မိဘနေရာသို့ပူပူနွေးနွေးရောက်လာသော မိခင်ဖခင်များအဖို့ မိမိသားငယ် သမီးငယ်ရဲ့ဝမ်းအရောင်ပြောင်းလဲမူကို အလွန်တရာစိတ်ပူပန်တတ်ပါတယ်။ကလေးငယ်ရဲ့ဝမ်းအရောင်ကလည်း အချိန်တိုင်းပြောင်းလဲနေတတ်ပါတယ်။ဘယ်အရောင်ကပုံမှန်လဲ?ဘယ်အရောင်က စိတ်ပူစရာဖြစ်နိုင်မလဲ?
ကလေးငယ်မွေးခါစ ပထမဆုံးထွက်သောဝမ်းသည် စိမ်းမဲရောင် စေးကပ်ကပ်နှင့် Meconiumလို့ခေါ်ပါတယ်။မွေးစ ၃ရက်အတွင်းထိဖြစ်နိုင်ပါတယ်။ကလေးငယ်သည်မိခင်နို့ကိုသောက်သုံးလိုက်လျှင်နို့သည်အက်ဆစ်နှင့်တွေ့ကာအူသေးသို့ရောက်ရှိကာ အချို့သောရေနှင့်အာဟာရများစုပ်ယူပါတယ်။နို့သည် အူအတွင်းဖြတ်သန်းစဉ် အစာခြေရည်များ၊bile ၊ဘက်တီရီယားများကိုစုပ်ယူပြီးနောက် အရောင်များ၊အနံများပြောင်းလဲတတ်ပါတယ်။
မိခင်နို့နှင့်နို့ဘူးတိုက်သူများရဲ့ကွာခြားချက်
ကလေးငယ်သောက်သုံးသောအစာပေါ်မူတည်ရျ် သေးခံပေါ်တွင်ဝမ်းအရောင်လည်းကွာခြားချက်ပါတယ်။မိခင်နို့သည် စုပ်ယူမူလျင်မြန်ပြီး ဝမ်းမသွားသောရက်အနည်းငယ်သာရှိတတ်ပါတယ်။မိခင်နို့စို့သူများသည် ဝမ်းသွားလျှင်အစေ့များသွားသည့်အခါများလည်းရှိပါတယ်။နို့ဘူးသောက်သုံးသူများသည် အမည်းရောင်၊သံချေးတတ်သောဝမ်းအရောင်ဖြစ်တတ်ပါတယ်။ကလေးငယ်များအတွက်ဝမ်းအရောင်ပုံမှန်ကိုသတ်မှတ်ရန်ခက်ခဲပါတယ်။
ကလေးငယ်ရဲ့ဝမ်းအရောင်သည် ကလေးငယ်ရဲ့အစာစားမူ၊အသက်အရွယ်အားဖြင့်အစာခြေဖျက်နိုင်မူနှင့်အကျိုးပြုဘက်တီရီးယားများရှိမူပေါ်များစွာမူတည်ပါတယ်။အရောင်ပြောင်းလဲမူတိုင်းသည် အစာခြေလမ်းကြောင်းပြဿနာရှိသည်ဟုယူဆမရပါ။ဝမ်းအစိမ်း၊အဝါ၊အညို၊လိမ္မော်စသည်ဖြင့်အနည်းနဲ့အများပြောင်းလဲမူရှိနေနိုင်ပါတယ်။
-ဝမ်းအညိုရောင်၊သံချေးရောင်၊အဝါရောင်၊အစိမ်းရောင်အားလုံးသည် ပုံမှန်ဝမ်းအရောင်ဖြစ်ပါတယ်၊အစိမ်းရောင်အသီးအရွက်စားလျှင်အစိမ်းဝမ်းဖြစ်နိုင်ပါတယ်။
-အနီရောင်၊အမဲရောင်ဝမ်းသွားတိုင်း သွေးယိုစိမ့်မူဟုမဆိုနိုင်ဘဲ ခရမ်းချဉ်သီး၊ကန်စွန်းဥစသည့်အစာများကြောင့်ဟုယူဆနိုင်ပါတယ်။
ဘယ်လိုအခါမျိုးတွင် ဆရာဝန်နှင်ပြသင့်သလဲ?
-ကလေးဝမ်းအရောင်သည် မြေဖြူကဲ့သို့ဖြူဖွေးနေသေဝမ်းများသွားပါက ကလေးအသည်းရောဂါကြောင့်ဟုယူဆနိုင်ပါတယ်။
-ကတ္တရားစေးကဲ့သို့အမဲရောင်သွားလျှင် အူလမ်းကြောင်းပြဿနာဟုယူဆနိုင်ပါတယ်။
-ဝမ်းထဲသွေးပါခဲ့ပါက ကလေးဆရာဝန်နှင့်အကြောင်းရင်းရှာဖွေသင့်ပါတယ်။ထို့ကြောင့် စိမ်းဝါရောင်ဝမ်းသွားပါ အလွန်အမင်းစိုးရိမ်စရာမလိုဘဲ ရောဂါကြောင့်ဟု ယူဆစရာမလိုပါ။
ဝမ်းသွားသည့်အကြိမ်အရေအတွက်သည်လည်း မွေးခါစကလေးငယ်သည် ၅ကြိမ်မှ၁၀ကြိမ်ထိသွားနိုင်ပါတယ်။နို့စို့ပြီးတ်ုင်းဝမ်းသွားနိုင်ပါတယ်။ကလေးငယ်တလခွဲနောက်ပိုင်း နေ့စဉ်ဝမ်းမသွားတာလည်းရှိတတ်ပါတယ်။ကလေးငယ်ကျန်းမာ၊လေလည်လျှင် ဝမ်းမသွားသည်မှာစိတ်ပူရန်မလိုပါ။
ကလေးငယ်သည်ဆရာဝန်ပြသရန်လိုအပ်သောအခြေအနေများမှာ
-အန်ခြင်း
-သွေးဝမ်းသွားခြင်း
-ဝမ်းဖြူခြင်း
-ပုံမှန်ထက်ဝမ်းအကြိမ်ရေများခြင်း
-ဝမ်းထဲချွဲများစွာပါခြင်း
-ဝမ်းမသွား၊လေမလည်၊ဗိုက်ဖောင်းခြင်းစသည့်တို့ပင်ဖြစ်ပါတယ်။
Dr. ပြည့်ရှင်း