fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

မေမေကြောက်တဲ့မှက္ခရုနာ (သို့) ကလေးများနှင့် မှက္ခရုရောဂါ (အပိုင်း ၂)

108
VIEWS
Share on FacebookShare on TwitterShare on Linkedin
15/04/2018
in မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

ေမေမေၾကာက္တဲ့မွကၡ႐ုနာ (သို႔) ကေလးမ်ားႏွင့္ မွကၡ႐ုေရာဂါ (အပိုင္း ၂)

ကေလးတြင္ မွကၡ႐ုေရာဂါ ျဖစ္ပြားခံစားရလွ်င္
မွကၡ႐ုေရာဂါ အမ်ားစုသည္ စိုးရိမ္ရန္ မလိုသလို ကုသရန္ မလိုပဲ အခ်ိန္တန္လွ်င္ သက္သာ ေပ်ာက္ကင္းသြားတတ္သည္။ သို႔ေသာ္လည္း လကၡဏာမ်ား ခံစားရလွ်င္ (သို႔) သက္သာေပ်ာက္ကင္းျခင္းမရွိလွ်င္ ကုသမႈ ခံယူရႏိုင္သည္။ မသက္သာေသာ ကေလးမ်ားကို ဆရာဝန္ႏွင့္ တိုင္ပင္ျပသ ကုသရန္လိုသလို မိခင္လည္း တပါတည္း ကုသမႈ ခံယူရမည္ ျဖစ္သည္။ ဆရာဝန္ႏွင့္ မျပသႏိုင္ေသးလွ်င္ ေအာက္ေဖာ္ျပပါ နည္းလမ္း မ်ားျဖင့္လည္း မွကၡ႐ုေရာဂါကို သက္သာေပ်ာက္ကင္းေစႏိုင္သည္။

(၁) ဒိန္ခ်ဥ္တိုက္ေကြၽးျခင္း
ျဖည့္စြက္စာ ေကြၽးေနၿပီျဖစ္ေသာ ကေလးမ်ား မွကၡ႐ုျဖစ္ပြားလွ်င္ ဒိန္ခ်ဥ္ တိုက္ေကြၽးျခင္းျဖင့္ မွကၡ႐ုေရာဂါကို သက္သာေပ်ာက္ကင္းေစသည္။ သို႔ေသာ္ အသက္ (၆)လ ေအာက္ ကေလးမ်ားတြင္ မတိုက္ေကြၽးသင့္ပဲ ဂြမ္းစ (သို႔) သန႔္စင္ေသာ အဝတ္သန႔္ျဖင့္ ကေလးပါးစပ္အတြင္း အျဖဴကြက္ရွိေသာ ေနရာမ်ားကို တို႔ထိေပးျခင္း ျပဳလုပ္ေပးႏိုင္သည္။

(၂) အုန္းဆီကို အသုံးျပဳျခင္း
သန႔္စင္ေသာ အုန္းဆီးကို နားက်ပ္တံ(သို႔) ဂြမ္းစျဖင့္ ပါးစပ္အတြင္းရွိ အျဖဴကြက္မ်ား တို႔ေပးျခင္း ျပဳလုပ္ေပးႏိုင္သည္။ အခ်ိဳ႕ကေလးမ်ားတြင္ အုန္းဆီႏွင့္ ဓာတ္မတည့္ေသာ ေရာဂါမ်ား ရွိေနႏိုင္သျဖင့္ ဂ႐ုျပဳရန္လိုသလို တခါတည္းႏွင့္ အလြန္အကြၽံ အသုံးျပဳျခင္းမ်ိဳး ေရွာင္က်ဥ္သင့္သည္။

(၃) မုန႔္ဖုတ္ဆိုဒါကို အသုံးျပဳျခင္း
မုန႔္ဖုတ္ဆိုဒါ အနည္းငယ္ကို ေရျဖင့္ ခပ္ျပစ္ျပစ္ေဖ်ာ္ၿပီး သန႔္စင္ေသာ နားက်ပ္တံ/ ဂြမ္းျဖင့္ ကေလးပါးစပ္အတြင္း တို႔ထိေပးျခင္း ျပဳလုပ္ေပးႏိုင္သည္။ မိခင္၏ ႏို႔သီးေခါင္း ပတ္လည္ကိုလည္း တို႔ထိေပးႏိုင္သည္။ ႏို႔စို႔ခါနီး ျပန္လည္သန႔္ရွင္းေရးျပဳလုပ္ၿပီး ေျခာက္ေသြ႕ေအာင္ထားရမည္။

(၄) ဆားရည္ျဖင့္ ပလုပ္က်င္းျခင္း
ငယ္လြန္းေသာ ကေလးမ်ားအတြက္ ဂြမ္းစျဖင့္သာ ခပ္ဖြဖြ ပြတ္ေပးသင့္သည္။

(၅) ႏို႔ဘူးတိုက္ေသာ ကေလးမ်ားတြင္ ေလ်ာ့၍တိုက္သင့္သည္
ႏို႔ဘူးစို႔ေသာ ကေလးမ်ားတြင္ မႈိျဖစ္ပြားမႈ ပိုမို ခံစားရႏိုင္သျဖင့္ အႀကိမ္ ေလ်ာ့၍ တိုက္ေကြၽးသင့္ၿပီး လိုအပ္လွ်င္ ဆရာဝန္ႏွင့္ တိုင္ပင္ကာ ဇြန္း(သို႔) ေဆးထိုးပိုက္ျဖင့္ တိုက္ေကြၽးႏိုင္သည္။

(၆) ခ်ိဳလိမ္ေပး၍ စို႔ျခင္းေရွာင္က်ဥ္ရမည္
ခ်ိဳလိမ္စို႔ေသာ ကေလးမ်ားတြင္ မွကၡ႐ု ျဖစ္ပြားလွ်င္ ေရာဂါသက္သာ ေပ်ာက္ကင္း သည္အထိ ခ်ိဳလိမ္ေပးစို႔ျခင္း ေရွာင္က်ဥ္ရမည္။

(၇) ႏို႔ဘူး၊ ခ်ိဳလိမ္မ်ားကို စနစ္တက်သန႔္ရွင္းေရးျပဳလုပ္ရမည္
ခ်ိဳလိမ္၊ ႏို႔ဘူးေခါင္း၊ ႏို႔ဘူး စသည္တို႔ကို ေရေႏြးပူျဖင့္ သန႔္ရွင္းၿပီးမွ အသုံးျပဳရမည္။

(၈) ဆရာဝန္ႏွင့္ျပသျခင္း

အထက္ပါ နည္းလမ္းမ်ားျဖင့္ မသက္သာေသာ ကေလးမ်ားအား ကေလးဆရာဝန္ႏွင့္ တိုင္ပင္ျပသကာ လိုအပ္ေသာ ကုသမႈခံယူရန္လိုသည္။ မိခင္ပါ တပါတည္းကုသမႈ ခံယူမွသာ မိခင္မွကေလးသို႔ ေရာဂါျပန္ကူးျခင္းမ်ိဳး ေရွာင္က်ဥ္ႏိုင္မည္ျဖစ္သည္။

အထူးဂ႐ုျပဳရန္။ ။ မွကၡ႐ုကို သက္သာေစေသာ ေဆးဝါးမ်ားဟုဆိုကာ လူးေဆး၊ အစက္ခ်ေဆးမ်ား အလြယ္တကူ ေရာင္းခ်လ်က္ ရွိေသာ္လည္း ေနာက္ဆက္တြဲ ျပႆနာမ်ား ျဖစ္ပြားႏိုင္သည့္အတြက္ ဆရာဝန္မၫႊန္ၾကားပဲ အသုံးမျပဳမိရန္ အေရးႀကီးသည္။

ေရာဂါကာကြယ္ေရးနည္းလမ္းမ်ား
မည္သည့္ေရာဂါကို မဆို ျဖစ္မွကုသျခင္းထက္ ကာကြယ္ျခင္းကသာ၍ ေကာင္းသည္သာ ျဖစ္သည္။ ကေလးမ်ားတြင္ျဖစ္ပြားေသာ ေရာဂါမ်ားအတြက္ ပို၍ ဂ႐ုစိုက္ရန္လိုသျဖင့္ ေအာက္ေဖာ္ျပပါ နည္းလမ္းမ်ား လိုက္နာျခင္းျဖင့္ မွကၡ႐ုေရာဂါကို ကာကြယ္ႏိုင္မည္ျဖစ္သည္။

– ကေလးပါးစပ္အတြင္း ျပင္ပပစၥည္းမ်ား၊ ကစားစရာအ႐ုပ္မ်ား ထည့္ျခင္း တားျမစ္ပါ။ ထည့္တတ္ပါကလည္း သန႔္ရွင္းေစရန္အတြက္ အုပ္ထိန္းသူက ၎တို႔ကို သန႔္ရွင္း ေနေစရန္ ျပဳလုပ္ေပးထားပါ။
– ႏို႔ဘူးတိုက္ေသာ ကေလးမ်ားတြင္ ႏို႔ဘူးေခါင္း၊ ႏို႔ဘူး၊ ခ်ိဳလိမ္မ်ား အၿမဲ သန႔္ရွင္ေစေရး ဂ႐ုျပဳေဆာင္႐ြက္ပါ။
– အသက္(၆)လအထက္ ကေလးမ်ားကို ႏို႔တိုက္ၿပီးတိုင္း (သို႔) ႏို႔ဘူး / ျဖည့္စြက္စာ ေကြၽးၿပီးတိုင္း ေရတိုက္ျခင္း၊ ပလုပ္က်င္းေပးျခင္းျပဳလုပ္ေပးပါ။
– ကေလးအဝတ္အစားမ်ားေလ်ာ္ဖြတ္ရာတြင္ ေရေႏြးႏွင့္ေလ်ာ္ဖြတ္ျခင္း၊ ေနလွန္းျခင္း၊ မီးပူတိုက္ေပးျခင္း၊ စနစ္တက် သိမ္းဆည္းျခင္း ျပဳလုပ္ေပးပါ။
– ႏို႔တိုက္မိခင္အေနႏွင့္လွ်င္ ႏို႔သီးေခါင္းႏွင့္ရင္သားအား အၿမဲ သန႔္ရွင္းမႈ ရွိေနေစေရး ဂ႐ုျပဳပါ။
– မလိုအပ္ပဲ ကေလးေကာ မိခင္ပါ ပဋိဇီဝေဆးမ်ား ေသာက္သုံးရျခင္းမရွိေစရန္ မည္သည့္ေရာဂါကို ခံစားရသည္ျဖစ္ေစ ဆရာဝန္ႏွင့္ တိုင္ပင္ၿပီးမွ လိုအပ္ေသာ ကုသမႈ ခံယူရန္ အေရးအႀကီးဆုံး ျဖစ္သည္။
ကေလးေကာ မိခင္ပါ ကိုယ္ေရာစိတ္ပါ ခံစားရေစႏိုင္ေသာ မွကၡ႐ုျဖစ္ျခင္းမွ ကင္းေဝးၾကပါေစ။

Author : တင့္တယ္

မေမေကြောက်တဲ့မှက္ခရုနာ (သို့) ကလေးများနှင့် မှက္ခရုရောဂါ (အပိုင်း ၂)

ကလေးတွင် မှက္ခရုရောဂါ ဖြစ်ပွားခံစားရလျှင်
မှက္ခရုရောဂါ အများစုသည် စိုးရိမ်ရန် မလိုသလို ကုသရန် မလိုပဲ အချိန်တန်လျှင် သက်သာ ပျောက်ကင်းသွားတတ်သည်။ သို့သော်လည်း လက္ခဏာများ ခံစားရလျှင် (သို့) သက်သာပျောက်ကင်းခြင်းမရှိလျှင် ကုသမှု ခံယူရနိုင်သည်။ မသက်သာသော ကလေးများကို ဆရာဝန်နှင့် တိုင်ပင်ပြသ ကုသရန်လိုသလို မိခင်လည်း တပါတည်း ကုသမှု ခံယူရမည် ဖြစ်သည်။ ဆရာဝန်နှင့် မပြသနိုင်သေးလျှင် အောက်ဖော်ပြပါ နည်းလမ်း များဖြင့်လည်း မှက္ခရုရောဂါကို သက်သာပျောက်ကင်းစေနိုင်သည်။

(၁) ဒိန်ချဉ်တိုက်ကျွေးခြင်း
ဖြည့်စွက်စာ ကျွေးနေပြီဖြစ်သော ကလေးများ မှက္ခရုဖြစ်ပွားလျှင် ဒိန်ချဉ် တိုက်ကျွေးခြင်းဖြင့် မှက္ခရုရောဂါကို သက်သာပျောက်ကင်းစေသည်။ သို့သော် အသက် (၆)လ အောက် ကလေးများတွင် မတိုက်ကျွေးသင့်ပဲ ဂွမ်းစ (သို့) သန့်စင်သော အဝတ်သန့်ဖြင့် ကလေးပါးစပ်အတွင်း အဖြူကွက်ရှိသော နေရာများကို တို့ထိပေးခြင်း ပြုလုပ်ပေးနိုင်သည်။

(၂) အုန်းဆီကို အသုံးပြုခြင်း
သန့်စင်သော အုန်းဆီးကို နားကျပ်တံ(သို့) ဂွမ်းစဖြင့် ပါးစပ်အတွင်းရှိ အဖြူကွက်များ တို့ပေးခြင်း ပြုလုပ်ပေးနိုင်သည်။ အချို့ကလေးများတွင် အုန်းဆီနှင့် ဓာတ်မတည့်သော ရောဂါများ ရှိနေနိုင်သဖြင့် ဂရုပြုရန်လိုသလို တခါတည်းနှင့် အလွန်အကျွံ အသုံးပြုခြင်းမျိုး ရှောင်ကျဉ်သင့်သည်။

(၃) မုန့်ဖုတ်ဆိုဒါကို အသုံးပြုခြင်း
မုန့်ဖုတ်ဆိုဒါ အနည်းငယ်ကို ရေဖြင့် ခပ်ပြစ်ပြစ်ဖျော်ပြီး သန့်စင်သော နားကျပ်တံ/ ဂွမ်းဖြင့် ကလေးပါးစပ်အတွင်း တို့ထိပေးခြင်း ပြုလုပ်ပေးနိုင်သည်။ မိခင်၏ နို့သီးခေါင်း ပတ်လည်ကိုလည်း တို့ထိပေးနိုင်သည်။ နို့စို့ခါနီး ပြန်လည်သန့်ရှင်းရေးပြုလုပ်ပြီး ခြောက်သွေ့အောင်ထားရမည်။

(၄) ဆားရည်ဖြင့် ပလုပ်ကျင်းခြင်း
ငယ်လွန်းသော ကလေးများအတွက် ဂွမ်းစဖြင့်သာ ခပ်ဖွဖွ ပွတ်ပေးသင့်သည်။

(၅) နို့ဘူးတိုက်သော ကလေးများတွင် လျော့၍တိုက်သင့်သည်
နို့ဘူးစို့သော ကလေးများတွင် မှိုဖြစ်ပွားမှု ပိုမို ခံစားရနိုင်သဖြင့် အကြိမ် လျော့၍ တိုက်ကျွေးသင့်ပြီး လိုအပ်လျှင် ဆရာဝန်နှင့် တိုင်ပင်ကာ ဇွန်း(သို့) ဆေးထိုးပိုက်ဖြင့် တိုက်ကျွေးနိုင်သည်။

(၆) ချိုလိမ်ပေး၍ စို့ခြင်းရှောင်ကျဉ်ရမည်
ချိုလိမ်စို့သော ကလေးများတွင် မှက္ခရု ဖြစ်ပွားလျှင် ရောဂါသက်သာ ပျောက်ကင်း သည်အထိ ချိုလိမ်ပေးစို့ခြင်း ရှောင်ကျဉ်ရမည်။

(၇) နို့ဘူး၊ ချိုလိမ်များကို စနစ်တကျသန့်ရှင်းရေးပြုလုပ်ရမည်
ချိုလိမ်၊ နို့ဘူးခေါင်း၊ နို့ဘူး စသည်တို့ကို ရေနွေးပူဖြင့် သန့်ရှင်းပြီးမှ အသုံးပြုရမည်။

(၈) ဆရာဝန်နှင့်ပြသခြင်း

အထက်ပါ နည်းလမ်းများဖြင့် မသက်သာသော ကလေးများအား ကလေးဆရာဝန်နှင့် တိုင်ပင်ပြသကာ လိုအပ်သော ကုသမှုခံယူရန်လိုသည်။ မိခင်ပါ တပါတည်းကုသမှု ခံယူမှသာ မိခင်မှကလေးသို့ ရောဂါပြန်ကူးခြင်းမျိုး ရှောင်ကျဉ်နိုင်မည်ဖြစ်သည်။

အထူးဂရုပြုရန်။ ။ မှက္ခရုကို သက်သာစေသော ဆေးဝါးများဟုဆိုကာ လူးဆေး၊ အစက်ချဆေးများ အလွယ်တကူ ရောင်းချလျက် ရှိသော်လည်း နောက်ဆက်တွဲ ပြဿနာများ ဖြစ်ပွားနိုင်သည့်အတွက် ဆရာဝန်မညွှန်ကြားပဲ အသုံးမပြုမိရန် အရေးကြီးသည်။

ရောဂါကာကွယ်ရေးနည်းလမ်းများ
မည်သည့်ရောဂါကို မဆို ဖြစ်မှကုသခြင်းထက် ကာကွယ်ခြင်းကသာ၍ ကောင်းသည်သာ ဖြစ်သည်။ ကလေးများတွင်ဖြစ်ပွားသော ရောဂါများအတွက် ပို၍ ဂရုစိုက်ရန်လိုသဖြင့် အောက်ဖော်ပြပါ နည်းလမ်းများ လိုက်နာခြင်းဖြင့် မှက္ခရုရောဂါကို ကာကွယ်နိုင်မည်ဖြစ်သည်။

– ကလေးပါးစပ်အတွင်း ပြင်ပပစ္စည်းများ၊ ကစားစရာအရုပ်များ ထည့်ခြင်း တားမြစ်ပါ။ ထည့်တတ်ပါကလည်း သန့်ရှင်းစေရန်အတွက် အုပ်ထိန်းသူက ၎င်းတို့ကို သန့်ရှင်း နေစေရန် ပြုလုပ်ပေးထားပါ။
– နို့ဘူးတိုက်သော ကလေးများတွင် နို့ဘူးခေါင်း၊ နို့ဘူး၊ ချိုလိမ်များ အမြဲ သန့်ရှင်စေရေး ဂရုပြုဆောင်ရွက်ပါ။
– အသက်(၆)လအထက် ကလေးများကို နို့တိုက်ပြီးတိုင်း (သို့) နို့ဘူး / ဖြည့်စွက်စာ ကျွေးပြီးတိုင်း ရေတိုက်ခြင်း၊ ပလုပ်ကျင်းပေးခြင်းပြုလုပ်ပေးပါ။
– ကလေးအဝတ်အစားများလျော်ဖွတ်ရာတွင် ရေနွေးနှင့်လျော်ဖွတ်ခြင်း၊ နေလှန်းခြင်း၊ မီးပူတိုက်ပေးခြင်း၊ စနစ်တကျ သိမ်းဆည်းခြင်း ပြုလုပ်ပေးပါ။
– နို့တိုက်မိခင်အနေနှင့်လျှင် နို့သီးခေါင်းနှင့်ရင်သားအား အမြဲ သန့်ရှင်းမှု ရှိနေစေရေး ဂရုပြုပါ။
– မလိုအပ်ပဲ ကလေးကော မိခင်ပါ ပဋိဇီဝဆေးများ သောက်သုံးရခြင်းမရှိစေရန် မည်သည့်ရောဂါကို ခံစားရသည်ဖြစ်စေ ဆရာဝန်နှင့် တိုင်ပင်ပြီးမှ လိုအပ်သော ကုသမှု ခံယူရန် အရေးအကြီးဆုံး ဖြစ်သည်။
ကလေးကော မိခင်ပါ ကိုယ်ရောစိတ်ပါ ခံစားရစေနိုင်သော မှက္ခရုဖြစ်ခြင်းမှ ကင်းဝေးကြပါစေ။

Author : တင့်တယ်

Previous Post

မေမေကြောက်တဲ့မှက္ခရုနာ (သို့) ကလေးများနှင့် မှက္ခရုရောဂါ (အပိုင်း ၁)

Next Post

ကလေးငယ်များတွင် တွေ့ကြုံရတတ်သော ဝမ်းချုပ်ခြင်းအကြောင်းသိကောင်းစရာ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
255

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
315

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
824

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1k
When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

3 years ago
993
To teach children to choose food that will be nutritious

သားသားမီးမီးတို့ အာဟာရဖြစ်မယ့်အစားအစာ ရွေးချယ်တတ်စေဖို့

3 years ago
670

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကလေးငယ်များတွင် တွေ့ကြုံရတတ်သော ဝမ်းချုပ်ခြင်းအကြောင်းသိကောင်းစရာ

သွေးလွန်တုပ်ကွေးရောဂါအကြောင်း သိကောင်းစရာ

စနစ်တကျသားဆက်ခြားဖို့ သန္ဓေတားဆေးများအကြောင်း သိကောင်းစရာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.