ကေလးတို႔ ဖ်ားၿပီးတက္ တဲ့ အခါ
သားသားမီးမီး ေပါက္စနေတြ တက္တဲ့ အခါ ေဖေဖ ေမေမတို႔ ေျခမကိုင္မိ လက္မကိုင္မိ ျဖစ္တတ္ၾကတာသဘာဝပါ။ စိုးသာစိုးရိမ္တယ္…တကယ္တမ္း ဘာလုပ္ေပးရမွန္းမသိ …ဘာျဖစ္မွန္းမသိ ကေလးပဲ ဦးေႏွာက္ပ်က္သြားၿပီလား…ဉာဏ္မမီေတာ့ဘူးလား…ေသမွာလား.. အစရွိတဲ့ ေမးခြန္းေတြနဲ႔ စိတ္ပူရင္း တကယ္ ေစာင့္ၾကည့္ဖို႔ လိုအပ္တဲ့ အခ်က္ေတြကို သတိမျပဳမိၾကေတာ့ပါဘူး။ သည္ေတာ့ ေဆးခန္းလည္း လာေရာ ဆရာဝန္ေမးသမွ်ကို ေကာင္းေကာင္းမေျဖႏိုင္ေတာ့ဘူးေပါ့။ အဲသည္လိုမျဖစ္ရေအာင္ သည္လို အခ်က္ေလးေတြ သိထားဖို႔လိုပါတယ္… ကဲ ၾကည့္ၾကရေအာင္။
(၁) ကေလးေတြက ဖ်ားရင္ဘာလို႔တက္တာ
Word count: 856 |
လဲ??
ေဒါက္တာႏွင္းတို႔ ရဲ႕ ဦးေႏွာက္ထဲမွာ ခႏၶာကိုယ္ရဲ႕ အပူထိန္းစနစ္ ထိန္းခ်ဳပ္မႈ ဧရိယာ ( thermal center ) ဆိုတာရွိပါတယ္။ ကေလးေတြရဲ႕ ဦးေႏွာက္ ဖြံၿဖိဳးဆဲ ကာလျဖစ္တဲ့ အသက္ ၅ ႏွစ္ အထိမွာ ဒီ thermal center (ဝါ) အပူထိန္းခ်ဳပ္မႈစနစ္က အလုပ္ေကာင္းေကာင္းမလုပ္ေသးပါဘူး။ သည္ေတာ့ အဖ်ားတက္လာတဲ့ အခ်ိန္မွာ ဦးေႏွာက္ ဆဲလ္ေလးေတြဟာ အပူဓာတ္ျမင့္မားလာတဲ့ အတြက္ စြမ္းအင္ထြက္လာၿပီး လႈပ္လႈပ္ရွားရွားျဖစ္လာပါတယ္…. အဲသည္မွာ အဖ်ားႀကီးရင္ ကေလးက တက္တယ္ဆိုတာျဖစ္လာတာပါပဲ။
(၂) အျဖစ္မ်ားလား?
ကေလးဘဝ အတက္ေရာဂါထဲမွာေတာ့ ဒီလို သာမန္ အဖ်ားႀကီးလို႔တက္တာမ်ိဳးက အျဖစ္မ်ားပါတယ္…. ကေလး အေယာက္ ၁၀၀ မွာ ၃ ေယာက္ကေန ၅ ေယာက္အထိ ျဖစ္ႏိုင္ပါတယ္။ ဖ်ားလို႔တက္တဲ့ထဲမွာ တျခား အႏၲရာယ္ရွိတဲ့ ဦးေႏွာက္ေရာင္/ဦးေႏွာက္ အေျမႇးေရာင္ေရာဂါ၊ တီဘီ ဦးေႏွာက္ေရာင္ေရာဂါ၊ ငွက္ဖ်ားပိုးဦးေႏွာက္ထဲေရာက္ျခင္း ႏွင့္ ဦးေႏွာက္ျပည္တည္နာေရာဂါေတြက ၁၀% မွ်သာရွိၿပီး febril convulsion လို႔ေခၚတဲ့ သာမန္ အဖ်ားႀကီးၿပီးတက္တာမ်ိဳးက ၉၀% ေလာက္ရွိပါတယ္။ သည္လို အဖ်ားႀကီးရင္တက္တတ္တာဟာ အသက္ ၆လကေန ၅ႏွစ္ အတြင္း ကေလးငယ္ေတြမွာ ျဖစ္တတ္ၿပီး ၁ႏွစ္ခြဲ ၂ႏွစ္ပတ္ခ်ာလည္ ကေလးအ႐ြယ္ေတြမွာ အျဖစ္အမ်ားဆုံးပါပဲ။ ၿပီးေတာ့ သားသားေတြမွာ မီးမီးေတြထပ္ ပိုၿပီးျဖစ္တတ္ပါသတဲ့။ အဖ်ားႀကီးလို႔ တက္ထားဖူးတဲ့ ကေလးတစ္ေယာက္ဟာ ေနာက္တစ္ခါဖ်ားရင္ ျပန္တက္ဖို႔ ၃၀% ရွိပါတယ္။ ေအာက္ပါ အခ်က္ေတြ ရွိတဲ့ သားသားမီးမီးဆိုရင္ေတာ့ ဟာ အဖ်ားႀကီးလို႔ တစ္ခါတက္ၿပီးရင္ ေနာက္တစ္ခါထပ္တက္ဖို႔ ရာႏႈန္းပိုမ်ားပါတယ္။
(၁) ကေလး အသက္ ၁ ႏွစ္ ေအာက္မွ စတက္ ဖူးရင္
(၂) အဖ်ားေငြ႕ေငြ႕ရွိ႐ုံနဲ႔ တက္တတ္ရင္
(၃) ပထမဆုံး ဖ်ားဖူးတဲ့ အႀကိမ္မွာတင္ စတက္ရင္
(၄) ေဖေဖ ေမေမတို႔ ရဲ႕ မ်ိဳး႐ိုးမွာ သည္လို အဖ်ားႀကီးလို႔ တက္ခဲ့ဖူးသူမ်ားရွိရင္ သားသားမီးမီးတို႔မွာလည္း အလားတူ ျဖစ္ႏိုင္ပါတယ္။
(၃) အႏၲရာယ္ရွိလား!? စိုးရိမ္ရသလား??
ေစာေစာက ေျပာခဲ့သလိုပဲ ၁၀% ေလာက္သာ အႏၲရာယ္ရွိတဲ့ ဖ်ားၿပီးတက္တာ မ်ိဳး ျဖစ္ႏိုင္တာပါ ။ ၉၀% ေသာ ႐ိုး႐ိုး အဖ်ားႀကီးလို႔ တက္တာဟာ အႏၲရာယ္မရွိပါဘူး။ ကေလးတက္တုန္း ေအာက္ပါ အခ်က္ ကေလးေတြ ကို ေသခ်ာ ေစာင့္ၾကည့္ထားၿပီး ျပန္ေျပာႏိုင္လွ်င္ ေဆး႐ုံေဆးခန္းသြားတဲ့ အခါ အႏၲရာယ္ရွိတဲ့ အတက္လား…႐ိုး႐ိုးဖ်ားလို႔ တက္တာလားဆိုတာ ဆရာဝန္က ဆုံးျဖတ္ေပးဖို႔ရာ လြယ္ကူသြားေစပါတယ္။
၁- ဖ်ားၿပီး ၂၄ နာရီ အတြင္း ကိုယ္ပူခ်ိန္ အျမႇင့္ဆုံး အခ်ိန္ေလာက္မွာတက္တာလား? ( ၁၀၂•F ခန႔္)
၂- ၁ ခါပဲတက္တာလား?
၃- တက္တဲ့အခါ ၁ ေနရာ ၂ ေနရာထဲ မဟုတ္ဘဲ တစ္ကိုယ္လုံး ေတာင့္တင္းၿပီးတုန္တက္တာလား?
၄- တက္တဲ့ အခ်ိန္ ၁၅ မိနစ္ မေက်ာ္ဘူးလား?
၅- အတက္ျပန္က်သြားတဲ့ အခ်ိန္ ကေလးက ပုံမွန္ပဲလား? ( တစ္ခါတစ္ေလ အတက္က်ၿပီး အိပ္ေပ်ာ္သြားေလ့ရွိသည္။ ကိစၥ မရွိပါ… ႏိုးလာသည့္အခ်ိန္တြင္ ပုံမွန္ အတိုင္းပဲဆိုရင္ ပုံမွန္ဟု သတ္မွတ္၍ရသည္။)
၆- ဖ်ားၿပီးတက္တာအျပင္ တျခား ေရာဂါ လကၡဏာ မရွိဘူးလား?? ( ဥပမာ- အန္တာ…နားျပည္ယိုတာ….ေခ်ာင္းရက္ရွည္ဆိုးေနတာ….တစ္ေနရာထဲ ကြက္ၿပီးတက္ေနတာ… ဦးေခါင္းထိခိုက္မိထားတာ စသည္ျဖင့္)
အေပၚက အခ်က္ေတြ နဲ႔ ညႇိၾကည့္ၿပီး သာမန္ ဖ်ားလို႔တက္တာ လားဆိုတာ ေယဘုယ်အားျဖင့္ စစ္ေဆးလို႔ရေနပါၿပီ။ ဒါေပမဲ့ ကေလးက အစထဲက ဖြံ႕ ၿဖိဳးမႈ ေနာက္က်ေနတာမ်ိဳး (ဝမ္းလ်ားေမွာက္ အထိုင္ အထ လမ္းေလွ်ာက္ စကားေျပာေနာက္က်တာတို႔ ) ၊ တစ္ႀကိမ္ဖ်ားရင္ တစ္ခါမကတက္တာတို႔ အခ်ိန္အၾကာႀကီး ၁၀ မိနစ္ ၁၅ မိနစ္ မကတက္တာတို႔ ၊တစ္ကိုယ္လုံးမတက္ပဲ တစ္ေနရာပဲ ကြက္တက္တာမ်ိဳးတို႔ ၊မ်ိဳး႐ိုးထဲမွာကိုက မွာ သာမန္ဖ်ားၿပီးတက္တာမဟုတ္တဲ့ အတက္ေရာဂါသည္ရွိေနတာမ်ိဳး ဆိုရင္ေတာ့ အခု အႏၲရာယ္ မရွိေပမဲ့ တေျခားကေလးနဲ႔ယွဥ္ရင္ ေနာက္ပိုင္း အတက္ေရာဂါ ရသြားဖို႔ ရာႏႈန္းပိုမ်ားပါတယ္။ အခုေနာက္ပိုင္းမွာ ဖ်ားၿပီးတက္တတ္တဲ့ ဗီဇနဲ႔ဆိုင္တဲ့ အတက္ေရာဂါေတြလည္း ေတြ႕လာတာမို႔ အေစာကေျပာထားတဲ့ ကေလးမ်ိဳးဆိုရင္ေတာ့ ကေလးဦးေႏွာက္အာ႐ုံေၾကာဆိုင္ရာ ဆရာဝန္မ်ားနဲ႔ ေဆြးေႏြးထားသင့္ပါတယ္။ ဒါေပမဲ့ ဒါကလည္း ျဖစ္ႏိုင္ေခ်ရာႏႈန္း နည္းေသးတာပါပဲ။
(၄)ထပ္မျဖစ္ေအာင္ကာကြယ္လို႔ရလား??
မရပါဘူး။ အခုထိ ထပ္မျဖစ္ေအာင္ ကာကြယ္လို႔ရတဲ့နည္းလမ္း မေတြ႕ေသးပါဘူး။ ဖ်ားရင္တက္တတ္တဲ့ကေလးက တက္ကိုတက္ပါတယ္။ အဖ်ားက်ရင္ အတက္ေပ်ာက္မွာပဲဆိုၿပီး အဖ်ားက်ေဆးေတြ ပုံမွန္ထပ္ပိုတိုက္တာမ်ိဳး မလုပ္ရဘူး လို႔ ေဒါက္တာႏွင္းတို႔ရဲ႕ ဆရာႀကီးေတြေျပာတာ မွတ္သားဖူးပါတယ္။ နည္းမွန္လမ္းမွန္နဲ႔ ျပဳစုေစာင့္ေရွာက္ေပးတာ အေကာင္းဆုံးပါပဲ။
(၅) တက္ၿပီဆိုရင္ ဘာေတြလုပ္မယ္?
အရင္ဆုံး ေဖေဖေမေမ တို႔ကိုမွာခ်င္တာက လုံးဝ မျပာပါနဲ႔ …!!!!! ကေလးေပါက္စန ကို ေျခမ လက္မခ်ိဳးတာ… ပါးစပ္ထဲ ပစၥည္းထည့္ ကိုက္ခိုင္းတာ… ရင္ဘက္ေပၚ တက္ဖိတာ … ေျခဖဝါးလက္ဖဝါးေတြကို ေသာ့တံနဲ႔ ထိုးလွည့္တာ ..ဘာဆိုဘာမွ မလုပ္ရပါဘူး။ အခုလိုလုပ္တာဟာ ကေလးကိုပို အသက္ရွဴၾကပ္ေစပါတယ္။ တက္ေနတဲ့ အခ်ိန္မွာ ေလရွဴလို႔ရေနဖို႔က သိပ္အေရးႀကီးပါတယ္။ အထူးသျဖင့္ ကေလးရဲ႕ ဦးေႏွာက္က ေအာက္ဆီဂ်င္ ျပတ္လပ္မႈဒဏ္ကို ၂ မိနစ္ခြဲပဲ ခံႏိုင္လို႔ ပိုၿပီး အေရးႀကီးပါတယ္။ တက္လို႔ ဦးေႏွာက္မပ်က္ပဲ မိမိရဲ႕ အစိုးရိမ္လြန္ၿပီး လုပ္ေဆာင္မႈ အလြဲေတြေၾကာင့္ ဒုကၡပိုေရာက္ႏိုင္တာမို႔ပါ။
ကေလးကို ေဘးတေစာင္းေလးထားပါ … ဒီ အခ်က္က သိပ္အေရးႀကီးပါတယ္… အိမ္မွာ ေစာင့္ၾကည့္ရင္ပဲ ျဖစ္ျဖစ္ ေဆး႐ုံကိုေခၚလာရင္ပဲျဖစ္ျဖစ္ ေဘးတေစာင္းထားတာဟာ တက္ေနတဲ့ အခ်ိန္မ်ိဳးမွာ ေလရွဴသြင္းဖို႔ ပိုမို လြယ္ကူေစပါတယ္။
ကေလးကို အဝတ္ထူေတြ အေႏြးထည္ေတြ အထပ္ထပ္ဝတ္ေပးတာမ်ိဳး မလုပ္ရပါဘူး။ အဝတ္ေတြ နဲ႔တင္းၾကပ္ေနရင္ အဝတ္ပိုေတြကို ခ်က္ခ်င္း ခြၽတ္ပစ္ပါ။ အဖ်ားသိပ္ႀကီးလွ်င္ ေရပတ္တိုက္ေပးလို႔ရပါတယ္။
မ်ားေသာအားျဖင့္ မိနစ္ပိုင္းအတြင္း အတက္က်သြားတတ္ပါတယ္… ေမးခြန္းနံပါတ္ (၃) မွာ ေျပားထားတဲ့ အခ်က္ေတြကို ေသခ်ာ ေစာင့္ၾကည့္ဖို႔လိုပါတယ္။
ၿပီးလွ်င္ ကေလးကို နီးစပ္ရာေဆး႐ုံေဆးခန္းသို႔ ေခၚသြားပါ။ ေလာဖို႔ မလိုပါဘူး။ အဓိက က အႏၲရာယ္ရွိလို႔ မဟုတ္ပါဘူး။ ထပ္တက္ မတက္ သိဖို႔ရယ္… အႏၲရာယ္ရွိတဲ့ အတက္ ဟုတ္မဟုတ္ ေသခ်ာေအာင္ ဆန္းစစ္ဖို႔ရယ္ သြားခိုင္းတာပါ။
သည္ေလာက္ဆို ေဖေဖေမေမတို႔ လည္း သားသားမီးမီးတို႔ ဖ်ားလို႔ တက္ခဲ့သည္ရွိေသာ္ စိတ္ေအးလက္ေအးနဲ႔ စနစ္တက် ျပဳစု တတ္ၿပီးလို႔ထင္ပါတယ္။ ပြင့္ေသားပန္းတိုင္းလန္းၾကပါေစ။
Author : ႏွင္းႏုေအး
ကလေးတို့ ဖျားပြီးတက် တဲ့ အခါ
သားသားမီးမီး ပေါက်စနတွေ တက်တဲ့ အခါ ဖေဖေ မေမေတို့ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်တတ်ကြတာသဘာဝပါ။ စိုးသာစိုးရိမ်တယ်…တကယ်တမ်း ဘာလုပ်ပေးရမှန်းမသိ …ဘာဖြစ်မှန်းမသိ ကလေးပဲ ဦးနှောက်ပျက်သွားပြီလား…ဉာဏ်မမီတော့ဘူးလား…သေမှာလား.. အစရှိတဲ့ မေးခွန်းတွေနဲ့ စိတ်ပူရင်း တကယ် စောင့်ကြည့်ဖို့ လိုအပ်တဲ့ အချက်တွေကို သတိမပြုမိကြတော့ပါဘူး။ သည်တော့ ဆေးခန်းလည်း လာရော ဆရာဝန်မေးသမျှကို ကောင်းကောင်းမဖြေနိုင်တော့ဘူးပေါ့။ အဲသည်လိုမဖြစ်ရအောင် သည်လို အချက်လေးတွေ သိထားဖို့လိုပါတယ်… ကဲ ကြည့်ကြရအောင်။
(၁) ကလေးတွေက ဖျားရင်ဘာလို့တက်တာလဲ??
ဒေါက်တာနှင်းတို့ ရဲ့ ဦးနှောက်ထဲမှာ ခန္ဓာကိုယ်ရဲ့ အပူထိန်းစနစ် ထိန်းချုပ်မှု ဧရိယာ ( thermal center ) ဆိုတာရှိပါတယ်။ ကလေးတွေရဲ့ ဦးနှောက် ဖွံဖြိုးဆဲ ကာလဖြစ်တဲ့ အသက် ၅ နှစ် အထိမှာ ဒီ thermal center (ဝါ) အပူထိန်းချုပ်မှုစနစ်က အလုပ်ကောင်းကောင်းမလုပ်သေးပါဘူး။ သည်တော့ အဖျားတက်လာတဲ့ အချိန်မှာ ဦးနှောက် ဆဲလ်လေးတွေဟာ အပူဓာတ်မြင့်မားလာတဲ့ အတွက် စွမ်းအင်ထွက်လာပြီး လှုပ်လှုပ်ရှားရှားဖြစ်လာပါတယ်…. အဲသည်မှာ အဖျားကြီးရင် ကလေးက တက်တယ်ဆိုတာဖြစ်လာတာပါပဲ။
(၂) အဖြစ်များလား?
ကလေးဘဝ အတက်ရောဂါထဲမှာတော့ ဒီလို သာမန် အဖျားကြီးလို့တက်တာမျိုးက အဖြစ်များပါတယ်…. ကလေး အယောက် ၁၀၀ မှာ ၃ ယောက်ကနေ ၅ ယောက်အထိ ဖြစ်နိုင်ပါတယ်။ ဖျားလို့တက်တဲ့ထဲမှာ တခြား အန္တရာယ်ရှိတဲ့ ဦးနှောက်ရောင်/ဦးနှောက် အမြှေးရောင်ရောဂါ၊ တီဘီ ဦးနှောက်ရောင်ရောဂါ၊ ငှက်ဖျားပိုးဦးနှောက်ထဲရောက်ခြင်း နှင့် ဦးနှောက်ပြည်တည်နာရောဂါတွေက ၁၀% မျှသာရှိပြီး febril convulsion လို့ခေါ်တဲ့ သာမန် အဖျားကြီးပြီးတက်တာမျိုးက ၉၀% လောက်ရှိပါတယ်။ သည်လို အဖျားကြီးရင်တက်တတ်တာဟာ အသက် ၆လကနေ ၅နှစ် အတွင်း ကလေးငယ်တွေမှာ ဖြစ်တတ်ပြီး ၁နှစ်ခွဲ ၂နှစ်ပတ်ချာလည် ကလေးအရွယ်တွေမှာ အဖြစ်အများဆုံးပါပဲ။ ပြီးတော့ သားသားတွေမှာ မီးမီးတွေထပ် ပိုပြီးဖြစ်တတ်ပါသတဲ့။ အဖျားကြီးလို့ တက်ထားဖူးတဲ့ ကလေးတစ်ယောက်ဟာ နောက်တစ်ခါဖျားရင် ပြန်တက်ဖို့ ၃၀% ရှိပါတယ်။ အောက်ပါ အချက်တွေ ရှိတဲ့ သားသားမီးမီးဆိုရင်တော့ ဟာ အဖျားကြီးလို့ တစ်ခါတက်ပြီးရင် နောက်တစ်ခါထပ်တက်ဖို့ ရာနှုန်းပိုများပါတယ်။
(၁) ကလေး အသက် ၁ နှစ် အောက်မှ စတက် ဖူးရင်
(၂) အဖျားငွေ့ငွေ့ရှိရုံနဲ့ တက်တတ်ရင်
(၃) ပထမဆုံး ဖျားဖူးတဲ့ အကြိမ်မှာတင် စတက်ရင်
(၄) ဖေဖေ မေမေတို့ ရဲ့ မျိုးရိုးမှာ သည်လို အဖျားကြီးလို့ တက်ခဲ့ဖူးသူများရှိရင် သားသားမီးမီးတို့မှာလည်း အလားတူ ဖြစ်နိုင်ပါတယ်။
(၃) အန္တရာယ်ရှိလား!? စိုးရိမ်ရသလား??
စောစောက ပြောခဲ့သလိုပဲ ၁၀% လောက်သာ အန္တရာယ်ရှိတဲ့ ဖျားပြီးတက်တာ မျိုး ဖြစ်နိုင်တာပါ ။ ၉၀% သော ရိုးရိုး အဖျားကြီးလို့ တက်တာဟာ အန္တရာယ်မရှိပါဘူး။ ကလေးတက်တုန်း အောက်ပါ အချက် ကလေးတွေ ကို သေချာ စောင့်ကြည့်ထားပြီး ပြန်ပြောနိုင်လျှင် ဆေးရုံဆေးခန်းသွားတဲ့ အခါ အန္တရာယ်ရှိတဲ့ အတက်လား…ရိုးရိုးဖျားလို့ တက်တာလားဆိုတာ ဆရာဝန်က ဆုံးဖြတ်ပေးဖို့ရာ လွယ်ကူသွားစေပါတယ်။
၁- ဖျားပြီး ၂၄ နာရီ အတွင်း ကိုယ်ပူချိန် အမြှင့်ဆုံး အချိန်လောက်မှာတက်တာလား? ( ၁၀၂•F ခန့်)
၂- ၁ ခါပဲတက်တာလား?
၃- တက်တဲ့အခါ ၁ နေရာ ၂ နေရာထဲ မဟုတ်ဘဲ တစ်ကိုယ်လုံး တောင့်တင်းပြီးတုန်တက်တာလား?
၄- တက်တဲ့ အချိန် ၁၅ မိနစ် မကျော်ဘူးလား?
၅- အတက်ပြန်ကျသွားတဲ့ အချိန် ကလေးက ပုံမှန်ပဲလား? ( တစ်ခါတစ်လေ အတက်ကျပြီး အိပ်ပျော်သွားလေ့ရှိသည်။ ကိစ္စ မရှိပါ… နိုးလာသည့်အချိန်တွင် ပုံမှန် အတိုင်းပဲဆိုရင် ပုံမှန်ဟု သတ်မှတ်၍ရသည်။)
၆- ဖျားပြီးတက်တာအပြင် တခြား ရောဂါ လက္ခဏာ မရှိဘူးလား?? ( ဥပမာ- အန်တာ…နားပြည်ယိုတာ….ချောင်းရက်ရှည်ဆိုးနေတာ….တစ်နေရာထဲ ကွက်ပြီးတက်နေတာ… ဦးခေါင်းထိခိုက်မိထားတာ စသည်ဖြင့်)
အပေါ်က အချက်တွေ နဲ့ ညှိကြည့်ပြီး သာမန် ဖျားလို့တက်တာ လားဆိုတာ ယေဘုယျအားဖြင့် စစ်ဆေးလို့ရနေပါပြီ။ ဒါပေမဲ့ ကလေးက အစထဲက ဖွံ့ ဖြိုးမှု နောက်ကျနေတာမျိုး (ဝမ်းလျားမှောက် အထိုင် အထ လမ်းလျှောက် စကားပြောနောက်ကျတာတို့ ) ၊ တစ်ကြိမ်ဖျားရင် တစ်ခါမကတက်တာတို့ အချိန်အကြာကြီး ၁၀ မိနစ် ၁၅ မိနစ် မကတက်တာတို့ ၊တစ်ကိုယ်လုံးမတက်ပဲ တစ်နေရာပဲ ကွက်တက်တာမျိုးတို့ ၊မျိုးရိုးထဲမှာကိုက မှာ သာမန်ဖျားပြီးတက်တာမဟုတ်တဲ့ အတက်ရောဂါသည်ရှိနေတာမျိုး ဆိုရင်တော့ အခု အန္တရာယ် မရှိပေမဲ့ တခြေားကလေးနဲ့ယှဉ်ရင် နောက်ပိုင်း အတက်ရောဂါ ရသွားဖို့ ရာနှုန်းပိုများပါတယ်။ အခုနောက်ပိုင်းမှာ ဖျားပြီးတက်တတ်တဲ့ ဗီဇနဲ့ဆိုင်တဲ့ အတက်ရောဂါတွေလည်း တွေ့လာတာမို့ အစောကပြောထားတဲ့ ကလေးမျိုးဆိုရင်တော့ ကလေးဦးနှောက်အာရုံကြောဆိုင်ရာ ဆရာဝန်များနဲ့ ဆွေးနွေးထားသင့်ပါတယ်။ ဒါပေမဲ့ ဒါကလည်း ဖြစ်နိုင်ချေရာနှုန်း နည်းသေးတာပါပဲ။
(၄)ထပ်မဖြစ်အောင်ကာကွယ်လို့ရလား??
မရပါဘူး။ အခုထိ ထပ်မဖြစ်အောင် ကာကွယ်လို့ရတဲ့နည်းလမ်း မတွေ့သေးပါဘူး။ ဖျားရင်တက်တတ်တဲ့ကလေးက တက်ကိုတက်ပါတယ်။ အဖျားကျရင် အတက်ပျောက်မှာပဲဆိုပြီး အဖျားကျဆေးတွေ ပုံမှန်ထပ်ပိုတိုက်တာမျိုး မလုပ်ရဘူး လို့ ဒေါက်တာနှင်းတို့ရဲ့ ဆရာကြီးတွေပြောတာ မှတ်သားဖူးပါတယ်။ နည်းမှန်လမ်းမှန်နဲ့ ပြုစုစောင့်ရှောက်ပေးတာ အကောင်းဆုံးပါပဲ။
(၅) တက်ပြီဆိုရင် ဘာတွေလုပ်မယ်?
အရင်ဆုံး ဖေဖေမေမေ တို့ကိုမှာချင်တာက လုံးဝ မပြာပါနဲ့ …!!!!! ကလေးပေါက်စန ကို ခြေမ လက်မချိုးတာ… ပါးစပ်ထဲ ပစ္စည်းထည့် ကိုက်ခိုင်းတာ… ရင်ဘက်ပေါ် တက်ဖိတာ … ခြေဖဝါးလက်ဖဝါးတွေကို သော့တံနဲ့ ထိုးလှည့်တာ ..ဘာဆိုဘာမှ မလုပ်ရပါဘူး။ အခုလိုလုပ်တာဟာ ကလေးကိုပို အသက်ရှူကြပ်စေပါတယ်။ တက်နေတဲ့ အချိန်မှာ လေရှူလို့ရနေဖို့က သိပ်အရေးကြီးပါတယ်။ အထူးသဖြင့် ကလေးရဲ့ ဦးနှောက်က အောက်ဆီဂျင် ပြတ်လပ်မှုဒဏ်ကို ၂ မိနစ်ခွဲပဲ ခံနိုင်လို့ ပိုပြီး အရေးကြီးပါတယ်။ တက်လို့ ဦးနှောက်မပျက်ပဲ မိမိရဲ့ အစိုးရိမ်လွန်ပြီး လုပ်ဆောင်မှု အလွဲတွေကြောင့် ဒုက္ခပိုရောက်နိုင်တာမို့ပါ။
ကလေးကို ဘေးတစောင်းလေးထားပါ … ဒီ အချက်က သိပ်အရေးကြီးပါတယ်… အိမ်မှာ စောင့်ကြည့်ရင်ပဲ ဖြစ်ဖြစ် ဆေးရုံကိုခေါ်လာရင်ပဲဖြစ်ဖြစ် ဘေးတစောင်းထားတာဟာ တက်နေတဲ့ အချိန်မျိုးမှာ လေရှူသွင်းဖို့ ပိုမို လွယ်ကူစေပါတယ်။
ကလေးကို အဝတ်ထူတွေ အနွေးထည်တွေ အထပ်ထပ်ဝတ်ပေးတာမျိုး မလုပ်ရပါဘူး။ အဝတ်တွေ နဲ့တင်းကြပ်နေရင် အဝတ်ပိုတွေကို ချက်ချင်း ချွတ်ပစ်ပါ။ အဖျားသိပ်ကြီးလျှင် ရေပတ်တိုက်ပေးလို့ရပါတယ်။
များသောအားဖြင့် မိနစ်ပိုင်းအတွင်း အတက်ကျသွားတတ်ပါတယ်… မေးခွန်းနံပါတ် (၃) မှာ ပြေားထားတဲ့ အချက်တွေကို သေချာ စောင့်ကြည့်ဖို့လိုပါတယ်။
ပြီးလျှင် ကလေးကို နီးစပ်ရာဆေးရုံဆေးခန်းသို့ ခေါ်သွားပါ။ လောဖို့ မလိုပါဘူး။ အဓိက က အန္တရာယ်ရှိလို့ မဟုတ်ပါဘူး။ ထပ်တက် မတက် သိဖို့ရယ်… အန္တရာယ်ရှိတဲ့ အတက် ဟုတ်မဟုတ် သေချာအောင် ဆန်းစစ်ဖို့ရယ် သွားခိုင်းတာပါ။
သည်လောက်ဆို ဖေဖေမေမေတို့ လည်း သားသားမီးမီးတို့ ဖျားလို့ တက်ခဲ့သည်ရှိသော် စိတ်အေးလက်အေးနဲ့ စနစ်တကျ ပြုစု တတ်ပြီးလို့ထင်ပါတယ်။ ပွင့်သေားပန်းတိုင်းလန်းကြပါစေ။
Author : နှင်းနုအေး