ကေလးငယ္ႏွင့္အေပါင္းအေဖာ္မ်ား
ကေလးဆိုတာ အသက္ ၁၂ ႏွစ္ေအာက္ကိုေခၚတာပါ ကေလးငယ္ဆိုေတာ့ဒါထက္ပိုငယ္တာေပါ့ ကေလးဘယ္အ႐ြယ္ပဲျဖစ္ျဖစ္ အေပါင္းအေဖာ္ မ်ားမ်ားရွိဖို႔လိုပါတယ္။ အေပါင္းအေဖာ္လို႔ဆိုတာမွာ ကေလးကိုထိန္းေပးေနတဲ့ လူႀကီးမိဘေတြကိုမဆိုလိုပါဘူး ကေလးနဲ႔ တစ္႐ြယ္တည္းျဖစ္တဲ့သူငယ္ခ်င္းေတြကို ေျပာတာပါ။
ကေလးငယ္ေလးေတြက သူတို႔ကိုေဘးကေန ထိန္းေက်ာင္းေပးေနတဲ့သူေတြဆို ဘယ္ေလာက္ပဲ ေဆာ့ရေဆာ့ရ သူငယ္ခ်င္းနဲ႔မတူပါဘူး ေဆာ့ေဖာ္ေဆာ့ဖက္သူငယ္ခ်င္းေတြနဲ႔မွ ကေလးဖြံၿဖိဳးမႈေတြ အရွိန္ေကာင္းပါတယ္။ ကေလးတစ္ေယာက္ လိုေလးေသးမရွိ ကစားစရာစားစရာအျပည့္နဲ႔ အိမ္ထဲမွာပဲ ကေလးထိန္းေတြအျပည့္ ဝိုင္းထိန္းေနတာလည္းတစ္မ်ိဳးေကာင္းသလိုတစ္မ်ိဳးလည္းမေကာင္းျပန္ဘူး။
ကေလးတစ္ခ်ိဳ႕ အေပါင္းအသင္းမရွိတဲ့အခါ အစားေကြၽးရသိပ္ခက္တတ္တယ္ မစားဘူးဆိုၿပီးပါးစပ္ေတြအတင္းပိတ္ထားတယ္။ ဘယ္လိုေကြၽးေကြၽးေပါ့ ေနာက္ဆုံး ထမင္းမစားလည္း တစ္ခုခုစားရင္ၿပီးတာပါပဲ ဆိုတဲ့စိတ္နဲ႔ လူႀကီးေတြက ျပန္ေလွ်ာ့ေပးေနရတတ္တယ္။ ထမင္းေကြၽးတဲ့အခါ အသက္သိပ္မကြာတဲ့ကေလးေတြအမ်ားႀကီးနဲ႔တူတူသာဆိုရင္ တစ္ေယာက္လုပ္တာၾကည့္ရင္း စားရင္းေဆာ့ရင္း မသိမသာ ထမင္းကုန္သြားတတ္ၾကတယ္။
ေဆာ့တဲ့အခါလည္းဒီလိုပါပဲ လူႀကီးေတြနဲ႔ပဲဆိုရင္ တစ္ခုခုဆို ကေလးျပဳတ္က်မယ္ ကေလးထိမယ္ ဒီလိုမေဆာ့ရဘူး ေျဖးေျဖးေျပးေလ စသျဖင့္ပူပန္သံေတြ ပိုၾကားရတတ္တယ္။ ေျပးလႊားမကစားရတဲ့ကေလးေတြက်ေတာ့ တီဗြီတို႔ ဖုန္းတို႔ tablet တို႔ေပၚကိုပိုၿပီးအာ႐ုံက်သြားတတ္တယ္။
ကေလးအမ်ားႀကီးနဲ႔က်ေတာ့ ေျပးေျပးလႊားလႊားကစားတယ္။ တစ္ေယာက္နဲ႔တစ္ေယာက္ စတယ္ တစ္ေယာက္လုပ္တာတစ္ေယာက္လိုက္လုပ္တယ္။ ေဘးကေန နည္းနည္းထိန္းေပးဖို႔ပဲလိုတတ္တယ္ အသက္နည္းနည္းႀကီးတဲ့ ကေလးေတြပါတယ္ဆို အခ်င္းခ်င္းေတာင္ထိန္းေပးႏိုင္ၾကတယ္။
ဒီလိုကစားေပးတာက ကေလးငယ္ေတြအတြက္ပိုသင့္ေတာ္ပါတယ္။ က်န္းမာေရးနဲ႔လည္းညီၫြတ္တယ္ ေမာပန္းႏြမ္းနယ္ၿပီးအအိပ္အစားေကာင္းေစပါတယ္။ ကေလးငယ္ေလးေတြ တစ္ေယာက္တည္းဆို တစ္ခါတစ္ေလ စကားေျပာေနာက္က်တတ္တယ္။ ေဘးကေန တစ္တြတ္တြတ္လိုက္ေျပာေနတဲ့သူရွိတယ္ဆိုမွ စကားေျပာတာအဆင္ေျပပါတယ္။ အဘိုးအဘြားေတြထိန္းတယ္ဆို ကေလးေတြလို တစ္တြတ္တြတ္မေျပာႏိုင္တာေလးေတြရွိေတာ့ စကားေျပာေနာက္က်တတ္တယ္။ ကေလးငယ္ေတြမ်ားတယ္ဆိုအခ်င္းခ်င္း ဝူးဝူးဝါးဝါးေျပာတာေတြ ကေလးခ်င္းနားလည္တဲ့စကားေတြ တစ္တြတ္တြတ္ေျပာေနတတ္ၾကတယ္။
ကေလးငယ္ေလးေတြကို တစ္ခ်ိဳ႕မိဘေတြ အသက္သုံးႏွစ္ျပည့္ထိမေစာင့္ဘဲ မူႀကိဳေလးေတြစပို႔တတ္ၾကတယ္။ တစ္ပတ္တစ္ရက္ေလာက္ျဖစ္ျဖစ္သြားလည္း ကေလးေတြ အေလ့အက်င့္ရပါတယ္။ အေပါင္းအေဖာ္နဲ႔ဆိုေတာ့ ေဆာ့လည္းေဆာ့ စားလည္းစားနဲ႔ ဉာဏ္ရည္လည္းဖြံၿဖိဳးတိုးတက္ပါတယ္။
ဒါေၾကာင့္လည္း ကေလးငယ္ေတြက သက္တူ႐ြယ္တူ အေပါင္းအေဖာ္ေတြနဲ႔ ေျပးလႊားေဆာ့ကစားၿပီး တစ္ေန႔တာကို ျဖတ္သန္းတာက က်န္းမာသန္စြမ္းဉာဏ္ရည္ျမင့္တဲ့ ဘဝကို ပိုင္ဆိုင္ႏိုင္ပါတယ္။
Dr. CST
(Unicode)
ကလေးငယ်နှင့်အပေါင်းအဖော်များ
ကလေးဆိုတာ အသက် ၁၂ နှစ်အောက်ကိုခေါ်တာပါ ကလေးငယ်ဆိုတော့ဒါထက်ပိုငယ်တာပေါ့ ကလေးဘယ်အရွယ်ပဲဖြစ်ဖြစ် အပေါင်းအဖော် များများရှိဖို့လိုပါတယ်။ အပေါင်းအဖော်လို့ဆိုတာမှာ ကလေးကိုထိန်းပေးနေတဲ့ လူကြီးမိဘတွေကိုမဆိုလိုပါဘူး ကလေးနဲ့ တစ်ရွယ်တည်းဖြစ်တဲ့သူငယ်ချင်းတွေကို ပြောတာပါ။
ကလေးငယ်လေးတွေက သူတို့ကိုဘေးကနေ ထိန်းကျောင်းပေးနေတဲ့သူတွေဆို ဘယ်လောက်ပဲ ဆော့ရဆော့ရ သူငယ်ချင်းနဲ့မတူပါဘူး ဆော့ဖော်ဆော့ဖက်သူငယ်ချင်းတွေနဲ့မှ ကလေးဖွံဖြိုးမှုတွေ အရှိန်ကောင်းပါတယ်။ ကလေးတစ်ယောက် လိုလေးသေးမရှိ ကစားစရာစားစရာအပြည့်နဲ့ အိမ်ထဲမှာပဲ ကလေးထိန်းတွေအပြည့် ဝိုင်းထိန်းနေတာလည်းတစ်မျိုးကောင်းသလိုတစ်မျိုးလည်းမကောင်းပြန်ဘူး။
ကလေးတစ်ချို့ အပေါင်းအသင်းမရှိတဲ့အခါ အစားကျွေးရသိပ်ခက်တတ်တယ် မစားဘူးဆိုပြီးပါးစပ်တွေအတင်းပိတ်ထားတယ်။ ဘယ်လိုကျွေးကျွေးပေါ့ နောက်ဆုံး ထမင်းမစားလည်း တစ်ခုခုစားရင်ပြီးတာပါပဲ ဆိုတဲ့စိတ်နဲ့ လူကြီးတွေက ပြန်လျှော့ပေးနေရတတ်တယ်။ ထမင်းကျွေးတဲ့အခါ အသက်သိပ်မကွာတဲ့ကလေးတွေအများကြီးနဲ့တူတူသာဆိုရင် တစ်ယောက်လုပ်တာကြည့်ရင်း စားရင်းဆော့ရင်း မသိမသာ ထမင်းကုန်သွားတတ်ကြတယ်။
ဆော့တဲ့အခါလည်းဒီလိုပါပဲ လူကြီးတွေနဲ့ပဲဆိုရင် တစ်ခုခုဆို ကလေးပြုတ်ကျမယ် ကလေးထိမယ် ဒီလိုမဆော့ရဘူး ဖြေးဖြေးပြေးလေ စသဖြင့်ပူပန်သံတွေ ပိုကြားရတတ်တယ်။ ပြေးလွှားမကစားရတဲ့ကလေးတွေကျတော့ တီဗွီတို့ ဖုန်းတို့ tablet တို့ပေါ်ကိုပိုပြီးအာရုံကျသွားတတ်တယ်။
ကလေးအများကြီးနဲ့ကျတော့ ပြေးပြေးလွှားလွှားကစားတယ်။ တစ်ယောက်နဲ့တစ်ယောက် စတယ် တစ်ယောက်လုပ်တာတစ်ယောက်လိုက်လုပ်တယ်။ ဘေးကနေ နည်းနည်းထိန်းပေးဖို့ပဲလိုတတ်တယ် အသက်နည်းနည်းကြီးတဲ့ ကလေးတွေပါတယ်ဆို အချင်းချင်းတောင်ထိန်းပေးနိုင်ကြတယ်။
ဒီလိုကစားပေးတာက ကလေးငယ်တွေအတွက်ပိုသင့်တော်ပါတယ်။ ကျန်းမာရေးနဲ့လည်းညီညွတ်တယ် မောပန်းနွမ်းနယ်ပြီးအအိပ်အစားကောင်းစေပါတယ်။ ကလေးငယ်လေးတွေ တစ်ယောက်တည်းဆို တစ်ခါတစ်လေ စကားပြောနောက်ကျတတ်တယ်။ ဘေးကနေ တစ်တွတ်တွတ်လိုက်ပြောနေတဲ့သူရှိတယ်ဆိုမှ စကားပြောတာအဆင်ပြေပါတယ်။ အဘိုးအဘွားတွေထိန်းတယ်ဆို ကလေးတွေလို တစ်တွတ်တွတ်မပြောနိုင်တာလေးတွေရှိတော့ စကားပြောနောက်ကျတတ်တယ်။ ကလေးငယ်တွေများတယ်ဆိုအချင်းချင်း ဝူးဝူးဝါးဝါးပြောတာတွေ ကလေးချင်းနားလည်တဲ့စကားတွေ တစ်တွတ်တွတ်ပြောနေတတ်ကြတယ်။
ကလေးငယ်လေးတွေကို တစ်ချို့မိဘတွေ အသက်သုံးနှစ်ပြည့်ထိမစောင့်ဘဲ မူကြိုလေးတွေစပို့တတ်ကြတယ်။ တစ်ပတ်တစ်ရက်လောက်ဖြစ်ဖြစ်သွားလည်း ကလေးတွေ အလေ့အကျင့်ရပါတယ်။ အပေါင်းအဖော်နဲ့ဆိုတော့ ဆော့လည်းဆော့ စားလည်းစားနဲ့ ဉာဏ်ရည်လည်းဖွံဖြိုးတိုးတက်ပါတယ်။
ဒါကြောင့်လည်း ကလေးငယ်တွေက သက်တူရွယ်တူ အပေါင်းအဖော်တွေနဲ့ ပြေးလွှားဆော့ကစားပြီး တစ်နေ့တာကို ဖြတ်သန်းတာက ကျန်းမာသန်စွမ်းဉာဏ်ရည်မြင့်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်ပါတယ်။
Dr. CST