fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

မွေးကင်းစကလေးငယ်နှင့်အသားဝါခြင်း(၁)

174
VIEWS
Share on FacebookShare on TwitterShare on Linkedin
11/05/2018
in မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

ေမြးကင္းစကေလးငယ္ႏွင့္အသားဝါျခင္း(၁)

ေမြးကင္းစကေလးေတြမွာ အသားဝါလို႔မီးျပရတယ္ဆိုတဲ့ စကားကို မၾကာခဏ ၾကားဖူးၾကပါလိမ့္မယ္။ ေမြးကင္းစကေလးေတြမွာ အသားဝါတဲ့အရာလည္း ကြၽန္မတို႔ဆရာဝန္ေတြအေနနဲ႔ မၾကာခဏေတြ႕ရ ကုသရတဲ့အေျခအေနတစ္မ်ိဳးျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီေန႔ေတာ့ ဒီလို အျဖစ္မ်ားတဲ့ ေမြးကင္းစကေလး အသားဝါတဲ့အေၾကာင္းကို နားလည္ေအာင္ နည္းနည္းေလးရွင္းျပေပးသြားခ်င္ပါတယ္။

ကေလးေမြးတဲ့အခါ ေဆး႐ုံေပၚမွာ ေမြးဖို႔ ေ႐ြးခ်ယ္တဲ့မိခင္ေတြရွိမွာျဖစ္သလို အိမ္မွာေမြးဖို႔ေ႐ြးခ်ယ္တဲ့သူေတြလည္း ရွိပါလိမ့္မယ္။ ခုနကေျပာခဲ့သလိုပဲ ေမြးကင္းစကေလးေတြမွာ အသားဝါတာဟာ ႀကဳံေတြ႕ရတာမ်ားတဲ့ အရာမို႔ ဘယ္လိုအခါမ်ိဳးမွာ အသားဝါတယ္ေျပာမလဲ ေဆး႐ုံသြားမလဲဆိုတာဟာ သိထားသင့္တဲ့အရာျဖစ္ပါတယ္။

ကေလးေလးရဲ႕ အသားအေရာင္ဟာ လူမ်ိဳးေဒသေပၚလိုက္ၿပီး ဝါက်င့္က်င့္ ျဖစ္ႏိုင္ပါတယ္။ ေမြးကင္းစအသားဝါတာဟာ အသားအရာင္သာမကဘဲ မ်က္လုံးအျဖဴသားပါ ဝါရပါတယ္။  ေရာဂါျပင္းထန္မႈေပၚလိုက္ၿပီး အသားဝါလာရင္ ျဖစ္တတ္တဲ့ အျခားလကၡဏာေတြကေတာ့ ကေလးကႏုံးလာၿပီး ႏို႔ေကာင္းေကာင္းမစို႔ေတာတာ၊ ဂ်ီက်လာတာ ၊ ကိုယ္ကိုတြန႔္လိမ္ၿပီး အသံစူးစူးနဲ႔ငိုတာေတြဘဲျဖစ္ပါတယ္။

အသားဝါလာတယ္ဆိုရင္ေတာ့ ေဆး႐ုံမွာ ဆရာဝန္ေတြနဲ႔ လာေရာက္တိုင္ပင္ကုသသင့္ပါတယ္။ အသားဝါတဲ့အေနအထားနဲ႔ ကေလးရဲ႕ အေျခအေနေပၚ မူတည္ၿပီး ကုသမႈကေတာ့ ကြဲျပားသြားႏိုင္ပါတယ္။ ေမြးကင္းစကေလးေတြမွာ အသားဝါရတာကေတာ့ ကေလးရဲ႕ ကိုယ္မွာ Bilirubin လို႔ေခၚတဲ့ အသားဝါတဲ့ ဓာတ္ေတြစုပုံလာလို႔ဘဲ ျဖစ္ပါတယ္။

ကြၽန္မတို႔ ကိုယ္တြင္းက ေသြးနီဥေတြ သက္တမ္းကုန္ဆုံးသြားခဲ့လို႔ ခႏၶာကိုယ္ကဖ်က္တဲ့အခါမွာ Bilirubin ဓာတ္ဟာ ထြက္လာပါတယ္။ ဒီထြက္လာတဲ့ Bilirubin ဓာတ္ေတြကို ဆီးနဲ႔ ဝမ္းမ်ားကတစ္ဆင့္ စြန႔္ထုတ္ေပးရပါတယ္။

ဒါေၾကာင့္ အသားဝါျခင္းကို ျဖစ္ေစႏိုင္တဲ့ Bilirubin ဓာတ္ေတြစုပုံလာတာဟာ အေၾကာင္းႏွစ္မ်ိဳးေၾကာင့္ျဖစ္ႏိုင္ပါတယ္။ ပထမတစ္ခုကေတာ့ ေသြးနီဥေတြ ေပါက္ကြဲတာေတြမ်ားတာေၾကာင့္ျဖစ္ႏိုင္ပါတယ္။ ေနာက္တစ္ခုကေတာ့ ကေလးငယ္ရဲ႕ ကိုယ္ဟာ Bilirubin ကို လုံလုံေလာက္ေလာက္ မစြန႔္ထုတ္ေပးႏိုင္လို႔ ျဖစ္ႏိုင္ပါတယ္။

အသားစဝါလာတဲ့ရက္ေပၚကို မူတည္ၿပီး အသားဘာေၾကာင့္ဝါတယ္ဆိုတာကို အၾကမ္းဖ်င္းခန႔္မွန္းၾကည့္လို႔ရပါတယ္။ တကယ္လို႔ ေမြးဖြားၿပီး ၁ ရက္ေလာက္ကတည္းက စအသားဝါလာခဲ့တယ္ ဆိုရင္ေတာ့ အၾကမ္းဖ်င္းအားျဖင့္

အေမ နဲ႔ ကေလး Aေသြး Bေသြး Oေသြး AB ေသြး ဆိုတဲ့ ေသြးအုပ္စုေတြ မတူညီလို႔ျဖစ္တာ
အေမ နဲ႔ ကေလးမွာ A B O AB ေသြးအုပ္စုေတြလိုဘဲ ကိုယ္တြင္းကေသြးအုပ္စုေတြကို ထပ္ခြဲျခားေပးထားတဲ့ Rhesus factor (ေသြးအုပ္စုေသး ) မတူညီတာ၊ ကေလးကိုယ္ထဲမွာ  G6PD enzyme မပါလာတာ၊ မိခင္ကိုယ္တြင္းကေန သေႏၶသားဘဝကတည္းက ပိုး (ဥပမာေျပာျပရရင္ ကာလသားေရာဂါ) ကူးစက္ခံလာရတာေတြေၾကာင့္ ျဖစ္ႏိုင္တယ္။

အဲလိုမဟုတ္ဘဲ ၂ရက္ ၃ရက္ ေလာက္မွစၿပီး အသားဝါလာတယ္ ဆိုရင္ေတာ့ ကေလးေတြမွာျဖစ္တတ္တဲ့ ပုံမွန္အသားဝါျခင္းေတြေၾကာင့္လဲ ျဖစ္ႏိုင္တယ္။ ဒါ့အျပင္ တစ္ခါတစ္ေလ ၁ရက္ေလာက္ကတည္းက အသားစဝါလာမဲ့ထဲကအေၾကာင္းေတြထဲကလည္း တစ္ခ်ိဳ႕ဟာေတြက ၁ရက္ ကတည္းက စမဝါဘဲ  ဒီလို ၂ရက္ ၃ရက္ေလာက္မွ ဝါလာတာ
ေနာက္ထပ္ၿပီး ေမြးတဲ့အခ်ိန္နဲ႔ ေမြးဖြားၿပီးစ မေတာ္တဆထိခိုက္ဒဏ္ရာရထားတဲ့ ဒဏ္ရာေတြက တစ္ရွဴးေတြပ်က္စီးတာ  ေမြးဖြားၿပီးေတာ့မွ ျပင္ပပတ္ဝန္းက်င္ကေန ပိုးကူးစက္ခံရတာေတြေၾကာင့္လည္း ျဖစ္ႏိုင္တယ္။

၁ပတ္ေက်ာ္ေလာက္မွ အသားဝါခဲ့တယ္ ဆိုရင္ေတာ့
-မိခင္ႏို႔ေၾကာင့္အသားဝါတာ
-ကေလးဆီးလမ္းေၾကာင္းပိုးဝင္တာ
-ကိုယ္တြင္းမွာ ေရာဂါပိုးတစ္မ်ိဳးမ်ိဳးဝင္ေနတာ
-ကိုယ္တြင္းက Bilirubin ဓာတ္ကို စြန႔္ထုတ္တဲ့ေနရာမွာ အေရးႀကီးတဲ့ အသည္းလမ္းေၾကာင္းကကိုယ္အဂၤါေတြ ၊ enzyme ေတြ ကေလးရဲ႕ ကိုယ္တြင္းမွာပါမလာလို႔ျဖစ္ႏိုင္ပါတယ္။

အဲေတာ့ အသားဝါႏိုင္တဲ့ အေၾကာင္းရင္းေတြဟာ အမ်ိဳးမ်ိဳးျဖစ္ႏိုင္တယ္။ ဒီအေၾကာင္းရင္းေတြေပၚ လိုက္ၿပီး အသားဝါတာကလည္း ျပင္းထန္တာ မျပင္းထန္တာေတြရွိႏိုင္တယ္။
ဒီေန႔ေတာ့ အသားဝါတဲ့ အေၾကာင္းေတြကို အၾကမ္းဖ်င္းေျပာျပေပးသြားတယ္။ ေနာက္တစ္ခါမွာေတာ့ ဒီထဲက အေၾကာင္းတစ္ခ်ိဳ႕ကို အေသးစိတ္ေလးေဖာ္ျပေပးသြားပါမယ္။

ေမေမတို႔ရဲ႕ သားသားမီးမီးေလးေတြ က်န္းမာၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္…

Author : Dr. ေမႊး

မွေးကင်းစကလေးငယ်နှင့် အသားဝါခြင်း(၁)

မွေးကင်းစကလေးတွေမှာ အသားဝါလို့မီးပြရတယ်ဆိုတဲ့ စကားကို မကြာခဏ ကြားဖူးကြပါလိမ့်မယ်။ မွေးကင်းစကလေးတွေမှာ အသားဝါတဲ့အရာလည်း ကျွန်မတို့ဆရာဝန်တွေအနေနဲ့ မကြာခဏတွေ့ရ ကုသရတဲ့အခြေအနေတစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့တော့ ဒီလို အဖြစ်များတဲ့ မွေးကင်းစကလေး အသားဝါတဲ့အကြောင်းကို နားလည်အောင် နည်းနည်းလေးရှင်းပြပေးသွားချင်ပါတယ်။

ကလေးမွေးတဲ့အခါ ဆေးရုံပေါ်မှာ မွေးဖို့ ရွေးချယ်တဲ့မိခင်တွေရှိမှာဖြစ်သလို အိမ်မှာမွေးဖို့ရွေးချယ်တဲ့သူတွေလည်း ရှိပါလိမ့်မယ်။ ခုနကပြောခဲ့သလိုပဲ မွေးကင်းစကလေးတွေမှာ အသားဝါတာဟာ ကြုံတွေ့ရတာများတဲ့ အရာမို့ ဘယ်လိုအခါမျိုးမှာ အသားဝါတယ်ပြောမလဲ ဆေးရုံသွားမလဲဆိုတာဟာ သိထားသင့်တဲ့အရာဖြစ်ပါတယ်။

ကလေးလေးရဲ့ အသားအရောင်ဟာ လူမျိုးဒေသပေါ်လိုက်ပြီး ဝါကျင့်ကျင့် ဖြစ်နိုင်ပါတယ်။ မွေးကင်းစအသားဝါတာဟာ အသားအရာင်သာမကဘဲ မျက်လုံးအဖြူသားပါ ဝါရပါတယ်။  ရောဂါပြင်းထန်မှုပေါ်လိုက်ပြီး အသားဝါလာရင် ဖြစ်တတ်တဲ့ အခြားလက္ခဏာတွေကတော့ ကလေးကနုံးလာပြီး နို့ကောင်းကောင်းမစို့တောတာ၊ ဂျီကျလာတာ ၊ ကိုယ်ကိုတွန့်လိမ်ပြီး အသံစူးစူးနဲ့ငိုတာတွေဘဲဖြစ်ပါတယ်။

အသားဝါလာတယ်ဆိုရင်တော့ ဆေးရုံမှာ ဆရာဝန်တွေနဲ့ လာရောက်တိုင်ပင်ကုသသင့်ပါတယ်။ အသားဝါတဲ့အနေအထားနဲ့ ကလေးရဲ့ အခြေအနေပေါ် မူတည်ပြီး ကုသမှုကတော့ ကွဲပြားသွားနိုင်ပါတယ်။ မွေးကင်းစကလေးတွေမှာ အသားဝါရတာကတော့ ကလေးရဲ့ ကိုယ်မှာ Bilirubin လို့ခေါ်တဲ့ အသားဝါတဲ့ ဓာတ်တွေစုပုံလာလို့ဘဲ ဖြစ်ပါတယ်။

ကျွန်မတို့ ကိုယ်တွင်းက သွေးနီဥတွေ သက်တမ်းကုန်ဆုံးသွားခဲ့လို့ ခန္ဓာကိုယ်ကဖျက်တဲ့အခါမှာ Bilirubin ဓာတ်ဟာ ထွက်လာပါတယ်။ ဒီထွက်လာတဲ့ Bilirubin ဓာတ်တွေကို ဆီးနဲ့ ဝမ်းများကတစ်ဆင့် စွန့်ထုတ်ပေးရပါတယ်။

ဒါကြောင့် အသားဝါခြင်းကို ဖြစ်စေနိုင်တဲ့ Bilirubin ဓာတ်တွေစုပုံလာတာဟာ အကြောင်းနှစ်မျိုးကြောင့်ဖြစ်နိုင်ပါတယ်။ ပထမတစ်ခုကတော့ သွေးနီဥတွေ ပေါက်ကွဲတာတွေများတာကြောင့်ဖြစ်နိုင်ပါတယ်။ နောက်တစ်ခုကတော့ ကလေးငယ်ရဲ့ ကိုယ်ဟာ Bilirubin ကို လုံလုံလောက်လောက် မစွန့်ထုတ်ပေးနိုင်လို့ ဖြစ်နိုင်ပါတယ်။

အသားစဝါလာတဲ့ရက်ပေါ်ကို မူတည်ပြီး အသားဘာကြောင့်ဝါတယ်ဆိုတာကို အကြမ်းဖျင်းခန့်မှန်းကြည့်လို့ရပါတယ်။ တကယ်လို့ မွေးဖွားပြီး ၁ ရက်လောက်ကတည်းက စအသားဝါလာခဲ့တယ် ဆိုရင်တော့ အကြမ်းဖျင်းအားဖြင့်

အမေ နဲ့ ကလေး Aသွေး Bသွေး Oသွေး AB သွေး ဆိုတဲ့ သွေးအုပ်စုတွေ မတူညီလို့ဖြစ်တာ
အမေ နဲ့ ကလေးမှာ A B O AB သွေးအုပ်စုတွေလိုဘဲ ကိုယ်တွင်းကသွေးအုပ်စုတွေကို ထပ်ခွဲခြားပေးထားတဲ့ Rhesus factor (သွေးအုပ်စုသေး ) မတူညီတာ၊ ကလေးကိုယ်ထဲမှာ  G6PD enzyme မပါလာတာ၊ မိခင်ကိုယ်တွင်းကနေ သန္ဓေသားဘဝကတည်းက ပိုး (ဥပမာပြောပြရရင် ကာလသားရောဂါ) ကူးစက်ခံလာရတာတွေကြောင့် ဖြစ်နိုင်တယ်။

အဲလိုမဟုတ်ဘဲ ၂ရက် ၃ရက် လောက်မှစပြီး အသားဝါလာတယ် ဆိုရင်တော့ ကလေးတွေမှာဖြစ်တတ်တဲ့ ပုံမှန်အသားဝါခြင်းတွေကြောင့်လဲ ဖြစ်နိုင်တယ်။ ဒါ့အပြင် တစ်ခါတစ်လေ ၁ရက်လောက်ကတည်းက အသားစဝါလာမဲ့ထဲကအကြောင်းတွေထဲကလည်း တစ်ချို့ဟာတွေက ၁ရက် ကတည်းက စမဝါဘဲ  ဒီလို ၂ရက် ၃ရက်လောက်မှ ဝါလာတာ
နောက်ထပ်ပြီး မွေးတဲ့အချိန်နဲ့ မွေးဖွားပြီးစ မတော်တဆထိခိုက်ဒဏ်ရာရထားတဲ့ ဒဏ်ရာတွေက တစ်ရှူးတွေပျက်စီးတာ  မွေးဖွားပြီးတော့မှ ပြင်ပပတ်ဝန်းကျင်ကနေ ပိုးကူးစက်ခံရတာတွေကြောင့်လည်း ဖြစ်နိုင်တယ်။

၁ပတ်ကျော်လောက်မှ အသားဝါခဲ့တယ် ဆိုရင်တော့
-မိခင်နို့ကြောင့်အသားဝါတာ
-ကလေးဆီးလမ်းကြောင်းပိုးဝင်တာ
-ကိုယ်တွင်းမှာ ရောဂါပိုးတစ်မျိုးမျိုးဝင်နေတာ
-ကိုယ်တွင်းက Bilirubin ဓာတ်ကို စွန့်ထုတ်တဲ့နေရာမှာ အရေးကြီးတဲ့ အသည်းလမ်းကြောင်းကကိုယ်အင်္ဂါတွေ ၊ enzyme တွေ ကလေးရဲ့ ကိုယ်တွင်းမှာပါမလာလို့ဖြစ်နိုင်ပါတယ်။

အဲတော့ အသားဝါနိုင်တဲ့ အကြောင်းရင်းတွေဟာ အမျိုးမျိုးဖြစ်နိုင်တယ်။ ဒီအကြောင်းရင်းတွေပေါ် လိုက်ပြီး အသားဝါတာကလည်း ပြင်းထန်တာ မပြင်းထန်တာတွေရှိနိုင်တယ်။
ဒီနေ့တော့ အသားဝါတဲ့ အကြောင်းတွေကို အကြမ်းဖျင်းပြောပြပေးသွားတယ်။ နောက်တစ်ခါမှာတော့ ဒီထဲက အကြောင်းတစ်ချို့ကို အသေးစိတ်လေးဖော်ပြပေးသွားပါမယ်။

မေမေတို့ရဲ့ သားသားမီးမီးလေးတွေ ကျန်းမာကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်…

Author : Dr. မွှေး

 

Previous Post

အဖြူဆင်းခြင်းနှင့် အမျိုးသမီးကျန်းမာရေး

Next Post

ဝက်သက်ရောဂါဆိုသည်မှာ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
258

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
315

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
828

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1.1k
When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

3 years ago
999
To teach children to choose food that will be nutritious

သားသားမီးမီးတို့ အာဟာရဖြစ်မယ့်အစားအစာ ရွေးချယ်တတ်စေဖို့

3 years ago
671

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဝက်သက်ရောဂါဆိုသည်မှာ

ကင်ဆာဝေဒနာရှင်များအတွက် DOs and DON'Ts

မွေးကင်းစကလေးငယ်နှင့်အသားဝါခြင်း (၂)

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.