖြိုးပြီး ထက်မြက်သော ကလေးငယ်များ ဖြစ်ကြပါစေ

Dr.သီတာလှိုင်(ဆေး-၂)

 

Previous Post

သွားနှုတ်ထားတာကိုသွားပြန်မစိုက်ရင် ဘာပြသနာတွေဖြစ်နိုင်လဲ

Next Post

ကိုယ်ဝန်ဆောင် နှင့် အာထရာဆောင်းရိုက်ခြင်းအကြောင်း အပိုင်း(၁)

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
260

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
315

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
832

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1.1k
When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

3 years ago
1000
To teach children to choose food that will be nutritious

သားသားမီးမီးတို့ အာဟာရဖြစ်မယ့်အစားအစာ ရွေးချယ်တတ်စေဖို့

3 years ago
672

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကိုယ်ဝန်ဆောင် နှင့် အာထရာဆောင်းရိုက်ခြင်းအကြောင်း အပိုင်း(၁)

သားအိမ်လေး နေကောင်းလား

အဖြစ်များတဲ့ ကျောက်ကပ်ကင်ဆာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.