fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

လမစေ့ဘဲမွေးခြင်း

151
VIEWS
Share on FacebookShare on TwitterShare on Linkedin
31/05/2018
in မိခင်နှင့်ကလေးကျန်းမာရေး, အမျိုးသမီး ကျန်းမာရေး
1 min read
A A

လမစေ့ဘဲမွေးခြင်း

ကိုယ်ဝန်ဆောင်သည်များအဖို့ မိမိရင်သွေးငယ် လမစေ့ဘဲ မွေးမှာ ကြောက်တတ်ကြပါတယ်။ အထူးသဖြင့် ကိုယ်ဝန်သည် အလုပ်သမားများအဖို့ လုံလုံလောက်အနားယူချိန်မရသောကြောင့် စိတ်ပူတတ်ပါတယ်။

ကိုယ်ဝန် ၃၇ ပတ်မတိုင်ခင် မွေးခြင်းကို လမစေ့ဘဲ မွေးခြင်းဟု သတ်မှတ်ပါတယ်။ လမစေ့ဘဲမွေးလျှင် ကလေးငယ်ကျန်းမာရေးသည် စိတ်မချရပါ။ ရောဂါမျိုးစုံတွဲလျက် မွေးဖွားလာရတတ်ပါတယ်။

လမစေ့ဘဲမွေးရသော အကြောင်းရင်းအချို့မှာ

– မိခင်တွင် စောမွေးထားသောဖြစ်စဉ်ရှိခဲ့ခြင်း
– နှစ်မွှာပူး၊ သုံးမွှားပူး စသည့် အမွှာကိုယ်ဝန်ဆောင်ထားရခြင်း
– ရှေ့ကလေးနှင့် ၆ လအောက်မခြား ကိုယ်ဝန်နီးနီးလွယ်ထားခြင်း
– သားအိမ်၊ သားအိမ်ခါင်းနှင့် မွေးလမ်းကြောင်းပြဿနာများရှိခြင်း
– ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးဝါးသုံးစွဲ ခြင်း
– ရေမြွှာနှင့် မွေးလမ်းကြောင်းပိုးကူးစက်မှုခံရခြင်း
– မိခင်တွင်သွေးတိုး၊ ဆီးချိုရောဂါ ခံစားနေရခြင်း
– မိခင်သည် ပိန်လွန်၊ ဝလွန်ခြင်း
– နေ့စဉ်စိတ်ဖိဆီးမှုပြဿနာများ ခံစားနေရခြင်း
– ကိုယ်ဝန်ခဏခဏဖျက်ချထားခြင်း
– စိတ်ဝေဒနာခံစားရခြင်း
– ထိခိုက်ဒဏ်ရာရခြင်း စသောအကြောင်းရင်းများကြောင်း ကိုယ်ဝန်စောစီးစွာမွေးဖွားနိုင်ချေရှိပါတယ်။

အကယ်၍ လမစေ့ဘဲ မွေးဖွားလာပါက နားလည်တတ်ကျွမ်းသော အထူးကုဆရာဝန်များရှိသည့် ဆေးရုံများတွင်သာ ကလေးငယ်ကို အထူးပြုစုစောင့်ရှောက်မှု ခံယူသင့်ပါတယ်။ ကလေးငယ် ကောင်းမွန်စွာနို့မစို့နိုင်လျှင် အာဟာရရရှိရန် သေချာပြုစုရန် လိုအပ်ပါတယ်။

လမစေ့ဘဲ မွေးလာသောကလေငယ်ရဲ့ သွင်ပြင်လက္ခဏာအချို့မှာ

– အရွယ်သေးခြင်း
– ဆံပင်မွှေးကျဲ ခြင်း
– လစေ့ကလေးများနှင့် ယှဉ်လျှင် အရေပြားပါးခြင်း
– ကိုယ်အပူချိန်လျော့၍ အေးစက်နေခြင်း
– အသက်ရူမူမမှန်ခြင်း
– နို့စို့မှု မပြုလုပ်ခြင်း၊ နို့မမျိုနိုင်ခြင်း စသည်တို့ပင်ဖြစ်ပါတယ်။

လမစေ့ဘဲ မွေးဖွားလာသော ကလေးငယ်ရဲ့ ကျန်းမာရေးနောက်ဆက်တွဲဆိုးကျိုးများမှာ မွေးဖွားပြီးစ ပထမရက်သတ္တပတ်အတွင်း ခံစားရနိုင်သော ပြဿနာများမှာ

– ကလေးငယ်တွင် အသက်ရူလမ်းကြောင်းဆိုင်ရာကောင်းစွာမဖွံ့ဖြိုးျသာကြောင့် အသက်ရူရန်ခက်ခဲတတ်ပါတယ်။

– နှလုံးပြဿနာများ

လမစေ့ဘဲမွေးသောကလေးငယ်များတွင် မွေးရာပါနှလုံးအပေါက်ပါခြင်း၊ သွေးကျခြင်းစသောရောဂါများပါလာတတ်ပါတယ်။ နှလုံးအပေါက်ပါသော ကလေးငယ်များ သေချာမကုသပါကရေရှည်အကျိုးဆက်ကများပါတယ်။

– ဦးနှောက်ပြဿနာများ

လမစေ့မွေးသောကလေးများအတွက် ဦးနှောက်ပိုင်းဆိုင်ရာသွေးယိုခြင်းပြဿနာများပါလာတတ်ပါတယ်။ သေးငယ်လျှင် ကုသရန်လွယ်သော်လည်း ကြီးပါက ဦးနှောက်ဒဏ်ရာရတတ်ပါတယ်။

– အပူအအေးမထိန်းနိုင်ခြင်း

လမစေ့ဘဲ မွေးသောကလေးငယ်များသည် ကိုယ်အပူချိန်မထိန်းနိုင်ပါ။ အပူထိန်းနိုင်သောအဆီများမရှိသောကြောင့် အလွယ်တကူ အပူချိန်ကျဆင်းတတ်ပါတယ်။ ကိုယ်အပူချိန်အလွန်အမင်းကျဆင်းသောကြောင့် အသက်ရူပြဿနာများနှင့် အချိုဓာတ်ကျသောပြဿနာများ ရင်ဆိုင်ရနိုင်ပါတယ်။

– အစာအိမ်နှင့် အူလမ်းကြောင်းပြဿနာများ

လမစေ့မွေးသူများသည် အစာအိမ်နဲ့ အူလမ်းကြောင်းပြဿနာများနှင့် ရင်ဆိုင်ရနိုင်ပါတယ်။ အစာချေဖျက်မှု အားနည်းသော ပြဿနာများဖြစ်နိုင်ပါတယ်။

– သွေးရောဂါများ

လမစေ့ဘဲမွေးသော ကလေးများသည် သွေးအားနည်းရောဂါများ၊ အသားဝါခြင်းစသော ပြဿနာများ ရင်ဆိုင်ရတတ်ပါတယ်။

-အချိုဓာတ်နည်းခြင်း

လမစေ့သော ကလေးငယ်များတွင် အချိုဓာတ်လုံလောက်စွာ မထိန်းနိုင်သောကြောင့် အချိုဓာတ်ကျနေတတ်ပါတယ်။

– ကိုယ်ခံအားနည်းခြင်း

လမစေ့ဘဲမွေးသော ကလေးများသည် ကိုယ်ခံအားစနစ်ကောင်းစွာ ဖွံဖြိုးမှုမရှိသောကြောင့် ပိုးကူးစက်မှုလွယ်ပြီး မကြာခဏဖျားနားလွယ်ပါတယ်။ ပိုးဝင်ပါက ပိုးဆိပ်တက်သည်အထိဆိုးရွားနိုင်ပါတယ်။

ရေရှည်ကျန်းမာရေးအကျိုးဆက်များအနေဖြင့်

– ဦးနှောက်မဖွံ့ဖြိုးသော ကလေးဖြစ်ခြင်း
– သင်ယူမူခက်ခဲခြင်း
– အမြင်အာရုံချို့တဲ့ခြင်း
– အကြားအာရုံချို့တဲ့ခြင်း
– သွားခံတွင်းပြဿနာများ
– စိတ်ပိုင်းဆိုင်ရာပြဿနာများ ခံစားရခြင်း စသည်တို့ဖြစ်ပါတယ်။

ကာကွယ်ခြင်း

လမစေ့ဘဲကလေးမွေးခြင်း မဖြစ်ရန်ကြိုတင်ကာကွယ်နိုင်သော နည်းလမ်းများမှာ

– သားအိမ်ခိုင်ရန် ဟော်မုန်းဆေးများသောက်သုံးခြင်း
– သားအိမ်ခေါင်းပြုပြင်ခြင်း
– ကိုယ်ဝန်စောစောအပ်ခြင်း
– အနားယူခြင်း
– ရောဂါအခံရှိပါက သေချာကုသပြီးမှ ကလေးယူခြင်း
– ရက်ချိန်းမှန်မှန်ပြခြင်း
– အလေးအပင်မခြင်းရှောင်ရန်
– အာဟာရပြည့်ဝစွာစားခြင်းနှင့် ကျန်းမာရေးနှင့် ညီညွတ်စွာနေထိုင်ခြင်း စသည်တို့ဖြစ်ပါတယ်။

Dr.ပြည့်ရှင်း

Previous Post

လက်ဖက်ရည်နဲ့ ကျန်းမာရေး

Next Post

သားအိမ်ဝထိန်းဖို့ လိုသလား?

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
637

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
610
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သားအိမ်ဝထိန်းဖို့ လိုသလား?

အူမကြီးကင်ဆာဖြစ်နိုင်ချေ လျော့ကျစေတဲ့  သရက်သီး

စိမ်းဝါရောင်ဝမ်းနှင်ကလေး

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.